အူတက်အောင်ရီရသောဟာသများနဲ့အခြား
အမျိုးသားကြီးတစ်ယောက်ဟာ လူနာတွေပြည့်နေတဲ့ အထူးကုဆေးခန်းတစ်ခုသို့ ၀င်လာ၏။
ပီးနောက်...လူနာ လက်ခံသည့် စာရေးမလေးရှေ့ သွားရပ်ကာ.....
" ဦးစာရင်းပေးချင်လို့ပါ။ ဦးရဲ့ ငယ်ပါမှာ ရောဂါရှိနေတယ် ထင်လို့လာခဲ့တာပါ " ဟု ပြောလိုက်သည်။
ထိုအခါ စာရေးမလေး မှ" ဒီလိုစကား မျိုး လူအများရှေ့ မှာ မပြောသင့်ပါဖူး" ဟု ပညာပေးလိုက်၏။
ထိုအမျိုးသားကြီးမှ...." .....ဒါဆေးခန်း ပဲလေ......ဒီလိုမပြောလို့ ကျုပ်...ဘယ်လိုပြောရမှာလဲဗျ..".
စာရေးမလေးမှ.....
" ကျမတို့ ဒီနေရာမှာ...ဒီလို စကားလုံးမျိုးတွေ မသုံးပါဖူး.....ဒီတော့ ကျေးဇူးပြုပီး အပြင်ထွက်ပေးပါ။ ခဏနေတော့ ပြန်ဝင်လာပါ။
အဲဒီအခါကျရင်....ဥိးရဲ့ နားရွက် ဒါမှမဟုတ် အခြားတခုခုပေါ့ ဘာဖြစ်မှန်း မသိလို့ပါလို့ ပြောပြပါ။ဟုတ်ပြီ လား...ဦး..".....ဟု ဆို၏။
အမျီုးသားကြီးလည်း စာရေးမလေး ဆိုသည့် တိုင်း ဆေးခန်းပြင်ပ သို့ ထွက်သွာူး၏။
မိနစ် အတော်ကြာသော အခါ ပြန်ဝင် လာ၏။ထိုအခါ လူနာလက်ခံ သည့် ခုန က စာရေးမလေးသည် ပျူငှာစွာ ပြုံးလျက်.....
" ဟုတ်ကဲ့...ဘာ..ကူညီ ရမလဲ ဦး...."....ဟုဆို၏။
အမျီုးသားကြီး မှ..." .....ဦးရဲ့နားရွက် က ဘာဖြစ်နေမှန်းမသိဖူး မိန်းကလေး.."..ဟု.....ပြော၏။
စာရေးမလေးမှ သဘောပေါက်ဟန်ဖြင့် ခေါင်းကလေး ညိတ်ပီး.......
" ဦးနားရွက်က ဘာဖြစ်နေလို့လဲ " ဟု အလေးအနက်ထားဟန်ဖြင့် မေးလိုက်ရာ.....
ကျနော်တို့၏ အမျိုးသားကြီးပြန်ဖြေလိုက်တာက..
" သေးပေါက်လို့မရဖူးလေ..."....ဟု မဆိုင်းမတွပြန်ဖြေလိုက်လေသတည်း။
တိန်
ရီမောပျော်ရွှင်ပါစေ....
Lon Ely.......
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။