Black Angle
Win Naung
ဝူးဝူးဝါးဝါး ဘင်္ဂါလီကုလား နှင့် ဘာကြောင့်....
ညဥ့်နက်သန်းခေါင်ရှိပြီ။ နာရီအားဖြင့် ၁၂နာရီ ၂၈ မိနစ်။ လေဆိပ်တစ်ခုလုံး၏ နောက်ဆုံးသော လေယာဉ် ထွက်ခွာချိန်ပင်။
စင်ကာပူနိုင်ငံသို့ ပြန်မည့် ခရီးစဉ်အား စတင်တော့မည့် စင်ကာပူနိုင်ငံပိုင် လေကြောင်းကုမ္ပဏီမှ Skilair လေယာဉ်ကြီးသည် ပြေးလမ်းပေါ်တွင် အရှိန်ယူဦးမော့ကာ ပျံသန်းလာခဲ့သည်။ မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး ကို ကျောခိုင်းဖို့ စိုင်းပြင်းနေရင်း မြန်မာ့ ဝေဟင်ပြင်ဝယ် ဘေးကင်းစွာဖြင့် ပျံသန်းသွားနိုင်ခဲ့သည်။
အားလုံး အသားတကျ ဖြစ်သွားချိန်တွင် လေယာဉ်ပေါ်ရှိလူများအားလုံး လှုပ်လှုပ်ရွရွနှင့် အိမ်သာသွားသူက သွားသည်။ သတင်းစာဖတ်သူက ဖတ်သည်။ Skilair လေယာဉ်စီးသူတိုင်းသည် စင်ကာပူသတင်းစာ တစ်စောင်စောင်ကို အလကားဖတ်ပြီး ယူသွားနိုင်သည်။ အားလုံးနီးတူ လှုပ်လှုပ်ရွရွဖြစ်နေသူထဲတွင် ဘေးမှ ထိုင်နေသူ အသားမဲမဲနှင့် လူငယ်သည်လည်း တစ်ယောက်အပါအ၀င်ပင်။
ထမင်းကျွေးသည့် အချိန်သို့ မရောက်ခင် White Card ဖြည့်ဖို့ စိတ်လောနေသဖြင့် White Card ကို ထုတ်လိုက်သည်။ လေဆိပ်တွင် လိုက်ပါပို့ဆောင်ပေးခဲ့သော အလုပ်အေးဂျင့်ထည့်ပေးလိုက်သော နမူနာ ဖြည့်ထားပြီးသော White Card ကို လည်း ထုတ်ပြီး သူမှာခဲ့သည့်အတိုင်း သေချာ ရေးသွင်းနေခဲ့သည်။ တခါမှ မဖြည့်ဖူးသည့်အပြင် ထိုအေးဂျင့်မှ မှာလိုက်သော စကားများသည် ထိုကဒ်တွင် တစုံတရာ မှားယွင်းခဲ့လျှင် အရေးယူခံရတော့မည့် ပုံ ပြောထားသဖြင့် စိတ်အားငယ်စွာဖြင့် ဂရုတစိုက်ဖြည့်နေရသည်။
ပြတင်းတံခါးပေါက်တွင် ထိုင်ပြီး အပြင်က တိမ်တွေကို ကြည့်လိုက် White card ကို ဖြည့်လိုက်နှင့် စင်ကာပူ လေဆိပ်တွင် အဆင်ပြေမှ ပြေပါ့မလားဟု စိုးရိမ်စိတ်များသည်သာ လွှမ်းမိုးနေခဲ့သည်။ ဘေးတွင် လှုပ်လှုပ်ရွရွနှင့် ဂဏာမငြိမ်သေးသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုကို မေးချင်သည့်ဟန်ဖြင့် ဗျာများနေသည်။
မကြာပါ။ White Card ကို ထိုးပေးပြီး လက်ဟန်ခြေဟန်ဖြင့် ပြောလေတော့သည်။ စကားမတတ်သူတစ်ယောက်အသွင်ဖြင့် သူ၏ White Card ကို ဖြည့်ခိုင်းသည်။ ကျွန်တော်ကလဲ ကိုယ့်အရေးနှင့်ကိုယ် စိတ်ရှုပ်နေရချိန်သူများကို အကူအညီပေးဖို့ ဂရုမစိုက်နိုင်အားသဖြင့်
ခဏ
ဟု ပြောလိုက်သည်။ မကြားသည့်နှယ်ဖြင့် ဆက်ပြီး ထိုးပေးသည်။ နောက်တကြိမ်ပြောလိုက်သည်။
ခဏ..... ဒီမှာဖြည့်ပြီးရင် ကူပြီးဖြည့်ပေးမယ်။ မဖြည့်တတ်ရင် ဒီမှာ ကြည့်ပြီး အဲဒီအတိုင်းဖြည့်လိုက်ပါ
ဟု ပြောလိုက်သည်။
White Card စာရွက်ကို ယူလိုက်သည်။ မျောက် အုံးသီးရသလိုပင်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေသည်။ သို့နှင့် မြန်မာလို သေချာနားမလည်လို့ OK? အဆင်ပြေလားဟု အင်္ဂလိပ်လို မေးတော့ ပိုဆိုးတော့သည်။ ရူးရူးရှဲရှဲဖြစ်နေသည်။
မရတော့။ ကူညီပေးမှ မြန်မြန်နားအေးတော့မည်။ မဟုတ်လျှင် ဘေးမှာ ထိုင်ပြီး ညှော်နေတော့မည်။
ကဲ .. ပေး၊ ခင်ဗျား Passport ဆိုပြီး တောင်းကာ သူ့ White Card ကို ဖြည့်ပေးနေသည်။
Name: xxxxx
Passport No: xxxxx
Residential Address: ...
