Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 5, 2013

မမေးလည်းဖြေ(၁၁)- ” ၇၈၆” ဆိုသည်မှာ ( By စိန်ဌေးဟန်)

မေး။ ။ အစ္စလာမ် ဘာသာဝင်များဧ။် ဆိုင်များ လုပ်ငန်းဌာနများဧ။် ဆိုင်းဘုတ်များတွင် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ဟူသော ကိန်းဂဏန်း တစ်ခုကို တွေ့ရတတ်ပေရာ ယင်း ’786 ‘ ဟူသည် 7+8+6=21 ကိုကိုယ်စားပြုပီး (၂၁ ) ရာစုတွင် အစ္စလာမ်သာသနာသည် ကမ္ဘာကိုလွှမ်းရမည်ဟူသော အတိတ် နမိတ်ကိုဆောင်ယူကာ အစ္စလာမ် ပြန့်ပွားရေး စီမံကိန်းအား နှိုးဆော်နေသော ကိန်းတစ်ခုဆိုသည်မှာ မှန်ပါသလား ? ။
ဖြေ ။ ။ မွစ်စလင်မ်တို့ဧ။် တိုက်တာအိုးအိမ် အဆောက်အဦး ပစ္စည်းပစ္စယများ အထူးသဖြင့် ဈေးဆိုင်များတွင် 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်)ဟူသော ကိန်းဂဏန်းတစ်ခုကိုတွေ့ရတတ် ပေရာ ယင်းကိန်းဂဏန်း၏ အဖြေမှာလည်း အင်မတန်ရိုးရှင်းလှပါသည်။
သို့ရာတွင် အချို့သောပုဂ္ဂိုလ်တို့မှာ ယင်း ‘786‘ ကိန်းဂဏန်း၏ သဘောသဘာဝကို ရိုးသားစွာ မသိ နားမလည်ခြင်းကြောင့် လည်းကောင်း ၊ အချို့မှာ အစ္စလာမ်အပေါ်တွင် အကောက်ကြံလိုခြင်းကြောင့် လည်းကောင်း ‘786‘ တွင် ပါဝင်သော 786 ကိုပေါင်းလျှင် ၂၁ရသဖြင့် (၂၁)ကို ကိုယ်စားပြုသည် ယင်းသည် ၂၁ရာစုတွင် တစ်ကမ္ဘာလုံး၌ အစ္စလာမ် ပြန့်ပွားရေးအတွက် နိမိတ်ဆောင် စကားလုံး လှုံ့ဆော် စကားလုံးဟု အယူမှားသူကမှား အပူပွားသူက ပွားကြပါတော့သည်။
အမှန်ဆိုရသော် ထိုသို့ လားလားမှ မဟုတ်ရပါ။
အာရဗီစာပေတွင် ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်(၂၈)လုံးရှိပီး ဗျည်းအက္ခရာ တစ်လုံးချင်းစီအတွက် ကိန်းဂဏန်းများဖြင့် အက္ခရာတန်ဖိုး သတ်မှတ်ထားပါသည်။ အစ္စလာမ်သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည်လည်း အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ပို့ချပေးခြင်း ခံရလေရာ ရံဖန်ရံခါ၌ ကုရ်အာန်ကျမ်းဂန်လာစာသားများအား အသုံးပြုရာတွင် မူရင်းအတိုင်း အက္ခရာများဖြင့် မရေးသားပဲ အက္ခရာများ၏ ကိန်းဂဏန်း တန်ဖိုးစုစုပေါင်းကိုသာ သင်္ကေတ ဆောင်ပြီး ရေးသားအသုံးပြုခြင်းသာဖြစ်လေသည်။ ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်လုံးဧ။် ကိုယ်ပိုင်တန်ဖိုးအသီးသီးမှာ

ဤကိန်းဂဏန်းများကို အခြေခံကာ “786” ဟူသော ကိန်းဂဏန်းတစ်ခု ဖြစ်ပေါ်လာရခြင်း ဖြစ်တော့သည်။ ယင်း ကိန်းမှာ ကုရ်အာန်ကျမ်းမြတ်၏ ပထမဦးဆုံး အာယသ်တော်ဖြစ်သည့် ကုရ်အာန် အဖွင့်ကဏ္ဍ၊ ပါဒ ၁ ဖြစ်သော…..
