Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 6, 2013

မြန်မာနိုင်ငံကို မလာခင် သိထားသင့်တဲ့အချက် ၁၁ချက်တဲ့။ CNN ကရေးသား ထားတာဖြစ်ပြီး ကိုယ့်နိုင်ငံ အကြောင်းကို သူများ တွေရဲ့ ရှုထောင့်အမြင်နဲ့ ဖတ်ရတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။


မြန်မာနိုင်ငံကို မလာခင် သိထားသင့်တဲ့အချက် ၁၁ချက်တဲ့။ CNN ကရေးသား ထားတာဖြစ်ပြီး ကိုယ့်နိုင်ငံ အကြောင်းကို သူများ တွေရဲ့ ရှုထောင့်အမြင်နဲ့ ဖတ်ရတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။

နိုင်ငံရေး အရ လွတ်လပ်မှုတွေ ရှိလာတာဟာ တစ်ချိန်က အထီးကျန် နိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ၂၀၁၃မှာ လူတွေ စိတ်ဝင်တစား လာရောက် လည်ပတ်သင့်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် သတ်မှတ် လာကြသလို နောက်ပိုင်းမှာ ပိုပြီး အရှိန်ရလာဖို့ အလားအလာတွေ ရှိလာစေ ပါတယ်။ အခု CNN ကရေးသား ထားတဲ့ မြန်မာနိုင်ငံကို လာမလည်ခင် သိသင့်တဲ့ အချက် ၁၁ချက်ကို ဖော်ပြ ပေးလိုက် ပါတယ်။


၁။ နှစ်သစ်ကူးကို လေးရက်တိုင်တိုင် ကျင်းပတဲ့ နိုင်ငံ
မြန်မာ နှစ်သစ်ကူးကို ရေသဘင် ပွဲတော် "သင်္ကြန်" ပွဲတော် အဖြစ် သိကြပြီး ဧပြီလ ၁၃ရက်ကနေ ၁၆ရက်အထိ ကျင်းပတတ် ကြပါတယ်။ ဒီလေးရက်မှာ ဘဏ်တွေ၊ စားသောက်ဆိုင်၊ ဈေးဆိုင် အားလုံးလိုလို ပိတ်ပြီး ဆင်နွှဲတတ် ကြပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အကြီးအကျယ် ကျင်းပ တတ်ပါတယ်။ လူတိုင်းလိုလို ရေပက် ကစားတတ် ကြပြီး ဒီသင်္ကြန်ရေက နှစ်ဟောင်းက အညစ်အကြေး တွေကို ဆေးကြော ပေးတယ်လို့ အယူ ရှိကြပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ မှာတော့ ငှက်နဲ့ငါးတွေကို ကောင်းမှု ကုသိုလ် အနေနဲ့ ဘေးမဲ့ လွှတ်ပေး တတ်ကြပြီး ဘုန်းကြီးတွေကို ဆွမ်းကပ် တတ်ကြ ပါတယ်။ ဒီနှစ်ပိုင်း မှာတော့ မြန်မာ punks အမာခံ ပရိသတ်တွေ ကတော့ ဆံပင်တွေကို အရှည်ထားပြီး မိုးပေါ်ထောင်တဲ့ စတိုင်မျိုး အများဆုံး ထားတတ် ကြပါတယ်။


