Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 10, 2013

လူသားများအားလုံးနှင့် သက်ဆိုင်သောနေ့ 

 
ရေးမိရေးရာလေးများ
လူသားများအားလုံးနှင့် သက်ဆိုင်သောနေ့ 

 အခု ကျွန် တော် ပြော ချင် တဲ့ အကြောင်း အရာ လေး က တော့ ကမ္ဘာ ပေါ် က လူ သား အား လုံး နဲ့  သက် ဆိုင် တဲ့ နေ့  လေး အကြောင်း ပါ ပဲ... ဘာ နေ့  လည်း ဆို တာ သိ ကြ ပါ သ လား .....ဖြေ ကြည့် ကြ ပါ ဦး ....နေ့  ထူး နေ့  မြတ် ထဲ က တစ် ခု ပေါ့ ...ဘုန်းကြီးတွေ နဲ့  လည်း သက် ဆိုင် သ လို ...ပုတ်ရပာန်း မင်း ကြီး တွေ ....တမ္ဘာ ပေါ် က နာမည် ကြီး ပုဂ္ဂိုလ် တွေ နဲ့ လည်း သက် ဆိုင် တဲ့ နေ့  လေး တစ်နေ့  ပါ ...တမ္ဘာ ပေါ် မှာ ရှိ တဲ့  အတန်းအစား အနိမ့် အမြင့် မရွှေး လူ သား အား လုံး နဲ့  သက် ဆိုင် ပါ တယ် ..အဲ့ နေ့  က တော့ ဒီ နှစ် ၂၀၁၃ မေ လ ၁၂ ရက် နေ့  မှာ ကျ ရောက် တဲ့  နေ့  လေး ပါ ပဲ.....သိ ကြ ပါ သ လား .....
ကမ္ဘာ့  အမေ များ နေ့  ပဲ ဖြစ် ပါ တယ် ......
ဘာကြောင့် လူသားအား လုံး နဲ့  သက် ဆိုင် တဲ့ နေ့  လို့  ပြော ရ လဲ ဆို တော့ လူတိုင်း မှာ အမေ ဆို တာ ရှိ ကြ ပါ တယ် .. ဒါ ကြောင့် အမေ များနေ့  ပာာ လူ သား အား လုံး နဲ့  သက် ဆိုင် ပါ တယ် .......
မြန်မာ နှိင်ငံ ရဲ့ အမေများနေ့  က တော့ နှစ်စဉ်နှစ်တိုင်း ပြာသို လ ပြည့် နေ့  လို့  သတ် မှတ် ထား ပါ တယ်....
အင်္ဂလန် နှိင်ငံ ရဲ့ အမေများနေ့ က တော့၂၀၁၃ မတ် လ ၁၀ ရက် နေ့  လို့  သတ် မှတ် ထား ပါ တယ်....
စပိန် နှိင်ငံ ရဲ့ အမေများနေ့  က တော့ ၂၀၁၃ မေလ ၅ ရက် နေ့  လို့  သတ် မှတ် ထား ပါ တယ်....
ဒိန်းမတ် ၊ ဖင်လန် ၊ အီတလီ ၊ တူရဂီ ၊ သြစကြီးယ နဲ့  ဘယ်ဂျီယံ နှိင်ငံ တွေ က လည်း ၂၀၁၃ မေလ ၅ ၇က် နေ့  ကို ပဲ အမေများ နေ့  လို့  သတ် မှတ် ကြ ပါ တယ် ....
ပြင်သစ် နှိင်ငံရဲ့  အမေများနေ့  က တော့ ၂၀၁၃ မေလ ၂၆ ရက် နေ့  အဖြစ် အသီးသီး သတ် မှတ် ထား ကြ ပါ တယ်............
မေလ ၁၂ ရက် နေ့  က တော့ တကမ္ဘာ လုံး အတွက် သတ် မှတ် ထား တဲ့ နေ့  လေး ပါ .....
အမေများနေ့  ကို တော့ နှိင်ငံ ပေါင်း ၄၀ ကျော် က ကျင်း ပ ပြု လုပ် ကြ ပါ တယ်......
ဒါကြောင့် အမေ များ နေ့  ကို ကြို ဆို ဂုဏ် ပြု တဲ့ အနေ နဲ့  ........
ကမ္ဘာ ပေါ် မှာ ရှိ တဲ့ အမေ အား လုံး ကို မေတ္တာ ပို့  သ ပေး ချင် ပါ တယ် .....