(၁း၁) ကို အက္ခရာတန်ဖိုးတွက်ထုတ်ထားခြင်းသာလျှင်ဖြစ်ပေသည်။ဤအာယသ်တော၏ အဓိပ္ပါယ်မှာ … ” အနှိုင်းမဲ့ ဂရုဏာရှင်၊ ထာဝရ ဂရုဏာရှင် အလ္လာဟ၏နာမတော်ဖြင့် “ ဟု အဓိပ္ပါယ်ရပါသည်။
ဤ အာယသ်တော်၌ အာရဗီအက္ခရာ ၁၉ လုံးဖြင့်ဖွဲ့စည်းထားပြီး ယင်းအက္ခရာ19 လုံးဧ။် အက္ခရာတန်ဖိုး စုစုပေါင်းမှာ

အလ္လာဟ်အသျှင်သည် မွတ်စလင်မ်တို့အား မည်သည့်အလုပ်ကိုမဆို စတင်ကြံရွယ်ပြုလုပ်သောအခါ ဤအာယသ်တော်အား တသ ဆင်ခြင် နှလုံးသွင်းရန် ညွှန်ကြားထားပါသည်။( ကုရ်အာန် တမန်တော်ဟူးဒ်ကဏ္ဍ၊ပါဒ ၄၁၊ ကုရ်အာန် ပုရွက်ဆိတ်ကဏ္ဍ၊ပါဒ ၃၀၊ကုရ်အာန် ဖတ်ရွတ်လော့ ကဏ္ဍ၊ပါဒ ၁)
သည့်အတွက်ကြောင့်ပင် မွတ်စလင်မ်တစ်ဦးအဖို့ မည်သည့် အလုပ်ကို ပြုမူကျင့်ကြံသည်ဖြစ်ပါစေ မိမိဧ။် တစ်ပါးတည်းသော အရှင့်နာမတော်ကို ရှေ့တန်းတင်သည့်အနေဖြင့် “အနှိုင်းမဲ့ဂရုဏာရှင်၊ ထာဝရဂရုဏာရှင် အလ္လာဟ်၏ နာမတော်ဖြင့်”ဟုရွတ်ဆိုကြရပါသည်။
ထို့အပြင် (ကုရ်အာန်အထူးဂရုဏာတော်ရှင်ကဏ္ဍ။ပါဒ ၇၈) တွင်
“အသင့်အား ဖန်ဆင်းတော်မူသော ဘုန်းတော်အနန္တအရှင်၊ ကျေးဇူးတော်ရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် အတိပြီးလေဧ။်” ဟုဆိုထားသဖြင့် မွတ်စလင်မ်တစ်ဦးအဖို့ မိမိအရှင်သခင်၏ နာမတော်ကို စတင်နှလုံးသွင်း တသမိသည်နှင့် တစ်ပြိုင်နက် သစ္စာမာန်တင်းကာ ” ငါ့အရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာရှိ၏ ထို့အတွက် ငါသည် ထိုအရှင၏ နာမတော်ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ရကား ငါနှင့် အမင်္ဂလာအလုပ်သည် မအပ်စပ်၊မထိုက်တန်သည်ဖြစ်သဖြင့် ငါမလုပ်၊ ငါသည်မင်္ဂလာရှိသော အလုပ်ကိုသာလုပ်ရမည်” ဟူသော အသိတရားဖြစ်ပေါ်စေရန်ပင်ဖြစ်သည်။
သို့ရှိရာ မွတ်စလင်မ်မှန်လျှင် အလ္လာဟ့်နာမတော်ကို အစဉ်သဖြင့်ဦးထိပ်နှလုံးသွင်း အမှတ်ရကာ မင်္ဂလာကျက်သရေရှိသော အလုပ်ကိုသာ ရွေးချယ်ပြုမူရသည့်အတွက် အလ္လာဟ်၏ နာမတော်ကို တသ သတိရသောအခါ၌ ဖြစ်စေ၊ ယင်းဧ။်အထိမ်းအမှတ် လက္ခဏာဖြစ်သော “786″ ဟူသော ကိန်းဂဏန်းကို တွေ့မြင်ရသော အခါ၌ဖြစ်စေ၊ မင်္ဂလာတရားကို မျက်ခြေမပျက်စေရန် အတွက် မိမိကိုယ်ကိုမိမိ ပြန်သတိပေးရာရောက်သဖြင့် တရားသတိ အစဉ်နိုးကြားနေလေတော့သည်။