အဲဒီမှာ စပြီ။
လူနာမည်က မြန်မာနာမည်။
နေရပ်က ဟင်္သာတမြို့။ ရပ်ကွက်နှင့် အိမ်အမှတ် များမပါ။
သို့နှင့် မြန်မာပြည် လိပ်စာ အတိအကျကို မေးရတော့သည်။
မြန်မာလိုမေးသည် မဖြေ။ အင်္ဂလိပ်လို မေးသည် ပိုဆိုးသွားသည်။ အဲဒါနှင့် ဘေးမှာ ထိုင်နေသော ခပ်သန့်သန့် လူတစ်ယောက်သည် မနေနိုင်တော့သဖြင့် ထို ပုဂ္ဂိုလ်ထံမှ လေယာဉ်လက်မှတ် အပိုင်းအစနှင့် သူ့ထံမှ ရနိုင်သော စာရွက်စာတမ်းများကို ယူပြီး လိပ်စာကို ဖြည့်တော့မှ သူသည် မြန်မာစကားမတတ်သော မြန်မာပြည်တွင်းနေ မဟုတ်မှန်း သိလိုက်ရသည်။ သူ ပြောနေသော စကားများသည် ဘင်္ဂါလီစကားများပင်။
ထိုသို့ ဒေါသသံဖြင့်ထွက်လာသော စကားကြောင့် ပြည်တွင်းနေမဟုတ်မှန်း ပိုပြီး သိလိုက်ကြသည်။
လာရောက်ကူညီပေးသော လမ်းဘေးစင်္ကြန်ခုံမှ လူသည် စင်ကာပူတွင် နေထိုင်နေသူဖြစ်သဖြင့် ဘင်္ဂလားစကား အနည်းငယ်သိသည့်အပြင် ပါးနပ်မှုရှိသည်။ သူက စာရွက်စာတမ်းကို ကြည့်လိုက်စဉ်ကတည်းက ဘယ်ကိုသွားပြီး ဘယ်ကို ခရီးဆက်မည်ကို သိနေသည်။
ထို ဘင်္ဂလားကုလားသည် အင်ဒိုနီးရှားသို့ သွားရန် စင်ကာပူတွင် ခေတ္တ ၀င်ရောက်ခြင်းဖြစ်သည်။
White Card ဖြည့်သည့် အလုပ်က ပြီးသွားပြီ။... မပြီးသေးသည်မှာ... အတွေးများပင်။
မြန်မာစာလည်း မတတ်၊ အင်္ဂလိပ်စာလည်း မတတ်၊ နေတော့ ဟင်္သာတမြို့။ ရုပ်က ဘင်္ဂါလီခေါ်တောရုပ်၊ ဘာသာက အစ္စလာမ် ဘာသာဝင်။
သေချာသည်မှာ ရခိုင်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီမှန်း တွေးလေပေါ်လေဖြစ်နေတော့သည်။
ကျွန်တော့် နည်းတူ စင်ကာပူနေသူ ပုဂ္ဂိုလ်သည်လည်း ထို ဘင်္ဂါလီကိုကြည့်လိုက်၊ လျှောက်လမ်းကိုကြည့်လိုက်နှင့် အတွေးနယ်ကျွံနေပုံရသည်။
ဘာကြောင့် ဒီလူ ပတ်စပို့ ရခဲ့သနည်း။
ဘာကြောင့် ဒီလူ နိုင်ငံသားစိစစ်ရေးကဒ်ပြား ရခဲ့သနည်း။
ဘာကြောင့် ဒီလူ ဘင်္ဂလားစကားတစ်ခုသာ တတ်ပြီး နိုင်ငံသားကဒ် ရခဲ့သနည်း။
ဘာကြောင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းသည် စကားတစ်ခွန်းတစ်လေမှ မပြောပဲ၊ မစစ်ဆေးပဲ ထွက်ခွင့်ပေးလိုက်သနည်း။
ဘာကြောင့်....ဒီလူ
ဘာကြောင့်... ဒီလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း...
ဘာကြောင့်....ဒီအချိန်မှာ
ဘာကြောင့်....
ဘာကြောင့်....
...
...
...
...
ချန်ဂီ လေဆိပ်သို့ရောက်သည့်တိုင်...ဘာကြောင့်ပေါင်းမြောက်မြားစွာဖြင့် ....
----
အဲမွန်ကနောင်
ဧပြီလ ၁၀ ရက်
၉း၅၉ (စင်ကာပူ စံတော်ချိန်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။