Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 21, 2013

"နှစ်ကိုယ်ခွဲ အင်တာဗျူး"

Myint Myint Thein shared မင်းလူ၏ ၀တ္တုတိုများ's photo.
"နှစ်ကိုယ်ခွဲ အင်တာဗျူး"

ကျွန်တော်က ညဥ့်နက်အောင်စာရေးတတ်သဖြင့် မနက်အိပ်ရာထ နောက်ကျတတ်သည်။ ကျွန်တော်နိုးတဲ့အချိန်
ဆိုလျှင် မိန်းမက အလုပ်သွားပြီ။ ကလေးတွေကလည်း ကျောင်းသွားကြပြီ။ အမေနှင့် အိမ်ဖော်မိန်းကလေးသာ
ရှိသည်။ ထို့ကြောင့် ကျွန်တော်မနိုးခင် တယ်လီဖုန်းလာလျှင် အိမ်ဖော်မိန်းကလေးက ကိုင်လေ့ရှိသည်။ ကျွန်တော်
နိုးတော့မှ ဘယ်သူဆက်တယ်၊ ဘာမှာတယ်ဆိုတာ ပြန်ပြောပြသည်။

ကျွန်တော့်ဆီ ဖုန်းဆက်လေ့ရှိသူများမှာ စာအုပ်ထုတ်ဝေသူများ၊ စာနယ်ဇင်းအယ်ဒီတာများ၊ စာရေးဆရာများသာ
ဖြစ်သဖြင့် နာမည်တွေက ထူးထူးဆန်းဆန်းတွေပါနေသည်။ ကျွန်တော့်အိမ်မှတယ်လီဖုန်းကလည်း "ဒစ်ဂျစ်တယ်"လိုင်း
မဟုတ်သေးဘဲ "တဂျစ်ဂျစ်"လိုင်းသာဖြစ်သောကြောင့် မသဲကွဲတာကလည်း တစ်ကြောင်းကြောင့် အိမ်ဖော်
မိန်းကလေးသည် မကြာခဏ နားကြားလွဲတတ်၏။ စိတ်ကူးချိုချိုစာပေကို စက္ကူချိုချိုဟု ကြားသည်။ ဆူဒိုနင်ကို 
ဆော်ဒါနင်ဟု မှတ်သည်။ တစ်ခါကလည်း မအေးသီ ဖုန်းဆက်တယ်ဆိုလို့ ဦးနှောက်စားခဲ့ရပြီးနောက်မှ 
မဟေသီမဂ္ဂဇင်းက ဆက်ခြင်းဖြစ်ကြောင်း သိရ၏။

ဒီနေ့မနက်လည်း ကျွန်တော်အိပ်ရာနိုးတော့ 
"မနက်က ဦးလေးဆီ ဖုန်းလာတယ်"ဟု ပြောသည်။
"ဘယ်သူလဲတဲ့လဲ"
"ဦးတိန်ညင်လို့ ပြောတယ်"
ကျွန်တော် ဦးနှောက်စားသွားရ၏။ အသိမိတ်ဆွေထဲမှာ ဒီနာမည်မျိုးမရှိပါဘူး။ သဲလွန်စရှာမှပဲဆိုပြီး
"ဟဲ့..နေစမ်းပါဦး၊ အသံက ဘယ်လိုမျိုးလဲ"
"ယောက်ျားအသံပဲ"
"ဒါတော့ သိတာပေါ့ဟ၊ လူကြီးသံလား၊ လူငယ်သံလား"
သူက ခဏစဉ်းစားပြီး
"ဟို...ဟို...ကြော်ငြာထဲကအသံမျိုး"
"ဟေ..ဘယ်လို"
"ဟိုဒင်းလေ၊ ဟို ချောင်းဆိုးပျောက်ဆေးကြော်ငြာထဲက ကျွန်တော် ဆရာဝန်တစ်ယောက်ပါဆိုတဲ့ အသံမျိုး"

