အူတက်အောင်ရီရသောဟာသများနဲ့အခြား
်အမြန် .... လမ်းမကြီးမှာ ကားမောင်းလာရင်း မူးမေ့လဲခါနီး အမျိုးသမီးတစ်ယောက် အကူအညီတောင်းလို့ ဆေးရုံ လိုက်ပို့လိုက်တယ်။
ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာစရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီဗျ။
...
"ဟာ ဘယ်ကလာ။ သူကကျွန်တော့မိန်းမ မဟုတ်ဘူးဗျ။"
ယင်းအမျိုးသမီးအား ဆရာဝန်က မေးမြန်းသောအခါ " ဟင့်အင်း သူက ကျွန်မ ယောင်္ကျားပါ"
အဲဒီမှာ ကျွန်တော် ဇောချွေးတွေ ပြန်နေပါတော့မယ်။
မဟုတ်ပါဘူးလို့ ငြင်းရရဲ့သား ဒီကောင်မလေးက ဘာစိတ်ကူးပေါက်လို့ သူ့ယောက်ျားလို့ဆိုမှန်းမသိ။
ဒီတော့ တာဝန်မဲ့ချင်ရလားဆိုပြီး ဆရာဝန်များက ကျွန်တော့်ကို DNA စစ်ဆေးမယ်လို့ဆိုပါတယ်။
သဘောတူလိုက်ပြီး DNA စစ်ဆေးလိုက်ရာ အဖြေထွက်လာပါတော့တယ်။
"ဟုတ်ပါတယ် ခင်ဗျားက သူ့ယောင်္ကျားမဟုတ်ပါဘူး။ မိတ်ဆွေက မွေးကတည်းက မြုံနေသူ ဖြစ်ပါတယ်။
ဘယ်တော့မှ ကလေးမရနိုင်ပါဘူး။ ဆောရီးဗျာ။ လူကြီးမင်း ပြန်နိုင်ပါပြီ။"
အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကိုအပြန် ဟိုင်းဝေးလမ်းမကြီးမှာ တစ်ယောက်တည်း ဇောချွေးတွေ ပြန်နေပါတယ်။
်......ဒါဆို င့ါမိန်းမ မွေးတဲ့ သားနဲ့သမီးက ဘယ်လိုရလာတာလဲ.......
တိန်
ရီမောပျော်ရွှင်ပါစေ...
Lon Ely

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။