မှတ်တိုင်များ
=======
မေလ တစ်ရက် (မေဒေး) ဟာ အလုပ်သမားနေ့ ဖြစ်ပါတယ်။
ဘာမှ မရေးသားမီ ကာယအလုပ်သမား အားလုံးကို လေးစားကြောင်း စာနာကြောင်း အရင်ဆုံး ကြိုပြောထားချင်ပါတယ်။ နောက် … ကွန်မြူနစ် - ဆိုရှယ်လစ်စတဲ့ ၀ါဒမျိုးတွေကို ကိုယ်စားပြုတဲ့ အင်္ကျီတစ်ထည် ဆင်မြန်းထားပေမယ့် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသူ အစ်ကိုအမ မျိုးဆက်များကိုလည်း စော်ကားလိုခြင်း အလျဉ်းမရှိ - လေးစားကြည်ညိုခြင်းသာ ရှိကြောင်း အလေးအနက် ပြောပါရစေ။
ကျွန်တော့်စာမှာ ရည်ရွယ်တာတွေဟာ ကာယအလုပ်နဲ့ အသက်မွေးသူများ၊ မျိုးချစ် တော်လှန်ရေး အစ်ကိုအမများကို ဆိုလိုရည်ညွှန်းတာ မဟုတ်ဘဲ လူတွေကို မှိုင်းတိုက်ပြီး တိုင်းပြည်ကိုပါ ဒုက္ခတွင်းထဲကျစေတဲ့ ရုရှ အပါအ၀င် ကွန်မြူနစ် ဆိုရှယ်လစ် နိုင်ငံများရဲ့ စံနစ်ကို စေတနာဆိုးကြီးနဲ့ ဖေါ်ဆောင်ခဲ့ကြသူများကိုပဲဖြ
၁၈၈၉ မေလ တစ်ရက်နေ့မှာ အလုပ်သမားတွေအတွက် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ကွန်ဂရက်ကြီးကနေ အားလပ်ရက် သတ်မှတ်ပေးပြီး စတင်ခဲ့တာလို့လည်း သိမှတ်ခဲ့ဖူးပါတယ်။
သည့်နောက်ကတော့ ကြားသိကြတဲ့အတိုင်းပါပဲ။ အဲသည် ကွန်မြူနစ် ဆိုရှယ်လစ်တွေ ကောင်းလိုက်ပုံ။ ကျွန်တော်တို့တိုင်းပြည်တော
ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့
ကျွန်တော်တို့ဆီမှာလည်း လွပ်လပ်ရေးတိုက်ပွဲ ကာလတွေကစလို့ လက်ဝဲယိမ်း လူငယ်စေတနာရှင်တွေ အများကြီး ပေါ်ခဲ့ပါတယ်။ သူတို့က ကျောင်းသားဖြစ်စေ အလုပ်သမားဖြစ်စေ တိုးတက်တဲ့ အမြင်ရှိသူတွေလို့ ခံယူပြီး တကယ်လည်း လေ့လာအား စာဖတ်အား သိပ်ကောင်းကြပါတယ်။ စေတနာ တကယ်ရှိသူတွေလည်း အများကြီး သမိုင်းမှာ တွေ့ရပါတယ်။ သည်ဘက်ခေတ် သိမီသလောက်ဆို ဆရာမြသန်းတင့်၊ ဆရာကြီး ဒေါက်တာသန်းထွန်း တို့ဟာ ကွန်မြူနစ်ဝါဒဘက် ယိမ်းခဲ့ပြီး ဆရာတက္ကသိုလ်ဘုန်းနိုင်ဟာ ဆိုရှယ်လစ်ဘက် ယိမ်းခဲ့တာ တွေ့ရပါမယ်။ ဒါပေမယ့် သူတို့ဟာ တကယ် စေတနာမှန်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် …