ထိုအသံမျိုးကို ကြားယောင်ကြည့်သည်။ ၀င်းဦးလိုလို၊ ကျော်ဆွေလိုလို အသံနှင့်ပြောတတ်တာ ဘယ်သူတွေရှိသလဲ။ 
နှစ်ယောက်ရှိသည်။ တစ်ယောက်က တိုင်းရင်းသားမဂ္ဂဇင်းက ဆရာလင်းဇော်ခိုင်၊ သူကတော့မဖြစ်နိုင်။ ဦးတိန်ညင်နှင့်
တခြားစီပဲ။ နောက်တစ်ယောက်ကတော့... ဟာ... ဟုတ်ပြီ...သိပြီ။
"ဟယ်.. ဘယ်ကလာ ဦးတိန်ညင်ရမှာလဲ၊ ဦးတည်ငြိမ်ပါ"
ထိုစဉ်မှာပင် တယ်လီဖုန်းသံမြည်လာသဖြင့် ကောက်ကိုင်ပြီး ထူးလိုက်သည်။ ထင်တဲ့အတိုင်း ဆရာမောင်တည်ငြိမ်ပါပဲ။ 
ဆရာတို့ အင်တာဗျူးဂျာနယ်ထဲမှာ "နှစ်ကိုယ်ခွဲ"အင်တာဗျူးဆိုသောကဏ္ဍတစ်ခုဖွင့်လှစ်ထား၍ ရေးပေးပါဟု 
တောင်းပန်အမိန့်ပေးလေသည်။ ကျွန်တော်ကလည်း ရက်ချိန်းတော့မပေးနိုင်။ စိတ်ကူးပေါ်လာတဲ့အခါ 
ရေးပါမည်ဟု ထုံးစံအတိုင်း မရေရာသောကတိကိုပေးပြီး နှပ်ထားလိုက်လေသည်။

နှစ်ကိုယ်ခွဲအင်တာဗျူးဆိုတာက လုပ်နေကျအတိုင်း ဗျူးဆရာကမေးပြီး စာရေးဆရာက ဖြေရခြင်းမျိုးမဟုတ်။ 
စာရေးဆရာက ကိုယ့်ဘာသာမေးခွန်းထုတ်ပြီး ကိုယ့်ဘာသာပြန်ဖြေရခြင်းဖြစ်သည်။ 
တစ်ယောက်တည်းစစ်တုရင်ကစားတဲ့သဘောမျိုးပေါ့။ တော်တော်လည်းထွင်တဲ့ဆရာတွေပဲ။ နောက်ဆိုလျှင် 
ဗေဒင်ဆရာတွေလို "စိတ်မေး၊ စိတ်ဖြေ"ဆိုတာမျိုး လုပ်ဦးမလားမသိ။ ခုလို ကိုယ်မေးကိုယ်ဖြေသဘောမျိုးကို
ဟိုးအရင်က ဆရာကံချွန်တို့၊ ကျွန်တော့်အစ်ကို မောင်ဝဏ္ဏတို့ ရေးခဲ့ဖူးသည်။ သူတို့ကတော့ သရော်စာဆန်ဆန် 
ရေးခဲ့ခြင်းသာဖြစ်၏။ ခုကိစ္စကတော့ တကယ်တည်တည်တံ့တဲ့ပြောရမယ့်ပုံစံပဲ။ ဒီတော့လည်း တတ်နိုင်သမျှ 
အတည်ပေါက်လုပ်ကြည့်လိုက်ပါသည်။

     * * * * * * * * * * * * *

►►► အရင်က အင်တာဗျူးတွေကို လှည့်ပတ်ရှောင်ပြေးနေခဲ့ပြီး ခုအခါကျတော့ ဘာကြောင့် အမိခံလိုက်တာလဲ။
☼☼☼ ဟိုဟာက သူမေးတာကိုသာ ဖြေရမှာ။ သူမေးချင်တာမေးမှာ ကိုယ်မဖြေချင်တဲ့၊ မဖြေတတ်တဲ့မေးခွန်းမျိုးတွေ 
ပါလာနိုင်တယ်။ ကြားဖြတ်မေးခွန်း(ခရော့စ်ကွက်ရှင်) တွေကို အဆင်ပြေပြေ ကျေနပ်လောက်အောင် ရုတ်တရက်
ပြန်မဖြေနိုင်ရင် အရှက်ကွဲနိုင်တယ်။ ခုဟာကတော့ ကိုယ်ဖြေချင်တဲ့၊ ဖြေနိုင်တဲ့မေးခွန်းတွေကိုပဲ ကိုယ့်ဘာသာ 
မေးရတာလေ။ ကိုယ့်ရဲ့ညံ့ဖျင်းမှုတွေရှိရင်လည်း ဖုံးကွယ်ထားနိုင်တယ်။ အားသာချက်တွေကို ဇောင်းပေးပြီး
ပြောနိုင်တယ်။ ရုတ်တရက် ချက်ချင်းပြန်ဖြေရတာမျိုးမဟုတ်ဘဲ အေးဆေးဆေးဆေး အချိန်ယူစဉ်းစားပြောရတာ
ဖြစ်လို့ ရှောင်သင့်တာရှောင်နိုင်တယ်။ တကယ်တော့ အင်တာဗျူးစစ်စစ်ကြီးတောင် မဟုတ်ဘူး။ ဆောင်းပါးတစ်ပုဒ်
ရေးသလို ကိုယ်ရေးချင်တာ လျှောက်ရေးရတဲ့သဘောပါပဲ။ (တကယ်တမ်းစဉ်းစားကြည့်တော့ ဖြေရတာတွင် 
ခက်တာမဟုတ်ဘူး။ မေးခွန်းထုတ်ရာတာလည်း မလွယ်လှဘူးဆိုတာ သိလိုက်ရလို့ အင်တာဗျူးဆရာတွေကိုလည်း
ကိုယ်ချင်းစာလိုက်မိပါတယ်)။

