ကျွန်မတို့ မိန်းကလေးတွေဘ၀က သစ်ပင်နဲ့တူပါတယ်။ သစ်ရွက်လေးတွေ ကြွေဖို့တောင် လေအဝှေ့ကို စောင့်ရသလို ကိုယ်ချစ်တဲ့ အကြောင်းလေးပြောဖို့ သူဖွင့်ပြောလာမယ့် ချစ်စကားလေးကို စောင့်ရတယ် ကိုယ့်ဘက်က စပြောခွင့်မရှိတဲ့........
မြင်နေပါလျှက်နဲ့လည်း မိန်းမတို့ဣနြေ္ဒဆိုသော တံတိုင်းလေးကြောင့် ရောက်တဲ့နေရာမှာရပ်လို့ အခေါ်စောင့်ရတယ်.......
သုံးရာသီပြောင်းတိုင်း ရွက်သစ်ဝေ ရွက်ဟောင်းကြွေတဲ့ သစ်ပင်လို အမျိုးမျိုးပြောင်းတတ်တဲ့ အမောင်ယောက်ျားတွေရဲ့ စိတ်ကခန့်မှန်းရခက်တယ်။ အရိုးပြိုင်းပြိုင်းထ မလှပတဲ့သစ်ပင်အောက် ခိုဝင်နားသူမရှိသလို ချစ်တာလွဲပြီး ကျန်တာဘာမှ မရှိတဲ့ ကျွန်မရင်မှာ သူမခိုနိုင်တာ မဆန်းပါဘူးလေ..........
***ပြုံး***
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။