ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ခေါင်းကောင်းရင် အထောင်းခံရသက်သာတယ်
******************************
နိုင်ငံစုံ တပ်ဖွဲ့တစ်ခုတွင် ဖြစ်သည်။ အထက်အမိန့် မနာခံမှုဖြင့် အီတလီစစ်သား၊
ပိုလန်စစ်သားနှင့် အစ္စရေး(ဂျူး) စစ်သားသုံးဦးကို ကြိမ်ဒဏ်ခက်ရန် တပ်ခွဲမှူးက
ဆုံးဖြတ်လိုက်သည်။
"ကျွန်တော့ကို သိတ်ရက်စက်တယ်လို့ မယူဆကြနဲ့။ ခင်ဗျားတို့ကို ကြိမ်လုံးနဲ့
မရိုက်ခင် ကိုယ့်ကျောကို ကြိုက်တာနဲ့ ကာကွယ်ခွင့် ပြုမယ်"
အီတလီစစ်သားသည် မိမိ၏ ကျောကို သံလွင်ဆီနှင့် လိမ်းလိုက်သည်။
တကယ်ရိုက်သောအခါ အထွေအထူး နာကျင်ခြင်း မဖြစ်ချေ။
ပိုလန်စစ်သားအလှည့်သို့ ရောက်သည်။
"ဗိုလ်ကြီးခင်ဗျား၊ ကျွန်တော်က ကျွဲလို မာတဲ့အကောင်၊ ဒါကြောင့် ဘယ်လိုပဲ
ရိုက်ရိုက်ဂရုမစိုက်ပါဘူး"
သို့ဖြင့် ၄င်းအား ကြိမ်လုံးနှင့် အကြိမ်ကြိမ်ရိုက်သည်။ ပြီးသောအခါ
ပိုလန်စစ်သားသည် ဘာမှမဖြစ်သလို ထထိုင်လိုက်သည်။
ဂျူးအလှည့် ရောက်လာသည်။
"ကိုင်း၊ မင်းရဲ့ကျောကို ဘာနဲ့ ကာကွယ်မလဲ"
"ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ရဲ့ ကျောပေါ်မှာ ဟိုပိုလန်စစ်သားကို
တင်ထားပေးပါခင်ဗျာ"

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။