Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 21, 2013

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁ မှ ၅)

 

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁) ဆောင်းပါးရှင်- ရွှေဓူဝံ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

February 15, 2012

မြန်မာ့လူမှု ဆက်ဆံရေးနယ်ပယ်တွင် “သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည် အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊ သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်- တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကို ကြည့်၍ အရောင်ပြောင်းသွားသော လူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ ဖြစ်လေ့ရှိပါသည်။
မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။
 
ယနေ့နိုင်ငံတော်သည် ထင်သာမြင်သာရှိသော နိုင်ငံရေးစံနစ် အပြောင်းအလဲနှင့်အတူ စီးပွားရေးအခွင့် အလှမ်းနှင့် လုပ်ပိုင်ခွင့်အာဏာများသည် ယခင်စစ်အစိုးရ လက်ထက်နှင့် မတူသော ပတ်ဝန်းကျင်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီခေါင်းဆောင်ကြီးနှင့် ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်း ပြုပြင် ပြောင်းလဲရေး လိုလားသူဟု ဆိုသော သမ္မတကြီး ဦးသိန်းစိန်တို့၏ နိုင်ငံရေး ကစားကွက်အောက်တွင် အခွင့် အရေးသမား လူလည် စီင်္းပွားရေးသမားကြီးများ၏ သာတဲ့ဘက်ကို ကူးပြောင်းမည့် ခြေလှမ်းကြီးများကို သိသာ ထင်ရှား မြင်တွေ့ နေရပါသည်။ ထိုလူလည် စီးပွားရေးသမားများသည် “သာကူး”များသာဖြစ်ပြီး လက်ရှိကြံ့ဖွတ် အစိုးရကို ညာဘက်အိပ်ကပ်ထဲ ထည့်ပြီး၊ NLD ၏ နိုင်ငံရေးလှုပ်ရှားမှု ရေချိန် မြင့်တက်လာမှုကို အဓိက ထောက်ပံ့မှုပေးပြီး ဘယ်ဘက်အိတ်ကပ်သို့ ပြောင်းနေကြပြီ ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နေသူ လူလည်ကြီး များ၏ လောဘမသတ် နိုင်သည့် လုပ်ရပ်များကို အပိုင်းလိုက် တင်ပြသွားပါမည်။

ဧဒင်ဥက္ကဌကြီး ဦးချစ်ခိုင်ဆိုတာနဲ့ စစ်တပ်ပိုင် အဆောက်အဦးတွေကို လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့် ရရှိပြီး ထိပ်ထိပ်ကြဲ သူဌေးကြီးဖြစ်လာတယ်ဆိုတာ လူတိုင်းသိကြပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက နပခ၊ ရပခ စစ်နယ်မြေများအတွင်း စစ်တပ်ဆောက်လုပ်ရေးတွေကို ကန်ထရိုက်တာအဖြစ် ကော်မရှင်စား လုပ်ကိုင်ခဲ့တဲ့ ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့ပေါင်းစားပြီး ၂၀၀၀ ပြည့်လွန်နှစ်များကစပြီး မက်ခရိုစီးပွားရေးလုပ်ငန်း ရှင်ကြီး ဖြစ်လာခဲ့ပါသည်။

ဒီလိုမျိုး စစ်တပ်နဲ့လုပ်ကိုင်စားသောက်နိုင်တာ ဘ၀အကျိုးပေးကောင်းတယ်လို့ ဆိုရပေမည်။ ဦးချစ်ခိုင်ဟာ ယခင် မဆလလက်ထက်က ဗိုလ်ချုပ်လှဦးရဲ့တူမနဲ့ယူပြီး၊ ဗိုလ်ချုပ်လှဦးရဲ့ အရှိန်အ၀ါနဲ့ စစ်တပ် ကိုသုံးဖို့ အခွင့်အရေး ရခဲ့ရသည်။

ဗိုလ်ချုပ်လှဦးဟာ လူတော်တစ်ဦးဖြစ်ပြီး ဦးခင်ညွှန့်(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးအောင်တောင်း (စက်မှု(၁) ၀န်ကြီးဟောင်း)တို့ရဲ့ ဆရာဖြစ်ခဲ့ဖူးသည်။ ဒါ့ကြောင့် ဦးခင်ညွှန့်နှင့် ဦးအောင်တောင်းတို့ အာဏာစက် ပြင်းထန်နေချိန်မှာ ဦးလှဦးရဲ့ အထောက်အပံ့နဲ့ ဦးချစ်ခိုင်ကို မဟာအခွင့်အရေးများ ပေးခဲ့ပါသည်။ အထူးသဖြင့် ရှမ်းပြည်ဧရိယာ အတွင်းက စီးပွားရေး အခွင့်အလမ်းတွေကို ရရှိခဲ့ပြီး အေးသာယာ ဂေါက်ကွင်းနားကမြေကို အလကားနီးပါး ရရှိခဲ့လို့ ဂေါက်ကွင်းနဲ့ ဟိုတယ်လုပ်ကိုင်ခွင့်ကို နှစ်ရှည်လများ အခမဲ့ လုပ်ခွင့်ရခဲ့တယ်လို့ ဆိုရပေမည်။

အထူးသဖြင့် စစ်တပ် ဆောက်လုပ်ရေးလို့ခေါ်တဲ့ GE တပ်များက အဆောက်အဦး အကြီးအမား ဆောက်လုပ်ရေး အားလုံးကို ဦးချစ်ခိုင်ရဲ့ ဧဒင်ဆောက်လုပ်ရေးက ရရှိခဲ့ပြီး တည်ဆောက်ရေး ကုန်ကျငွေတွေကို သူတင်ပြသလောက် ခွင့်ပြု ချက်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ခဲ့ပါသည်။ ဒါ့ကြောင့် ဦးချစ်ခိုင်ရဲ့ ချမ်းသာပိုင်ဆိုင်မှု အားလုံးနီးပါးဟာ စစ်တပ်ကိုမှီခိုပြီး ရလာခြင်းဖြစ်ကြောင်း စီးပွားရေးသမားများက သတ်မှတ်ခဲ့ကြသည်။ စစ်တပ်ကြောင့် ချမ်းသာလာတဲ့ ဦးချစ်ခိုင်ဟာ ကျေးဇူးဆပ်တဲ့အနေနဲ့ စစ်တပ်ကလူကြီးများရဲ့ ကိုယ်ပိုင်အိမ်တွေကို တာဝန်ယူ ဆောက်လုပ် ပေးခဲ့ရပါသည်။

စစ်တပ်ကြောင့် သူဌေးကြီးဖြစ်လာတဲ့ ဦးချစ်ခိုင်ဟာ ၂၀၁၂ ခုနှစ်အထိ နေပြည်တော်က စစ်တပ်တည် ဆောက်လုပ်ရေး လုပ်ငန်းကြီးများကိုလည်း GEတပ်နဲ့ ပူးပေါင်းပြီး ယခုတိုင်ရရှိဆဲပါ။ ၂၀၁၂ ခုနှစ်အလွန် ကြံ့ဖွံ့အစိုးရရဲ့ ဘက်ဂျက်ခွဲတမ်းရ စစ်တပ်လုပ်ငန်းကြီးများ လျော့ကျလာချိန်မှာတော့ လူလည်ကြီး ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့လမ်းခွဲဖို့ ခြေလှမ်းသစ်ကို စနေပြီလို့ ဆိုရပေတော့မည်။ သူရဲ့ခြေလှမ်းကတော့ နိုင်ငံရေးနယ်ပယ်ထဲက သူရဲ့မူလယုံကြည် ကိုးကွယ်ရာ တကယ့်မိခင် NLD ပါတီကြီးနဲ့ ပြန်လည်ပူးပေါင်းပြီး NLD အမတ်ဖြစ်ရေး လမ်းကြောင်းဖြစ်ပါသည်။

၁၉၈၈ အရေးအခင်းမှာ တကယ့် နိုင်ငံရေးသမားစစ်စစ် NLD ဦးချစ်ခိုင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များမှာ NLD ကိုလမ်းခွဲခဲ့ပြီး အဲဒီအချိန်တုန်းက အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်တပ်စီးပွားရေးကို ကူးပြောင်း ခဲ့သူဖြစ်ခဲ့ပါသည်။ ထိုစဉ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ခံရသူဖြစ်လို့ NLDနဲ့ ကင်းကင်းနေခဲ့ရသူလို့ ဆိုရပေမည်။ ဗိုလ်ချုပ်လှဦး မျက်နှာကြောင့် လုပ်ပိုင်ခွင့်ပေးရာမှ စစ်တပ်ရဲ့တည်ဆောက်ရေး လုပ်ငန်းကြီးများရဲ့ ၃ ပုံ ၂ ပုံကိုရရှိခဲ့ပြီး ကြီးပွားချမ်းသာလာခဲ့ခြင်းကို စီးပွားရေးနယ်ပယ်၊ စစ်တပ်နယ်ပယ် မှာ လူတိုင်းသိရှိကြပါသည်။

စစ်တပ်အတွင်းမှာ ဒုတပ်ချုပ် အရှိန်အ၀ါကိုသုံးခဲ့လို့ ရပခတိုင်းမှုး အဆက်ဆက်က ဦးချစ်ခိုင်ကို ရွံကြောက်ဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ စစ်တပ်စီးပွားရေး နယ်ပယ်ကနေ ဆုတ်ခွာပြီး သူရဲ့မိခင်ရင်း NLD ရဲ့လှုပ်ရှားမှုများမှာ နောက်ကွယ်ကတက်ကြွစွာ ပံ့ပိုးလုပ်ကိုင်ပေးနေပါပြီ။ စစ်တပ်ရဲ့အရိပ်ရှိနေလို့ NLD ပါတီကို ရဲရဲဝံ့ဝံ့ မပူးပေါင်းသေးပေးမဲ့ သူယုံကြည်ခဲ့တဲ့နိုင်ငံရေးပါတီကြီးအတွက် အင်အားပြန်လည် တောင့်တင်းအောင် စစ်တပ်ကြောင့်ရရှိလာတဲ့ ငွေကြေးတွေကို အသုံးချတော့မည် ဖြစ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းစည်းရုံးရေး ခရီးစဉ်ကုန်ကျစရိတ် အားလုံးကို ဧရာဝတီတိုင်း ဆန်စပါး ထုတ်လုပ်ကြီးကြပ်ရေး ဥက္ကဌ ဦးချစ်ခိုင်က ထောက်ပံ့ပေးခဲ့မှု အပေါ် NLD CEC များက သတိထား ကြိုဆိုခဲ့ပါသည်။

ဒါ့ကြောင့် ဧဒင်ဥက္ကဌကြီးဟာ NLD နိုင်ငံရေးသမားအဖြစ် ၁၉၈၈ မှ ၁၉၉၀ ပြည့်နှစ်အထိ ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်တန်ခိုးအာဏာ ကြီးထွားချိန်မှာ (၁၉၉၀ မှ ၂၀၁၁) NLD အနီရောင်မှ GE အစိမ်းရောင် ပြောင်းလဲခဲ့သူဖြစ်ကြောင်း Wikileaks မှတ်တမ်းများအရ သိရပါသည်။ ယခုအခါမှာတော့ အစိမ်းရောင် GE ကိုယ်စားလှယ်အဖြစ်မှ NLD အနီရောင်ကို ပြန်ပြောင်းတော့မဲ့ စီးပွားရေးအောင်မြင်သော နိုင်ငံရေးသမား စစ်စစ်ကြီးက NLD ပါတီဝင်များကို ဘယ်လို အသုံးချအုံးမလဲဆိုတာ စောင့်ကြည့်လျက် ရှိပါသည်။

