ကျန်းမာရေးစာတိုများစုစည်းမှု
သွားပိုးစားရောဂါ သိစရာ ………
သွားပိုးစားရောဂါဆိုတာကတော့ သွားများ ဆွေးမြည့်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါဘဲဖြစ်ပါတော့သည် သွားများမှာဖွဲ့ စည်းတည်ဆောက်ထားသည့်အပိုင်းများထဲ့မှ …….
(၁) ကြွေလွှာထပ် ( Enamel ) အပိုင်း
(၂ ) ဆင်စွယ်နှစ်ထပ် ( Dentine ) အပိုင်း
( ၃ ) အသားပျော့ ( Pulp ) အပိုင်း တို့  ပျက်စီးခြင်းကြောင့် သွားနာရောဂါ ရရှိခြင်း ဖြစ်ပါသည် ။
သင်တို့  တွေ အစားအစာ စားသောက်သည့် အခါ အစာများကို ဝါးလိုက်ရ စားလိုက်ရ ကိုက်လိုက်ရနဲ့ ကြာလာတော့လည်း သွားတွေရဲ့ မျက်နှာပြင်အပေါ်မှာရှိနေသည့် ချိုင့်ခွက်ပုံစံလို့ အချိုင့်မှာများနှင့် သွားတစ်ချောင်းနှင့်တချောင်း ထိစပ်နေသည့် ကြားနေရာများကို အစာများညပ်ကြပါတယ် အံသွားထဲမှာလည်း အစာတွေညပ်ကြပါသည် ။
ထိုအစာများညပ်နေသောကြောင့် ပါးစပ်ထဲ့တွင် ရှိနေသည် ဘက်တီးရီးယား ပိုးမွှားတွေကြောင့် အစာညပ်နေသော အစာဟောင်းများသည် အချဉ်ဓါတ်ဖြစ်လာပြီး နောက်ဆုံး အက်စစ်ဓါတ်တွေ ဖြစ်ပေါ်လာတော့သည် ၊ အက်စစ်ဓါတ်ဖြစ်သောနေသောကြောင့် သွားများတွင်ရှိနေသည့် ထုံးဓါတ်တွေသည် အက်စစ်ကြောင့် ပျော့စေပါသည် ဒီလိုနဲ့ အစားများ ဝါးလိုက် စားလိုက်နဲ့  ပျော့နေသည့် ဓါတ်ဖြစ်နေသည့်အခါ ပြုတ်ထွက်ကြပါသည် ထိုပြုတ်ထွက်ခြင်း၏ အကျိုးဆက်များကြောင့် သွားတွေရဲ့ မျက်နှာပြင်အပေါ်မှာ ချိုင့်ခွက်များ ဖြစ်ပေါ်လာပါသည် ဌင်းချိုင့်ခွက်နေရာတွေများလာ ထပ်ပြီးတော့လည်း စားလိုက် ဝါးလိုက်နဲ့  အသားတွေ အစာတွေက ထပ်မံညပ်နေပြန်ရော ဒါနဲ့  အချဉ်ဓါတ်ပေါက် လို့  သွားများကို နောက်တဖန်ထပ်စားပြန်ပါတော့သည် နှစ်ပေါင်းများစွာ ဖော်ပြပါအတိုင်း အကြိမ်ရေများလာတော့ သွားမှာ ဆွေးမြည့်ခြင်း များ ဖြစ်လာပါတော့သည်
သွားများမှာ အထက်မှာဖော်ပြထားသည့်အတိုင်း အလွှာတွေရှိပါသည် အမှတ်(၁) ကြွေလွှာဖြစ်သည့်အတွက် မာကြောခြင်း ဖြစ်သည် ဌင်းကြွေလွှာသည့် အရိုးထက် မာသည် ခန္ဓာကိုယ်ဖွဲ့ စည်းမှု့ များတွင် အများဆုံး ဖြစ်ပါသည်
အမှတ်(၂) ဆင်စွယ်ထပ်လွှာ အပိုင်းကျတော့ ခံစားခြင်း ကို ဖြစ်ပေါ်စေတတ်သော အလွှာလည်းဖြစ်ပါတယ် ဒီအလွှာမှာဆိုရင် ခံစားမှု့ အတွက် အာရုံကြောတွေရှိသည်အပြင် သွေးကြောတွေလည်း တည်ရှိနေပါတော့သည် ကြွေအလွှာပိုင်းကို စားပြီးလို့ ဖြင့် ကပ်လျှက်ရှိသော ဒီအလွှာကိုရောက်ရှိလာသည့်အခါ အာရုံကြောတွေရှိလို့  အောက်တယ် ကျင်တယ် နာတယ် ကိုက်တယ်ဆိုတာတွေ ဖြစ်လာပါသည်
အမှတ်(၂) အလွှာကို ကျော်လွန်ပြီးတော့ Plus အပျော့ဖက်ကိုရောက်လာပါတော့သည် ဌင်းအလွှာတွင် သွေးကြောတွေ သွေးပြန်ကြောနဲ့  ခံစားခြင်းကိုဖြစ်စေနိုင်သည့် အာရုံကြောတွေရှိသည့် အသားပျော့ အပိုင်းဘဲဖြစ်ပါတော့သည် ဒီအပိုင်းရောက်လို့  သွားနာကျင်ခြင်း ကို အပြင်းထန်ကို ခံစားရပါသည်
နောက်ဆုံး သွားခြေတွေမှာ ပြည်တည်ခြင်းများဖြစ်ပေါ်လာပြီး မေးရိုးတွေရောင်လာခြင်းကြောင့် ဖျားနာလာခြင်း အစားသောက်များ မစားနိုင်ခြင်း ရောင်ရမ်းနေသောကြောင့် ပါးစပ်တောင် မဟနိုင်သည့် အခြေအနေသို့ ပင်ရောက်ရှိတတ်ပါတော့သည် နောက်ဆုံး နာကျင်ခြင်းကို မခံစားနိုင်လို့  သွားနုတ်ခြင်း အဆင့်ထိရောက်ပါသည် ဒီထက်အဆင့်ကျော်လာပြီးတော့ ပါးစပ်မဟနိုင် အစာလည်းမစားချင် သွား မေးရိုးအခြေတွင်လည်း ပြည်တည်ခြင်းကြောင့် အသက်အန္တရာယ်ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိလာနိုင်ပါသည် ။ထိုအဆင့်သို့ ရောက်ရှိလာပါ နီးစပ်ရာ ဆေးရုံ ဆေးခန်းများကို အလျင်အမြန်ကုသရပါလိမ့်မည် ။
သွားနာလာပါက များသောအားဖြင့် သွားပိုးစားလို့ သွားကိုက်တယ်ဆိုရင် ပဋိဇီဝဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အရောင်လျော့တဲ့ဆေးတွေပေးပြီး သက်သာအောင်လုပ်၊ ခဏခဏပြန်ကိုက်တယ်။ အဲဒီတော့ လူနာက ၊ နုတ်ပေးဖို့တောင်းဆိုကြလွန်းလို့ အချို့သွားဆရာဝန်တွေက အရင်က နုတ်ပေးလေ့ရှိတယ်။ ယနေ့ခေတ်မှာတော့ သိပ်မနုတ် ကြတော့ဘူး။ အကြောသတ်ပေးပြီး သွားကို ထိန်းသိမ်းတဲ့နည်းကို သုံးလာကြပါတော့သည် ။
Mg Mandaly
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။