“ကမ္ဘာပေါ်ရှိ အမေများအားလုံးလည်း
စိတ္တသုခ၊ ကာယသုခ ဆိုတဲ့နှစ်ဖြာသော သုခနဲ့ချမ်းသာပြည့်စုံနိုင်ပါစေ။
ဥပါဒ်ရန်များကင်းဝေး၍ စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။သား/သမီးတို့၏ ကောင်းကျိုးများ ရရှိခံစားနိုင်ကြပါစေ။
သုခမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံနိုင်ကြပါစေ လို့  ဆု တောင်း မေတ္တာ ပို့  သ လိုက် ပါ တယ် ....”

အမေ တဲ့ စကား လုံး က နှစ် လုံး တည်း ဆို ပေ မယ့် အဓိပါယ် က တော့ အလေးနက် ဆုံး ပေါ့ ...အမေ ဆို တာ လူတိုင်း မှာ ရှိ ကြ ပါ တယ်... အမေ ရဲ့ မေတ္တာ တွေ ကို ဘယ် သူတွေ ကျေ အောင် ဆပ် နှိင် ခဲ့ ကြ ပါ သ လဲ .... ကျွန်တော့် ရဲ့  ရင် ထဲံ မှာ တော့ အမေ ပာာ ကျွန်တော် ဘ၀ ထဲ က အမြဲ လင်း လက် နေ တဲ့ လမင်း ကြီး တစ် ဆင်း ပါ ပဲ အမေ ရယ် .... မှောင် မှိက် တဲ့ သား ရဲ့ ညတွေ မှာ အမေ့ ရဲ့  အားပေးမှု တွေ ဆို ဆုံး မ ခြင်း တွေ ပာာ သား အတွက် တော့ လမင်း ကြီး တစ် စင်း လင်းလတ် နေ သ လို ပါ ပဲ အမေ ၇ယ်....အေးမြ နေ တဲ့ အမေ ရဲ့  မေတ္တာ ရိပ် က သားအတွက် တော့ အခြားအရာ တွေ နဲ့  နှိုင်း ယှဉ် လို့  မ ရ လောက် အောင် ကို နက် ရှိုင်း နေ ပါ ပြီ ...
အမေ သား ကို မွေး ဖွား ပေး ခဲ့ တာ အခု ဆို ၂၂ နှစ် တိုင် ခဲ့ ပါ ပြီ အမေ...
ရုတ်တရက် အမေ ပြောဖူးတဲ့ စကားလေး တစ်ခွန်းကို အမှတ်ရမိတယ်။ “သားရယ်… သားကို မမွေးဖွားခင် ညတုန်းကတော့ အလူးအလဲ ခံစားရတာပေါ့၊ နောက်နေ့မနက်မှာ သားကို မွေးလည်းပြီးရော အမေ ခံစားခဲ့ရတာတွေက ဘယ်ရောက်သွား မှန်းကို မသိဘူး”။ အဲဒီအချိန်က အမေ ပြုံးပြီးတော့ ပြောခဲ့တာပါ။ သားကို ဘယ်တော့မှ မမေ့အပ်စေတဲ့ စကားလေး တစ်ခွန်းပါ အမေ။ သား ဒီနေ့အချိန်မှာ ရပ်တည်နေထိုင်နိုင်တာဟာ အမေ့ ကျေးဇူးတွေ ကြောင့်ပါပဲ အမေ။ အမေ အကြောင်းစာအုပ်တွေဖတ်ရင်းနဲ့ အရှင်အာစာရလင်္ကာရ ရေးသားတဲ့ “အသက်ပေးပြီး ချစ်တဲ့ အမေ” စာအုပ်ထဲမှာ…
“ဗဟုပကာရ ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ၊”