ရေးသူ - ရွှေဓူဝံ

ဓါတ်ပုံ အညွှန်း - နိုင်ငံရေးမှ စီးပွားရေး၊ စီးပွားရေးမှ နိုင်ငံရေးသို့ ပြောင်းလဲမည့်သူ (သို့မဟုတ်)
စစ်တပ်ကို အသုံးချသော နိုင်ငံရေးသမား ဦးချစ်ခိုင်(NLD-GE)

http://www.demowaiyan.org/2012/02/blog-post_15.html
 
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂) အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်) ခေတ်သစ်မူးယစ်ဘုရင် Steven Law ဆောင်းပါးရှင်-ရွှေဓူဝံ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

February 15, 2012

... ရင်းနှီးသူတွေက ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့ လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည် ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။ ကိုချုးရဲ့ပုံရိပ်ဟာ မြန်မာအမည် ဦးထွန်းမြင့်နိုင်ဆိုရင် Asia World ကုမ္မဏီနဲ့ ယှဉ်တွဲပြီး သိရှိကြသလို Steven Law ဆိုရင်တော့ ကိုးကန့်အဖွဲ့ရဲ့ မူးယစ်မှောင်ခိုလုပ်ငန်းများနဲ့ ယှဉ်ပြီးသိကြမှာပါ။ Lu Ping Zhong အနေနဲ့တော့ တရုတ်နိုင်ငံအတွင်းနဲ့ စင်္ကာပူအပါအ၀င် ပြည်ပခရီး သွားလာရာမှ သုံးစွဲလေ့ရှိပါ သည်။

Steven Law ဟာ ထင်ပေါ်လိုစိတ်မရှိဘဲ မူးယစ်ရာဇာတို့ရဲ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် နေထိုင်တတ်သလို မူးယစ်ဆေးဝါးကြောင့် ရရှိလာတဲ့ငွေမဲတွေကို ယခင်စစ်အစိုးရ လက်ထက် လူကြီးများနဲ့ပေါင်းပြီး ငွေဖြူ လုပ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါသည်။ ဦးရှစ်လုံးလို့ နာမည်ကြီးသည့် ယခု ဒုသမ္မတ(၁) ဦးတင်အောင်မြင့်ဦးကို Steven Law အဓိက ချဉ်းကပ်နိုင်ခဲ့ပြီး ဦးတင်အောင်မြင့်ဦး၏ လက်ရင်းတပည့် ဗိုလ်ကြီးအေးချစ်(ငြိမ်း)နှင့် ပူးပေါင်းပြီး အရပ်ဘက်၊ စစ်ဘက်စီးပွားရေးဂွင် အားလုံးကို လက်မလွှတ်တမ်း ရယူထားပါသည်။

Steven Law သည် သူ့အဖေ ဘိန်းဘုရင်လောစစ်ဟန်၏ ချမ်းသာကြွယ်ဝမှုကို တရားဝင်ငွေဖြူ ဖြစ်စေရန် ၁၉၉၂ ခုနှစ်တွင် Asia World ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်း စီးပွားရေး နယ်ပယ်ကိုဝင် ရောက်ခဲ့ပါသည်။ ထိုအချိန်က ဗကပပြိုကွဲရေးအတွက် လောစစ်ဟန်မှ တဆင့် လုပ်ဆောင်ခဲ့သော စစ်ထောက် လှမ်းရေးများက အထူးအခွင့်အရေး ပေးမှုအရ Steven Law သည် သစ်လုပ်ခွင့် ပါမစ်တန်(၅၀၀၀) ရရှိခဲ့ပါသည်။ ရရှိခဲ့သည့်ပါမစ်ကို တရုတ်ကုန်သည်များ နှင့် ပေါင်းပြီး အကြိမ်ကြိမ်အခါခါ သစ်တန်ချိန်သိန်းချီ ပို့ဆောင်ခဲ့ပါသည်။ သစ်ပါမစ်ပေါ်မှီပြီး ပြည်တွင်းတရားဝင် စီးပွားရေးလုပ်လာခဲ့သူ Steven Law သည် ၄င်းပိုင်ငွေမဲများဖြင့် လမ်း၊ တံတားဖောက် လုပ်ခြင်း၊ အစိုးရစီမံကိန်း လုပ်ငန်းကြီးများ ဆောက်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများစသည့် စီးပွားရေးနယ်ပယ် အသီးသီးတွင် ၀င်ဆန့်လာ ခဲ့ပြီး စစ်အစိုးရ မျက်နှာသာပေးမှုအရ ထိပ်တန်း စီးပွားရေးသမားကြီး ဖြစ်လာခဲ့ပါသည်။

ဇနီးဖြစ်သူ စင်္ကာပူနိုင်ငံသူ ကလေးနှစ်ယောက် အမေ Cecillia Ng သည်လည်း မြန်မာနှင့်စင်္ကာပူ အကြား တရားမ၀င် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်း(Hondi) အကြီးအကျယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး Steven Law ရဲ့ငွေမဲတွေကို စင်္ကာပူနိုင်ငံရှိ UOB ၊ OCBC ၊ DBS ကဲ့သို့သော ဘဏ်ကြီးများမှာ အကောင့်ဖွင့်သိမ်းဆည်း ထားလို့ အမေရိကန် CIA က စောင့်ကြည့်ခံနေရပါသည်။ Cecillia Ng သည် သူ့ယောက်ျား Steven Law ပိုင်သည့် Asia World ၏ ပြည်ပကုမ္ပဏီခွဲသုံးခုဖြစ်သော စင်္ကာပူအခြေစိုက် Golden Aron.Pte, S.H Ng Trading Company, K0kang Singapore Pte.Ltd များကို ဦးဆောင် လုပ်ကိုင်နေလျက် ရှိပါသည်။ မူးယစ်ဆေးဝါး အပါအ၀င် မြန်မာနိုင်ငံ၏ စီးပွားရေးဥပဒေများနှင့် မညီမညွတ်သည့် တရားမ၀င် စီးပွားရေးလုပ် ငန်းများမှ ရရှိသည့် ၀င်ငွေအားလုံးကို လွှဲပြောင်းရယူရန် ၄င်းကုမ္ပဏီများကို အသုံးပြုလျက် ရှိပါသည်။

Steven Law ၏ မူးယစ်ဆေးဝါးကျော်ဇောမှုနှင့် တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံပြုမှုများကြောင့် ယခင် စစ်ထောက်လှမ်းရေးများက ပြည်တွင်းစီးပွားရေး နယ်ပယ်မှာ နေရာပေးခြင်း မရှိသဖြင့် သူ့အဖေရဲ့ဇာတိမြေ ကိုးကန့်ဒေသကို အခြေခံပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့်သာ ရင်းနှီး ကျွမ်းဝင်မှုရှိအောင် ကြိုးစားခဲ့ပါသည်။ ပါးရေနပ်ရေရှိပြီး စီးပွားရေး အကွက်မြင်သည့် တရုတ်လူမျိုးပီပီ ထိုစဉ်က ရှမ်းပြည်နယ် မြောက်ပိုင်းတိုင်းမှုးကို ချဉ်းကပ်ခဲ့ပြီး မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေမဲများဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြီးအကျယ် ထောက်ပံ့ပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုင်းမှုးကြီး၏ အရင်းနှီးဆုံး တရုတ် လောပန်းကြီး ဖြစ်ခဲ့ပါသည်။ ၄င်းနောက်တိုင်းမှုးကြီး စစ်ထောက်ချုပ်ဖြစ်လာခဲ့ပြီး စစ်ထောက်လှမ်းရေးများ ပြုတ်သွားချိန်မှာ တော့ Asia World ကုမ္ပဏီမှာ ကံဇာတာတက်ခဲ့ရပါသည်။

ပြည်တွင်းမှာ စောင့်ကြည့်ခံရမှု အခြေအနေက လွတ်မြောက်ခဲ့ခြင်း၊ တရုတ်အစိုးရ၏ ကျောထောက် နောက်ခံခိုင်မာလာခြင်း၊ ဦးရှစ်လုံးတန်ခိုး အာဏာကြီးထွား လာခြင်းများနှင့်အတူ Steven Law၏ လုပ်ရည်ကိုင်ရည် ပါးနပ်မှုကြောင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး Asia World ဆိုသည့် နဂါးကြီး မြန်မာပြည်တွင် အမောက်ထောင် လာခဲ့ပါသည်။

အထူးသဖြင့် ဦးရှစ်လုံး တာဝန်ယူရသည့် စစ်တပ် တပ်ထောက်ဌာနရှိ ဆောက်လုပ်ရေး လုပ်ငန်းကြီးများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ စက်ပစ္စည်း ၀ယ်ယူမှုများ သွင်းကုန်လုပ်ငန်းများ အားလုံး တစ်ဦးတည်း ကိုယ်စားလှယ်ရရှိခဲ့ပြီး ငွေဖြူများ တိုးပွားလာပါသည်။ မူးယစ်မှရရှိသော ငွေမဲများကို ငွေဖြူလုပ်ရာတွင် ဗိုလ်ကြီးဟောင်း အေးချစ် (ဇင်ထက် ဘိလပ်မြေရောင်းဝယ်ရေး) နှင့်ပူးပေါင်းပြီး နှစ်စဉ် ဘိလပ်မြေတန်ချိန် ၃ သန်းနှင့် သံချောင်းလုံးတန်ချိန် ၁ သိန်းခန့်ကို ပြည်ပမှ ဘဏ်ငွေစာရင်းများဖြင့် ၀ယ်ယူပြီး MEC ပြည်တွင်းကျပ် ငွေဖြင့်ပေးချေခဲ့ပါသည်။ Steven Law သည် ဘိလပ်မြေတင်သွင်းမှုကြောင့် ရရှိသည့်ကျပ်ငွေအား ပြည်တွင်းမှ ၀န်ထမ်းများ၏ လစာနှင့်၎င်း၏ Asia W0rld ဘဏ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။ ဦးရှစ်လုံး နယက အတွင်းရေးမှုး(၁)ဖြစ်လာချိန်တွင် စစ်တပ်စီးပွားရေးသာမက အရပ်ဘက်ဝန်ကြီးဌာန စီမံကိန်းလုပ်ငန်းကြီးများ ကိုပါ လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့်ရရှိခဲ့ပါသည်။ ငွေမဲမှငွေဖြူပြောင်းခြင်း၊ ငွေဖြူများတိုးပွားအောင် လုပ်ခြင်းတို့ကို ၄င်းရရှိခဲ့သည့် စီးပွားရေး အခွင့်အလမ်းများအား အသုံးချနိုင်ခဲ့ပြီး ယခုအခါ ထိပ်ထိပ်ကြဲစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေပါသည်။

တရုတ်ကုမ္မဏီကြီးများ၏ ကိုယ်စားလှယ်(ပွဲစား)အဖြစ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးများ ကိုချုပ်ကိုင်ထားပြီး မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လေ့လာမှု မပြုဘဲ ကော်မရှင်ရရှိရေး လောဘဇောဖြင့် လုပ်ဆောင်ခဲ့ပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏သယံ ဇာတများကို အမြတ်ကြီးစားရယူနိုင်ရန် Steven Law ကို အသုံးချပြီး မြန်မာနိုင်ငံ၏စီးပွားရေး လုပ်ငန်းကြီးများကို ကြိုးကိုင် လုပ်ဆောင်နေကြောင်း အနောက်နိုင်ငံများမှ ထင်မြင် ယူဆထားပါသည်။

