ညီမလေးဖတ်ဖို့

သက်တန့်ချို ညီမလေးရေ . . . ဒီညမှ ပဲထူးထူးခြားခြား ရာသီဥတုက မပူမအေးပဲ နေလို့ထိုင်လို့ကောင်းပါတယ် ။ ညီမလေးအတွက် စာတစ်စောင်ရေးနေကျ အကိုက ဒီညလေးမှာတော့ ညီမလေးအတွက် စာလေးတစ်စောင်ရေးပေးလိုက်ပါတယ် ။ ဒီစာလေးရဲ့ခေါင်းစဉ်ကိုတော့အကိုက ( လူသားနှင့်ဘ၀ အကြောင်း ) လို့ပေးမယ်စဉ်းစားထားတယ်ညီမလေးရဲ့ ဒီတစ်ခါစာကိုတော့အရင်စာတွေလို အကိုအရှည်ကြီးရေးမှာမဟုတ်ပါဘူး ။ တိုတိုလေးနဲ့ပဲအကို ပြောချင်တဲ့အချက်
...တွေကိုပြောပြသွားမှာဖြစ်ပါတယ် ။
ညီမလေးရေ . . . လူတွေဟာ မွေးလာကတည်းက အောင်မြင်ချင်ကြတယ် ။ ကျော်ကြားချင်ကြတယ် ။ ဘ၀မှာလူတွေက ၀ိုင်းပြီးမြှောက်စားချီးကျူးချင်ကြတာကိုခံချင်ကြတာ လူ့သဘာဝပါပဲ . . ဒီတော့လူတွေအားလုံးက အောင်မြင်ဖို့အတွက်ပဲကြိုးစားကြတယ်ကျော်ကြားဖို့ လူသိများဖို့အတွက်ပဲကြိုးစားကြတာများပါတယ် ။ ဒါပေမယ်ညီမလေးသိဖို့က အောင်မြင်ကျော်ကြားမှုဆိုတာ ဘယ်လောက်ထိတာရှည်ခံမလဲဆိုတဲ့အချက်လေးပါပဲ ။ ညီမလေးရေ . . . maximum ဆိုတဲ့အမြင့်ဆုံးကိုရောက်ပြီးတဲ့အရာမှန်သမျှ အောက်ကို ပြန်ကျတာချည်းပါပဲ ။ အောင်မြင်ကျော်ကြားမှုဆိုတာကလည်းသဲသောင်ပြင်ပေါ် ရေးခြစ်ထားတဲ့ စာလုံးလေးတွေနဲ့တူတယ် ။ အကယ်၍ လှိုင်းတွေနဲ့တူတဲ့ လောကဓံတွေက ရိုက်ပုတ်ခဲ့ရင် အဲဒီစာလုံးလေးတွေက ရေတွေနဲ့အတူပါသွားတဲ့သဲပွင့်ကလေးတွေလို ပျောက်ပျက်သွားမှာညီမလေးရေ ။
လူတွေဟာ တကယ်တော့ အောင်မြင်မှုဆိုတဲ့ Success ကိုပဲလိုချင်နေကြတယ် ။ တကယ်ပဲ အောင်မြင်မှု ဟာကိုယ်ရတာလားဆိုတာ ဘယ်သူမှ မတွေးမိကြပါဘူး ။ မဟုတ်သေးဘူး ညီမလေး အောင်မြင်မှု Success ဆိုတာ ကိုယ်ရတာမဟုတ်ဘူး ။ သူတပါးကသတ်မှတ်ထားတာ ဒီလူတစ်ယောက်အောင်မြင်တယ်ဆိုတာ တခြားလူတွေက သူ အောင်မြင်သွားပြီ ဆိုပြီးသတ်မှတ်ထားတာ ။ တကယ်တော့ အဲဒီလူရလိုက်တဲ့အရာမဟုတ်ဘူး ။ တကယ်ဆို ကိုယ်ရအောင်ကြိုးစားရမှာက success ဆိုတဲ့အရာမဟုတ်ဘူး Achievement ဆိုတဲ့အရာပါ ။ Achievement ဆိုတဲ့ ကိုယ်တကယ်ရလိုက်တဲ့အရာကသာ ကိုယ့်အောင်မြင်မှုပါညီမလေးရေ ။ ညီမလေးနားလည်အောင်ပြောရမယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာ အရိပ်နဲ့တူတယ် အချိန်တန်ရင်ပျောက်သွားလိမ့်မယ် ။ ရရှိမှု ကိုယ့်တကယ့် ပိုင်ဆိုင်လိုက်ရတဲ့အရာကတော့ ကိုယ်နဲ့တစ်သက်လုံးမပျောက်မပျက်အမြဲရှိနေမယ့်အရာပါပဲ ။
ညီမလေးနားလည်ဖို့ အကိုက အချက်အလက်လေးတွေအနေနဲ့ပဲတင်ပြပေးလိုက်ပါ့မယ် ။
ညီမလေးရေ . . . .