“ချစ်သားတို့… မိဘတွေဟာ သားသမီးတွေအတွက် အလွန်ပင် ကျေးဇူးကြီးမားပါပေတယ်”

● နို့ချိုတိုက်ကျွေး၊ သက်ရှင်ရေး၊ ပြုပေးတတ်တာ မိဘပါ။

● ကောင်းကျိုးကိုတွေး၊ လောကရေး၊ သင်ပေးတတ်တာ မိဘပါ။

ဆိုတဲ့ စာတွေကို ဖတ်မိတော့ အမေ့မျက်နှာကို မြင်ယောင်မိပါတယ်။ အမေဆိုတာ သားသမီး တွေကို မြတ်နိုးတတ်သော စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးကို ခေါ်တာပါပဲ အမေ။ အဲဒီ မြတ်နိုးတဲ့ စိတ်မှာ တစ်စုံတစ်ခုသော ကိလေသာ မပါ ပါဘူး။ သားတွေကို ပညာတတ်ဖြစ်ပြီး တင့်တယ်စေချင်ခဲ့တဲ့ အမေ့ရဲ့ စေတနာ၊ မေတ္တာကို အခုအချိန်မှာ ပိုပြီး နားလည်ခဲ့ရပါတယ်။ ကျောင်းတွေ ပြန်ဖွင့်ရင် ၀တ်ဖို့ အကျီ၊ ဘောင်းဘီ၊ လွယ်အိတ် တွေကို နွေရာသီ ကတည်းက အမေ စီစဉ်ပေခဲ့ပေးတာတွေ၊ ကျောင်းသွားခါနီးရင် ဦးနှောက်ရွှင်အောင်ဆိုပြီး အုန်းဆီတွေ ရွဲနေအောင် လိမ်းပေးခဲ့တာတွေ၊ ၀တ်ထားတဲ့ ထမီလိပ်ကြားထဲက ထုတ်ပေးခဲ့တဲ့ ကျောင်းမုန့်ဖိုးတွေ၊ သားတို့ ပညာတတ်အောင် ကြိုးစားကြ၊ ပညာမတတ်ရင် ပင်ပန်းဆင်းရဲကြလိမ့်မယ်လို့ ပြောခဲ့တဲ့ စကားသံတွေဟာ သားတို့အပေါ်ထားတဲ့ မေတ္တာစိတ် တစ်ခုတည်းကြောင့် ဆိုတာ သား သိခဲ့ရပါတယ်။ အဲဒီပုံရိပ်လေးတွေက သားတို့ အတွက် မေ့ဖျောက်ထားလို့ မရခဲ့ပါဘူး အမေ။ အခုအချိန်ထိ သား ဘ၀ရဲ့ ရလာတဲ့ အောင်မြင်မှုတွေဟာ အမေ့ ကျေးဇူးတွေကြောင့်ပါ။ သား အတွက်စိတ်အေးရပေမဲ့ ညီလေး အတွက်ဆိုပြီး အမေ အမြဲ စိတ်ပူနေတာပဲနော်။ သား တို့ကို ဘယ်တော့မှများ စိတ်ချတော့မှာလဲ အမေ။ သားတို့ အတွက် လောကဓံတွေကို အန်တုခဲ့ရတာတွေ၊ မျက်ရည်ကျခဲ့ရတာတွေဟာ သားတို့ကို အမေ ပေးခဲ့တဲ့ ခွန်အားတွေပဲပေါ့။ အခုဆိုရင် အမေ အသက်က ၅၀ ပြည့်တော့မယ်။ သာမန်အမြင်လေးနဲ့ပဲ ကြည့်ရင် တတိယ အရွယ်ကို ရောက်တော့မယ် အမေ။ ရုန်းကန်ခဲ့ရတဲ့ ဘ၀က ကြမ်းတမ်းခဲ့တာကြောင့် အမေ့မှာ ဝေဒနာတွေ မကြာခဏ ခံစားနေရတာလည်း သားသိပါတယ် အမေ ရယ်... ဖြစ် နှိင် ရင် အဲ့ ဒီ ဝေဒနာ တွေ ကို သား သာ ခံ လိုက် ချင် ပါ တယ် အမေ ရယ်...... အမေ... ဘ၀ မှာနှိုင်းယှဉ်လို့မရတာ ဟာ အမေ ပါ.....
ဘယ်လောက်ထိချစ်လဲ........ဆိုရင် ကိုယ့်ရဲ့အသက်ကိုတောင် တစ်ဝက်ပေးထားတရ်............
တန်ဖိုးရှိတဲ့အမေ တန်ဖိုးရှိတဲ့အချိန်တိုတွင်းမှာပျောက်ကွယ်သွားမှာကို........ ကျွန်တော် ကြောက်နေမိတယ်အမေရယ်.......ကျွန်တော့်ရဲ့ဘ၀မှာ........တခြားဟာဆုံးရှုံးတာကိုဒီလောက်မကြောက်ပါဘူး......... အမေ ဆိုတဲ့ အမေ ကိုတော့ ဆုံးရှုံးမှာအကြောက်ဆုံးပါပဲ............... ဘယ်ဟာနဲ့မှနှိုင်းယှဉ်လို့ မရတာပါ..............