 
၂။ အရမ်းကောင်းတဲ့ ကမ်းခြေတွေ ရှိတဲ့ နိုင်ငံ
မြန်မာနိုင်ငံရဲ့ ၁၂၅၀မိုင် ရှည်လျားတဲ့ ကမ်းရိုးတန်း တလျောက်မှာ အာရှရဲ့ အကောင်းဆုံး ကမ်းခြေတွေကို ပိုင်ဆိုင်ထား ပါတယ်။ ကမ်းခြေတွေက ဘင်္ဂလား ပင်လယ်အော်နဲ့ Andaman Sea တလျောက် မှာတည်ရှိပြီး မဖော်ထုတ် ရသေးတဲ့ ကမ်းခြေတွေ၊ မတည်ဆောက် ရသေးတဲ့ ကမ်းခြေတွေလည်း ကျန်ပါသေးတယ်။ ကမ်းခြေ တော်တော်များများက အနောက်ဘက်ကို မျက်နှာမူ ထားတာကြောင့် နေ၀င်ဆည်းဆာ အလှကို ကောင်းကောင်းကြီး ခံစားလို့ ရပါတယ်။ နာမည်အကြီးဆုံး ကတော့ ငပလီ ကမ်းခြေ ဖြစ်ပြီးတော့ ရန်ကုန်ကနေ လေယာဉ်နဲ့ဆို ၄၅မိနစ်နဲ့ ရောက်ပါတယ်။ နှစ်မိုင်လောက် ရှည်လျားတဲ့ သဲဖြူတွေနဲ့ အုန်းပင်တွေ စီတန်း ပေါက်ရောက် နေတဲ့ ငပလီ ကမ်းခြေက Andaman Sea ရဲ့အလှကို ငေးကြည့်ရင်းနဲ့ အဲ့က resorts တွေမှာ အနားယူ နိုင်ပါတယ်။ ငွေဆောင်ကတော့ သူ့လောက် မတိုးတက် သေးပေမယ့် မပျက်စီးသေးတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး ရန်ကုန်ကနေ ငါးနာရီကြာ မောင်းရင် ရောက်ပါတယ်။ ရှစ်မိုင်လောက် ရှည်လျားပြီးတော့ အာရှမှာ အရှည်ဆုံး ကမ်းခြေ တွေထဲမှာ ပါဝင်ပါတယ်။


 
၃။ အင်တာနက်ကို မပိတ်ထား တော့ပေမယ့် နှေးနေတုန်းပါပဲ။
၂၀၀၀ခုနှစ်မှာမှ စပြီး အင်တာနက် သုံးလို့ရပေမယ့် ဈေးကြီးတဲ့ အပြင် နှေးတာကြောင့် အသုံးမတွင် ကျယ်ပါဘူး။ အရင် အစိုးရ လက်ထက်တုန်းကတော့ YouTube နဲ့ Gmail တွေကို ပိတ်ထားပေမယ့် အခုတော့ တင်းကျပ် ထားတာ တွေကို ဖြေလျော့ပေး လိုက်ပြီး ပြီးခဲ့တဲ့လက Google ရဲ့ chairman Eric Schmidt လာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အင်တာနက်ထက် မိုဘိုင်းဖုန်း တွေက ပိုနာမည်ကြီး လာပြီး အာရှထဲက နိုင်ငံတွေနဲ့ ယှဉ်ရင် ဖုန်းဈေးက မြင့်ပါတယ်။ နိုင်ငံတွင်းက IT ကုမ္ပဏီ တွေက ဈေးပိုသက်သာတဲ့ SIM ကဒ်တွေ ချထားပေး နိုင်ဖို့ ကြိုးပမ်းနေပြီး မကြာခင် အထမြောက် မယ်လို့ မျှော်လင့် ရပါတယ်။ ဒီဇင်ဘာလမှာ ကျင်းပမယ့် SEA Game အမှီ $15 တန် SIM ကဒ်တွေ ချထားပေးမှာ ဖြစ်ပြီး နိုင်ငံခြားသားတွေ အတွက်ပဲ ဖြစ်ပါတယ်။


 
၎။ ငွေသားများများ ယူလာဖို့ လိုအပ်ပြီး ဟောင်းနွမ်း စွန်းကြေတွေကို မယူလာ ပါနဲ့။
ATM စက်တွေ နည်းတာကြောင့် ဒေါ်လာများများ ယူလာဖို့ လိုအပ်ပါတယ်။ ငွေလဲနှုန်းက အရွက်တန် အပေါ်မူတည်ပြီး ကွာပါတယ်။ သတိပြု ရမှာက ဟောင်းနွမ်း၊ ညစ်ထေး၊ ခေါက်ရိုးကျိုး နေတဲ့ ပိုက်ဆံတွေကို လက်မခံ ပါဘူး။ အခုလက်ရှိတော့ credit cards တွေကို ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေနဲ့ စူပါမားကတ်ကြီး တွေမှာ လက်ခံပေမယ့် ၂-၃ရာခိုင်နှုန်းလောက် ထပ်ပေါင်းထည့် ပါတယ်။ ဒီနှစ်ကုန်လောက် မှာတော့ credit cards တွေကို ပိုပြီး လက်ခံ လာမှာပါ။ အခုပေါက်ဈေး အရတော့ ၁ဒေါ်လာကို ၈၈၂ကျပ် ရှိပါတယ်။ ဒီလို ပိုက်ဆံအများကြီး သယ်လာလို့ စိတ်ပူစရာ မရှိပါဘူး။ နိုင်ငံခြားသား တွေအပေါ် ကျူးလွန်တဲ့ မူခင်းတွေက ရှားပါးပါတယ်။ မြန်မာလူမျိုး အများစုကတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး ရိုးသား ကြပါတယ်။


