Today Myanmar
Samsung ဖုန်းကိုပဲ မဟုတ်ပါဘူး။ Gorilla Glass လို့ခေါ်တဲ့ ဖန်သား မျက်နှာပြင်သုံး စမတ်ဖုန်းတိုင်း သတိထားဖို့ ဖြစ်ပါတယ်။ ဒါဆို ယနေ့ခေတ် ဖုန်းတော်တော်များများပါပဲ။ iPhone တောင် ပါပါတယ်။
Gorilla ကို ယနေ့ခေတ် နောက်ဆုံးပေါ်ဖုန်းတော်တော်များများမှာ အသုံးပြုထားပါတယ်။ အားသာချက်ကတော့ AMOLED Display များကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ခြင်း ဖြစ်ပါတယ။် အားနည်း ချက်ကတော့ ပုံမှာ တွေ့မြင်ရတဲ့အတိုင်း အကြမ်းမခံခြင်း ဖြစ်ပါတယ်။
မိတ်ဆွေ တစ်ဦးရဲ့  ဖုန်း ဖြစ်ပါတယ်။ Samsung Galaxy Note 2 ပါ။ ခါးမှာ ချိတ်တဲ့ ခါးချိတ်ကနေ သမန်သလင်း ပေါ်ကို ပြုတ်ကျတာ သုံးပတ်လောက် လိမ့်သွားပါတယ်။ ကြမ်းပြင်က ချောပြီး မာနေတော့ လ...ိမ့်လည်းလိမ့်ချင်စရာပါပဲ။ ဘေးဒေါင့်ကနေ လိမ့်ပြီး အောက်အနားနဲ့ အပေါ်အနားမှာ ယခုလို ပျက်ဆီးခဲ့ပါတယ်။ ဖုန်း မျက်နှာပြင်ရဲ့  အောက်တစ်ဝက်နီးပါးကို ပျက်ဆီးစေခဲ့ပါတယ်။ ဒါတောင် ဖုန်းရဲ့  ကျောမှာ ကာဗာတပ်ထားပါတယ်။
Gorilla ကို ယနေ့ခေတ် နောက်ဆုံးပေါ်ဖုန်းတော်တော်များမ
မိတ်ဆွေ တစ်ဦးရဲ့  ဖုန်း ဖြစ်ပါတယ်။ Samsung Galaxy Note 2 ပါ။ ခါးမှာ ချိတ်တဲ့ ခါးချိတ်ကနေ သမန်သလင်း ပေါ်ကို ပြုတ်ကျတာ သုံးပတ်လောက် လိမ့်သွားပါတယ်။ ကြမ်းပြင်က ချောပြီး မာနေတော့ လ...ိမ့်လည်းလိမ့်ချင်စရာပါပဲ။ ဘေးဒေါင့်ကနေ လိမ့်ပြီး အောက်အနားနဲ့ အပေါ်အနားမှာ ယခုလို ပျက်ဆီးခဲ့ပါတယ်။ ဖုန်း မျက်နှာပြင်ရဲ့  အောက်တစ်ဝက်နီးပါးကို ပျက်ဆီးစေခဲ့ပါတယ်။ ဒါတောင် ဖုန်းရဲ့  ကျောမှာ ကာဗာတပ်ထားပါတယ်။
ဖုန်းရဲ့  အခြားအစိတ်အပိုင်းများကတော့ အကောင်းအတိုင်းပါ။ အားလုံး သုံးလို့ရပါတယ်။ ဖန်သားမျက်နှာပြင်ကွဲ သွားခြင်း ဖြစ် ပါတယ်။ အနီးဆုံးဥပမာ ပြရရင် အက်ကြောင်း ထင်နေတဲ့ ကားမှန်ကနေ အပြင်ကို ကြည့်ရသလို မြင် ရမှာ ဖြစ်ပါတယ်။ ဆိုင်ကို သွားမေးတော့ မှန်လှဲဖို့ ကုန်ကျစရိတ်က ၂ သိန်းခွဲလို့ ဆိုပါတယ်။
ဆိုင်မှာလည်း တစ်ချက်လေ့လာကြည့်လိုက်တာ Samsung Galaxy Note 2, Galaxy S3, S2, iPhone 5, iPhone 4S အပြင် အခြား အမြင့်ဖုန်း များစွာ မှန်ကွဲလို့ ရောက်နေတာ တွေ့ရပါတယ်။ အဓိက ကတော့ Gorilla Glass က ဒုက္ခပေးခြင်းပဲ ဖြစ်ပါတယ်။ နမော် နမဲ့ နိုင်သူများအနေနဲ့ အရွယ်ကြီးတဲ့ ဖုန်းများကို ခါးမှ မချိတ်သင့် ပါဘူး။
နောက်ပြီးတော့ iPhone ဆိုရင် ဂျင်းဘောင်းဘီ အကပ်ထဲ မထည့် သင့်ပါဘူး။ iPhone 5 တစ်လုံး ဂျင်းဘောင်းဘီ တင်အိပ်ကပ်ထဲ ထည့် ထိုင်မိလို့ နှစ်ပိုင်းကျိုးသွားတဲ့ မိတ်ဆွေ တစ်ဦးရဲ့  အဖြစ်ကို လည်း တွေ့ဖူး မြင်ဖူးပါတယ်။ အဲ့ဒါကျ ဖန်သားတင် မက နောက် အခွံတွေထိပါ စကားပြောလာပါတယ်။
ဒီတော့ ယနေ့ခေတ် စမတ်ဖုန်း ကိုင်သူများကို
ဖုန်းတွေကို ခါးချိတ်လျှင် အရွယ်အစား ကြီးက သတိပြုရန်
ဘောင်းဘီ ကပ်နေလျှင် ဖုန်းထည့်ဖို့ ချင့်ချိန်ရန်
ဖန်သားမျက်နှာပြင်ကို မဆင်မခြင် အားပါးတရ ဖိနှိပ်အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန်
တိုက်တွန်း လိုက်ရပါတယ်။
---
Aung Kham (Stuff Myanmar)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။