အမေ ရယ် ကဗျာလေးတစ် ပုဒ် ကို အရမ်း သဘော ကျ မိတယ် အမေ

“ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။”
ဘယ်လောက် ကောင်း လဲ အမေ ရယ် အမေ ပာာ အမေ ပါ ပဲ တဲ့  .....သား ကတော့ဒီ ကဗျာလေး ကို အရမ်း နှစ်သက် တာ ပဲ အမေ၇ယ်...အမေ့ မေတ္တာဟာ အနှိုင်းအဆမဲ့ပါ။ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် အမေ့ရဲ့ ဂုဏ်ပုဒ်က မညှိုးလျှော့ သွားပါဘူး အမေ ရယ် .....
နောက်တစ်ပုဒ် ရှိ သေး တယ် အမေ.....

“အမေ ဆိုတာ အမေ ပဲ မို့ 
ဂုဏ်ဖော်ကာမပြောချင်ပ
အသက်ပေးဖို့ လည်းဝန်မလေးပါဘု
အငတ်ခံ စတေးမယ့်လူ

ဘေးကြုံရင် အရှက်ဆိုတာဝေးစွ
တို့ ရှေ့ က ရပ်ကာရယ်
ကြက်တစ်ကောင်လိုဝပ်ပါလို့ 
အန္တာရယ် ရယ်ကင်းစေသား....”
အမေ အတွက် ရေး စပ် ထား တဲ့ ကဗျာလေးတွေ လေ အမေ.......
ကျွန်တော် အမေ့ အတွက် စာ ပိုဒ် လေးတစ် ခု လည်းရေး ထား ကြည့် တယ် အမေ....
အမေ ကမ္ဘာပြိုလို့ ဆိုပြီး အမေငိုချင်မှငိုမယ်….လေ ရင်သွေးငယ်တို့ တောင်းဆို လာပြီဆိုရင် အမေကိုယ်တိုင် သားရဲတွင်းသို့ ဆင်းတတ်တယ်လေ…။ သားတွေသမီးတွေ ကို အသားကျွေးလို့ အရိုးကိုအမေစားတယ်ဆိုတာ ဟိုငယ်ငယ်ထဲကကြားခဲ့လို့ နားရည်လဲတော်တော်ဝနေပါပြီ…အမေရယ်
ဒါတွေက စကားတွေပါ… လက်တွေ့မှာ အမေဆိုတာ သားတွေသမီးတွေ ၀ရင် သူဗိုက်မဆာပါဘူး…
သူ့ရင်သွေးတွေ ကျန်းမာနေရင် သူကိုယ်တိုင်လဲ ဖျားနာနေပါစေ ပီတိဆိုတာရှိနေသရွေ့
အားမချိသွားဘူး….အစဉ်ကို လန်းလို့ ဆန်းလို့….တက် ကြွ နေ တယ် လေ ..အမေမရှိတဲ့ သားတွေသမီးတွေ ရေမရှိတဲ့ငါးတွေတဲ့…..လူတွေပြောပြောနေကြတယ်…အမေရယ် ..တကယ် ဆို ရင် အမေမရှိမှတော့
ရေ(ငွေ)ရှိလဲအလကားပါပဲ… ရှင်သန်မှုအတွက် ကျပ်တည်းနေမှာပေါ့ ...အမေဆိုတာ အောက်စီဂျင် ရေဆိုတာမရှိလဲ ….. ကျွန်တော်တို့မှာ အမေဆိုတာ ရှိနေခဲ့ရင်…. ပျော်လို့ရွှင်လို့ပါပဲဗျာ…။
အမေသည် ယဉ်ကျေးမှုထွန်းကားသော ပန်းတစ်ပွင့်ဖြစ်သည်။
အမေသည် ရိုးသားမှုတစ်ခုနှင့်ဘ၀ကိုထွန်ယက်ခဲ့သော စိုက်ပျိုးရေးသမားဖြစ်သည်။
အမေသည် အသံတိတ်သမားဖြစ်သည်။
အမေသည် ခံစားချက်များကိုစုပ်ယူနိုင်သော ရေမြုပ်တစ်ခုဖြစ်သည်။
အမေသည် အားပေးတတ်သော သူငယ်ချင်းကောင်းဖြစ်သည်။
အမေသည် ပညာရေးကို အာလာဒင်မီးခွက်ဟုထင်သူဖြစ်သည်။
အမေသည် အိမ်မက်နှင့်သားသမီးကို ကွင်းဆက်အရိုးများဖြင့်တွယ်ဆက်ခဲ့သူဖြစ်သည်။
အမေ ..
ထိုသူသည် ... ကျွန်တော့်ကို ၂၂ နှစ် ပင့်တင်ထားသော တွန်းကန်အားတစ်ခုဖြစ်သည်။

