Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 3, 2012

Sweet Success (အရေး နှင့် အဆို အောင်မြင်မှုချိုချို) လွယ်လွယ်လေး ရေး၊ဆို - အိမ့်ချစ်

03 December 2012 |By 8 Days
တေးသီချင်း တစ်ပုဒ် ပေါက်ရင် ဖြင့် လူငယ် ထုရဲ့ ပါးစပ်ဖျား၊ ဒါမှ မဟုတ် အချစ် သီချင်း ချိုချိုလေး တွေဆို ရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာဝိုင်း တွေမှာ ကြားရလေ့ ရှိပါတယ်။ အဲဒီ လို အောင်မြင်တဲ့ တေးသီချင်း တစ်ပုဒ် ရဲ့ နောက်ကွယ်က ဖန်တီးသူ တေး ရေးဆရာနဲ့ အသက်သွင်းသူ တေးဆို တို့ရဲ့ အောင်မြင်မှု အပေါ် ခံစားချက် လေးတွေကို တေးသီချင်း ချိုချို အောင်မြင်မှု ချိုချို ဆိုတဲ့ ကဏ္ဍလေး ကနေ တင်ဆက်ဖို့ စီစဉ် ဖြစ်ခဲ့ပါတယ်။ 8 DAYS ရဲ့ တေးချစ် ပရိသတ်တွေ လည်းကြိုက်နှစ်သက် မယ်လို့ ယူဆ ရင်းတင်ဆက်လိုက်ပါတယ်။
ရေးဖြစ်တာက