ဒါပေမယ့် စံနစ်ကြီးကတော့ဖြင့် ကျဆုံးသွားခဲ့ပါတယ်။ သည်စံနစ်တွေဟာ လူတွေနဲ့ မတန်လောက်အောင် ကောင်းနေလို့ မအောင်မြင်တာလို့တောင် သုံးသပ်ကြသူ အချို့လည်း ရှိပါရဲ့။ (မိုး ရဲ့ ယူတိုးပီးယား လို သဘောထင်ပါရဲ့) အတူတူလုပ် - အတူတူ အညီအမျှ ခွဲဝေသုံးစွဲ ဆိုတာ အလွန်ကောင်းပြီး အပြစ်အနာ မရှိသယောင်ထင်ရပေမယ့် လူတွေရဲ့ လောဘနဲ့ ညစ်ပတ်မှုတွေပေါင်းလိုက်တဲ့အ
သည်အခါ ပညာရှင်တွေဘက်က သည်လိုသုံးသပ်ပါတယ်။ ကိတ်မုန့်ကို အညီအမျှဆိုပြီး ကြိုးစားလှီးဖြတ်နေသရွေ့တော
ကွန်မြူနစ် - ဆိုရှယ်လစ် စံနစ်ဆိုးကြီးများဟာ ကမ္ဘာကြီးကို ဆင်းရဲမွဲတေခြင်းတွေ၊ မျှော်လင့်ချက်သေဆုံးစေခြင်
အဲသည်သရောစာတွေထဲက မှတ်သားမိနေတာ တစ်ချို့တလေ အကြောင်းကို ရေးပါရစေ။ (အများစုက အာအိုင်တီဆင်း ရုရှပြန် အင်ဂျင်နီယာ မောင်ကောင်းထိုက် စာအုပ်တွေထဲက ဖတ်ဖူးတာတွေပါ။)
၁။ တစ်ခါသားမှာ အမေရိကန်သမ္မတနဲ့ ရုရှသမ္မတ ငါးမျှားနေကြတယ်။ အမေရိကန်က ရပြီး ရုရှက မရတော့ နေရာလဲ မျှားကြဆိုပဲ။ ဒါလည်း အမေရိကန်ကပဲ ငါးဆက်ရပြီး ရုရှက မရတော့ အမေရိကန်က သူ့အမြင်ကို သည်လိုဟပါသတဲ့။ မင်းဘက်က ငါးတွေ ပါးစပ်မဟ၀ံ့လို့ပါ …တဲ့။ ကျွန်တော်တို့ အဲသည်အတိုင်း ဖြစ်ခဲ့ရတယ်။
၂။ ဆိုဗီယက် ရုရှက သူ့တိုင်းပြည် စီးပွားပျက်နေလို့ နိုင်ငံစုံ ပညာရှင်တွေငှားပြီး ကော်မရှင်ပေါ့လေ … အဲဒါဖွဲ့ စုံစမ်းစေပါတယ်။ ကော်မရှင်က အချိန်တစ်ခုကြာတဲ့အခါမှာ အဖြေထွက်လာပါတယ်။ ရုရှရဲ့ နိုင်ငံတော် စီးပွားရေး အခြေအနေဟာ ယခုနှစ် အလယ်အလတ်ဖြစ်ပါမယ်…လို့ ကော်မရှင်အစီရင်ခံစာက ဆိုပါတယ်။ စိတ်သက်သာသွားပုံရတဲ့ ခေါင်းဆောင်ကြီးတွေကို ပညာရှင်တွေက သည်လိုဆက်ရှင်းပြပါတယ်။ အလယ်အလတ်ဆိုတာ မနှစ်ကထက်တော့ နည်းမယ် တဲ့။ ဒါပေမယ့် လာမယ့်နှစ်ထက်စာရင်တော့ ကောင်းမယ် တဲ့။ စဉ်းစားကြည့်လိုက်ရင် ဂရပ်မျဉ်းကြီးကို မြင်ရပါတယ်။ ကျွန်တော်တို့ အဲသည်အတိုင်း ဖြစ်ခဲ့ရတယ်။
၃။ ရုရှခေါင်းဆောင်ကြီးတစ်ဦးက
၎။ ကွန်မြူနစ်ခေါင်းဆောင်ကြီးတ
၅။ ကွန်မြူနစ် ထောက်လှမ်းရေးတွေက လူတစ်ယောက်ကို ဖမ်းလာတယ်။ သူဘာပြောလို့လည်းလို့ ဌာနရောက်တော့ အရာရှိက မေးတဲ့အခါ ဘာမှ မပြောပါဘူး - ဒါပေမယ့် သူ တံတွေး ထွေးလိုက်ပုံကိုက တော်လှန်ရေးသမားမှန်း သိသာလွန်းလို့ …တဲ့။ ကျွန်တော်တို့ အဲသည်အတိုင်း ဖြစ်ခဲ့ရတယ်။