၂၀၀၈ ခုနှစ်အတွင်း U.S Department Of The Treasury အင်တာနက် ၀ဘ်ဆိုက်မှာ ဖော်ပြချက်အရ Steven Law ၏ Financlal Network တွင် မူယစ်ဆေးဝါးနှင့် ဆက်နွယ်နေသော Asia World ၏ လုပ်ငန်းများကို ဖော်ပြထားရှိပါသည်။

အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ ၂၀၀၉ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက Asia World ဆိပ်ကမ်းမှ ထိုင်ဝမ်ကိုထွက်ခွာမည့် ကုန်တင်သဘောင်္ပေါ်က သစ်သားချောင်းများ အတွင်း ဘိန်းဖြူဘလောက် တုံး ၆၄ တုံး (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) ဖမ်းဆီးခံခဲ့ရပါသည်။ သို့ပေမဲ့လည်း Steven Law ဟာ ဖမ်းဆီး ခံရခြင်းမရှိဘဲ ၄င်း၏စီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားလာခဲ့ခြင်းကို အများက အံ့အားသင့်ခဲ့ကြရပါသည်။

၁၉၉၅ ခုနှစ်ခန့်က မူးယစ်ဆေးဝါးဘုရင်၏ သားဖြစ်လို့ ကမ္ဘာကျော် ရှန်ဂရီလာ ဟိုတယ်များ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့ရသော Steven Law သည် မူးယစ်ငွေမဲများကို ပြည်တွင်းစီးပွားရေး ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် ငွေဖြူလုပ်လာနိုင်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ (Asia News) သတင်းဌာနတွင် ဒေါ်လာသန်းပေါင်းများစွာ ရှယ်ယာပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ ၄င်းရှယ်ယာများသည် သူတစ်ဦး တည်းပိုင် ဟုတ်-မဟုတ် ဆိုတာ ခေတ်သစ်မူးယစ်ဘုရင် ကိုချူးသာ သိရှိနိုင်မည်ဖြစ်ပါသည်။

ဆောင်းပါးရှင် - ရွှေဓူဝံ

ဓါတ်ပုံအညွှန်း - ပြီးခဲ့တဲ့နှစ် ၂၀၁၁ခုနှစ် ၁လပိုင်းက မြစ်ဆုံဆည် စီမံကိန်းမှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်

ဓါတ်ပုံများ ပိုမို ကြည့်လိုပါက မူရင်းလင့်သို့ သွားပြီး ကြည့်နိုင်ပါတယ် .. http://www.demowaiyan.org/2012/02/steven-law.html
 
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၃) (ဆောင်းပါးရှင် ရွှေဓူဝံ)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

February 20, 2012

... တော်ဝင်မိသားစု ကုမ္မဏီ ဥက္ကဌကြီး ဦးကိုကိုထွေးဆိုတာနဲ့ ဘဘဦးထွန်းကြည်ကို ပြေးမြင်မိပါသည်။ ဘဘရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် စီးပွားရေးနယ်ပယ်မှာ ဦးကိုကိုထွေး တစ်ယောက် လူလားမြောက် ခဲ့ရပါသည်။ ဗိုလ်ချုပ်ထွန်းကြည်ဆိုရင် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်များနဲ့ မန္တလေးသားစစ်စစ်တွေက ချစ်ခင်မြတ်နိုးဆဲလို့ ဆိုရပေမည်။ ဗိုလ်ချုပ် ထွန်းကြည်၏ လုပ်ရည်ကိုင်ရည်ကြောင့် မန္တလေးမြို့ဟာ ယနေ့လို စည်ကားသော စီးပွားရေးမြို့တော် ဖြစ်ခဲ့ရသည်။ မန္တလေးမြို့ကြီး ဖွံ့ဖြိုးခဲ့မှုနဲ့အတူ မန္တလေးသား ဦးကိုကိုထွေးဟာ ဘဘတိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ကို ချဉ်းကပ်ခဲ့ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများမှတဆင့် ယနေ့ကဲ့သို့ ကျိကျိတက် ချမ်းသာလာသူဆိုတာ မန္တလေးတစ်မြို့လုံးသာမက စီးပွားရေးသမားများအချင်းချင်း သိကြပါသည်။

ဘဘကြောင့် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ရပြီး ဘဘ ကုန်သွယ်ရေးဝန်ကြီးဘ၀မှာ ကျပ်သန်းပေါင်း ရာချီ၊ ဒေါ်လာသန်းပေါင်းဆယ်ချီတဲ့ ပါမစ်အမျိုးမျိုးကို ရရှိခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အခြေခိုင်ခဲ့ ရပါတော့သည်။ ဘဘပြုတ်သွားခဲ့ချိန်မှာ ကကလှမ်းကို ချဉ်းကပ်ခဲ့ပေမဲ့ ဘဘရဲ့တပည့်ဖြစ်နေတာ ကြောင့် ကကလှမ်းက ဒုတိယတန်းစား ဗိုလ်မှုးကြီးအဆင့်လောက်ကိုပဲ ထိုးဖောက်နိုင်ခဲ့လို့ ဦးကိုကိုထွေး တစ်ယောက် နအဖလက်ထက်မှာ မှေးမှိန်နေခဲ့ရပါသည်။ ကကလှမ်းပြုတ်ပြီး ချိန်မှာတော့ ဘဘရဲ့တပည့် ဦးအောင်တောင်း (ယခင်စက်မှု(၁)၀န်ကြီးဟောင်း) အဆက်အသွယ်မှ တဆင့် သစ်လုပ်ငန်းဘက်ကို ကူးပြောင်းခဲ့ပြီး တော်ဝင်ပလာဇာကဲ့သို့ ကုန်တိုက်ကြီးများကို ပိုင်ဆိုင်ခဲ့ရပြန်သည်။

ကြံ့ဖွံ့အစိုးရသစ် လက်ထက်မှာတော့ သစ်တောတွေ ထပ်မခုတ်ဖို့ ထိန်းချုပ်မှုတွေရှိလာလို့ တော်ဝင် ဥက္ကဌကြီးဟာ အရောင်ပြောင်းတတ်သူ ပီပီ စီးပွားရေး နယ်ပယ်သစ်ကို လျှောက်လှမ်းဖို့ ခြေလှမ်းသစ်ပြင်ခဲ့ပါ တော့သည်။ ဒီလိုခြေလှမ်းသစ်လှမ်းရာမှာ မအူမလယ်နဲ့ စီးပွားရေးနဲ့နိုင်ငံရေး လေလုံးမကွဲပဲ ယခင့်ယခင် ဘဘ ဘဘ နဲ့ လုပ်နေရာက ယခုချိန်တွင် မမ မမ (အမေစု)ဆိုပြီး ပြောင်းလဲနေပါသည်။

ယခင်တုန်းက မမကိုမတရားဖိနှိပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးများနှင့် ပလဲနံပသင့်ခဲ့သူ၊ မမကိုရန်သူသဖွယ် ဆက်ဆံခဲ့တဲ့ ဘဘရဲ့တပည့်အရင်းဖြစ်သူ စစ်အစိုးရက ချီးမြှင့်ထားတဲ့ သီရိသုဓမ္မမဏိ ဇောတဠရ မအူမလယ် ကိုကိုထွေးဟာ အခုကျမှ မမ မမ ဆိုတာပါးစပ်က မချဘဲ ဒီမိုကရေစီ ဘက်တော်သားဆိုပြီး အရောင်ပြောင်းလဲ လာပါသည်။ ဒါ့ကြောင့် ဒီလိုအပြောင်းအလဲမြန်သူကို ဒီမိုကရေစီလိုလား သူများအနေနဲ့ အယုံအကြည် မလွန်ကဲစေဖို့ သတိပြု သင့်ပါသည်။

မမ(အမေစု)ရဲ့ ပြောစကားအရဆိုရင် သူ့ရဲ့ချမ်းသာ ကြွယ်ဝမှုတွေဟာ အကျင့်ပျက် လာဘ်စားသူများနှင့် ပူးပေါင်း ပြီးရရှိခဲ့တာ ဟုတ်မဟုတ်ဆိုတာ ဆန်းစစ်ကြည့်ရပါမည်။ စစ်အစိုးရလက်ထက် စီးပွားရေး အထူးအခွင့်အရေး ရရှိခဲ့သူ လက်တဆုပ်စာ လူလည်ကြီးများအနက် ထိပ်တန်းသူဌေးကြီး မဖြစ်ခဲ့တဲ့ တော်ဝင်ဥက္ကဌကြီးက နိုင်ငံရေး အပြောင်းအလဲကြောင့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလုဆဲဆဲ အခြေအနေမှာ မအူမလယ်နှင့် ရောယောင်ပြီး ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်လာခြင်းကို အနှစ်(၂၀)ကျော် ဘ၀နာနာနှင့် ပေးဆပ်ခဲ့ရတဲ့ ၈၈ ကျောင်းသားများမှ သူ့ကို မလိုလား မနှစ်သက်ကြဘူးဆိုတာ သိစေချင်ပါသည်။

ဒါပေမဲ့လည်း တော်ဝင်ဥက္ကဌကြီးရဲ့ လက်တလော ဆောင်ရွက်ချက်များသည် ၈၈ ကျောင်းသားများ၏ ကြွေးကြော်ချက်ဖြစ်သည့် အမေစု (မမ) ကိုဝိုင်းရံရေး ဆန္ဒသဘောထား တူညီခြင်းကိုတော့ အသိအမှတ်ပြုရ ပေမည်။ သို့ဖြစ်၍ ဒီမိုကရေစီနိုင်ငံတော်သစ်မှာ ဒီိမိုလှုပ်ရှားသူများအတွက် ငွေကြေးထောက်ပံ့ မှုများပေးကာ ဘဘ မှ မမ သို့ အရောင်ပြောင်းသွားလေသူ မအူမလယ်ကြီးအဖြစ် တော်ဝင်ဥက္ကဌကြီး ဦးကိုကိုထွေးအား မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။

ဆောင်းပါးရှင် - ရွှေဓူဝံ

http://www.demowaiyan.org/2012/02/blog-post_1216.html
 
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄) Max Myanmar ဦးဇော်ဇော် (ဆောင်းပါးရှင် ရွှေဓူဝံ)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

February 28, 2012

... အရောင်ပြောင်းတဲ့ လူလည်ကြီးများဆောင်းပါးကို ပြည်တွင်းမှာ လူအများအပြားစိတ်ဝင်စားတယ်လို့ သိရလို့ ၀မ်းသာမိပါတယ်။ အပိုင်း(၁/၂)အပြီးနောက်ထပ် ဘယ်သူလာအုံးမလဲလို့ ပြည်တွင်းက Internet စာဖတ်ပရိ သတ်က စောင့်မျှော်နေကြသလို အချို့ကလည်း စစ်အစိုးရလက်ထက်က မဟာအခွင့်အရေးရခဲ့တဲ့ လက်တစ် ဆုပ်စာ လူတစ်စုထဲက ဘယ်သူ့ကိုရေးပါအုံး ဘယ်သူအကြောင်း ဖော်ထုတ်ပါအုံးဆိုပြီး ကိုဒီမိုကို တောင်းဆိုတယ်လို့ သိရပါတယ်။

ယခုအခါ အလှည့်ကျသူကတော့ Comment များမှ အများဆုံး တောင်းဆိုမှုကိုခံနေရတဲ့ Max Myanmar ဥက္ကဌကြီး ဦးဇော်ဇော်ဖြစ်ပါတယ်။ ဦးဇော်ဇော်အမည်ကို ကြားလိုက်တာနဲ့ အကောင်းမြင်သူများက အပေး အကန်းရက်ရောတဲ့ Myanmar National League ဘောလုံးဥက္ကဌကြီးအဖြစ် မြင်ကြသလို အကောင်း မမြင်သူများကတော့ စီးပွားရေးဂွင် အထူးအခွင့်အရေးတွေကို ရရှိထားတဲ့သူ ဦးရှစ်လုံးရဲ့မွေးစားသားအဖြစ် အသိအမှတ်ပြုထားတဲ့ သူဖြစ်ပါတယ်။