အိမ့်ချစ် ဒီ “လွယ်လွယ်လေး” သီချင်းကိုစရေးဖြစ်ခဲ့ပုံကနေ စလိုက် ကြရအောင်။ “လွယ်လွယ်လေး” သီချင်းကို အိမ့်ချစ်ရေးဖြစ်ခဲ့တဲ့ အကြောင်းကိုသိပ်တော့မမှတ်မိ တော့ဘူး။ (ရယ်လျက်) ရေးထား တာလည်း တော်တော်လေးကြာပြီ ဆိုတော့လေ။ ဒါပေမဲ့ ရေးပြီးတဲ့ အချိန်မှာလည်း ကိုယ့်ဘာသာ ကိုယ်ရေးပြီးတော်တော်လေး သဘောကျတယ်။
နား အစွဲလွယ်ဆုံး သီချင်း
ဒီသီချင်းလေးကို ရေးပြီးတော့ အမေ့ကိုဆိုပြတယ်။ ဆိုပြပြီးတော့ အိမ့်ချစ်အမေက အရမ်းသဘော ကျသွားတယ်။ အိမ့်ချစ်ရေးသမျှ သီချင်းတွေအားလုံးထဲမှာ ဒီလွယ်လွယ်လေးသီချင်း လေးကနားတော်တော်စွဲတယ်လို့ ပြောတယ်။ “သမီးအခွေလုပ်ရင် အဲဒီသီချင်းလေးကိုထည့်ဖြစ်အောင်ထည့်၊ ပရိသတ်ကြိုက်မှာသေ ချာတယ်”လို့ အာမခံချက်ပေးတယ်။ ညီမကလည်း ပြောတဲ့အတိုင်း တစ် ကိုယ်တော်အခွေမှာထည့်ဖြစ်လိုက် တယ်။ တကယ်လည်းပြောတဲ့ အတိုင်းပရိသတ်နားစွဲသွားတယ်ပေါ့။
ညဘက်တွေမှာပိုရေးတယ်
သီချင်းတွေကိုရေးတဲ့အခါ အချိန်ကန့်သတ်ချက်ကြီးကို သတ် မှတ်ထားပြီးရေးထားတာတော့မရှိ ပါဘူး။ အိမ့်ချစ် feel ရှိတဲ့အချိန် feel ဖြစ်နေတဲ့အချိန်မှာရေးဖြစ်တယ်။ မနက်အစောကြီးလုပ်စရာအလုပ် မရှိလို့ စိတ်ထဲမှာ ရေးချင်တဲ့စိတ်ရှိ ရင်လည်း ဂစ်တာထကိုင်ပြီးရေးတာ ပဲ။ ညဘက်တွေဆိုရင်တော့ ပိုပြီး ရေးဖြစ်တာပေါ့။
သီချင်းကုန်ကြမ်း
တစ်ခါတလေ သီချင်းရေးဖို့ အတွက် အပြင်သွားရင်း အကြောင်း အရာ တစ်ခုခု ရလာရင်ပဲဖြစ်ဖြစ်၊ အတွေးလေးတွေ ရလာရင်ပဲ ဖြစ်ဖြစ် ညီမကတော့ ဖုန်းနဲ့ မှတ်ဖြစ်တယ်။ ညီမ သတိ ရလာတဲ့ melody တစ်ခု ပဲဖြစ်ဖြစ်၊ စာသား တစ်ခုခုပဲ ဖြစ်ဖြစ် ဖုန်းရဲ့ record နဲ့ တစ်ခါတည်း မှတ် ဖြစ်တယ်။
အကြိုက်ဆုံးစာသား
သီချင်းရေးတဲ့လူတစ်ယောက် အနေနဲ့ အကြိုက်ဆုံးစာသားလေး ကတော့ အစပိုင်းလေးပေါ့။ “ဒို့နှစ် ယောက်စတဲ့အချစ်ဇာတ်လမ်းလွယ် လွယ်လေးပဲပေါ့။ မင်းပေးခဲ့တဲ့ကတိ တွေလည်းလွယ်လွယ်မေ့မရတော့။ တံဆိပ်ခတ်ထားသလိုပဲ စိတ်မှာထင် တယ်။
အဲဒီ “တံဆိပ် ခတ်ထား သလိုပဲ စိတ်မှာထင်ဟပ်နေ”ဆိုတဲ့ စာသားလေးကိုကြိုက်တယ်။ Chorus အပိုဒ်ဖြစ်တဲ့“လွယ်လွယ် လေးချစ် လွယ်လွယ်လေး မုန်း၊ လွယ် လွယ်လေးနဲ့ အဆုံးသတ်ဖို့ ငါ့အတွက် တော့မလွယ်ခဲ့အခက်ဆုံးပဲ”ဆိုတဲ့ စာသားလေးတွေ ကိုလည်းကြိုက်ပါ တယ်။
ဒါပေမဲ့ ကိုယ့်ဘာသာ ကိုယ်ဆိုရင်တော့ အဲဒီနေရာက သံစဉ်လေးကိုတော့ အရမ်းကြိုက် တယ်။ အဲဒီသံစဉ်လေးကနားထဲမှာ ချက်ချင်းကိုရသွားတယ်။ နားစွဲ လွယ်တယ်ဆိုတော့ ကြိုက်တယ်။ အဆိုတော် အနေနဲ့ Chorus မှာ ပရိသတ်ဆိုနိုင်တဲ့အတွက်ပျော်တယ်။ တေးရေးမဟုတ်ဘဲ အဆိုတော် တစ်ယောက်အနေနဲ့ကတော့ Chorus ကိုကြိုက်မှာပေါ့။
Chorus ကိုဘာကြောင့် ကြိုက်လဲဆိုရင် ပရိသတ်ကို ကိုယ်ကလိုက် ဆိုနိုင်အောင်လွှတ်ပေးလို့ရတယ်။ ပရိသတ်ကအများဆုံးကြိုက် မယ့်နေရာလေးဆိုတော့ အဆိုတော် အတွက်လည်းအဆင်ပြေတယ်။ ကိုယ်ရေးတဲ့ သီချင်းဖြစ်နေတော့ ဆိုတဲ့အခါအရမ်းအခက်အခဲကြီး တော့ မဖြစ်ပါဘူး။ ပေါ့ပေါ့ပါးပါး လေးပါပဲ။
လွယ်လွယ်လေးနဲ့ပတ်သက်ပြီး
ပရိသတ်က ညီမကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုခဲ့တဲ့ “လွယ်လွယ်လေး” သီချင်းကိုအားပေးတယ်ဆိုတာသိရ တဲ့အတွက် အရမ်းပျော်ပါတယ်။ အရမ်းလည်းဝမ်းသာတယ်။ တခြား သီချင်းတွေထက်ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတာဆိုတော့ နှစ် ဆပိုဝမ်းသာတာပေါ့။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။