►►► မေးခွန်းမေးတဲ့လူနဲ့ ဖြေတဲ့လူ ဘယ်သူက ပိုအရေးပါတယ်ထင်သလဲ။
☼☼☼ အခြေအနေကိုလိုက်ပြီး ကွာခြားသွားတာပါပဲ။ အနုပညာရှင်တွေနဲ့အင်တာဗျူးလုပ်တဲ့အခါ မေးသူနဲ့ဖြေသူ 
အပြန်အလှန် တလေးတစားရှိကြရတယ်။ ဗေဒင်မေးတဲ့အခါကျရင်တော့ မေးတဲ့လူက ဖြေတဲ့လူကို အရိုအသေပေးရတယ်။ 
အလုပ်အတွက် အင်တာဗျူးထိုင်ပြီဆိုရင်တော့ မေးတဲ့လူက အထက်စီးကပဲ၊ ကိုယ်က အကောင်းနဲ့လည်းဖြေရသေးတယ်။
မှန်သလေး၊ မှားသလေးနဲ့မေးတဲ့လူကို ဖြေတဲ့လူက ပြန်ကြောက်နေရတာကတော့ ဆယ်တန်းစာမေးပွဲပေါ့။ မေးခွန်းရှင်က 
အောက်ကျ နောက်ကျအနိုင်ဆုံးကတော့ ချစ်သူဆီက အဖြေတောင်းရတဲ့ကိစ္စပါပဲ။

►►► မဖြေချင်တဲ့မေးခွန်းမျိုးတွေရှိသလား။
☼☼☼ ကိုယ်ရေးကိုယ်တာတွေ၊ စပ်စုတဲ့မေးခွန်းမျိုးတွေ မဖြေချင်ဘူး။

►►► တကယ်လို့ စာရေးဆရာသာဖြစ်မလာရင် ဘာဖြစ်လာမယ်ထင်သလဲ။
☼☼☼ အတွေးသစ်ဂျာနယ်က စာရေးဆရာဘယ်လိုဖြစ်လာသလဲဆိုတဲ့ ကဏ္ဍမှာတုန်းက တခြားနေရာတွေမှာ သုံးစားမရလို့ 
စာရေးဆရာဖြစ်လာတာထင်ပါရဲ့လို့ ရေးခဲ့ဖူးတယ်။ ဒါကြောင့် စာရေးဆရာသာဖြစ်မလာရင် ဘာဖြစ်လာမလဲဆိုတာ 
မတွေးဝံ့စရာပဲ။ တကယ်တမ်းတော့ လက်ဖက်ရည်ဆိုင်ထိုင် စကားပြောလိုက်၊ ဘောလုံးပွဲကြည့်လိုက်။ စာဖတ်လိုက်၊ 
တွေးချင်ရာတွေး၊ ငေးချင်ရာငေးလိုက်နဲ့ ဘာအလုပ်မှမလုပ်ဘဲ ဇိမ်နဲ့နှပ်နေချင်တာ၊ "စာဖတ်ဆရာ"၊ "စာတွေးဆရာ"
ဆိုတဲ့အလုပ်မျိုးရှိရင်လည်း ကောင်းသားပေါ့။

