Aung Than Nyunt Aungnilai shared Aye Chan Mon's photo.
TineHtetAung: TSJ TechTeam
သင့်ကို Facebook မှာ သင့်ရဲ့ သူငယ်ချင်း တစ်ယောက်လောက်က Unfriend လုပ်သွားတာ သင်သိရပြီဆို...ရင် အဲ့ဒီအကြောင်းကို တအုံ့နွေးနွေးနဲ့ အမြဲတမ်း ပြန်စဉ်းစားမိနေတာ ဖြစ်ဖူးတယ် မဟုတ်ပါလား....
Colorado တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တာက Online မှာ ဆက်ဆံရေး ရပ်ဆဲလိုက်မယ်ဆိုရင် တကယ့်လက်တွေ့ဘ၀နယ်ပယ်မှာပါ အကျိုးသက်ရောက်မှုရှိပြီး အခင်အမင်တွေ ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အလားတူပဲ Facebook မှာ Unfriend လုပ်ခြင်းဟာ Digital နည်းလမ်းအားဖြင့် သူငယ်ချင်း မိတ်ဆွေအချင်းချင်း ဒေါသထွက်အောင် လုပ်နည်းတစ်မျိုးလိုလဲ ဖြစ်နေပါတယ်။
Facebook မှာ Unfriend လုပ်လိုက်တာဟာ အမှန်တကယ်လည်း လူတွေကို အဆက်အဆံတွေ ပျက်ဆီးစေနိုင်ပါတယ်။
တကယ်လို့များ ကိုယ့်ကို Unfriend လုပ်လိုက်တာ သိသွားတယ်ဆိုရင် "အင်း ဒီလူကတော့ ငါနဲ့ ဆက်ပြီး အပြောအဆို အဆက်အဆံ မလုပ်ချင်တော့တာ ငါ့ကို သိအောင် လုပ်ပြလိုက်တာပဲ ဖြစ်မှာ“ လို့ ပြောမိမှာပါဘဲ။ အဲ့ဒီနောက်မှာတော့ သူ့ကို မတွေ့ချင်၊ မမြင်ချင်၊ အဆက်အဆံမလုပ်ချင်တော့အောင် ခပ်စိမ်းစိမ်းတွေ ဖြစ်သွားကြ တက်ပါတယ်။
သုတေသန ပညာရှင် Christopher Sibona ရဲ့ လေ့လာမှုမှာ လူတွေ Facebook မှာ Unfriend လုပ်ရတဲ့အကြောင်းအရင်း လေးမျိုးရှိကြောင်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
1) အရေမရ အဖတ်မရ အရေးမကြီးတဲ့ အကြောင်းအရာတွေပဲ အမြဲတင်နေတဲ့အတွက်ကြောင့်
2) နိုင်ငံရေးတွေ၊ ဘာသာရေး အကြောင်းတွေပဲ အာပေါင်အာရင်းသန်သန် လျှောက်ပြောနေတဲ့အတွက်ကြောင့်
3) လိင်ကိစ္စတွေ၊ လူမျိုးရေးအကြောင်းတွေပဲ တင်နေတဲ့အတွက်ကြောင့်
4) ထွေထွေထူးထူး မရှိဘဲ ပြင်းရိငြီးငွေ့ စရာကောင်းတဲ့ အကြောင်းအရာတွေပဲ တင်နေတဲ့အတွက်ကြောင့်
အဲ့ဒီလို အကြောင်းအရာတွေကိုပဲ အမြဲတမ်းတင်နေမယ်ဆိုရင် သူတို့ တင်ချင်တာတင်ပစေ မဖတ်ဘဲ၊ မကြည့်ဘဲ ထားတက်ကြပါတယ်။ နောက်ဆုံး မျက်စိနောက်လာတဲ့ အချိန်မှာတော့ Unfriend လုပ်တက်ကြတယ်လို့ ဆိုပါတယ်။
တကယ်တော့ အဲ့ဒီအကြောင်းအရာလေးမျိုးအပြင် အမှန်တကယ် မုန်းတီးလို့ Unfriend လုပ်တာမျိုးလဲ ရှိတက်ပါတယ်။
အဲ့ဒီလိုမျိုး Unfriend လုပ်တဲ့နေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ Unfriend ဖြစ်ပြီးသွားရင် အဲ့ဒီလူကို မတွေ့မမြင်ချင် လောက်အောင် ပိုပြီး ရှောင်ကြဉ်လိုကြတယ်လို့ ဆိုပါတယ်။
Social လောကမှာ ကြဉ်ဖယ်ခြင်းခံရတာကလည်း မိမိကိုယ်ကို အထင်ကြီးလေးစားခြင်း (Self-esteem) ကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ညွန်ပြနေပါတယ်။ အဲ့ဒါကြောင့် လေ့လာသူတွေက Social Media တွေကတစ်ဆင့် ဖြစ်ပွားလာတဲ့စိတ်ခံစားမှုတွေဟာ
အဲ့ဒါကြောင့် Online မှာ Unfriend လုပ်တာဟာ ဘာမှ မဖြစ်ပါဘူးလို့ မတွေးဘဲ တကယ့်ဘ၀မှာမှာ သက်ရောက်မှုတွေ ရှိတယ်ဆိုတာ သိရှိပြီး၊ မိမိရဲ့ Online ဘ၀က ခင်မင်ရင်းနှီးမှုတွေကိုလည်း အလေးအနက်ထားပြီး နေထိုင်ဆက်ဆံနိုင်ကြဖို့ မျှဝေလိုက်ရပါတယ်။
Ref: Fox 31News Denver
Credit to : TechSpace Journal
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။