New MyanmarFoundation shared Aye Chan Mon's photo.
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့တစ်ဦးသည် ကောက်ရသေ...ာ စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟုသိရသည်။ ၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် ပိုင်ရှင်က၎င်းအတွက် ရန်ပုံငွေရှာဖွေကာ ကျေးဇူးတုန့်ပြန်သောအားဖြင့် ကန်ဒေါ်လာ ၈၆,၀၀၀ကို ပေးအပ်ခဲ့သည် ဟုသိရသည်။ မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်းရမ်းသူ ဘီလီရေးဟားရစ်သည် ၎င်း ခွက်ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟုသိရသည်။ ၎င်း၏ ရိုးသားမှုဂုဏ်သတင်းအား လက်စွပ်ပိုင်ရှင် ဆာရာဒါလင်က အများသိအောင် ကြေညာပြီးအများထံမှ ရန်ပုံငွေကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က စတင်ခဲ့သည် ဟုသိရသည်။ ၎င်း၏အကြောင်းကို သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့သဖြင့် ဖတ်ရသူတိုင်း လေးစားကြည်နူးကြသည် ဟုသိရသည်။ ဘီလီ၏ ရိုးသားမှုကို လေးစားသဖြင့် ဒေါ်လာတစ်ထောင်အထိ လှူဒါန်းသူများပင် ရှိသည်ဟုသိရသည်။
အေးချမ်းမွန်မှ ( ပြည်မြန်မာ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။