ဒါပေမဲ့ ဦးဇော်ဇော်ရဲ့ အတိတ်ရာဇ၀င်နဲ့ Max Myanmar ဥက္ကဌကြီးရဲ့ အချိန်တိုအတွင်းတိုးပွားလာ သည့် ဓနဥစ္စာများ ဘယ်ကရရှိလာသလဲဆိုသည်ကို သိရှိသူ အလွန်နည်းပါတယ်။ အတွင်းသိတွေကတော့ ဦးဇော်ဇော်ဟာ (သီဟသူရ တင်အောင်မြင့်ဦး) ဦးရှစ်လုံးရဲ့ မွေးစားသားမဟုတ်ပဲ သူကဦးရှစ်လုံးကို မွေးစား ဖေဖေလုပ်ပြီး မွေးစားခဲ့တာဖြစ်ကြောင်း ဦးဇော်ဇော်ရဲ့ငယ်ဘ၀ ကိုတင်ဆန်းရဲ့ ဘ၀အတွေ့အကြုံများနှင့် အတူ ထုတ် ဖော်ပြောကြားလာပါတယ်။ ၁၉၈၇ ခုနှစ်ကရန်ကုန်တက္က သိုလ်ကျောင်းသား ကိုတင်ဆန်းဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ အလွန်တက်ကြွစွာ လှုပ်ရှားခဲ့သူဖြစ်လို့ ၁၉၈၉ ခုနှစ်မှာ ကျောင်းသားတွေကို စစ်ထောက် လှမ်းရေးက လိုက်လံဖမ်းဆီးချိန်မှာ ကိုတင်ဆန်း တစ်ယောက် ပြည်ပကို တိမ်းရှောင်ခဲ့ပါတယ်။

ပြည်ပရောက် ကိုတင်ဆန်းဟာ နိုင်ငံရေးလောကကိုစွန့်ခွာပြီး စီးပွားရေးသမားလုပ်ဖို့ နိုင်ငံခြားသင်္ဘော လိုင်းတစ်ခုမှာ တနေ့ကိုနာရီ(၂၀)ခန့် အလုပ်လုပ်ခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ သူ့သင်္ဘောဂျပန် ကိုရောက်ချိန် ခုန်ချနေခဲ့ပြီး သူ့ကိုသူဌေးကြီးဘ၀ဖြစ်အောင် လုပ်ပေးခဲ့တဲ့ Business အစ မီးခိုးမထွက်တဲ့စက်ရုံ (Hotel) လုပ်ငန်းကို ဂျပန်ကမြို့ငယ် တစ်ခုမှာလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုလို Hotel Max ပိုင်ရှင်ကြီးမဟုတ်ပဲ မီးခိုးမထွက်တဲ့ စက်ရုံလုပ်ငန်းရဲ့ အလုပ်သမား အိုက်တိုးပဂေးဆံ လုပ်ခဲ့တာပါ။

မပြည်စုံတဲ့ဘ၀မှာ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ၈၈ ကျောင်းသားဟောင်း ကိုတင်ဆန်းဟာ အိုက်တိုးပဂေးဆံ ဘ၀နဲ့ အားလပ်ချိန်မှာ ဂျပန်က ကားသချိုင်းများကို လေ့လာပြီး ရရှိခဲ့တဲ့ အဆက်အသွယ်များနဲ့ ၉၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ ဘ၀မလှပခဲ့တဲ့ ၈၈ ကျောင်းသားစာရင်း ပေါက်နေတဲ့ ကိုတင်ဆန်းအမည်ကို ပြည်ဖုံးကားချပြီး ယနေ့နာမည်ကြီး နေတဲ့ ဇော်ဇော်အမည်နဲ့ စစ်အစိုးရ လူကြီးမင်းများကို ချဉ်းကပ်ခဲ့ပါတယ်။

၉၆ ခုနှစ် ကျောင်းသားအရေးအခင်းနဲ့ ကြုံခဲ့ပေမဲ့လည်း ဂျပန်မှာနေခဲ့စဉ် အတွေ့အကြုံအရ ကုမ္မဏီပိုင်ရှင် နိုင်ငံရေးသမားကြီးများကို အားကျခဲ့လို့ ရူးရူးမိုက်မိုက် နိုင်ငံရေးသမား မလုပ်ဘူးဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။
၈၈ ကျောင်းသားဟောင်း သူငယ်ချင်းတွေက နိုင်ငံရေးခံယူချက် အားနည်းသူလို့ ၀ိုင်းဝန်းဝေဖန်တာကို ဂရုမစိုက်ပဲ ဂျပန်တစ်ပတ်ရစ်ကားများကို ၀ယ်ရောင်းလုပ်ရာမှတဆင့် ရန်ကုန်မြို့တော် စည်ပင်ကို စက်ယန္တရား များ၊ ကားပစ္စည်းများ တင်သွင်းရင်း ကားပွဲစားကြီး တစ်ယောက်ဖြစ်ခဲ့ရပါတယ်။

ကားပွဲစားကြီး ဇော်ဇော်ရဲ့ ဘ၀တစ်ဆစ်ချိုးကတော့ ၁၉၉၇ ခုနှစ်ခန့်က ကျောက်တူးသမားလေးဘ၀မှာ ဖြစ်ခဲ့တာပါ။ ကျောက်အောင်လို့ ဘ၀တစ်ဆစ်ချိုးခဲ့တာ မဟုတ်ပဲ ဖားကန့်မှော်ထဲမှာ “၈၈၈” ကုမ္ပဏီနဲ့ချိတ် ဆက်မိပြီး အရင်းအနှီး ကျောထောက်နောက်ခံနဲ့ အဆက်အသွယ် လမ်းကြောင်းများ ရရှိခဲ့ပါတယ်။ “၈၈၈” ကုမ္ပဏီဆိုတာ အဲဒီအချိန်တုန်းက ဖားကန့်မှော်ထဲမှာ စိတ်ကြွဆေးပြား ထုတ် လုပ်ဖြန့်ဖြူးနေတဲ့ UWSA အဖွဲ့ရဲ့ မြေပေါ် စီးပွားရေးလုပ်ငန်းခွဲ တစ်ခုဖြစ်ပါတယ်။

ထိုစဉ်က UWSA အဖွဲ့ကလည်း မူးယစ်ဆေးဝါးငွေမဲ တွေကို ငွေဖြူဖြစ်အောင် ရန်ကုန်မြို့ပေါ်မှာ နိုက်ကလပ်ကြီးတွေ ထူထောင်ပြီး ကျောက်မျက်လုပ်ငန်း၊ လမ်းဖောက်လုပ်ငန်း၊ အိမ်ယာလုပ်ငန်းတွေမှာ ရင်းနှီး မြုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေချိန်ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အဓိကတာဝန်ယူခဲ့တဲ့ ပေါက်ယူ ချန်းသမက် အိုက်ဟော့က စစ်အစိုးရလူကြီးပိုင်းကိုချဉ်းကပ်ဖို့ လူရည်လည်တဲ့ မောင်ဇော်(ဇော်ဇော်)ကို အသုံးချခဲ့ပါတယ်။

ဦးအိုက်ဟော့ရဲ့ ငွေမဲခ၀ါချ လုပ်ငန်းအားလုံးကို ဇော်ဇော်က တာဝန်ယူခဲ့ပြီးနောက်မှာ ကျောက်တူးသမား လေးဇော်ဇော်ဟာ နေ့ခြင်းညခြင်း Hotel Max ကို ချောင်းသာလိုနေရာမှာ ဆောက်နိုင်ခဲ့တာ သိပ်တော့မဆန်းဘူးလို့ အတွင်းသိတွေက ပြောပါတယ်။ ဒီလိုဟိုတယ်ကြီး ဆောက်ခွင့်ရဖို့ကိုလည်း အဲဒီအချိန်က ပုသိမ်တိုင်းမှုး ကြီးတစ်ယောက် စိတ်တိုင်းကျစေဖို့ ရေကြည်မှာ စာသင်ကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့တာကိုလည်း မှတ်မိကြမယ် ထင်ပါတယ်။

အဲဒီနောက်မှာတော့ ဦးဇော်ဇော်ဟာ စစ်အစိုးရ လူကြီးမင်းများရဲ့ အိမ်တွေကို ၀င်/ထွက်သွားလာခွင့်ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်လောက်မှာ (သီဟသူရ တင်အောင်မြင့်ဦး) ဦးရှစ်လုံးကို မွေးစားနိုင်ခဲ့ပါတယ်။ ဦးရှစ်လုံးကလည်း သူဘုန်းတန်ခိုး တက်လာချိန်မှာ လူသစ် စီးပွားရေးသမား မွေးချင်တော့ မထင်မရှား အလယ်အလတ် သူဌေး ပေါက်စဇော်ဇော်ကို စစ်တပ်ရဲ့ယန္တရားဝယ်ယူရေးများ အားလုံး တင်သွင်းခွင့်ရအောင် လုပ်ပေးခဲ့ပါတယ်။

ဒီလိုဘ၀နာခဲ့တဲ့ အိုက်တိုးပဂေးဆန် ကိုတင်ဆန်းတစ်ယောက် အိုက်ဟော့ရဲ့ အထောက်အပံ့များအပြင် ဖေဖေတစ်ယောက်ကို မွေးစားနိုင်ခဲ့လို့ ၂၀၀၄ ခုနှစ်လောက်မှာ သူဌေးကြီးဘ၀ကို တဖြည်းဖြည်း ကူးပြောင်းနိုင်ခဲ့ ပါတော့တယ်။

အောက်ခြေကနေ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ သူဌေးကြီး ဦးဇော်ဇော်ရဲ့ (၇) နှစ်လောက်အတွင်း ပိုင်ဆိုင်မှု တွေကို Wikileaksသတင်းများမှာ ယခုလိုဖော်ပြခံရသည်အထိ အောင်မြင်ခဲ့ပါတယ်။

- မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar Group of Companies) အပြင်အဖျော်ယမကာ -ပုလင်းသွပ် ကုမ္ပဏီ
- ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီတစ်ခု
- Delta United ဘောလုံးအသင်း၊ ပုသိမ်၊ ဧရာဝတီတိုင်း။
(ဧရာဟင်္သာ ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးဇော်ဝင်းရှိန်က ပိုင်ရှင်အဖြစ်စာရင်းပေါက်သည်။
- လုံးခင်းကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
- Max Myanmar ဘိလပ်မြေစက်ရုံ၊တောင်ဖီလာအနီး၊လယ်ဝေးမြို့နယ်၊နေပြည်တော်။
- Max Myanmar ရာဘာစိုက်ခင်း၊ ဘီးလင်းမြို့နယ်၊မွန်ပြည်နယ်။
- ပင်းယထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်။(မန်နေဂျာချုပ်- ဦးကြည်လွင် (ခ) ဦးကျန်ခင်း (U Kyan Khinn)
- Hotel Max (ချောင်းသာ)
- Royal Kumudar Hotel ၊နေပြည်တော်ဟိုတယ်ဇုန်
- ဟိုတယ် ဧရာဝတီ၊ နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်
(စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦး ဖက်စပ်ပိုင်)
- ဧရာဝတီဘဏ်လုပ်ငန်း (ငွေကြေးခ၀ါချမှုကြောင့် ပိတ်သိမ်းခံရသည့် မေဖလားဝါးဘဏ် အမည်ပြောင်း)
- ရေကြည်၊ ငသိုင်းချောင်းအနီး ကျေးရွာများ ငွေချေးလုပ်ငန်း(ငွေကြေးခ၀ါချ)
- နေပြည်တော်ရှိ ဘောလုံးကွင်းများ တည်ဆောက်ရေး လုပ်ငန်း
- ကျောက်မီးသွေးတူး လုပ်ငန်း၊ ကလေးဝ
- ရန်ကုန်-ပဲခူးလမ်းပိုင်း ငွေကောက်ခံလုပ်ငန်း ( UWSA လုပ်ငန်းခွဲ) ရန်ကုန်အဲယားဝေး အစုရှယ်ယာပိုင်ရှင် (ဒါရိုက်တာစာရင်းတွင် အမည်မခံပါ- ပိုင်ရှင် ဦးအိုက်ဟော့)

