Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 5, 2013

ဝမ်းစာမရှိသောလူငယ်၊ အင်တာနက်မသိသောလူကြီး

Cloud Cuckoo Land shared ကိုသောင်း ပုလဲမြေ's photo.
ဝမ်းစာမရှိသောလူငယ်၊ အင်တာနက်မသိသောလူကြီး
Friday, 04 January 2013 10:09 
Written by နိုင်ဝင့်လူ
မောက္ခ 
---------------------------

(၁)

ဝမ်းစာမရှိသောလူငယ်များ။ နောက် အင်တာနက်မသိသောလူကြီးများ။ လူငယ်များစွာ၊ လူကြီးများစွာနှင့် စကားများစွာပြောဆိုခဲ့ပြီး နောက် ဒီဆောင်းပါးကိုရေးဖို့အကြောင်းဖန်ခဲ့သည်။ လူငယ်များကို အပြစ်ပြောလို သည်လည်းမဟုတ်၊ လူကြီးများကို အပြစ်မြင်လိုသည်လည်းမဟုတ်။ ဝမ်းစာပြည့်သောလူငယ်တွေ များလာခဲ့ လျှင်၊ အင်တာနက်သိသော လူကြီးတွေများလာခဲ့လျှင် နည်းပညာခေတ်ထဲမှာ အခုထက် ပိုသော အကျိုးဖြစ် ထွန်းမှုတွေ ဝေစည်နိုင်လာသည်ကို တွေးမိသောအားဖြင့် ဤဆောင်းပါးကို ရေးရခြင်းဖြစ်ပါသည်။

(၂)

ဝိုင်ဖိုင်အိပ်မက်တစ်ကယ်ဖြစ်ခဲ့စေချင်သည်က လူတိုင်းအင်တာနက်နှင့်ထိတွေ့လိုစေခြင်းကြောင့်ဖြစ်သည်။ လက်ရှိအခြေအနေရ အင်တာနက်ဆီသို့ လာသောလူများနည်းနေသေးသည်။ အင်တာနက်ဆိုသည်ကို ဘာမှန်းမသိဘဲ ဝေးဝေးကရှောင်ဖယ်နေသောသူတွေရှိနေသေး သည်။ ထိုသူများကြားထဲ၌ လူကြီးပိုင်းတွေပါ သည်။ အများစုဟူ၍ပင် ဆိုနိုင်ပါသည်။ အင်တာနက်ဆီသို့ လူတွေကမလာနိုင်လျှင် အင်တာနက်က လူတွေဆီ သွားဖို့လိုအပ်လာသည်။ အင်တာနက်က လူတွေ၏ အိမ်ခန်းအတွင်း ရောက်ရှိနေဖို့ လိုအပ်လာသည်။ သားသမီးကြောင့် ဖြစ်စေ၊ တူ၊ တူမတွေကြောင့်ဖြစ်စေ အင်တာနက်က အိမ်ခန်းတွင်းကို ရောက်လာမည် ဆိုပါက ထိုအိမ်သားများအဖို့ အင်တာနက်နှင့် တစိမ်းတရံဖြစ်တော့မည် မဟုတ်ပေ။ ထိတွေ့ကိုင်တွယ် စမ်းသပ်ရာမှ အင်တာနက်ကမ္ဘာမှာ လိုက်ပါစီးမျောသွားနိုင်သည့် အခြေအနေတွေရှိနေသည်။

ထိုအခြေအနေသို့ရောက်ရှိရန်က အင်တာနက်အလွယ်တကူရရှိနိုင်ဖို့  လိုအပ်သည်။ ဝိုင်ဖိုင်စနစ် တွယ်ကျယ်စွာ ပေးနိုင်မည်ဆိုပါက ထိုသို့ဖြစ် ရန်လမ်းစပေါ်နိုင်မည်ဖြစ်သည်။

