Khant Nyi Phae
အံ့သြစရာလေ...
နှင်းဆီတွေမှာ ဆူးမပါတော့ဘူး
မထူးတဲ့ အဖြစ်ပျက်
အခူးမခက်တာ သေချာနေပြီပေါ့..
နှင်းဆီရဲ့ မာန
ခ၀ါမချစေချင်ဘူး
အဖူးကတည်းက ထိန်းသိမ်း
ဘယ်ညာမယိမ်းတဲ့ မဏ္ဍိုင်လို
ခိုင်မြဲတဲ့ ဆူးမာဖြင့်
ထူးကဲစွာပွင့်လာတာပါ..
ဒါပေမယ့်လေ
ခူးခြွေတဲ့သူမရှိသေးခင်
ဆူးတွေမဲ့စွာ အလှပြင်ထားတဲ့
မာနမဲ့နှင်းဆီရေ..
မင်း...ဘ၀တွေ
အစဉ် စိုပြေနေပါစေတော့
တန်ဖိုးကတော့လျော့သွားပြီလေ...။
"ခန့်ညီဖေ"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။