အထက်ပါလုပ်ငန်းများအနက် အမဲကနေအဖြူ အရောင်းပြောင်းတဲ့ အဓိကလုပ်ငန်းကတော့ မန်နေဂျာချုပ် ဦးကြန်ခင်း လုပ်နေတဲ့ ပင်းယထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ဦးကြန်ခင်းဆိုတာ စင်္ကာပူအခြေစိုက် တရုတ်လူမျိုးဖြစ်ပြီး မြန်မာပြည်ရဲ့ ငွေကြေးခ၀ါချတဲ့လုပ်ငန်းများကို ချုပ်ကိုင်ထားသူ တစ်ယောက်ပါ။ အိုက်ဟော့ရဲ့ ငွေမဲတွေကို ငွေဖြူပြောင်းလဲရာမှာ နောက်ကွယ်ကနေ ဇော်ဇော်က စီမံဖန်တီး ပေးနေမှုကြောင့် အမေရိကန်နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က ဦးဇော်ဇော်ရဲ့ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်လောက်မှာ အလယ်အလတ် အဆင့်ရှိ စီးပွားရေးသမားတစ်ဦးသာ ဖြစ်နေသူက ၂၀၀၈ ခုနှစ်မှာ ထိပ်တန်းမိုက်ခရို စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့တဲ့အတွက် အမေရိကန်အစိုးရက ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) နဲ့ထပ်ဆင့် အရေးယူခဲ့ပါတယ်။ ဒါ့အပြင် အိုက်ဟော့ရဲ့ ရန်ကုန်အဲယားဝေး အစုရှယ်ယာများကို ၂၀၁၁ ခုနှစ်မှာ လွှဲပြောင်း ပိုင်ဆိုင်ထားမှုများကို ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက စောင့်ကြည့်လျက်ရှိပါတယ်။

ဒီလိုမျိုး စောင့်ကြည့်မှု ခံနေရတဲ့အတွက် စစ်အစိုးရကြောင့် ကြီးပွားချမ်းသာခဲ့ရတဲ့ ကျောက်တူးသမား လး ဦးဇော်ဇော် တစ်ယောက် စစ်အစိုးရလွန် ကာလမှာတော့ သူ့ရဲ့မူလယုံကြည်ရာ ဒီမိုကရေစီ ဘက်တော်သား တွေကို ပူးပေါင်းဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမဲမှ အဖြူပြောင်းရာမှာ ဦးကြန်ခင်းရဲ့နောက် ကွယ်ကနေ ပါးပါးနပ်နပ် လုပ်ကိုင်ခဲ့လို့ နာမည် မကျော်ကြားခဲ့သလို (စတီဗင်လောလောက် နာမည်မကြီးပါ) ဒီမိုကရေစီ အရောင်ပြောင်းရာမှာလည်း NLD ပါတီရဲ့ နောက်ကွယ်ကနေ လှုပ်ရှားနိုင်ပြီး မွေးစားခဲ့တဲ့ ဖေဖေစိတ် မဆိုးရေး ခြေလှမ်းနေပြီ ဖြစ်ပါတယ်။

သူရဲ့ပထမဆုံး ခြေလှမ်းကတော့ အမေစုကို ဘောလုံးပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အမေစုနားက NLD လူကြီးတွေရဲ့ ထောက်ခံမှုရအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အခြေအနေမှာ NLD လှုပ်ရှားမှုများမှာ ရှေ့တန်းပေါ်ပေါ် တင်တင်မထွက်ပဲ နောက်ကွယ်ကနေ အဓိကပံ့ပိုး ပေးပါမယ်လို့ အယုံသွင်းနေတာကို NLD ပါတီက သတိထားပြီး ကြိုဆိုနေရပါတယ်။

(၈၈)ကျောင်းသား အများစုကတော့ သူဌေးကြီးဇော်ဇော် တဖြစ်လဲ မောင်တင်ဆန်းရဲ့ စိတ်ဓာတ်ကိုသိလို့ သူ့မွေးစား ဖေဖေက လွှတ်လိုက်တဲ့ ဒီမိုကရေစီသူလျှိုဖြစ်မှာကို စိုးရိမ်နေကြပါသည်။ တကယ်လည်း စိတ်မချရတဲ့ သာကူး ဇော်ဇော် ဟာ မန္တလေးဗထူး အားကစားကွင်း NLD ကို မငှားတဲ့ကိစ္စမှာ သူအဓိက တာဝန်ရှိတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့သလို။ ဒီမိုကရေစီ အရေးလှုပ်ရှားမှုအတွက် ဦးဇော်ဇော်ဟာ စစ်အစိုးရ လက်ထက်ရရှိခဲ့တဲ့ ဓနဥစ္စာငွေကြေးတွေ စိုက်ထုတ် သုံးပေးနေတာကို အသိအမှတ်ပြု ပေးချင်ပေမဲ့ သူ့ရဲ့နိုင်ငံရေး ထောက်ပံ့ငွေများဟာ အမဲကနေ အဖြူပြောင်းတဲ့ လုပ်ငန်းမျာနဲ့ မကင်းရှင်းတာကိုလည်း ဒီမိုဘက် တော်သားတွေ သတိပြုသင့်ပါတယ်။

အထူးသဖြင့် စစ်အစိုးရ လက်ထက်က ဖေဖေတစ်ယောက်ကို မွေးပြီးစားခဲ့သလို ဒီမိုကရေစီ အစိုးရလက်ထက်မှာ မေမေတစ်ယောက်ကို ထပ်ပြီးမွေးစားဖို့ ခြေလှမ်းလှမ်းလာသူကို ယုံကြည်မှု မလွန်ကဲဖို့လိုပါတယ်။ ဖေဖေအဟောင်းနဲ့ အမေစုကြားမှာ လှေနံနှစ်ဖက်နင်းထားတဲ့ လူလည်ကြီးကတော့ “ဘယ်အစိုးရပဲ တက်တက် အစိုးရရှိသလို လုပ်ငန်းရှင် ဆိုတာလည်း ရှိနေမှာပါပဲ။ အုပ်ချုပ်မှု ယန္တရားမှာ ဘယ်သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိုယ့်အကျိုးရှိတဲ့ အလုပ်ကို လုပ်နေပါတယ်” လို့ ပြည်တွင်းကဂျာနယ်လစ် ဦးဇေယျာမြတ်ခိုင်မှ တစ်ဆင့် စစ်အစိုးရ လူကြီးမင်းများကို ပြောင်ပြောင်တင်းတင်း ကျေးဇူးကန်းစကား ပြောခဲ့ပါတယ်။

၈၈ အရေးအခင်းက ဒီမိုကရေစီသမား အိုက်တိုပဂေးစံဘ၀မှ ကားပွဲစားကြီးတဖြစ်လဲ ဟိုတယ်ကြီးများ ပိုင်ရှင်သူဌေးကြီး ဦးဇော်ဇော်(ခ) ဦးတင်ဆန်းအနေဖြင့် စစ်အစိုးရလက်ထက် အမဲမှအဖြူ အရောင်ပြောင်းလဲခြင်း၊ ဒီမိုကရေစီ အစိုးရလက်ထက် ဖေဖေ မှ မေမေ သို့အရောင်ပြောင်းလဲခြင်းများကို ငြင်းဆိုမယ်ဆိုပါက အမေရိကန်အစိုးရက ဖော်ထုတ်ထားသည့် http://www.guardian.co.uk/ သို့ လေ့လာနိုင်ပါကြောင်း အသိ ပေးနှိုးဆော်လိုက်ပါတယ်။

ဆောင်းပါးရှင် - ရွှေဓူဝံ

ဓါတ်ပုံများ ပိုမိုမြင်လိုပါက ဒီလင့်ခ်ကိုသွားပြီး ကြည့်နိုင်ပါတယ်
http://www.demowaiyan.org/2012/02/max-myanmar.html
 
အရောင်ပြောင်းသော လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်း အပိုင်း (၅)
(ဆောင်းပါးရှင် ရွှေဓူဝံ)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

March 25, 2012

 အပိုင်း(၅)မှာ လူလည်ကြီးများရဲ့ ဘုရင်အကြောင်း ရေးသားမယ်လို့ ကြိုတင်ကြေညာထားလို့ စာဖတ်ပရိသတ်တွေ လည်ပင်းရှည်စွာ စောင့်မျှော်နေရတာကိုလည်း တောင်းပန်ချင်ပါတယ်။ သိထားတဲ့အတိုင်း သုံးမည်ရခြကြီး ဘွဲ့ရထားပြီး အမည်သုံးမျိုးနဲ့ ကျော်ကြားသူ ဦးအောင်သောင်း(ခ) ဦးအောင်တောင်း(ခ) ကုန်အောင်တောင်း (ကိုအောင်သောင်း)ဟာ မီဒီယာလောကမှာ ထင်ပေါ်သူတစ်ဦးဖြစ်လို့ မီဒီယာမှာ မရှိသေးတဲ့ အချက်အလက်များ သိစေချင်တာကြောင့် အချိန်ယူခဲ့ရတာပါ။