 
၅။ တကျွတ်ကျွတ်နဲ့ ခေါ်တတ်တဲ့ အကျင့်
တကယ်လို့ စားပွဲထိုးကို ခေါ်ချင်ရင် တကျွတ်ကျွတ်နဲ့ လေချွန်သလို ခေါ်တတ်တဲ့ အကျင့် ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ တရုတ်တန်း ၁၉လမ်းကို သွားရင် ဒီလိုအသံမျိုး တော်တော် ကြားရမှာပါ။ ဒီလူသွားလူလာနဲ့ ပြည့်ကျပ်နေတဲ့ လမ်းကျဉ်းလေးမှာ ဘီယာသောက်ဖို့ လာတတ် ကြပါတယ်။ ဆိုင်တွေက တစ်ဖက်တစ်ချက်မှာ ရှိပြီး စားပွဲခုံ တွေကိုတော့ ရှေ့မှာ ထားတတ် ကြပါတယ်။ ပြည်တွင်းဖြစ် အရက်တွေ ကတော့ ဈေးသက်သာ ပါတယ်။ ညနေခင်း တွေမှာ အမျိုးသမီးတွေကို မြင်ရမယ်လို့ မမျှော်လင့်ပါနဲ့။ လက်ထပ်ပြီးသားပဲ ဖြစ်ဖြစ်၊ အပျိုပဲ ဖြစ်ဖြစ် သူတို့တွေက ညဘက်ဆို အိမ်မှာ နေတာပဲ များပါတယ်။ နိုင်ငံခြားသူတွေ မလာသင့်ဘူးလို့ မဆိုလိုပါဘူး။ ဓလေ့ထုံးစံတွေက မတူဘူးဆိုတာ နားလည်ထား ကြပါတယ်။


 
၆။ ဈေးကြီးတဲ့ ဟိုတယ်တွေ
မနှစ်က ထက်စာရင် ၃၅၀ရာခိုင်နှုန်းလောက် ထိုးတက် လာပါတယ်။ ၂၀၁၁က $25 လောက်ပေးရတဲ့ အခန်းက အခု $100 လောက်ပေးနေ ရပါတယ်။ အခန်း မလုံလောက် တာကြောင့်ပါ။ နိုင်ငံက ဖွင့်ပေးလိုက်တာနဲ့ စီးပွားရေး အတွက်ရော၊ ခရီးသွား တွေရော မြန်မာနိုင်ငံကို လာရောက် ခဲ့ကြပြီး မနှစ်က တစ်သန်းလောက် ၀င်လာပါတယ်။ ဟိုတယ်တွေက ဆောက်လုပ်ဆဲ ဖြစ်တာကြောင့် ဒီမလုံလောက်မှုက နောက်ငါးနှစ်က ဆယ်နှစ်အထိ အချိန်ကြာ နိုင်တာကြောင့် ကြိုတင် စီစဉ်သွားတာ ပိုကောင်းပါတယ်။ ပြန်လည် ပြုပြင်နေတဲ့ ဟိုတယ်တွေလည်း ရှိပါတယ်။ ခရီးသည်တွေ မလွတ်စေ ချင်တာကြောင့် ဖွင့်လျက်နဲ့ပဲ ပြုပြင်နေ ရပါတယ်။ ငြိမ်ငြိမ်သက်သက် အနားယူ ချင်တယ် ဆိုရင်တော့ ပြုပြင်နေတာ ရှိမရှိ အရင် စစ်ဆေး သင့်ပါတယ်။