နောက်တစ်ချက်က ဝီကီဖြစ်သည်။လူငယ်တွေကြားမှာဝီကီအသုံး ပြုမှုတွင်ကျယ်လာရာက ကိုယ်ပိုင်ဘာသာ စကားနှင့် ဝီကီတစ်ခုလုပ်ဖို့  စဉ်းစားလာကြသည်။ ဝီကီသည် အမြဲရှင်သန်ပြောင်းလဲနေသော စွယ်စုံကျမ်း တစ်စောင်လည်းဖြစ်သောကြောင့် ကိုယ်ပိုင်ဘာသာစကားနှင့် ဝီကီတစ်ခုရှိသည်ဆိုက တိုင်းပြည်အတွက်ရော၊ လူမျိုးအတွက်ပါ အတိုင်းထက် အလွန်ဖြစ်ပေမည်။ ကိုယ်ပိုင်ဘာသာစကားဖြင့် ဝီကီတစ်ခုလုပ်ချင်သည်က လူငယ်တွေ၏ဆန္ဒဖြစ်သည်။ ပီပြင်စွာ ပေါ်ပေါက်ဖြစ်ပေါ်လာရေးက လူငယ်တွေနှင့်မပြီး။ နည်းပညာပိုင်း ဆိုင်ရာကို လူငယ်တွေ ကျွမ်းကျင်မှုကို မည်သူမျှ ငြင်းချက်ထုတ် နိုင်မည်မဟုတ်ပေ။ သို့သော် လူငယ်တွေ မကျွမ်းကျင်တာရှိသည်။ ဝီကီတွင်ပါဝင်သော အချက်အလက်တိုင်းကို စာအုပ်တစ်အုပ်ထဲမှာ ကူးရေးထည့် လိုက်ရုံဖြင့်မပြီး။ ထိုအချက်ကို ဘရစ်တနီကား၊ အင်န် ဆိုက်ကလိုပီးဒီးယား၊ ဖတ်ဖူးသူတိုင်းက သိကြလိမ့်မည် ထင်သည်။

မူပိုင်ခွင့်နှင့်ပတ်သက်သော ဆွေးနွေးပွဲတစ်ခုမှာ ကြုံခဲ့ဖူးသည်။ မြန်မာနိုင်ငံက ထင်ရှားသော စာအုပ်တိုက် တစ်တိုက်၏ စာအုပ်တိုက်ပိုင်ရှင်က စာတမ်းတစ်စောင်တင်သွင်းလာခဲ့သည်။ သူ့စာတမ်းထဲတွင် အကြောင်း အချက်တစ်ခုပါလာခဲ့သည်။ ထိုအချက်မှာ “အင်တာနက် ပေါ်တွင်စာအုပ်ထဲကအချက်အလက်တွေကို တိုက်ရိုက်ကူးယူ ဖော်ပြနေသော ဝက်ဘ်ဆိုက်တစ်ချို့ (ဥပမာ-မြန်မာဝီကီဝက်ဘ်ဆိုက်) ရှိနေသည်။ ထိုဝက်ဘ်ဆိုက်များနှင့်ပတ်သက်သော မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန်လိုအပ်နေသည်” ဟူ၍ ပြောဆိုသွားခဲ့သည့် အချက်ဖြစ်သည်။ စာအုပ်တိုက်ပိုင်ရှင်က သူ့အမြင်နှင့် သူပြောခဲ့ခြင်းဖြစ်သည်။ မှန်သည်၊ မှားသည်၊ ဖြစ်သင့်သည်၊ မဖြစ်သင့်သည်ဆိုခြင်းထက် ထိုအခြေအနေကို ပြောင်းလဲရန် မည်သို့လုပ်နိုင်မည်လဲ ဆိုသည်က ပို၍အရေးကြီးပါသည်။ သမိုင်းအသစ်ရေးရန်မဆိုလို။ အပျော်တမ်း သမိုင်းရေးဆရာဟုဆိုသူတွေ အားတက်ရန်မဆိုလို။ ပေါင်းစည်းမှုတစ် ခုလိုအပ်လာသည်။ လူငယ်တွေ စာပိုဖတ်ရန်နှင့် စာဖတ်သက်ရင့်သော လူကြီးများ အင်တာနက်အသုံးပြုလာကြရန်။ ယင်းသည်ပင် အနီးစပ်ဆုံး ဖြေရှင်းမှုတစ်ခုဖြစ်လာနိုင်သည်။

(၃)

