Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 5, 2013

အဇ္ဇျိတ ကို အရေခွံ ချွတ်ကြည့်ခြင်း ။

Hla Wai and 3 other people shared ကိုဝိုင် ဝိုင်ကေ's photo.
အဇ္ဇျိတ ကို အရေခွံ ချွတ်ကြည့်ခြင်း ။
*************************

သူက . . ဖခင်ကောင်းဖြစ်ဖို့.... စနစ်ဟောင်းကို တော်လှန်နေသူ
သူဟာ...ခေါင်းခံ ကောင်းလို့.... စနစ်ဟောင်းကို အရေခွံလဲနေသူ။

သူက သာမန် ရိုးရိုးကြီးပဲ 
(သူဟာ စစ်သားကြီးပဲ)
သူက သာမန် ဦးလေးကြီးပဲ
(သူဟာ အာဏာရှင်ကြီးပဲ)
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
(သူ့မှာသာမန် ပြည်သူနဲ့မတူတဲ့ အာဏာရှင်စိတ်တော့ရှိတယ်)
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့မယ်ဆိုပြီး
(ခေတ်ဟောင်းကို အရောင်ပြောင်းဖို့ စနစ်ဟောင်းက လူတွေကို ဦးဆောင်အရေခွံလဲခဲ့)။

တိုင်းပြည်ဟာ မြေစမ်း ခရမ်းပျိုးကာလပါ
(တိုင်းပြည်မှာပဲ မြေစမ်း ကြေးနီရှာ ကာလပါ)
အနည်းဆုံးတော့ တိုင်းပြည်ကို စေတနာရှိတာ
(လက်တွေ့မှာ တော့ ခရိုနီတွေကို စေတနာ အသာ)
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ် 
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်
သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
(သူဟာ အနားယူသင့်နေပြီ )
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကို ဘယ်သူကများ စာနာနားလည်ပေးမလဲ
(သူဟာ မသန်စွမ်းတဲ့ ဦးနှောက်တစုံကို ရာထူးအာဏာအရှိန်နဲ့ ခုန်စေခဲ့လို့ သူ့ဖိစီးမှုကို ဘယ်သူက သနားမလဲ)။

သူက လူလိမ်လို့အပြောခံရတယ်
(သူဟာ မလိမ်ခဲ့လို့လား)
သူက ရွှေပန်းနဲ့အကြိုခံရတယ်
(သူဟာ ဖိနပ်နဲ့လည်း အကြိုခံရတယ်)
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
(သူဟာ မျက်နှာ အကြိမ်ကြိမ်ပြောင်တယ်)
သူ့မိသားစုမှာ သူက ဖခင်ကောင်း
(သူ့မိသားစုမှာ သူက ငွေတွင်းကြီး)
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
(သူ့တိုင်းပြည်မှာ သူက ခေါင်းရှောင်ကောင်း)
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်
(စနစ်ဟောင်းကို ရဲဝံ့စွာ သူဖုံးအုပ်ဝံ့တယ်)
သူက သာမန်လူသားတစ်ယောက်ပဲ
(သူဟာ ကြံ့ဖွံ့တယောက်ပဲ)
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
(သူ့မှာ မဲခိုးစွမ်းနိုင်အားတွေ ရှိတယ်)
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
(စေလိုရာ စေဖြစ်စေဖို့ နာဂစ်ကာလက အဓမ္မ ၂၀၀၈ ရှိတယ်)
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်
(အရာရာကို စာဖတ်နေသူကြီးနဲ့စုံတွဲလို့ ဒီမိုကရေစီအတုကို သူဖေါ်ဆောင်နေတယ်)
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်
(သူ့မှာ သူတို့ လုပ်သမျှ အတွက် အကာအကွယ်ယူရမယ့် ဒေါ်စုရှိတယ်)
သူ့မှာ တိုင်းပြည်အတွက် လက်တွဲမယ့် ကိုမင်းကိုနိုင် ရှိတယ်
(သူ့မှာ သူတို့ကို အကောင်းမြင်စေဖို့ လွှတ်ပေးထားတဲ့ ကိုမင်းကိုနိုင်တို့ရှိတယ်) 
သူ့မှာ တိုင်းပြည်အတွက် လက်တွဲမယ့် ပြည်သူတွေရှိတယ်
(သူ့မှာ သူဘာလုပ်လုပ် လည် စင်းခံရမယ့် ပြည်သူတွေရှိတယ်)
သူ့မှာ မြန်မာပြည်ကို ချစ်စိတ်ရှိတယ်
(သူ့မှာ အာဏာကို ချစ်စိတ်ရှိတယ်)
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက် အဖက်ဖက်ကနေ သူကြည့်ရှာတယ်
(သူ့ရင်ခုန်သံဟာ တိုင်းရင်းသား ရဟန်း ရှင်လူ ပြည်သူများရဲ့ သွေးစက်၊ အဖက်ဖက်ကနေ သူကြည့်ရှောင်တယ်)။