ဤသို့ရှိပါလျှင် “786″ ဧ။် အနှစ်သာရများ အနက်တစ်ချက်မှာ ကျက်သရေ မင်္ဂလာရှိသောအလုပ်ကိုသာ လုပ်ကြရန်အတွက် နှိုးဆော်နေသော “မင်္ဂလာတရားနှိုးဆော်ချက် ” ဖြစ်သဖြင့် လောကဓာတ်ကြီးအတွက် မင်္ဂလာရှိစေသဖြင့် ကောင်းမြတ်လှပါဘိတကား။
ဤဖော်ပြချက်များသည် အမှန်ကို ဆိုထားခြင်းသာဖြစ်ပါသည်။’786‘ တွင်ပါသော ဂဏန်းသုံးလုံးကိုပေါင်းလျှင် 7+8+6=21 ဖြစ်သဖြင့် 21 ဂဏန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် သုံးထားခြင်းသာဖြစ်ရမည်ဟူသော စွပ်စွဲပြောဆိုချက်များ အတွက် မွတ်စလင်မ်တို့ပင် တအံ့တသြဖြစ်ကြရပါသည်။ အကြောင်းမှာ အာရဗီ အက္ခရာတန်ဖိုးအား ထိုသို့ ထပ်ဆင့်ပြန်ပေါင်းလို့မရပါ။ အဓိပ္ပါယ်လည်းရှိမည် မဟုတ်တော့ပါ။ဤယူဆချက်မှာ မွတ်စလင်မ်တို့၏ အယူအဆမဟုတ်ဘဲ အစ္စလာမ်အပေါ် အများသူငါတို့ အကြည်အညို ပျက်လာစေရန် မသမာသူတို့၏ ထွင်လုံးတစ်ခုသာဖြစ်ပါသည်။
ယခုကဲ့သို့ အာရဗီအက္ခရာများကို ဂဏန်းတန်ဖိုးများ သတ်မှတ်ထားခြင်းမှာ မွတ်စလင်မ်တို့သည် ကိန်းဂဏန်းများနှင့် ယဉ်ပါးလျက်ရှိနေနိုင်သဖြင့် အများနှင့်ယှဉ်လျှင် သင်္ချာပညာ၌ နောက်ကျကျန်ရစ်မည်မဟုတ်တော့ရန် အတွက်ပင် ဖြစ်ပါသည်။ထို့ကြောင့်လည်း အလ္လာဟ်ကကုရ်အာန်တွင် ကိန်းဂဏန်းများကိုဖော်ပြထားရာ၌ ဒသမကိန်းသုညဒသမတစ်၊( ၀.၁)ကို ဖော်ပြထားသကဲ့သို့ သိန်းဂဏန်း (တစ်သိန်း) ၁၀၀၀၀၀ ကိုလည်းဖော်ပြထားခြင်းဖြင့် သင်္ချာပညာ မထွန်းကားသေးသော အခါသမယ၌ပင် သင်္ချာပညာကို မွတ်စလင်မ်တို့စိတ်ဝင်စားမှု့ ရှိလာစေရန်၊ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်ချက်လည်း တစ်ချက်ပါဝင်ပါသည်။
အစ္စလာမ်သည် ၂၁ ရာစုကျကာမှ ကမ္ဘာကို လွှမ်းမိုးရမည်ဟု ယူဆသူတို့မှာ ကုရ်အာန်ကိုလည်း နားမလည်၊ အစ္စလာမ်ကိုလည်း မလေ့လာလို့သာဖြစ်ပါလိမ့်မည်။ အလ္လာဟ်သည် တမန်တော်မုဟမ္မဒ်(ဆွ)ကို စေလွှတ်ခဲ့ရာတွင် “ယှဉ်တွယ်ကိုးကွယ်သူများ မနှစ်မြို့သော်ငြားလည်း ထိုအရှင်မြတ်သည်မိမိဧ။် ရစူလ်တမန်တော်အား အလုံးစုံသောဝါဒ လမ်းစဉ်များထက်ဝယ် ထင်ရှားပေါ်လွင်စေရန် တရားလမ်းညွှန်နှင့် ၀ါဒလမ်းစဉ်အမှန်ဖြင့် စေလွှတ်တော်မူ ခဲ့လေသည်။” (ကုရ်အာန် အစီအတန်းများကဏ္ဍ ၊ ပါဒ ၉)
သို့ရှိလေရာ “ထင်ပေါ်ရင် စင်တော်ကကောက်” ဆိုသကဲ့သို့ ဤအာယသ်တော်တွင် အရာ ခပ်သိမ်းတို့ထက်ဝယ် လွှမ်းမိုးထင်ပေါ်မှု့ဟူသည်
(၁) လမ်းညွှန်နိုင်သော တရားလမ်းညွှန်ဖြစ်ခြင်း