လူလည်များရဲ့ဘုရင် ဦးအောင်သောင်းဟာ လူမသိ သူမသိ ကျောင်းဆရာဘ၀ကနေ န၀တ၊ နယက လက်ထက် သြဇာအာဏာ ရှိပါတယ်ဆိုတဲ့သူတွေကို ကျော်ခွလှည့်ပတ်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲကာ ယနေ့အထိ ပန်းပန်လျက်ပါလို့ ဆိုနိုင်သူ တစ်ယောက်ပါ။ ယခင်အပိုင်းများမှာ ရေးခဲ့တဲ့ လူလည်ကြီးများထက် အဆပေါင်းများစွာ သာတဲ့သူလို့ ဆိုနိုင်ပါတယ်။ န၀တ၊ နယကလက်ထက်မှာ အရောင်အမျိုးမျိုး ပြောင်းလဲမွှေနှောက်ကာ ၀န်ကြီးဌာနနဲ့ ၀န်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ခိုးယူပြီး မြန်မာပြည်ရဲ့ ထိပ်တန်း ချမ်းသာကြွယ်ဝမှုစာရင်း ၀င်လာတဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ဘ၀ အစကတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ၀ဲလောင်ရွာမှာ မွေးတဲ့ ၀ဲလောင် ရွာသားလေး ဖြစ်ခဲ့ပြီးတော့ အလွန်ပဲ ဆင်းရဲချို့တဲ့ခဲ့တဲ့ ကျောင်းဆရာ တစ်ယောက်ဖြစ်ပါတယ်။ မှော်ဘီ ဗိုလ်သင်တန်းကျောင်း အပတ်စဉ်(၃၁)မှာ ဗိုလ်သင်တန်းတတ်ခဲ့ပြီး စစ်တပ်ထဲမှာ အမှတ်(ရ) တပ်ရင်းမှူး၊ နမခ စစ်တိုင်းမုံရွာမှာ စစ်ဗျူဟာမှူးနဲ့ န၀တ လက်ထက်မှာ မကွေးတိုင်း တ၀တ ဥက္ကဌ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နမခ တိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ဟာ သူ့ဆရာ အရင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာချိန်မှာ လက်အောက်က ကိုယ့်တပည့်ရဲ့ စိတ်ရင်းအမှန်ကို မသိတဲ့ ဦးထွန်းကြည်ဟာ တပည့်လေး ဦးအောင်သောင်းကို သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ မလိုက်ချင်လိုက်ချင်နဲ့ ဖြစ်နေတဲ့ သူတပည့် ဦးအောင်သောင်းကို ဦးထွန်းကြည်က ကုန်သွယ်ရေး ဒုဝန်ကြီး ရာထူးပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု လုပ်ငန်းတွေနဲ့ ဂွင်တွေကိုနားလည်လာတဲ့ လူလည်ကြီးဟာ ဒုဝန်ကြီးဘ၀နဲ့ မကျေနပ်နိုင်တဲ့ အတွက် သူ့ရဲ့ပင်ကိုဗီဇအတိုင်း အရောင်ပြောင်းလဲ ကျော်ခွတဲ့အလုပ်ကို စတင်ခဲ့ပါတော့တယ်။ ဦးအောင်သောင်းဟာ သူ့ကို ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် နေရာပေးခဲ့တဲ့ ဆရာသမားရဲ့ မျက်နှာကိုမထောက်ပဲ ကကလှမ်း (ယခင်စစ်ထောက်လှမ်းရေး) သတင်းပေး လုပ်ခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းရေးသတင်တွေ၊ အားနည်းချက်တွေ၊ ၀န်ကြီးနဲ့ သူ့တပည့်သားသမီး တွေရဲ့ စီးပွားရေးဂွင် ဖန်တီးမှုသတင်းတွေ ပေးပြီး ကျေးဇူးရှင် ဆရာသမားကို ကျေးဇူးဆပ်ခဲ့တဲ့သူ တစ်ယောက်ပါ။

ဒီလိုလုပ်ရတဲ့ အကြောင်းကလည်း ဦးခင်ညွှန့်နဲ့ သူ့ဆရာ ဦးထွန်းကြည်ဟာ အဆင်မပြေဘူးဆိုတာ သိနေတာကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းရေး သတင်းတွေ ပျော့ကွက်ဟာကွက်တွေကို ကကလှမ်းကို ဖော်ကောင်လုပ်ခဲ့ပြီး ဦးခင်ညွှန့်ကို ဆရာမွေးခဲ့ခြင်လို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဦးအောင်သောင်းရဲ့ဖော်ကောင် လုပ်မှုများကြောင့် စစ်ထောက်လှမ်းရေးများဟာ ဦးထွန်းကြည်ကို လာဘ်စားမှု ပုဒ်မများနဲ့ အရေးယူနိုင်ခဲ့ပါတယ်။

လူလည်ကြီး ဦးအောင်သောင်းကတော့ လာဘ်စားမှုတွေမှာ ပတ်သက်ခဲ့ပေမဲ့လည်း အစိုးရ သက်သေ ဖြစ်သွားတဲ့အတွက် အရေးယူ မခံရတဲ့အပြင် ဘုန်းတန်ခိုး တက်နေတဲ့ ဦးခင်ညွှန့်ရဲ့ပစားပေးမှုကြောင့် ကုန်သွယ်ရေး ဒုဝန်ကြီးဘ၀ကနေ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ် ချီးမြှောက်ခံခဲ့ရပါတယ်။ မွေး/ရေ၀န်ကြီးဘ၀မှာ နိုင်ငံတော်ရဲ့ ရေပြင်ပိုင်နက်ကို ထိုင်းငါးဖမ်းကုမ္ပဏီတွေကို တရားမ၀င် လုပ်ကိုင်ခွင့်ပေးပြီး ရရှိတဲ့ နိုင်ငံခြားငွေများကို စာရင်း လိမ်လည်ပြခဲ့ပါတယ်။ အဲဒီအချိန်က နိုင်ငံခြားငွေရှားပါးနေတဲ့ န၀တ အစိုးရဟာ ဦးအောင်သောင်း ရှာပေးတဲ့ဒေါ်လာကို အဓိက၀င်ငွေ အဖြစ်အားထား နေရချိန်ဖြစ်ပါတယ်။ ဒီလိုစစ်အစိုးရ အဖွဲ့အားနည်း ချက်ကိုသိတဲ့ ဦးအောင်သောင်းက မွေးရေ၀န်ကြီးဌာနရဲ့ နိုင်ငံခြားဝင်ငွေ ၁၀ ကျပ်ရရင် ၅ ကျပ်အိပ်ထဲထည့်ပြီး စာရွက်ပေါ်မှာ နိုင်ငံခြားဝင်ငွေ အများဆုံးရှာပေးနိုင်တဲ့ ၀န်ကြီးဌာနဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ န၀တ ကနေ နယက အမည် ပြောင်းလဲချိန်မှာတော့ စာရင်းလိမ် ကျွမ်းကျင်တဲ့ ဦးအောင်တောင်းကို စက်မှု(၁)၀န်ကြီး အဖြစ်ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။

မွေး/ရေ၀န်ကြီး ဘ၀ကနေ စက်မှု(၁) ၀န်ကြီးဖြစ်လာချိန်မှာတော့ ဦးအောင်သောင်းဟာ နယက ဥက္ကဌကြီး ဦးသန်းရွှေကိုတောင် အကွက်ကျကျ မျက်စိလည်အောင် စက်မှု(၁)လက်အောက်က စက်ရုံများကို စာရင်းလိမ်လည် ပြသခဲ့ပါတယ်။ စက်မှု(၁) စက်ရုံတွေဟာ ဘာတိုးတတ်မှု ဘာလည်ပတ်မှုမရှိဘဲ ဆွေမျိုးကုမ္ပဏီတွေကို ပစ္စည်းဝယ်ယူခွင့်တွေ ချပေးပြီး ကော်မရှင်ခ မတန်တဆ ယူပြီး နိုင်ငံတော် ဘဏ္ဍာတွေကို အလွှဲသုံးစား လုပ်ခဲ့တာ စက်မှု(၁)က ၀န်ထမ်းတိုင်းသိကြပါတယ်။

စက်မှု(၁)စက်ရုံတွေအတွက် နိုင်ငံခြားက အရည်အသွေးမြင့် ကုန်ကြမ်းတွေကို တင်သွင်းခဲ့ပြီး ပြည်တွင်းကို ရောက်လာတဲ့အချိန်မှာ အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းတွေကိုရောင်း၊ ပြည်တွင်းဖြစ် အမျိုးအစားမကောင်း ဈေးနှုန်းသက်သာတဲ့ ကုန်ကြမ်းတွေကို အစားထိုး ရောသုံးပါတယ်။ ကုန်ကြမ်းရောင်းလို့ရတဲ့အမြတ်နဲ့ နိုင်ငံခြားက တင်သွင်းခွင့် ပါမစ်တွေကို ရောင်းလို့ရတဲ့ အမြတ်ထဲက အနည်းငယ်ကိုသာ စက်ရုံအမြတ်ဆိုပြီး ပေးသွင်းခဲ့တဲ့အထိ စာရင်းလိမ်ပြရာမှာ ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ မွေးရေးဝန်ကြီး လုပ်ခဲ့တုန်းက အောင်မြင်ခဲ့တဲ့ နည်းလမ်းအတိုင်း စက်မှု(၁)စက်ရုံတွေကိုလည်း စက်ရုံမလည်ပဲ အမြတ်ရအောင် လုပ်နိုင်တာ ဦးအောင်သောင်းရဲ့ အရည်အချင်းဖြစ်ပါတယ်။

ကျော်သာ၊ ရတနာသိင်္ဂီ၊ အောင်ရည်ဖြိုး၊ မားသားထရေးဒင်း ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းတွေကို စက်မှု(၁)အနေနဲ့ မလိမ့်တပတ် လူလည်ကျပြီး တင်သွင်းခဲ့ကြပါတယ်။ ဒီကုမ္ပဏီတွေကလည်း ဦးအောင်သောင်းရဲ့ တပည့်သားသမီး ဆွေမျိုးတွေကို နာမည်အမျိုးမျိုးနဲ့ လုပ်စားဖို့အတွက် ဖွင့်ခိုင်းထားတဲ့ ကုမ္ပဏီတွေပါ။ တကယ်တမ်းတော့ အားလုံးကို ဦးအောင်သောင်း ကပိုင်တာဖြစ်ပြီး အဲဒီအချိန်တုန်းက စက်မှု(၁)က တည်ဆောက်ခဲ့တဲ့ စက်ရုံများရဲ့ ဆောက်လုပ်မှု ကုန်ကျစရိတ်နဲ့ ပစ္စည်းတင်သွင်းမှုများကို ပြန်စစ်ဆေးကြည့်ရင် အခြေအနေမှန်ကို သိနိုင်ပါတယ်။ ထင်ထင်ရှားရှား စက်ရုံကြီးများကို ထုတ်နှုတ် ပြောပြရမယ်ဆိုရင်-

စက်မှု(၁)ရဲ့ သာပေါင်းစက္ကူစက်ရုံဟာ ကြိတ်စွမ်းအား မြင့်မားပြီး ကြီးမားတဲ့ စက်ရုံကြီးဖြစ်ပါတယ်။ ဒီလိုစက်ရုံကြီးမှာ ကုန်ကြမ်းသယ်ဖို့အတွက် စက်သုံးဆီမရှိလို့ အခက်အခဲ ဖြစ်ခဲ့ရတယ်ဆိုတာ အမှန်တော့ စက်ရုံရဲ့ပို့ဆောင်ရေးအတွက် စက်သုံးဆီ တွေကို စက်ရုံကို ချမပေးဘဲ ၀န်ကြီး ဦးအောင်တောင်းက သိသိသာသာ ဘုမ်းခဲ့တာပါ။

ကုန်ကြမ်း အမှန်တကယ် သယ်မယ်ဆိုရင် တစ်နေ့ကို ကားအစီး ၁၀၀ တိုက်နှုန်း သယ်ရတဲ့စရိတ်ကို ဘတ်ဂျတ်ထဲမှာ ထည့်ဆွဲဖို့ ကျန်သွားသလိုလိုနဲ့ အိပ်ထဲကိုအကုန် ထည့်သွားခဲ့ပါတယ်။ စက်ရုံလည်ပတ်ဖို့ ကုန်ကြမ်း သယ်ယူစရိတ်ကိုတော့ စက်ရုံမှုးအစီအစဉ်နဲ့ ကုန်ကြမ်းဈေးနှုန်းမှာ ထည့်ပြခဲ့လို့ ထုတ်လုပ်မှု ကုန်ကျစားရိတ် မြင့်တတ်ပြီး ကုန်ချောဖြစ်တဲ့ စက္ကူတွေ အရည်အသွေး မပြည့်မှီတာ လူတိုင်းသိပါတယ်။

