Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 21, 2013

ဗမါ ဆရါဝင်္န

 
Black Angle
ဗမါ ဆရါဝင်္န
2 hours ago

နိုင်ငံတကာ သမိုင်းပညာရှင်များက မြန်မာပြည်တွင် ရိုဟင်ဂျာမရှိ၊ ရိုဟင်ဂျာအမည်ခံသူများမှာ ဘင်္ဂလီများသာဖြစ်ကြောင်း ရှင်းလင်းနိုင်ခဲ့

ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ်လ (၉) ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂလီများသာဖြစ်ကြောင်း တိကျခိုင်မာစွာ ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ ရှင်းလင်းပွဲတွင်ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များ ဖြစ်ကြသည့်
ပြင်သစ်နိုင်ငံအာရှ လေ့လာရေး ဌာနမှ Dr.JacquesP.Leider ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျ ဘာသာ စကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ Dr. Stephan Van Galen ၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ တက်ရောက်ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က ရခိုင်ဘုရင့်နိုင်ငံတော်ကို မြန်မာဘုရင့် နိုင်ငံက သိမ်းပိုက်ခဲ့စဉ်က ရခိုင်ပြည်၏ သမိုင်းဆိုင်ရာ အခြေအနေများနှင့် နိုင်ငံရေးဆိုင်ရာ သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ကိုအသေးစိတ်ရှင်းလင်းခဲ့သည်။

၁၇၈၅ ခုနှစ် မှ ၁၈၂၅ ခုနှစ်များအတွင်း ရခိုင်ကို မြန်မာများ သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က ရခိုင်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများမှာ မူလအနေအထားမှ များစွာယိုယွင်း သွားခဲ့ ရကြောင်း၊ ထိုစဉ်က မြန်မာလက်အောက်ခံဘ၀ ရခိုင်ပြည်တွင် အထက်တန်းလွှာရခိုင်များအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်းများလည်းရှိခဲ့ကြောင်း၊ ၁၇၉၅ ခုနှစ်မှ ၁၈၁၀ ခုနှစ်များအတွင်း မြန်မာတို့က ရခိုင်တို့အပေါ်အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် ရခိုင်ပြည်သူတို့က စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်ပြည်တွင်းသို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်းများဖြစ်ပွားခဲ့ကြောင်း၊ ၁၇၈၇ ခုနှစ်မှ ၁၈၁၅ ခုနှစ်များကာလတွင် မြန်မာဘုရင်၏ အုပ်စိုးမှုကို ရခိုင်တော်လှန်ရေးသမားများက တော်လှန်ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ တိုက်ပွဲများ ကြောင့်ရခိုင်များ ဘင်္ဂလားတောင်ပိုင်းသို့ အလုံးအရင်းနှင့် ရွှေ့ပြောင်းအခြေချ နေထိုင်လာခဲ့ကြောင်း၊ ၁၈၁၅ ခုနှစ်မှ ၁၈၂၅ ခုနှစ်များအတွင်း ရခိုင်ပြည်၏ အနေအထားမှာ စီးပွားရေးအသွင်သို့ ကူးပြောင်းလာခဲ့ပြီး၊ ယင်းကာလ၌ ရခိုင်တို့အနေဖြင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက် ထိုးနှက်မှုကို ပြုလုပ်နိုင်စွမ်း မရှိခဲ့ကြောင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပါမောက္ခ Dr. Stephan Van Galen က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းရာတွင် ၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာသည်နှင့်အမျှ ဘင်္ဂလားဒေသတွင် ရခိုင့်ကုန်သွယ်ရေးမှာလည်း လွန်စွာကောင်းမွန်လာခဲ့ပြီး၊ အခွန်ဘဏ္ဍာများ တိုးတက်များပြားလာခဲ့သလို တချိန်တည်းမှာ ဘင်္ဂလားဒေသ၌် ရခိုင်နှင့် ဒတ်ခ်ျတို့၏ ကူးသန်းရောင်းဝယ်မှုများရှိခဲ့ကြောင်း၊ သို့သော် ၁၆၃၈ ခုနှစ် နောက်ပိုင်းကာလများတွင် အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့် ဘင်္ဂလား အရှေ့တောင်ဘက်ဒေသတွင် ရခိုင်တို့၏ ထိန်းချုပ်မှု လျော့ရဲလာခဲ့ရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်၏ စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်းတွင် အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျ ကုန်သည်များ ထွက်ခွာသွားခြင်းက ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ Dr. Stephan Van Galen က ရှင်းလင်းခဲ့သည်။

ထို့ပြင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက "ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် ၁၈၂၆ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်း၊ ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာခြင်း၊ နောက်ပိုင်း ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးကာ ဒေသခံရခိုင်တို့အား သတ်ဖြတ်ခဲ့ခြင်းနှင့်အတူ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေခြင်းတို့ကို ခေတ်ပြိုင်သမိုင်းဖြစ်စဉ်များနှင့်တကွ ရှင်းလင်းသွားခဲ့သည်။

ရိုဟင်ဂျာနှင့်ပတ်သက်၍ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက " ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး" ဟု အခိုင်အမာပြောဆိုခဲ့သည်။

တက်ရောက်လာကြသူများက ရခိုင်သမိုင်းနှင့် ဆက်စပ်၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရိုဟင်ဂျာနာမည်ကို မည်သူက မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲဆိုသည့် အမေးနှင့် ပတ်သက်၍ "ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့စကားရပ်ပါ" ဟု ဒေါက်တာအေးချမ်းက ဖြေကြားသည်။

ဘင်္ဂါလီအတွက် ဆောင်ရွက်ရေးသားပေးနေသူ ဦးဌေးလွင်ဦးက " ရိုဟင်ဂျာနှင့်ဘင်္ဂလီ" ခေါ်ဝေါ်မှုနှင့် စပ်လျဉ်း၍ မေးမြန်းချက်အား ဒေါက်တာအေးချမ်းက "ဦးဌေးလွင်ဦးပြောကြားသည့်စကားရပ်ပါ ရိုဟင်(Rohan) ဆိုသည်မှာ ဘင်္ဂလီတို့က သူတို့ကိုသူတို့ ခေါ်ဆိုခဲ့သည့်အမည်မဟုတ်ဘဲ၊ ဘင်္ဂါလီများက ဒေသခံရခိုင်တွေကို ခေါ်သည့် စကားလုံးသာ ဖြစ်ကြောင်း၊ Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင်အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း" ရှင်းလင်းခဲ့သည်။

ဆက်လက်၍ သမိုင်းပညာရှင်များက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ပုဂံခေတ်၌ မြန်မာတို့က ရခိုင်ပြည်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က "သက်သေအထောက်အထား မရှိကြောင်း" ဟု ပြန်လည် ဖြေကြား ခဲ့သည်။

ပါမောက္ခ Dr. Stephan Van Galen ကလည်း "ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့် ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး" ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သလို၊ ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် အမေးကိုလည်း ၄င်းက "၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး" ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရှင်းလင်းမေးမြန်းဖြေကြားခြင်းများ ပြီးဆုံးသောအခါ မြန်မာပြည်တွင် ရိုဟင်ဂျာမရှိ၊ ရိုဟင်ဂျာအမည်ခံသူများမှာ ဘင်္ဂလီများသာဖြစ်ကြောင်း ရှင်းလက်ချက်ပေါ် ထပ်မံစောဒကတက်ခြင်းများမရှိတော့ဘဲ သဘောပေါက်နားလည် ကျေနပ်သွားကြကြောင်း တက်ရောက်လာသူများကဆိုသည်။
Ref. ARAKAN TIMES

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။