မောနေပါပြီ
(နားသင့်ပါပြီ)
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ
(သူသွားတဲ့ ခရီးတိုင်းမှာ တိုင်းသူပြည်သားများရဲ့မေတ္တာပို့ခြင်းလည်း ခံခဲ့ရ၊ မျက်နှာကလည်း ပြောင်လိုက်ပါ့)
ကလင်တန်ကို ရိုသေခ
အိုဘားမားကို ရိုသေခ
ယင်လတ် ကို ရိုသေခ
ဒီအဖိုးအခအဖြစ် သမ္မတရာထူးကို ၂၀၁၅မှာ သူ ရချင်ရမပေါ့ ။

သူ . . မောနေပါပြီ
(သူ....မမြင်ရတော့ပါ)
အနာဂါတ်က မှောင်ပြပြ
(မြန်မာပြည်ကလည်း မှောင်မြဲ ပ)
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
(တတ်စွမ်းသမျှ အလင်း ရောင်းစားချင်တဲ့သူ)
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
(သူ့ပုံစံက ကြောင်တောင်ကန်းများလား)
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
(သူ့မျက်ဝန်းတွေက စာနာမှုတွေ ရှိနေလို့လား)
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
(သူ့အပြုံးတွေက အစွယ်တွေ အဖွေးသား)
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
(သူ့မှာ ဝမရှိဘဲ ဝိလုပ်ခဲ့တဲ့ ရလာဒ်တချို့)
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
(သူ့မှာ သူ့ကိုယ်သူ ကယ်ဆယ်နေရတဲ့ ဒုက္ခတချို့)
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
(သူ့မှာ သူ့ကိုယ်သူ ထမ်းတင်နေရတဲ့ ၂၀၁၅အနာဂတ်)
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား
(နံနက်တိုင်းမှာ နံနက်စာ မစားနိုင်သူများလို သူငိုနေလို့လား) ။

သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
(သူလင်းစေချင်တယ် သူနဲ့ ပတ်သက်သူများဖို့)
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
(သူ့ရာထူးကို ချစ်စိတ် သူ့နေ့ရက်တိုင်း ထိပ်မှာရှိတယ်)
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
(သူ့လက်အစုံဟာ အရေးကြုံရင် မောင်းတင်ဖို့အတွက်)
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
(သူ့ခြေထောက်တစ်စုံဟာ ကျောင်းသားများကို ကန်ကျောက်ဖို့အတွက်လား)
အဖက်ဖက်ကနေ လေးစား
(အဖက်ဖက်ကနေ လိမ်စား)
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
 မြန်မာပြည်ရဲ့ အရှင်ပါ
(အဲသည့်အကြွေးများ ဘယ်သူတွေလုပ်လို့ တင်ခဲ့တာလဲ)။

သူ ဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
(သူ ဘယ်နှစ်လောက်အထိ ဆက်ချင်နေလဲ)
၂၀၁၅...၂၀၁၆...၂၀၁၇..... ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
(ဇရာထောင်းတယ်ဆိုလည်း ညောင်းတော့ကွယ်)
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
(ဖိအားကို မီးရှို့ပစ်မယ်၊ သေနတ်နဲ့ ပစ်မယ်၊ တုတ်နဲ့ ရိုက်မယ်)
ဘယ်တော့မှ စိတ်မပျက်ဘူး
(ဘယ်တော့မှ ဆင်းမပေးဘူး)
ဘယ်တော့မှ လက်မှိုင်မချဘူး
(ဘယ်တော့မှ ဒေါ်စု လက်ထဲမထည့်ဘူး)

သူချစ်တဲ့ တိုင်းပြည်အတွက် စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ 
(သူချစ်တဲ့ အာဏာအတွက် စနစ်ဟောင်း ကို အရောင်ပြောင်းနေသူ) ။

ချေပသူ-

ကိုဝိုင်ဝိုင်ကေ
မတ်(၅)၂၀၁၃။

မူရင်း ကဗျာ ဖတ်လိုလျှင် -

https://www.facebook.com/photo.php?fbid=538738569481431&set=a.337399919615298.77495.270534842968473&type=1&relevant_count=1
အဇ္ဇျိတ ကို အရေခွံ ချွတ်ကြည့်ခြင်း ။
*************************

သူက . . ဖခင်ကောင်းဖြစ်ဖို့.... စနစ်ဟောင်းကို တော်လှန်နေသူ
သူဟာ...ခေါင်းခံ ကောင်းလို့.... စနစ်ဟောင...်းကို အရေခွံလဲနေသူ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။