သာပေါင်းပျော့ဖတ် စက်ရုံကြီးကို တည်ဆောက်ခဲ့တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီဟာဆိုရင် ၀န်ကြီးဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ခ ပေးရတယ်ဆိုတာ ရန်ကုန်မှာရှိတဲ့ တရုတ်သံတမန် အသိုင်းအ၀ိုင်းမှာ နာမည်ကြီးခဲ့ပြီး အစိုးရကတော့ မသိခဲ့ပါဘူး။ ဒေါ်လာ ၁ သန်းအပြင် မှော်ဘီမြို့က ကိုအောင်တောင်းပိုင် Star Flower တစ်ရှူးစက်ရုံဟာလည်း သာပေါင်းစက်ရုံကို ဆောက် ပေးခဲ့တဲ့ တရုတ်ကုမ္ပဏီက လက်ဆောင် ပေးခဲ့တယ်ဆိုတာလည်း ငြင်းလို့မရတဲ့ သက်သေတွေဖြစ်ပါတယ်။

နောက်ထပ် လည်ပြီးတော့ပတ်ခဲ့တဲ့ စက်ရုံတစ်ခုကတော့ ကျောက်ဆည်က စွပ်ကျယ်စက်ရုံဖြစ်ပါတယ်။ စက်ရုံကမလည် ပတ်နိုင်ဘဲ လူတွေဘဲလည်ပတ်နိုင်တဲ့ လူလည်စက်ရုံကြီးပါ။ စက်ရုံဖွင့်ပွဲနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လာတဲ့အခါမှာ တရုတ်နယ်စပ် ကနေ စွယ်ကျယ်တွေကို ကားတွေနဲ့ အမြန်သယ်ယူပါတယ်။ တရုတ်နယ်စပ်က ၀ယ်လာတဲ့ စွပ်ကျယ်တွေကို စက်မှု(၁)စက်ရုံတံဆိပ် တပ်ပြီး စွပ်ကျယ်စက်ရုံက ထုတ်သလိုလိုနဲ့ လာစစ်တဲ့ ဦးသန်းရွှေကို လှည့်စားခဲ့တာ ဦးသန်းရွှေ တစ်ယောက် မသိလိုက်ပါဘူး။

စက်ရုံဖွင့်ပွဲနေ့က မှင်နဲ့မောင်းနဲ့ ကျောက်ဆည် စွပ်ကျယ်စက်ရုံထုတ် အဆင့်အတန်းမှီ စွပ်ကျယ်တွေကို ဘယ်လို သက်သာအောင် ထုတ်လုပ်ပြီး ၀င်းသူဇာ အရောင်းဆိုင်များကနေ အမြတ်ငွေတွေ ရအောင် ဘယ်လို လုပ်ထားပါတယ်ဆိုတာ ရှင်းပြနေချိန်မှာ ဦးသန်းရွှေက အိပ်ငိုက်နေပါတယ်။ ကျောင်းဆရာပီပီ အာဘောင် အာရင်းသန်သန်နဲ့ တရုတ်နယ်စပ်က၀ယ်လာတဲ့ စွပ်ကျယ်တွေကို စက်ရုံထုတ်အဖြစ် အရောင်ပြောင်းနိုင်ခဲ့သူ အဘ၀န်ကြီးကို စက်ရုံဝန်ထမ်းတွေက ကြိတ်ပြီး ရယ်ခဲ့ကြပါသေးတယ်။ စက်ရုံမလည်ပဲ ကျောက်ဆည်က ဦးသန်းရွှေ အမျိုးတွေကို ၀န်ထမ်းခန့်အပ်ထားတဲ့ ကျောက်ဆည် စွပ်ကျယ်စက်ရုံကြီးကလည်း ဦးအောင်သောင်း အောင်မြင်မှု တစ်ခုပဲဖြစ်ပါတယ်။

နောက်စက်ရုံ တစ်ခုကတော့ စက်မှု(၁) လက်အောက်က ဂျုံလုပ်ငန်းလုပ်တဲ့ စက်ရုံတွေ အကြောင်းဖြစ်ပါတယ်။ ဒီစက်ရုံ တွေရဲ့အမြတ် ရရှိမှုဟာလည်း ထူးဆန်းအံ့သြဘွယ်ဖြစ်ပါတယ်။ စက်မှု(၁)ထုတ် ခေါက်ဆွဲတွေနဲ့ မုန့်တွေဟာ အရည်အသွေးမမှီ ဆီချေးစော်နံနေလို့ ဘယ်သူမှ မ၀ယ်တဲ့အတွက် စက်ရုံတွေ ရပ်ထားပြီး ဂျုံကုန်ကြမ်းတွေကိုသာ နှစ်စဉ်ဈေးတက်တဲ့ အချိန်ရောက်ရင် အမြတ်ရဖို့ ထုတ်ရောင်းခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရပါတယ်။

ဒီ့ထက်ဆိုးဝါးတာက နိုင်ငံပိုင်စက်ရုံကြီးများကို အရပ်သား လက်ထဲထိုးအပ်ပြီး အသားတင်အမြတ်ကို တစ်ယောက်တစ်ဝက် ယူတဲ့စနစ်နဲ့ လုပ်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံတော်က ပုဂ္ဂလိကမလုပ်ခင် သူ့ကိုယ်ကျိုးစီးပွား အတွက် အရပ်သားတွေကို ထိုးအပ်တာ ဦးအောင်သောင်းရဲ့ အမျှော်အမြင်ကြီးမှုပါဘဲ။ အမှန်တကယ်တော့ အဲဒီလိုဖြစ်စဉ်ဖြစ်တဲ့ စက်ရုံမှူးကို ၀န်ထမ်းဘ၀ကနေ ထုတ်ပစ်ပြီးအရေးယူရမှာပါ။ ဒါပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ၀န်ကြီးလာဘ်စား ထားတာတွေကို စက်ရုံမှူးကသိနေတော့ အဲဒီစက်ရုံမှူးကို ပြင်းပြင်းထန်ထန်အရေးမယူရဲတာ စက်မှု(၁)က၀န်ထမ်းတိုင်းသိကြပါတယ်။

နောက်ထပ် စက်ရုံကမလည်ဘဲ လူလည်နေတဲ့ စက်ရုံကတော့ ရန်ကုန်က စက်ဘီးစက်ရုံပါ။ ဒီစက်ဘီး စက်ရုံကတော့ စက်မှု(၁)စက်ရုံတွေထဲမှာ အရှုးံအများဆုံးဖြစ်ပြီး စက်ရုံက ပစ္စည်း မထုတ်နိုင်ဘဲ သန်းရှစ်ထောင်ဖိုးလောက် ပစ္စည်းအထုတ်ပြထားလို့ ကျောက်ဆည်က အမှတ်(၂)စက်ဘီးနဲ့ ပေါင်းမယ်ဆိုပြီး လုပ်ခဲ့ရပါတယ်။ ဆိုလိုတာကတော့ အမှတ်(၁)စက်ရုံက သန်းရှစ်ထောင်ကို အမှတ်(၂)စက်ရုံက မတည် အရင်းပြပြီး စက်ရုံကြီး တစ်ခုလုံးကို ဖျောက်ဖျက်ပြစ်လိုက်တဲ့ နည်းလမ်းပါဘဲ။ အမှတ်(၁) စက်ဘီးစက်ရုံ တစ်ခုလုံးက ပစ္စည်းတွေကို အုတ်ကျင်း ကြွေရည်သုတ်စက်ရုံ အမှတ်(၂)ဂိုဒေါင်ဟောင်း တွေမှာ ဖွက်ထားခဲ့ပြီး စက်ရုံတစ်ခုလုံးဖျောက် ဖျက်ခဲ့တာကို လက်ရှိနိုင်ငံတော် သမ္မတကြီး ၀န်ကြီးချုပ် ဖြစ်ခဲ့တုန်းက လုပ်ခဲ့တာပါ။
ဒီလိုမျိုး ခြစားမှုတွေကို သိနေတဲ့ အဲဒီအချိန်တုန်းက စက်မှု(၁)ရဲ့ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်းက မလည်မ၀ယ်နဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို သာပေါင်းစက္ကူစက်ရုံရဲ့ အဂတိလိုက်စားပြီး ပျက်စီးနေတာကို စာနဲ့တိုင်ကြား ခဲ့ပါသေးတယ်။ လူလည်ကြီးက သူ့ကို တိုင်ထားတဲ့သတင်းကို နယကရုံးက သူ့မယား ညီအစ်ကိုကနေ တစ်ဆင့် သိသွားပြီး ဗိုလ်မှူးချုပ် ကျော်ဝင်းကို လက်ဦးမှုယူကာ ဖြုတ်ချ နိုင်ခဲ့ပါတယ်။

လူလည်ဘုရင်ကြီးရဲ့ အကျင့်ပျက် ခြစားတာတွေကို ၀န်ကြီးချုပ်၊ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့်က သိသွားပြီးတော့ သာပေါင်း စက္ကူစက်ရုံကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့အချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိ မျောက်မီးခဲ ကိုင်သလို ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုမျိုးဖြစ်နေချိန်မှာ သားတော်မောင် ဗိုလ်ပြည့်အောင်ကို နိုင်ငံရဲ့ဒုတိယသြဇာ အရှိဆုံးလို့ ဆိုနိုင်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးရဲ့သမီး နန္ဒာအေးနဲ့ ပေးစားခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်အေးရဲ့ အကာအကွယ်နဲ့ ဦးခင်ညွှန့်ရန်ကို ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် အရောင်ပြောင်း တော်သူကြီးက ဦးထွန်းကြည် အပြီး၊ ဦးခင်ညွှန့်ကို ဆရာမွေးခဲ့ပြီး၊ ဦးခင်ညွှန့်နဲ့ အဆင်မပြေဖြစ်လာချိန်မှာ ဦးမောင်အေးကို ဆရာတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဦးအောင်သောင်းဟာ ရှေ့ကဆရာသမားများကို နမူနာယူပြီး သူ့ရဲ့မတရား အဂတိလိုက်စားတဲ့ အကြောင်းတွေကို သိနေတဲ့ ထောက်လှမ်းရေး တပ်မှူးတွေကို မျက်နှာလုပ်ကာ ပါမစ်များချပေးရင်း စည်းရုံးထားနိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့်က တစ်ချိန်ချိန်မှာ သူ့ရဲ့ကိုယ်ကျိုးစီးပွားကို အန္တရာယ် ပေးလာမယ်လို့ တွက်ထား ခဲ့တာကြောင့် ဦးမောင်အေးရဲ့ အကာအကွယ်အပြင် ဦးသန်းရွှေရဲ့အကာအကွယ်ရဖို့ နည်းလမ်းရခဲ့ပါတယ်။ သူတွေ့ခဲ့တဲ့ နည်းလမ်းအသစ်ကတော့ သူ့ရဲ့တပည့် စစ်ကိုင်းချည်မျှင် အထည်စက်ရုံမှူးကို အိမ်တော်ကြီး (ဦးသန်ရွှေအိမ်) မီးဖိုချောင်ကိစ္စကို လုပ်ပေးဖို့စေခိုင်းခဲ့ပြီး အိမ်တော်ကြီးမိသားစုက သူပြောသမျှ ယုံကြည် လက်ခံလာအောင် လုပ်နိုင်ခဲ့တဲ့ အောက်လမ်းနည်းဖြစ်ပါတယ်။ အောက်လမ်းနည်းဆိုပေမဲ့ လူလည်ကြီးရဲ့ အကြံအစည်တွေ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။

