Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 19, 2013

" အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ" ဆိုသော သတင်းဆောင်းပါးနှင့် စပ်လျဉ်း၍

 
" အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား
ပြင်းထန်စွာ ဝေဖန်လိုက်ကြ" ဆိုသော သတင်းဆောင်းပါးနှင့် စပ်လျဉ်း၍
by Khin Ma Ma Myo

http://www.mizzimaburmese.com/news/world-news/11147-2013-03-18-10-50-34.html

မဇ္ဈိမသတင်းဌာနရဲ့ မြန်မာပိုင်း စာမျက်နှာပေါ်မှာ ပါရှိတဲ့ " အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ" ဆိုသော သတင်းဆောင်းပါးနဲ့ စပ်လျဉ်းပြီး အနည်းငယ် တင်ပြလိုပါတယ်။

(၁)ဒီဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက အနည်းငယ်
မှားနေပါတယ်။ ဒီပွဲကို အောက်စဖို့ဒ်ကျောင်းသားကိုယ်စားလှယ်အဖွဲ့က ကျင်းပတာ မဟုတ်ပါဘူး။ အောက်စဖို့ဒ်တက္ကသိုလ်မှာ အရှေ့တောင်
အာရှပရောဂျက်ဆိုတဲ့ သုတေသနပရောဂျက်ရှိပါတယ်။ ဌာနစုံက ပါမောက္ခတွေ အပါအ၀င် ဒေါက်တာဘွဲ့ရပြီးသူအများစု ဦးဆောင်ပြီး သုတေသနတွေ လုပ်နေကြပါတယ်။အဲဒီသုတေသနပရောဂျက်က ပြုလုပ်
တဲ့ 2nd Annual Southeast Asian Studies Symposium ဖြစ်ပါတယ်။

(၂) ဒီပွဲမှာ မြန်မာ့အရေးကပဲ လွှမ်းမိုးခဲ့တာမဟုတ်ပါဘူး။ Panel 21 ခု ပါဝင်ပြီး၊ Roundtable 3 ခု ပါဝင်ပါတယ်။ အဲဒီမှာ စာတမ်း (၁၀၂) စောင် တင်သွင်းဆွေးနွေးကြရာမှာ မြန်မာနဲ့ ပတ်သက်တဲ့ စာတမ်း သုံးလေးခုပဲ ပါဝင်ပြီး၊ မြန်မာလူမျိုးထဲမှ စာတမ်းတက်ရောက်ဖတ်ကြားတဲ့ မြန်မာနှစ်ဦး၊ Roundtable မှာ ပါဝင်သူ မြန်မာတဦးနဲ့ အခြားလေ့လာသူ အချို့ တက်ရောက်ခဲ့ကြပါတယ်။ Roundtables ၃ခု မှာ တခုက The Future of Myanmar ဖြစ်ပြီး၊ အဲဒီမှာ ခြောက်ဦးပါဝင်ဆွေးနွေးကြပါတယ်။
ဆွေးနွေးသူ ခြောက်ဦးကတော့ လန်ဒန်တက္ကသိုလ်၊ Queen Mary မှ
Dr Lee Jones၊ ဘားမားကင်ပိန်းမှ Ms Anna Roberts၊ လန်ဒန်တက္ကသိုလ် SOAS မှ Dr Mandy Sadan၊ အင်ဒိုနီးရှားတက္ကသိုလ်မှ Dr Peter Carey၊
မြန်မာနိုင်ငံဆိုင်ရာ ယူကေသံအမတ်ဟောင်း Ms Vicky Bowman နဲ့ Burma Independence Advocates မှ Mr Zaw Nay Aung (မြန်မာလူမျိုး) တို့ ဖြစ်ပါတယ်။ မတ်လ (၉) ရက်နဲ့ မတ်လ (၁၀) ရက်တို့မှာ ကျင်းပတဲ့
ဆွေးနွေးပွဲမှာ ပထမနေ့မှာ နံနက် (၁၀) နာရီမှ (၁၁) နာရီခွဲအထိ အချိန် တနာရီခွဲကြာ ဆွေးနွေးခဲ့ပြီး၊ တပြိုင်နက်တည်းမှာပဲ အခြား Panel သုံးခုလဲ ရှိနေပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲတက်ရောက်ခဲ့သူများက ပွဲလေးပွဲမှာ ပျံ့ကျဲနေတာ ဖြစ်ပါတယ်။ မြန်မာပြည်အကြောင်းကိုပဲ အားလုံးပါဝင်
ဆွေးနွေးကြတာ မဟုတ်ပဲ၊ အရှေ့တောင်အာရှလေ့လာရေးဖြစ်တဲ့အတွက်
မြန်မာ့အရေးကပဲ လွှမ်းမိုးခဲ့တာ မဟုတ်ကြောင်း ပြောကြားလိုပါတယ်။

(၃) ဆွေးနွေးပွဲအနှစ်ချုပ်တွေနဲ့ ပတ်သက်လို့ အခုဒီသတင်းမှာ ဘားမားကင်ပိန်းက Ms Anna Roberts ရဲ့ ဆွေးနွေးချက်နဲ့ အင်ဒိုနီးရှား တက္ကသိုလ်က Dr Carey ရဲ့ ဆွေးနွေးချက်တွေကိုပဲ ထည့်သွင်းထား ပါတယ်။ အခြားလေးယောက်ရဲ့ ဆွေးနွေးချက်တွေ ထည့်သွင်းထားတာ မတွေ့ရှိရပါဘူး။ ပါဝင်သူ ခြောက်ယောက်မှာ တဦးကို (၁၅) မိနစ်ခန့် သူတို့ကိုယ်ပိုင်အမြင်ကို တင်ပြဆွေးနွေးခွင့်ရှိပြီး၊ အားလုံးပြီးသွားချိန်ကျမှ
မေးခွန်းများဖြေကြားခြင်း၊ မှတ်ချက်များပေးခြင်းတို့ကို ပြုလုပ်တာ ဖြစ်
ပါတယ်။ တဦးချင်းရဲ့ တင်ပြချက်အမြင်များသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး
ဆိုင်ရာ ထောက်ခံမှု၊ ဝေဖန်မှုများကို သုတေသန စာတမ်းများ ဆိုင်ရာ
ဆွေးနွေးပွဲမှာ ပြုလုပ်ခဲ့ခြင်း လုံးဝ မရှိပါဘူး။ အရှေ့တောင်အာရှ ပရောဂျက်ကို အဆင့်မြှင့်ပြီး၊ အောက်စဖိုဒ့်တက္ကသိုလ်မှာ အရှေ့တောင်
လေ့လာရေး သုတေသနစင်တာ တခု တည်ထောင်နိုင်ရေးအတွက်
မျှော်မှန်းပြီး၊ အရှေ့တောင်အာရှရေးရာ သုတေသီများရဲ့ focal point အဖြစ်၊ ဆွေးနွေးပွဲ ကျင်းပခြင်းသာ ဖြစ်ပါတယ်။

(၄) ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို
အောက်ပါ လင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://projectsoutheastasia.com/academic-events/sea-symposium-2013

(၅) သဘောထားအမြင်များနဲ့ ပတ်သက်ပြီး ဘာမှ comment မပေးလိုပါ။ သတင်းအချက်အလက် အနည်းငယ် မှားယွင်းနေမှုကို ဖြည့်စွက်ပြင်ဆင် တင်ပြပေးခြင်း ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲရဲ့ Panel 13 မှာ ကျွန်မ ပါဝင်ပါတယ်။

ခင်မမမျိုး (၁၉၊ ၃၊ ၂၀၁၃)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။