၆။ ရင်ပြင်နီ ရှေ့မှာ လူတစ်ယောက် စာရွက်လွတ်တွေ ဝေနေတယ်။ လူတွေက ဘာမှလည်း ရေးမထားပါလား ဆိုတော့ ရေးစရာမှမလိုပဲ - အားလုံး သိနေကြတဲ့ဥစ္စာ … လို့ ပြန်ဖြေပါသတဲ့။ ဒီနံပါတ် ခြောက်ကတော့ အကြိုက်ဆုံးဖြစ်ပါတယ်။ ဖတ်လိုက်တိုင်း ပြုံးရသလောက် ရင်နာရတဲ့ သရော်စာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲသည်အတိုင်း ဖြစ်ခဲ့ကြရပါတယ်။
တကယ်တော့ အရင်းရှင် အမည်ခံ အနောက်နိုင်ငံတွေက ဘာကြွေးကြော်သံမှ မအော်ဟစ် - ဘာဆိုင်းဘုတ်မှ မထောင်ပဲ ကွန်မြူနစ် ဆိုရှယ်လစ်ရဲ့ အကောင်းဆုံးအပိုင်းတွေကို ရရှိသွားတာဖြစ်ပါတယ်။ (ဒါ ကျွန်တော် တစ်ဦးတည်း အမြင်ပါ) အလုပ်သမားတွေကို နေရာပေးမယ်လို့ ကြွေးကြော်မနေပဲ အလုပ်သမား အခွင့်အရေးတွေ တစ်နေ့ထက် တစ်နေ့ ပိုရနေတာ အနောက်နိုင်ငံတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဖေါ်တော့ ဖေါ်ဆောင်ကြည့်သေးတယ်နဲ့တူတယ
တစ်ခါ ဆင်းရဲသားကို နေရာပေးရမယ် - မြှောက်စားရမယ် - အလုပ်သမား အင်္ကျီပြာ ကော်လာပြာ ကာယလုပ်သား လူတန်းစား ကို နေရာပေးရမယ်ဆိုပြီး ထင်ရာစိုင်း ပြန်ပါတယ်။ (အမှန်က အလုပ်သမားဆိုရာမှာ ကာယသာမက ဥာဏအလုပ်သမားတွေလည်း ပါကြောင်းလောက်မှ အဲသည်ခေတ်အုပ်ချုပ်သူတွေ မသိတာဟာဖြင့် အံ့သြကုန်နိုင်ဖွယ်ပဲဖြစ်ပါ
ပြောရရင် ဒီထက်ဆိုးမသွားတာပဲ အဆိုးထဲက အကောင်းလို့ တွေးရမလို ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အိမ်နီးချင်း ကမ္ဘောဒီးယားမှာ ပိုပေါ့အစိုးရတက်တော့ ပညာတတ်တွေကို Brainwash လုပ်ပါတယ်။ ပါမောက္ခ၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ သမိုင်းသုတေသီ၊ ဆရာဝန်၊ စာရေးဆရာ စသူတွေကို ဖမ်းခေါ်ထားပြီး နေ့စဉ် သူတို့သင်ကြားပေးတာတွေ နားထောင်ကျက်မှတ်ရတာ ဖြစ်ပါတယ်။ အဲဒီကာလဆိုးကြီးအတွင်းမှာ သူတို့အလိုနဲ့ ဆန့်ကျင်ရင် (တိုးတက်မလာဘူးထင်ရင်) အိပ်စွပ်ပြီး နီးရာတောထဲခေါ်သွားတာပဲ။ နောက် ရှင်းပစ်လိုက်ပါတယ်။ အဲသည်နည်းနဲ့ နိုင်ငံကို ကောင်းအောင် ဦးဆောင်နိုင်မယ့် ပညာတတ်ဆိုတဲ့ လူတွေ မရေမတွက်နိုင်အောင် သေကြေကြပါတယ်။ နိုင်ငံလည်း ဘာပညာတတ်မှ မရှိတဲ့ နိုင်ငံဖြစ်သွားပါတယ်။ အဲသည်အခါမှာ ခေါင်းဆောင်ကြီးများက အောင်ပြီ လို့ ဆိုပါတယ်။ ဘာအောင်မှန်းတော့ ကျွန်တော်လည်းမသိပါ။