►►► စာရေးဆရာဘ၀အပေါ် ကျေနပ်မှုရှိသလား။
☼☼☼ ဆရာဝန်လုပ်ချင်တဲ့လူက ကားပွဲစားဖြစ်၊ ကွန်ပျူတာပညာရှင်ဖြစ်ချင်တဲ့လူက ငါးပိ၊ ငါးခြောက်ရောင်း၊ အင်ဂျင်နီယာ
ဖြစ်ချင်တဲ့လူက အိမ်ဟောင်းတွေဖျက်ဝယ်တဲ့ အလုပ်လုပ်ဆိုတာမျိုးနဲ့စာရင်တော့ အများကြီးတော်သေးတာပေါ့။ ဒါပေမဲ့ 
တချို့လူတွေ စာလေးတစ်ကြောင်းလောက်ရေးပြီး လက်မှတ်ထိုးလိုက်ရုံနဲ့ အလုပ်ဖြစ်နေတဲ့ အချိန်မှာ ကိုယ်က စာလုံးရေ 
သောင်းနဲ့ချီပြီး ပင်ပင်ပန်းပန်းအားထုတ်ရေးနေရတဲ့အခါ ညဥ့်နက်သန်းခေါင်ကျော် လင်းအားကြီးအချိန် သူများတွေ ဇိမ်နဲ့
အိပ်နေတဲ့အခိုက်မှာ ကိုယ်က တကုပ်ကုပ်ရေးနေရတဲ့အခါ ရေးရင်းနဲ့ ရှေ့ဆက်လို့မရတော့ဘဲ ၀ါကျတစ်ကြောင်းကိုတောင် 
အဆုံးမသတ်နိုင်လောက်အောင် အခက်အခဲတွေ့နေရတဲ့အခါ သင့်လျော်တဲ့စကားလုံးလေးတစ်လုံးကို စဉ်းစားလို့မရတာနဲ့ပဲ 
ရက်ပေါင်းများစွာခေါင်းပူပြီး အိပ်မပျော် စားမ၀င်ဖြစ်နေရတဲ့အခါမျိုးတွေမှာတော့ ၀ဋ်ဒုက္ခခံနေရတာပဲလို့ ခံစားရတယ်။ 
ပရိသတ်ရဲ့အားပေးမြှောက်စားမှုကို ရရှိတဲ့အခါကျပြန်တော့လည်း ကျေနပ်ပီတိဖြစ်ရပြန်ရော။ လောင်းကစားသမားတွေ၊ 
ယမကာလုလင်တွေလိုပေါ့။ မနက်ပိုင်းမှာ နောင်တတွေ အကြိမ်ကြိမ်၊ အထပ်ထပ်ရနေခဲ့ပြီး ညနေလည်းကျရော ပြန်လည်
လန်းဆန်းတက်ကြွလာတာမျိုးထင်ပါရဲ့။

►►► စာဖတ်ပရိသတ်နဲ့ပတ်သက်ပြီး ဘာပြောချင်သလဲ။
☼☼☼ စာဖတ်ပရိသတ်မှာ ရွေးချယ်ခွင့်ရှိတယ်။ ငြင်းပယ်ခွင့်လည်းရှိတယ်။ ကြိုက်ခွင့်ရှိတယ်၊ မကြိုက်ခွင့်ရှိတယ်။ ကိုယ့်စာကို
မကြိုက်တာနဲ့ပဲ လက်မခံရကောင်းလားဆိုပြီး အပြစ်ပြောလို့မရဘူး။ ကိုယ်ကညံ့နေလို့ ဖြစ်ချင်ဖြစ်မယ်။ တစ်စုံတစ်ခု လွဲချော်
နေတာလည်းဖြစ်ချင်ဖြစ်မယ်။ စာဖတ်ပရိသတ်ဆိုတာ ကိုယ်ကရေးမှ ဖတ်ရမယ့် သနားစရာ  လူတန်းစားမဟုတ်ဘူး။ ကိုယ့်ကို 
ထမင်းကျွေးနေတဲ့အရှင်သခင်တွေပဲ။ တစ်ခုတော့ရှိတာပေါ့လေ။ သခင်ရဲ့အရေးပေးခြင်းကိုခံရလို့ တစ်ခါတစ်ခါ 
ရောင့်တက်တတ်တဲ့ "ကျွန်ယုံတော်"ဖြစ်ခွင့်ရတာကတော့ ဂုဏ်ယူစရာပါပဲ။

-----------------

မင်းလူ

အင်တာဗျူးဂျာနယ်၊
၁၃-၁၀-၂၀၀၄။
(နှစ်ကိုယ်ခွဲအင်တာဗျူး 
ပင်တိုင်ကဏ္ဍအတွက် ဖြေကြားချက်)

စာရေးဆရာက ကိုယ့်ဘာသာမေးခွန်းထုတ်ပြီး ကိုယ့်ဘာသာပြန်ဖြေရခြင်းဖြစ်သည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။