လူငယ်တွေ စာဖတ်ကြတော့ဟုဆိုလျှင် အမျက်ထွက်ကြပေလိမ့်မည်။ အားလုံးတော့ကိုတော့ မဆိုလိုပါ။ သို့သော အများစုနှင့်ယှဉ်က လူငယ်တွေစာမဖတ်ကြဟူသည့် အဖြေသာထွက်မည်။ ထိုအကြောင်း ကို ဝါရင့် စာရေးဆရာကြီးတွေ၊ စာပေလေ့လာသူတွေ အားလုံးက အဓိကထားပြောဆိုနေကြသည်။ စောဒကတက်လိုက တက်နိုင်ကြ၏။ လူငယ်တွေ စာမဖတ်ခြင်းကိစ္စကို အင်တာနက်ပေါ်တွင်လည်း အထင်အရှားတွေ့နိုင်သည်။

လူငယ်တွေရေးတဲ့ ဘလော့ဂ်ပေါင်းသောင်းခြောက်ထောင်မှာ ဖော်ပြနေကြသော အကြောင်းအရာများက လူငယ်တွေစာမဖတ်ကြခြင်းကို ပြဆိုနေကြသည်။ ဘလော့ဂ်များပေါ်မှာရေးသော စာတွေကတစ်ဆင့် လူငယ်တွေ စာမဖတ်ခြင်းကို ပြဆိုနေသည်။ လူငယ်တွေ စာဖတ်ကြပါသည်ဟု ငြင်းလာကြသည်ရှိသော် ဥပမာအနေဖြင့် ပြောပြချင်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၆သန်းကျော်ရှိသည်။ နိုင်ငံလူဦးရေအချိုး အရလူဦးရေ ၅၆ သန်းကျော်၏ ထက်ဝက်ခန့်မှာအသက် ၂၅နှစ်အောက် လူငယ်တွေ ဖြစ်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အသက် ၂၅နှစ် အောက်ရှိသော လူငယ်ဦးရေက ၂၈သန်းနီးပါးရှိသည်။ ထိုလူငယ်များ အမှန်တစ်ကယ်သာ စာဖတ်ကြသည် ဆိုပါလျှင် အုပ်ရေ ၁၀၀၀ ရိုက်နှိပ်ထားသော စာအုပ်တစ်အုပ်သည် တစ်လအတွင်းကုန်သွားနိုင်ပါသည်။  အခုချိန်မှာတော့ အုပ်ရေ ၁၀၀၀ ရိုက်နှိပ်ထားသော စာအုပ်တစ်အုပ်မှာ  ရောင်းအားကောင်းလျှင် သုံးလ၊ လေးလ၊ မကောင်းလျှင်တစ်နှစ်၊ နှစ် နှစ်ကျော်သည်အထိ ရောင်းမကုန်အနေအထားဖြစ်သည်။ စာအုပ်ဈေး ကြီးသဖြင့် ဝယ်မဖတ်နိုင်ဟုဆိုသူတွေလည်းရှိသည်။ သို့သော် စာအုပ် ဈေးကြီးသဖြင့် စာအုပ်တစ်အုပ် ဝယ်ဖတ် နိုင်သော လူငယ်များက ကြေးအိုးတစ်ပွဲတော့ ဝယ်စားနိုင်ပါသည်။ စာအုပ်၏ တန်ဖိုးက ကြေးအိုးကဲ့သို့ ဈေးကြီးမြင့်လှသည်တော့ မဟုတ်ပေ။ ဒီအခြေအနေက အချက်အလက်ကို ဦးတည်သော ပြဆိုချက်ဖြစ်သည်။

လူငယ်အားလုံးကို မဆိုလိုဟူ၍ ဆိုထားခဲ့ပြီးဖြစ်ပါသည်။ လူငယ်တစ်ချို့ကတော့ စာဖတ်ကြပါသည်။ စာဖတ် နေကြကြောင်းကိုလည်း တွေ့မြင်နေကြရပါသည်။ အချို့သောထိုလူငယ်များက အင်တာနက်ပေါ်တွင် အများ အတွက် အကျိုးရှိနိုင်ဖွယ်ရှိသော လုပ်ရပ်များကိုဆောင် ရွက်နေကြသည်။ အားတက်ဖွယ်ဖြစ်ပါသည်။ သို့သော် သူတို့နှင့်တော့ မလုံလောက်။ သူတို့နှင့်အတူ လက်တွဲဆောင်ရွက်နိုင်မည့် လူကြီးတွေ လိုအပ်နေသည်။

(၄)