နောက်တစ်ခုကလည်း အိမ်နီးချင်း တရုပ်မှာ လုပ်ခဲ့တဲ့ Brainwash ပါပဲ။ ကြားဖူးသမျှတော့ စက်ဘီးရယ်၊ အပ်ချုပ်စက်ရယ်၊ ရေဒီယိုရယ် သုံးခုဟာ လက်ဝယ်တွေ့ရှိရင် အပြစ်အကြီးဆုံးပါတဲ့။ ခြေထောက်ပါသားပဲ၊ လျှောက်ကြပေါ့ - မိန်းမတွေ အားနေတာပဲ … လက်နဲ့ချုပ်ပေါ့၊ စက်ဘီးနဲ့ အပ်ချုပ်စက်ဝယ်ရရင် အနောက်နိုင်ငံတွေမှီခိုနေရဥ
တကယ်က ကာယလုပ်သားကြီးတွေကို တိုးတက်စေချင်ရင်၊ တိုင်းပြည်ကိုလည်း တိုးတက်စေချင်ရင် ကာယလုပ်သားများကို အသိပညာ အတတ်ပညာတွေ ပေးပြီး သူတို့ဘ၀ကို တစ်ဆင့်ချင်း မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုလောက် ကုန်ချင်ကုန်မယ်။ ဒါပေမယ့် ဒါလုပ်သင့်တဲ့ ကိစ္စဆို လုပ်ရမှာပါပဲ။ မဆလ ခေတ်တုန်းကလို အလုပ်သမားဦးကြီးတွေနဲ့ တောင်သူဦးကြီးတွေကို ငပလီပို့တယ် တို့၊ ညစာစားပွဲဖိတ်ပြီး ဧည့်ခံတယ် တို့နဲ့ ဦးကြီး ဆယ်ယောက်လောက်ခေါ်ပြီး တီဗီရိုက်၊ ညကျပြပြီး ကျန် တစ်နိုင်ငံလုံးက ဦးကြီးတွေကို မွဲသက်ရှည်အောင် … ဆင်းရဲနာတာရှည်ဖြစ်အောင် မလုပ်ရပါဘူး။ နောက် … ကာယလုပ်သားမှ အလုပ်သမား၊ ဥာဏလုပ်သားတွေက ရန်သူလို့ လုပ်လို့မရပါဘူး။
အခုဟာက ဆယ်ကျော်သက်လေးတွေလောက် - အထက်တန်း အလယ်တန်းကျောင်းသားအရွယ်တွေ
ကာယအလုပ်သမား လူတန်းစား အားလုံးကို လေးစားကြောင်း စာနာကြောင်း နိဂုံးချုပ်မှာ ထပ်ပြောလိုပါတယ်။ နောက် … သည်ဝါဒမျိုးတွေကို ကိုယ်စားပြုတဲ့ အင်္ကျီတစ်ထည် ဆင်မြန်းထားပေမယ့် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသူ အစ်ကိုအမ မျိုးဆက်များကိုလည်း စော်ကားလိုခြင်း အလျဉ်းမရှိ - လေးစားကြည်ညိုခြင်းသာ ရှိကြောင်း အလေးအနက် ထပ်လောင်း ပြောပါရစေ။
သမိုင်းအမှား၊ စီမံခန့်ခွဲမှုအမှားတွေကို လူငယ်တွေ သင်ခန်းစာယူပြီး ကောင်းမွန်သော သာယာသော အနာဂတ်နိုင်ငံတော်တစ်ခု ဖန်တီးနိုင်ကြပါစေ။ ။
စိုးဝေငြိမ်း
---
ဝန်ခံချက်။ ပုံ (၉) ပုံစလုံးကို အင်တာနက်ပေါ်ကယူပြီး ရှေ့နောက် စီစဉ်ထားတာပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။