 
၇။ ယောကျာင်္းတွေ ၀တ်တဲ့ လုံချည်
ရိုးရာအရ ယောကျာင်္းလေးတွေက လုံချည် ၀တ်တတ် ကြပါတယ်။ အမျိုးသားတွေက အရှေ့မှာ ထုံးပြီး ၀တ်တတ် ကြပေမယ့် အမျိုးသမီးတွေက ဘေးမှာ ခေါက်ပြီး ၀တ်ဆင်တတ် ကြပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ပုံက ရိုးရာဝတ်စုံ တွေကို အမျိုးသမီးငယ်တွေ အကြားမှာ စိတ်ဝင်စားမှု ရှိအောင် ဆွဲဆောင် နိုင်ပါတယ်။ အောက်ခံ ကတော့ လူတစ်ဦး တစ်ယောက် အကြိုက်စီပါ။ အမျိုးသား တွေကတော့ အပြင်ထွက်ရင် ပုဆိုးထဲမှာ အောက်ခံ ဘောင်းဘီ ၀တ်တတ် ကြပြီး အိမ်မှာ နေရင်တော့ လွတ်လွတ်လပ်လပ်ပါ။ ကျေးလက်ဒေသ မှာဆိုရင် ဒီအလေ့က သိပ်မရှိပါဘူး။ ပုဆိုးတွေက လေ၀င်လေထွက် ကောင်းတယ်လို့ ဒေသခံ တစ်ယောက်က ရယ်စရာ ပြောပါတယ်။ နွေရာသီ ဆိုရင် အပူချိန်က 104 F (40 C) ထိရှိပါတယ်။ နိုင်ငံခြား သားတွေ ကလည်း လုံချည်ဝတ်ပြီး အသိအကျွမ်း ဖွဲ့လို့ ရပါတယ်။


 
၈။ အစားအသောက်တွေ
ဘယ်ဘက်လက်နဲ့ အစာစားတာကို မယဉ်ကျေးဘူးလို့ ယူဆကြပါတယ်။ ဘယ်ဘက် လက်ကို အိမ်သာမှာ အသုံးပြု တာကြောင့် မသန့်ရှင်းဘူးလို့ ယူဆကြ ပါတယ်။ ဒါကြောင့် အစာစား တာပဲ ဖြစ်ဖြစ်၊ ပိုက်ဆံ ပေးတာပဲ ဖြစ်ဖြစ် ညာဘက် လက်ကိုသာ အသုံးပြု ကြပါတယ်။ မြန်မာရိုးရာ ထမင်းဟင်း ကတော့ ထမင်း၊ ငါး၊ အသား၊ အရွက်နဲ့ အရည်တစ်ခွက် ပါဝင်ပြီး မှာလိုက်တာနဲ့ တစ်ချိန်တည်းမှာ လာချ ပေးပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အမဲသားကို ရှောင်ကြပြီး မူစလင်တွေကတော့ ၀က်သား မစားကြပါဘူး။ ဟင်းတွေကို အချို၊ အစပ် စသဖြင့် ချက်စား တတ်ကြပြီး လူတိုင်းမှာ သူတို့ စားနေကျ ပုံစံရှိပါတယ်။


 
၉။ ခုန်ပေါက်နေတဲ့ ရထားတွေ
မီးရထား လမ်းတွေရဲ့ အားနည်းချက်ကြောင့် ရထားစီးရတာ မငြိမ့်ပါဘူး။ ဒါပေမယ့် နိုင်ငံတွင်းကို လှည့်ကြည့် ချင်တယ် ဆိုရင် မီးရထားက နည်းလမ်းကောင်း တစ်ခုပါ။ မြန်မာ့မီးရထားက နှေးတယ်၊ အချိန်မမှန်ဘူး ဆိုပြီး နာမည်ကြီး ပါတယ်။ အယုံကြည်ရဆုံး လမ်းကြောင်းတစ်ခု ဖြစ်တဲ့ ရန်ကုန်-မန္တလေး ကတော့ နှောင့်နှေးတာတွေ မရှိရင်တော့ ၁၆နာရီလောက် ကြာပါတယ်။ ညအိပ်သွားမယ် ဆိုရင်တော့ အထက်တန်း ကနေ စီးတာ ပိုသက်တောင့်သက်သာ ရှိပါတယ်။ နေ၀င်သွားတာနဲ့ ရာသီဥတုက အေးသွားတတ်တော့ ထူထူထဲထဲ အ၀တ်တွေ ယူခဲ့ဖို့ မမေ့ပါနဲ့။ ဘတ်စ်ကားတွေ ကတော့ ပိုမြန်ပါတယ်။ ပိုလည်း ကျပ်ပါတယ်။ ခရီးဝေး ဆိုရင် ပြည်တွင်း လေကြောင်းလိုင်း တွေကတော့ အသက်သာဆုံးနဲ့ ဈေးလည်း ပေါပါတယ်။