+ ဘ၀ဆိုတာ . . . လက်ရှိရောက်နေတဲ့နေရာမှာ ကျေနပ်နေဖို့မဟုတ်ဘူး ဟိုးအရှေ့ကို ကိုယ်အသွားနိုင်ဆုံးနေရာအထိ ဆက်သွားရမယ့်အရာဖြစ်တယ် ။
+ အောင်မြင်ဖို့မကြိုးစားပါနဲ့ အောင်မြင်တယ်ဆိုတာ ဘာလဲ ကျော်ကြားတယ်ဆိုတာ ဘာလဲသိအောင်သာလုပ်ပါ ။ ကိုယ်တကယ်လိုချင်တဲ့အရာက အပေါ်ယံလား အနှစ်သာရလားဆိုတာ ကွဲကွဲပြားပြားသိအောင်လုပ်ပါ ။
+လူတိုင်းလူတိုင်းမှာ အတုယူရမယ့် ကိုယ်စံပြထားရမယ့်အရာဆိုတာ ရှိတယ် ။ အဲဒီစံပြထားရမယ့် အရာတွေကို ညီမလေးရဲ့ နှလုံးသားထဲမှာ စွဲမြဲနေအောင်ရိုက်သွင်းထားပါ ။
+ ရောက်လေရာမှာ မြန်မာဆိုတာကို မမေ့တဲ့ ညီမလေးတစ်ယောက်ဘ၀ဟာ ဖြစ်လေရာမှာ မြန်မာဖြစ်ရပါလို၏ လို့ဆုတောင်းတတ်တဲ့ညီမလေးတစ်ယောက်ဘ၀ဟာ မြင့်မြတ်ခမ်းနား လှပါတယ်
+ ကိုယ်ယုံကြည်ရာကိုယ်လှော်ခတ်ရတဲ့ ဘ၀မုန်တိုင်းကြမ်းကြမ်းမှာ မိဘ တွေကို မစော်ကားမိစေနဲ့ ။ မိဘကိုရိုသေမြတ်နိုးပြီးမိဘကျေးဇူးသိတတ်တဲ့သားသမီးဟာဘယ်တော့မှ ဆင်းရဲဘေးဒုက္ခနဲ့မကြုံတွေ့ဘူးညီမလေး ။
+ ဘ၀ဆိုတာ စီးမျောလိုက်ပါခြင်းမဟုတ်ဘူးညီမလေး ထိုးဖောက်ပျံသန်းရုန်းကန်ခြင်းပါ ။ ရုန်းကန်မှု Struggle မရှိပဲ ဘ၀ဟာ ဘယ်တော့မှ လိုချင်တဲ့ ဆိပ်ကမ်းကို မဆိုက်ဘူးညီမလေး ။
+ ညီမလေးမှာသာ အိပ်မက်တွေရှိနေတယ်ဆိုပါစို့။ နောက်တစ်နေ့ နေခြည်တွေတွေ့တဲ့အခါ အဲဒီအိပ်မက်တွေကို စပြီးအကောင်အထည်ဖော်ပါ ။ လက်တွေ့မလုပ်ဆောင်ပဲ စိတ်ကူးယဉ်ထဲမှာတော့ဘ ယ်အရာမှ မပြီးမြောက်နိုင်ဘူး ။
+ ကိုယ့်ဖက်မှာ လူတွေအများကြီးရှိနေဖို့မလိုပါဘူး ။ တစ်ယောက်ပဲရှိနေပါစေ အဲဒီတစ်ယောက်ဟာ ကိုယ့်အပေါ်မှာ စစ်မှန်တဲ့လူဖြစ်နေဖို့သာလိုတာပါ ။
+ အချစ်ဆိုတာ ဘ၀မှာ အရေးအကြီးဆုံး မဟုတ်ဘူး ညီမလေးရေ . . . အချစ်နဲ့ထပ်တူ အရေးကြီးတဲ့အရာတွေအများကြီးရှိနေသေးတယ်ဆိုတာ ညီမလေးတွေးကြည့်စမ်းပါ ။ အချစ်က လိုအပ်ချက်တစ်ခုအနေနဲ့ အရေးပါတယ်ဆိုပေမယ့် မရှိမဖြစ် Essential မဟုတ်ဘူး ။
+အောင်မြင်လာတာနဲ့အ မျှဘ၀မှာ တိုက်ခိုက်တာတွေလည်း ကြုံရလိမ့်မယ်ညီမလေး ။ ဘာတွေပဲကြုံကြုံ အပင်မြင့်လို့ လေတိုက်တယ်လို့ပဲ သဘောထားလိုက်ပါ ။ ဘယ်တော့မှ အတင်းအဖျင်း တိုက်ခိုက်မှု ဒါဏ်တွေကြောင့် ကိုယ့်ဘ၀ဟာ မလဲပြိုသွားပါစေနဲ့ ။