နောက်ပြီးတော့အမေ ရေ ဘုရားပောာခဲ့ တဲ့ မိဘဂုဏ်ရည်(၁၂)ပါး ကို ဖတ် မိတော့ မိဘ မေတ္တာကို ပို နားလည် လာ မိ တယ် အမေ....
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
အမေ အခုသားလေ အမေ ရဲ့ မေတ္တာ တွေ ကို ကောင်းကောင်း သဘော ပေါက် နားလည် လာ ပါ ပြီအမေအမေ ဖြစ် စေချင် တဲ့ လိမ်မာရေးခြားရှိ ပြီး လောကဓံကို ကြံကြံ ခံနှိင် ပြီး လောကရဲ့ အကောင်းဆုံး တွေ ကို ခူးဆွပ် ဖို့  အတွက် အမေ ပေးတဲ့ အားအင် တွေ အပြည့် ရှိ နေ ပြီ အမေ....
အမေ စိတ်မပျက်ပါနဲ့  အမေ့ရဲ့သား အမေ့ရဲ့အားနဲ့
အမေ မျှော်လင့်သောနေ့ သားရောက်အောင်လှမ်းနေပြီအမေ
သားတွေသမီးတွေ အတွက် လေးနက်ခဲ့တဲ့ အမေ့ကို ဒီစာတစ်ပုဒ်နဲ့ ဂုဏ်ပြုပါရစေ အမေ………..ရယ် ။

အမေဆိုတာ နှိုင်းစရာ ရှာမရလို့ ဘယ်လိုဟန်တွေ ကွဲနေပါစေ အမေဆိုတာ အမေပါပဲ ပုထုဇဉ် အမေ့မှာ အမှားတွေ တောင်လိုပုံနေပါစေ အမေဆိုတာ အမေပါပဲ အဲ..လွန်သွားတော့မှ မျက်ရည်မကျကြပါစေနဲ့
လို့ ဆုတောင်းပေးရင်း တတ်နိုင်သလောက်တော့ အမေ များ နေ့  ကို ဂုဏ် ပြု လိုက် ခြင်း ပဲ ဖြစ် ပါ တယ်။ ။



Credit - Original up-loader

------------------------------

မူရင်းစာအား ယခု ၂၀၁၃ Date များပြောင်း၍ ပြင်ဆင်ရေးသားပါသည်။

ရေးမိရေးရာလေးများ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။