(၂) လမ်းစဉ်မှန်ဖြစ်ခြင်း
တို့အပေါ်၌သာ မူတည်နေပါသည်။အစ္စလာမ်သည် ထိုအချက်နှစ်ချက်ပေါ်တွင် လုံးဝအခြေခံ တည်ဆောက် ထားသည်ဖြစ်ရာ မနာလိုမရှုစိမ့်သူတို့ လုပ်ကြံတားဆီးကြ လင့်ကစား ထင်ရှား ပေါ်လွင်နေမည်သာဖြစ်တော့သည်။
“ထိုသူတို့သည် အလ္လာဟ၏ တရားအလင်းရောင်ကို မိမိတို့၏ ပါးစပ်များဖြင့် ငြိမ်းသတ်လိုကြ၏ ၊ သွေဖီငြင်းပယ်သူတို့မနှစ်မြို့ငြားလည်း အလ္လာဟ်သည် မိမိဧ။် တရားရောင်ခြည်ကို ကုံလုံပြည့်စုံအောင် ပြုထားတော်မူလေသည်” (ကုရ်အာန် အစီအတန်းများကဏ္ဍ ပါဒ ၈)
” ညံ့ဖျင်းမှူ့ဖြင့် ရနံ့သင်းမှု့ကို မတည်ဆောက်နိုင်ပါ ဖြစ်လာသမျှကို သစ္စာအလှဖြင့်သာ ရင်ဆိုင်ကျော်လွှားနိုင်ပါမည်”
မွတ်စလင်မ်တို့ဧ။်ဆိုင်များတွင် ‘786‘ ရေးထားခြင်းမှာ မွတ်စလင်မ်အချင်းချင်းကိုသာ အားပေးကြရန်ဖြစ်သည်ဟု စွပ်စွဲသူတစ်ချို့လည်း ရှိပါသည်။ မွတ်စလင်မ်တစ်ဦးအဖို့ရာတွင် အစားအသောက်စားသုံးရာ၌ တရားစည်းကမ်းများကို လိုက်နာရပါသည်။ စားချင်ရာစား သောက်ချင်တိုင်းသောက်လို့မရပါ။ ဤသို့ စားသောက်မိပါလျှင် အလ္လာဟ်၏ အမိန့်တော်ကို မနာခံရာရောက်သဖြင့် လွန်စွာမှပင် အပြစ်ဖြစ်ရပါသည်။
ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်က မွတ်စလင်မ်တို့အား
“အသင်တို့သည် စင်ကြယ်သန့်ရှင်းသော အစာအဟာရများကို စားသုံးကြပီး အကျင့်ကောင်းကိုကျင့်ကြလော့ ” (ကုရ်အာန် ယုံကြည်သူများကဏ္ဍ၊ ပါဒ ၅၁)
” အသင်တို့သည် အလ္လာအသျှင်ပေးသနားထားတော်မူသည်များအနက် တရားဝင် ခွင့်ပြုထားသော သန့်စင်ြပီး ဥပါဒ်ကင်းသော အစာအဟာရများကို စားသုံးကြလော့ ” (ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၈၈ )
“အလိုအလျောက်သေသော တိရိစ္ဆာန်၊ သွေး ၊ ၀က်သား ၊ အလ္လာဟ်အသျှင်မြတ်အပြင် အခြားသောအရာကို ရည်စူးထားသော တိရိစ္ဆာန် ၊ လည်လိမ်ညှစ်ပီး သေသောတိရိစ္ဆာန် ၊ရိုက်နှက်ခံရပီး သေသောတိရိစ္ဆာန် ၊ အမြင့်မှကျပီး သေသောတိရိစ္ဆာန် ၊ ဦးချိုဝှေ့ခံရသဖြင့် သင်တို့ ဇဗဟ်လှီးဖြတ်နိုင်သော တိရိစ္ဆာန်မှအပ သားရဲတိရိစ္ဆာန်များမှ ကိုက်ခဲသတ်ဖြတ်ထားသော တိရိစ္ဆာန်များ ၊ ရုပ်ထု ရုပ်ပွားများထားရှိရာဌာနများ၌ ပူဇော်ပသားရန် လှီးဖြတ်ထားသော တိရိစ္ဆာန်နှင့် မဲမြှားတို့ဖြင့် ကံစမ်းခြင်းသည် အသင်တို့အဖို့ “ဟရာမ်” စားသုံးခွင့်မရှိဟု တားမြစ်ထားပြီး ဖြစ်လေသည်။ ဤသည်တို့မှာ ပြစ်မှူ့ဒုစရိုက်များပင်။(ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၃ )