စာဖတ်ခြင်းမှလွဲ၍ အခြားဖျော်ဖြေမှုမရှိသော ခေတ်ကိုဖြတ်သန်းခဲ့သည့် လူကြီးတွေ အများကြီးရှိနေသည်။ သူတို့ ခေတ်တွင် စာဖတ်ခြင်းသည်ကသာလျှင်အဓိကဆိုသောအခြေအနေဖြင့်ရှင်သန်လာသဖြင့် စာဖတ်သက် ရင့်သောသူတွေလည်းဖြစ်နေကြသည်။ ဒါကအချက်တစ်ချက်ဖြစ်သည်။ အတွေ့အကြုံပိုင်းအရ လူငယ်တွေ ထက်သာလွန်သော အခြားအချက်များစွာလည်းရှိနေသည်။

သို့သော် လူကြီးတွေထဲက အများစုမှာ အင်တာနက်နှင့်စိမ်းနေသည်။ မြန်မာနိုင်ငံတွင် နေထိုင်နေကြသော လူကြီးများကိုဆိုလိုသည်။ အင်တာနက်နှင့် မစိမ်းသော လူကြီးအချို့မှာလည်း သူတို့စိတ်ဝင်စားနေသည်က တစ်လမ်းသွားဖြစ်နေသည်။ တစ်လမ်းသွားထက် လမ်းများစွာသွားသော ဦးတည်ချက်မျိုးက ပိုအလုပ် တွင်ကျယ်နိုင်သည်။

အင်တာနက်ပေါ်မှ ဖြစ်တည်မှု၊ ဖြစ်ထွန်းမှုတို့ကို သိရှိဖို့ပင်ဝေးစွ။ အင်တာနက်ဆိုသည်ကို ဘာမှန်းပင် မသိသေးသော လူကြီးတွေ ခပ်များများဖြစ်နေသည်။ စာဖတ်နာသော၊ အတွေ့အကြုံရင့်သောလူကြီးများသာ အင်တာနက်အကျွမ်းတဝင်ရှိလာပြီး နည်းပညာကျွမ်းကျင်သောလူငယ်များနှင့် ပေါင်းစည်းမိမည်ဆိုပါက တစ်လမ်းသွားမဟုတ်ဘဲ အခြားသောလူ့အဖွဲ့အစည်းအကျိုးပြု ဆောင်ရွက်မှုတွေဖြစ်ပေါ်လာနိုင်သည်ဟု တွေးမိသည်။ စိတ်ကူးယဉ်မှုလည်းဖြစ်နိုင်ပါ၏။ လူကြီး တွေအင်တာနက်သိစေရန် အင်တာနက်က အိမ်ပေါ် တက်ရက်လိုအပ် နေပြီဖြစ်သည်။

(၅)

အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကျွန်တော်တို့နိုင်ငံတွင် လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေး သည်။ လိုအပ်ချက်တွေရှိနေပါသေးသည်။ လိုအပ်ချက်များ၊ လုပ်ဆောင်မှုများကို လူငယ်များဖြင့် လုပ်ဆောင် နေ၍မပြီးပါ။ လူကြီးများဖြင့် ဆောင်ရွက်နေ၍ မပြီးပါ။  ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။ ထိုအချက်ကို ဆရာဝန်လူငယ်၊ အင်ဂျင်နီယာလူငယ်၊ ကွန်ပျူတာသမားလူငယ်၊ အနုပညာသမားလူငယ်၊ သို့တည်းမဟုတ် ဆရာဝန်လူကြီး၊ အင်ဂျင်နီယာလူကြီး၊ ကွန်ပျူတာသမားလူကြီး၊ အနု ပညာသမားလူကြီး အစရှိသဖြင့် ကွဲပြားနေ၍ မဖြစ်ပါ။ အားလုံးအတူတူပင် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

နည်းပညာခေတ်ဟု ကြွေးကြော်နေကြသည့် အချိန်ဖြစ်ပါသည်။ ထိုကြွေးကြော်မှု၏ နောက်ကွယ်တွင် ဖီလော်ဆော်ဖီပျောက်ဆုံးနေသော ကြွေးကြော်မှု မဖြစ်သင့်ပါ။ ဖီလော်ဆော်ဖီမပျောက်ဆုံးစေရန်အတွက် စာဖတ်ခြင်းဖြင့်၊ လေ့လာသင်ယူခြင်းများဖြင့်သာ ကုစားနိုင်မည်ဖြစ်ပါသည်။

...

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။