 
၁၀။ လမ်းထောင့်တိုင်းမှာ စာစောင် ရောင်းတဲ့သူတွေ ရှိပါတယ်။
နှစ်ပေါင်း ငါးဆယ်လောက် စစ်တပ်ရဲ့ အုပ်ချုပ်မှု အောက်မှာ နေခဲ့ရပြီးမှာ မြန်မာနိုင်ငံက လူတွေက သတင်းလွတ်လပ်ခွင့်ကို အခုမှ ခံစားနေပြီး သတင်းအတွက် ဆာလောင် မွတ်သိပ်မှုတွေ ရှိနေပါတယ်။ အရင်တုန်းက ထုတ်သမျှ စာစောင်တွေကို စာပေစိစစ်ရေးကို တင်ခဲ့ရပြီး ခွင့်ပြုမိန့်ကို စောင့်ခဲ့ရ ပါတယ်။ ၂၀၁၂မှာတော့ ဒါတွေကို ဖြေလျော့ ပေးလိုက်ပါပြီ။ အရင် စစ်အုပ်ချုပ်ရေး တုန်းက ဆန့်ကျင်ဘက် အမြင် ရှိတဲ့သူတွေကို ထောင်ချခဲ့ပြီး သတင်းသမားတွေ ပါဝင်ပါတယ်။ မနှစ်ကတော့ ၁၉၉၆နောက်ပိုင်း ဂျာနယ်လစ်တွေ ထောင်မချ ခံခဲ့ရတဲ့ နှစ်တစ်နှစ်ပါ။ အဝေးရောက် နေတဲ့ exile မီဒီယာ သမားတွေလည်း တဖြေးဖြေး ပြန်ဝင်ရောက် လာပါပြီ။ ဧပြီတစ်ရက်နေ့ ကတော့ မီဒီယာတွေ အတွက် မှတ်တိုင်တစ်ခုပါ။ ၁၉၆၄နောက်ပိုင်း ပထမဆုံး အကြိမ် နေ့စဉ်သတင်းစာ တွေကို ထုတ်ခွင့် ပေးခဲ့ပါတယ်။ သတင်း လွတ်လပ်ခွင့် အတွက်တော့ ကြီးမားတဲ့ ခြေလှမ်း တစ်ရပ်ပေမယ့် နေ့စဉ် ထုတ်ဝေဖို့ ဆိုတာက အပတ်စဉ် ထုတ်နေကျ တချို့ သတင်းစာတွေ အတွက်တော့ ရုန်းကန် ရဦးမှာပါ။


 
၁၁။ သွားနီနီကြီးတွေ မြင်တိုင်း သွေးစုပ်ဖုတ်ကောင်လို့ မမြင်ပါနဲ့။
ကွမ်းစားတဲ့ ဓလေ့က အရိုးစွဲ နေပြီး လမ်းထောင့်တိုင်းမှာ ကွမ်းယာ ရောင်းတဲ့ ဆိုင်တွေ ရှိနေပါတယ်။ ကွမ်းရွက်တွေကို ကွမ်းသီးနဲ့ တခြားဆေးတွေ ထည့်ပြီး လိပ်ပြီး ၀ါးစားတတ် ကြပါတယ်။ စားကြည့်တဲ့ အခါမှာ နီကိုတင်း အပျော့စားရဲ့ အရသာနဲ့ ဆင်တူပါတယ်။ ဈေးသက်သာပါတယ်။ ဒါပေမယ့် မကောင်းတာက သွားတွေကို နီရဲစေတဲ့ အပြင် ထွေးထုတ်လိုက်တဲ့ အခါ လမ်းတွေမှာ ညစ်ပေ စေပါတယ်။ ဒါတင်မက စားပြီးရင် စွဲသွား တတ်ပါတယ်။


 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။