ဤသို့အားဖြင့် အလ္လာဟ် တားမြစ်ထားသော အစားအသောက်များကို ရှောင်ရှားနိုင်စေရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ မွတ်စလင်မ်တို့သည် မွတ်စလင်မ်တို့အချင်းချင်း လှီးဖြတ်ချက်ပြုတ်ထားသော မွတ်စလင်မ်ဆိုင်များတွင် စားသောက်ခြင်းမှတပါး အခြားမရှိနိုင်ပါ။
တရားတော်က တားမြစ်ထားသော အရာမဟုတ်သည့် အခြားအစားအစာများကိုမူ စားသုံးခွင့်ထားရှိပါသည်။ သည့်အတွက်ကြောင့်ပင် ဘာသာခြားသူတို့ ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်များ၌ပင် မွတ်စလင်မ်တို့ လက်ဖက်ရည် သောက်နေမှူ့များကို လက်တွေ့တွေ့မြင်နိုင်ကြပေသည်။ အခြားသော လူသုံးကုန်ပစ္စည်းများကိုလည်း ဘာသာခြားတို့ရောင်းချသော ဆိုင်များတွင် အပြန်အလှန် ၀ယ်ယူနေကြသည်မှာလည်း မငြင်းနိုင်သော သက်သေ သာဓကတစ်ရပ်ပင်။ “ခင်ရာဆွေမျိုး၊မြိန်ရာဟင်းကောင်း” ဆိုသည့် ရှေးလူကြီးသူမတို့ဧ။် ဆိုရိုးစကားကိုလည်း မမေ့အပ်ပါ။
ဘာသာတရားတိုင်းသည် သဘောထားကြီးမှု့ကိုသာ သင်ကြားကြပါသည်။ သို့ရာတွင် ဘာသာတရား၏ သင်ကြားချက် စည်းဘောင်ထက်ကျော်လွန်ကာ ဘာသာဝင်တစ်ချို့တွင်ကား အယူသည်း အစွန်းရောက်မှု့ များလည်း ဘာသာတရားအသီးသီးဧ။် ဘာသာဝင်တိုင်းတွင် ရှိနိုင်ပါသည်။ဤသည် ထိုပုဂ္ဂိုလ်များဧ။် ကိုယ်ပိုင်ပြသနာသာ ဖြစ်ပါသည်။
အစ္စလာမ်သည် အယူသည်းမှု့ကို ဘယ်အခါမျှအားမပေးပါ မတိုက်တွန်းပါ။သင်ကြားမှု့လည်းမရှိပါ။ အောက်တွင်ဖော်ပြထားသော ကုရ်အာန်အာယသ်တော်နှင့် တမန်တော်မြတ်ကြီးဧ။် မိန့်ခွန်းများသည် ၀င့်ဝင့်ကြွားကြွား သက်သေခံပါလိမ့်မည်။
” အသင်တို့သည် ဘာသာသာသနာရေးရာ၌ အယူသည်းအစွန်းရောက်ခြင်း မပြုကြလေနှင့်” (ကုရ်အာန် အမျိုးသမီးများကဏ္ဍ ပါဒ ၁၇၁ )
” ဘာသာတရား၌ အယူသည်းအစွန်းရောက်မှူ့အား အထူးရှောင်ရှားကြလေကုန်။ အသင်တို့အရင်ကရှိခဲ့ကြသော သူတို့သည် ဘာသာသာသနာအရေး၌ အယူသည်း အစွန်းရောက်မှု့ ကြောင့်သာလျှင် ပျက်စီးခဲ့ကြရလေသည်။”
(မုဟမ္မဒ်သခင်၏ ဟာ့ဂ်ျမိန့်ခွန်း)
http://www.m-mediagroup.com/news/5756

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။