+ဘ၀ဟာ လှည့်ကွက်များတယ် ။ မာယာများတယ် ။ အတုအယောင်များတယ် ။ လူတွေမှာလည်း မျက်နှာဖုံးတွေများတယ် ဟန်ဆောင်မှုတွေ များတယ် အပိုလုပ်နေကြတာတွေများတယ် ။ ဘ၀မှာ စစ်စစ်မှန်မှန်နေထိုင်ခြင်တယ်ဆိုရင်တော့ ရိုးသားခြင်းကို လက်ကိုင်ထားပါညီမလေး ။
+အရှုပ်တွေကို မကြုံချင်ဘူးဆိုရင် ရှင်းအောင်နေညီမလေး ။ အမှားတွေကို မကြုံချင်ဘူးဆိုရင် မှန်အောင်နေညီမလေး ။ အပူတွေကို မကြုံချင်ဘူးဆိုရင် အေးအောင်နေညီမလေး ။ အဲဒါကို Free Living and Smart Thinking လို့ခေါ်တယ် ။
+လူတွေကိုလူလို့ပဲမြင်တတ်အောင် ကြိုးစားပါညီမလေး ။ သူတပါးကို ဘယ်တော့မှ နှိမ်တဲ့အကြည့်နဲ့မကြည့်နဲု့။ မှားနေတဲ့လူတွေကို မြင်ရင် ကိုယ်လိုက်မမှားအောင်နေပါ ။ သူတပါးမှားနေတာကိုလည်းပြက်ရယ် မပြုနဲ့ ကိုယ့်အလှည့်ကျရင်လည်း သူတပါးက လှောင်ပြောင်ရယ်မောတာ ခံရတတ်တယ် ။
+အကြောင်းမဲ့ တိုက်ခိုက်လာမှုတွေကို ကိုယ့်စိတ်ထဲက လက်မခံလိုက်ပါနဲ့ညီမလေး ။ သူ့ဘာသာသူ ပြန်ယူသွားပါစေ ။ အောင်မြင်လာရင် မုဒိတာ မပွားနိုင်တာ စိတ်ဓါတ်ညံ့ဖျင်းသူတို့အလုပ်ပါညီမလေး ။ ကိုယ်မပါစေနဲ့ ။
+မမှားသော ရှေ့နေမသေသော ဆေးသမားဆိုတာ မရှိဘူးညီမလေး ။ ညီမလေးဘ၀မှာလည်း အမှားပေါင်းများစွာ လုပ်မိပါလိမ့်မယ် လုပ်မိပါလိမ့်ဦးမယ် မှားတာကို မှားတဲ့အတိုင်းလက်ခံပြီးအမှန်ပြင်နိုင်အောင်ကြိုးစားပါညီမလေး ။
အခုစာဖတ်နေတဲ့ ညီမလေးက တော်ပါတယ် တတ်ပါတယ် တွေးတတ်ပါတယ် အကို ဘာကိုဆိုလိုသလဲ နားလည်မှာပါ မြန်မာပြည်ကမွေးတဲ့ မြန်မာ့အမျိုးသမီးညီမလေး ဘ၀မှာ လူတွေနဲ့ဆက်ဆံတဲ့အခါ အကိုအပေါ်မှာ ရေးခဲ့တဲ့အချက်တွေကို နားလည်အောင် တွေးတောပြီး လိုက်နာကျင့်သုံးနိုင်ပါစေ ။
ညီမလေးရေ . . . လောကကြီးက ပူပူလာတယ်။ လူတွေကလည်း ပူပူလာတယ် ။ ပူလောင်မှုတွေများတဲ့ လောကြီးမှာ ညီမလေးအနေနဲ့ အေးချမ်းတဲ့ ဘ၀ကို ဘယ်လို ဖန်တီးမလဲ ။ အေးချမ်းနေအောင်ဘယ်လိုနေမလဲဆိုတာကို သိအောင်ကြိုးစားပါညီမလေး ။ ဒါပါပဲ ညီမလေးရေ . . .
ရေလိုအေးလို့ ပန်းလိုမွှေးမြပါစေ ညီမလေးရေ ။
သက်တန့်ချိုSee More
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။