ဦးသန်းရွှေရဲ့ အကာအကွယ် ရရှိလာတဲ့ အချိန်မှာတော့ ဗိုလ်ချုပ်ထွန်းကြည်ကို ဖြုတ်ခဲ့တဲ့ ဒုတိယဆရာ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖြုတ်ချဖို့ ကြံစည်ခဲ့ပါတော့တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို အာဏာရယူဖို့ ကြိုးစားနေကြောင်း၊ ဗိုလ်ချုပ်ကြီးနေ၀င်း၊ မြေးတွေ ကိစ္စကိုလည်း သိလျက်နဲ့ လွှတ်ထားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း သဘောထား ပျော့ပြောင်းခဲ့သည့် ကိစ္စများအား ဦးသန်းရွှေကို နားပေါက်အောင် သွေးထိုးပြောဆို နိုင်ခဲ့တဲ့အထိ ဦးမောင်အေး၊ ဦးသန်းရွှေတို့ရဲ့ လူယုံတစ်ဦးဖြစ်လာခဲ့ ပါတယ်။

သူ့ရဲ့နာမည်ကောင်း ရရေးအတွက် ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်ကနေ စီမံကြိုးကိုင်ခဲ့တဲ့သူဖြစ်ပြီး ဒေသခံစစ် တိုင်းမှုး စစ်တိုင်းမှုး ဗိုလ်ချုပ် စိုးဝင်းက လုပ်ခဲ့သလိုမျိုး လွှဲချနိုင်ခဲ့ပါတယ်။

ဒီလိုအရှောင်အတိမ်း ကောင်းကောင်းနဲ့ အရောင်ပြောင်း လဲလာခဲ့တဲ့ ဦးအောင်သောင်းဟာ ဒီပဲယင်း အရေးအခင်းကြောင့် စက်မှု(၁)၀န်ကြီးအပြင် ကြံ့ဖွံ့အသင်းမှာ ဗဟိုအတွင်းရေးမှုး ရာထူးရရှိခဲ့ပါတယ်။ ကြံ့ဖွံ့အတွင်းရေးမှုးဖြစ်လို့ စက်မှု(၁)က ၀န်ထမ်းအားလုံးဟာ ၀န်ကြီးဌာနက အလုပ်များအပြင် ကြံ့ဖွံ့ကိစ္စများကိုပါ မလုပ်ချင်ပဲ လုပ်ခဲ့ကြရပါတယ်။

ဒါကိုသိတဲ့ သမ္မတကြီးက အစိုးရအဖွဲ့သစ် ဖွဲ့စည်းချိန်မှာ ဦးအောင်သောင်းကို နေရာမပေးတော့ပဲ စက်မှု(၁)၀န်ကြီး အဖြစ်ကနေ အနားပေးခဲ့ပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ဦးအောင်သောင်း ဆိုးမွေကြောင့် စက်ရုံတစ်ဝက်ကျော် မလည်ပတ်ခြင်း၊ အရှုံးလွန်စွာ ကြီးမားနေခြင်းတို့ကြောင့် စက်မှု(၁)၀န်ကြီးဌာနကို ဖျက်သိမ်းလိုက်ရတဲ့ အဆင့်ရောက်သွားတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ စက်မှု(၁)ကရှုံးပေမဲ့ စက်မှု(၁)နဲ့ ပတ်သက်ခဲ့တဲ့ လူလည်ကြီးသားများ ကုမ္ပဏီတွေက အချိန်တို ကာလအတွင်းမှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ပိုင်ဆိုင်မှုတွေကို သိသလောက်ဖော်ပြရရင်---

- ရန်ကုန် လှိုင်ရတနာမွန်အိမ်ရာမှ နန်းတော်တမျှခမ်းနားတဲ့ အိမ်ကြီး
- နေပြည်တော် ဥတ္တသီရိမှ ဧရာမအိမ်ကြီး
- ပြင်ဦးလွင်၊ကန်တော်ကြီး ဥယျာဉ်အနီး ၀န်ကြီးရပ်ကွက်ရှိ အိမ်ကြီး
- ပုပ္ပါးတောင်ကလပ်မှ အနားယူရန်ဆောက်လုပ်ထားသော အိမ်ကြီး
- ပုလဲမြို့သစ် ရွှေနံ့သာရပ်ကွက်က အိမ်ကြီး
- မှော်ဘီမှ Star Flower တစ်ရှုးစက်ရုံ
- စစ်တောင်းစက်ရုံအနီးရှိ နောက်ထပ်တစ်ရှုးစက်ရုံ
- ပုလဲမြို့သစ်က သစ်ခွဥပေါင်းစက်ရုံ
- ပန်းတောင်းက ဧက(၁၀၀)ခန့်ရှိ ဇီးတော်သီးခြံ
- ပလိပ်က စိန်တလုံးသရက်ခြံ
- လှည်းကူးက ဧကများစွာကျယ်ဝန်းသော ကိုယ်ပိုင်အပန်းဖြေဥယျာဉ်ကြီး
- နေပြည်တော်မင်းကုန်း အုတ်စက်အနီး ၃၈ ဧက ကျယ်သည့် ခြံကြီး
- United Amara ဘဏ်လုပ်ငန်း
- အမရာ ဟိုတယ်(နေပြည်တော် ဟိုတယ်ဇုံ)
- စက်သုံးဆီဆိုင်လုပ်ငန်းများ
- ဆက်သွယ်ရေး(ဖုန်း)လုပ်ငန်း
- IGE ပိုင် မန္တလေး စကျင် ကျောက်ပြားစက်ရုံ (ယခင် စက်မှု(၁)စက်ရုံကို သက်သာသော နှုန်းထားဖြင့် ၅ နှစ် ဌားရမ်းထား)
- ရန်ကုန် သမ္မတ၊ စထရင်း၊ အင်းလျားလိပ် ဟိုတယ်ကြီး(၃)ခု IGE က လုပ်ကိုင်ခွင့်ရ
-အောင်ရည်ဖြိုး၊ IGE၊ MRT စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အကြီးစား လျှပ်စစ်ကြိုးခွေများ တင်သွင်းခြင်းလုပ်ငန်း

ဒီလိုမျိုး ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားဘဏ်တွေမှာလည်း ပိုင်ဆိုင်မှုတွေကို ဒေါ်ခင်ရီရီ၊ ဦးနေအောင်၊ မခင်မိုးညွှန့်၊ မခင်ငုရည်ဖြိုး၊ နာမည်များနှင့် BANK OF AUSTRALIA ၊ BANK OF ENGLAND ၊ OCBC ဘဏ်များမှာ အပ်နှံထား ကြောင်းသိရပါတယ်။ အစပိုင်းမှာ ဒေါ်ခင်ရီရီနာမည်နဲ့ အပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ BANK OF AUSTRALIA မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဝင်းနွယ်၊ BANK OF ENGLAND မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဖြူလှ အမည်များသို့ ပြောင်းလဲ အပ်နှံခဲ့တာကို အမေရိကန် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က စောင့်ကြည့်လျက်ရှိပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျပ်ငွေတွေကိုတော့ ယူနိုက်တက် အမရာဘဏ်ကို တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း လည်ပတ်ရာမှာ သုံးထားပါတယ်။

အစိုးရသစ် တက်လာတဲ့အချိန်မှာ ဦးအောင်သောင်းကို ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ ဥက္ကဌနဲ့ ငြိမ်းချမ်းရေး ကောင်စီဝင်ရာထူးကို ပေးထားပေမဲ့လည်း ငြိမ်းချမ်းရေးကိစ္စမှာ ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု မရှိတာကြောင့် အဆင်မပြေကြောင်း သိရပါတယ်။ လက်ရှိ အစိုးရအဖွဲ့မှာ နေရာမရခဲ့တဲ့ ၀ါရင့်ဝန်ကြီးဟောင်း ဦးအောင်သောင်းဟာ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးတွေကို သူ့လောက် အရည်အချင်း မရှိဘူး၊ နိုင်ငံရေးပါးမ၀ဘူး ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ အထူးသဖြင့် အရပ်သားဝန်ကြီးတွေရဲ့ အားနည်းချက် ပျော့ကွက်တွေကို မီဒီယာပေါ်မှာ တက်လာ အောင်လုပ်နေသူဟာ လူလည်ကြီး ဦးအောင်သောင်းရဲ့ ကောက်ကျစ်တဲ့ နိုင်ငံရေးတိုက်ကွက်တွေဖြစ်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းများအရ သိရပါတယ်။

လက်ရှိအစိုးရ အဖွဲ့အတွင်း အပျော့ဂိုဏ်း၊ အမာဂိုဏ်း ဖြစ်နေတာလည်း ဦးအောင်သောင်းတို့လို အာဏာကို မက်မောပြီး ဓနဥစ္စာကို လိုချင်တပ်မက် အားကြီးတဲ့ သူတွေကြောင့်ဖြစ်ပါတယ်။ ဦးထွန်းကြည်၊ ဦးခင်ညွှန့် တို့ကို ဖြုတ်ချနိုင်ခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာလုပ်ကြံခဲ့တဲ့ ဦးအောင်သောင်းဟာ လက်ရှိ သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို အထင်မကြီးတာ သိပ်တော့မဆန်းပါဘူး။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကိုတောင် လှည့်စားနိုင်ခဲ့တဲ့ ၀ါရင့်သက်တော်ရှည် ၀န်ကြီးဟောင်း တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တွေကို လွှတ်တော်မှာ မေးခွန်းများ မေးမြန်းသင့်ပါတယ်။

ဦးအောင်သောင်းရဲ့ သားပိုင်ကုမ္ပဏီ(၃)ခုအပါအ၀င် စက်မှု(၁)နှင့် ပတ်သက်ခဲ့သော ကုမ္ပဏီများ၊ စက်မှု(၁) ဖျက်သိမ်းလိုက် ရသည့် အကြောင်းရင်းများ လွှတ်တော်တွင် မေးမြန်းလာခဲ့ရင် အာဘောင် အာရင်းသန်သန် ဘယ်လို လိမ်ညာထွက်ဆိုမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကယ်၍ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ အနေဖြင့် အဂတိတရား ကင်းကင်းနဲ့ လာဘ်ပေး လာဘ်ယူမှု မပြုလုပ်ခဲ့ပါဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခဲ့ရင် -

- BANK OF AUSTRALIA တွင် ဒေါ်ခင်ဝင်းနွယ် အမည်ဖြင့် အပ်နှံထားသော နိုင်ငံခြားငွေပိုင်ဆိုင်မှု
- BANK OF ENGLAND တွင် ဒေါ်ခင်ဖြူလှ အမည်ဖြင့် အပ်နှံထားသော နိုင်ငံခြားငွေပိုင်ဆိုင်မှု
-OCBC တွင် အပ်နှံထားသော IGE ကုမ္ပဏီိပိုင်ရှင် ဦးနေအောင်၏ နိုင်ငံခြားငွေစာရင်း
- စက်မှု(၁) စက်ရုံများသို့ တင်သွင်းခဲ့သည့် အောင်ရည်ဖြိုးကုမ္ပဏီ၏ စာရင်းရှင်းတမ်း
-စက်မှု(၁)စက်ရုံများနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောက်လုပ်ခဲ့သည့် ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ၀န်ကြီးဌာန ဘတ်ဂျက် ရယူမှုများကို အတိအလင်း စာရင်းရှင်းလင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

(ရွှေဓူဝံ )

ဆောင်းပါးရှင် ကိုရွှေဓူဝံကတော့ လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်းရဲ့ အတွင်းရေးတွေကို အရှိုက်ကို ဒူးနဲ့တိုက်ပြီး ဖွင့်ချလိုက်ပြန်ပါပြီ..။ အပိုင်း(၆) လူလည်ကြီးများ ဘယ်သူအလှည့် ဆိုတာတော့ ဆက်လက် စောင့်မျှော် ဖတ်ရှူကြပါရန်...။

http://www.demowaiyan.org/2012/03/blog-post_9385.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။