Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 20, 2012

Giving a compliment (ချီးမွမ်းစကားပြောကြားခြင်း)

Posted by zar ni (My Way!) on December 18, 2012 at 16:14 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးကို ချီးမွမ်းပြောဆိုခြင်းဖြင့်ပိုမိုခိုင်မြဲအောင် တည်ဆောက်နိုင်ပါတယ်။ လောကမှာကိုယ့်ကိုချီးမွမ်းတာကို မကြိုက်တဲ့လူ မရှိသလောက်ပါပဲ။ လူတွေဟာ ကိုယ့်ကိုယ် အသိအမှတ်ပြုခံချင်ကြတယ်။ ချီးမွမ်းတာ compliment ဟာ မြှောက်ပင့်ပြောဆိုတာ flatter နဲ့တော့ကွာပါတယ်။ စိတ်ထဲကမပါတဲ့မြှောက်လုံးတွေ ကိုတတ်နိုင်သမျှဖော့ပြော downgrading တတ်ရပါမယ်။ ဂျာမန်စကားပုံတစ်ခုက “မြှောက်ပင့်ပြောတဲ့သူစကားကို အမှန်ဖြစ်အောင်ကျိုးစားရမယ်” What flatterers say, try to make true. လို့ဆိုပါတယ်။ သူတပါးရဲ့အရည်အသွေးတစ်ခု၊ ပိုင်ဆိုင်မှုတစ်ခုကိုစိတ်ထဲက နှစ်နှစ်ကာကာ ချီးမွှမ်းပြောဆိုစကားဟာ ကြားရသူရဲ့နားတယ် ဘယ်လောက်ချိုမြိန်မလဲဆိုတာ စဉ်းစားစရာတောင်မလိုပါဘူး။ သူများကို ချီးမွမ်းတတ်ရမှာဖြစ်သလို ကိုယ့်ကိုယ်ချီးမွမ်းလာရင်လည်း ပြန်လည်ကျေးဇူးတုန့်ပြန်ပြောဆိုတတ်ရပါမယ်။ ဒါကြောင့် ချီးမွမ်းပြောဆိုရာမှာ သုံးတဲ့အသုံးလေးတွေ လေ့လာကြည့်ကြပါဦး။



Giving a compliment (ချီးမွမ်းခြင်း)
ချီးမွမ်းနိုင်တဲ့အရာတွေကအများကြီးရှိပါတယ်။ လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်၊ အ၀တ်အစား၊ အောင်မြင်မှု၊ ပိုင်ဆိုင်မှု တွေ၊ သူ့နားမှာချိုမယ့်အရာအားလုံးချီးမွမ်းနိုင်ပါတယ်။

• Your hair looks fantastic! (မင်းဆံပင်လေးကြည့်လို့လှလိုက်တာ။ ပုံလေးဆန်းလိုက်တာ)
• I really like your dress. (မင်းဝတ်စုံကိုတော့ကြိုက်သွားပြီ)
• That's a really nice picture. (ဒီပုံလေးကတကယ်လှတယ်)
• Your new car is great. (မင်းတို့ကားသစ်ကကောင်းလိုက်တာ)
• I think your new hairstyle really suits you. (ငါ့အထင်တော့ မင်းဆံပင်ပုံစံသစ်ကမင်းနဲ့တကယ်လိုက်တယ်။
• That new shirt looks great on you! (အဲဒီအင်္ကျီသစ်ကမင်းနဲ့တကယ်လိုက်တယ်။)
• That’s a great looking car. (ဒီကားကတော့တကယ်ခန့်ညားတာပဲ)
• You have such beautiful hair. (မင်းဆံပင်လေးတွေကလှလိုက်တာ)
• What a lovely baby! (ချစ်စရာကောင်းလိုက်တဲ့ကလေး)
• Isn’t your ring beautiful? (မင်းလက်စွပ်ကလေးက လှသားပဲ။ မဟုတ်ဘူးလား)
• You did a really good job! (မင်းလုပ်တာတစ်ကယ်ကောင်းတယ်)
• You handled that situation really well! (ဒီအခြေအနေကို မင်းကိုယ်တွယ်လိုက်ပုံကောင်းတယ်)
• This food is delicious! (ဒီဟင်းတွေကအရသာရှိလိုက်တာ)
• Nice house! (အိမ်လေးကကောင်းတယ်)
• I'd just like to compliment you on your recent achievement. (ခင်ဗျားရဲ့လတ်တလောအောင်မြင်မှုအတွက်မင်းကိုဂုဏ်ပြုပါတယ်)
• That report you wrote was fantastic. (ခင်ဗျားရဲ့အစီရင်ခံစာ အရမ်းကောင်းတာပဲ)
• That's a nice T-shirt you’re wearing. (မင်းဝတ်ထားတဲ့တီရှပ်လှတယ်)

Responding to a compliment
ကိုယ့်ကိုချီးမွမ်းလာရင် ဒီအတိုင်းကြီးပီတိဖြစ်ပြီးပြုံးနေလို့မဖြစ်သေးဘူး။ သူ့ကိုတစ်ခုခုပြန်ပြောရမှာပေါ့။ အောက်မှာပေးထားတဲ့ စကားပြောခန်းလေးတွေမှာ အေ က ဘီ ကို ချီးမွမ်းနေတာဖြစ်ပြီး ဘီ ကပြန်လည်တုန့်ပြန်နေတာပဲဖြစ်ပါတယ်။

Thanking someone
သူ့ကို ကျေးဇူးတင်စကားနဲ့တုန့်ပြန်နိုင်တယ်။
A: That’s a really nice sweater. ဒီဆွယ်တာလေးတကယ်ကောင်းတာပဲ။
B: Thanks./ That’s nice of you to say so. ကျေးဇူး/ ဒီလိုပြောတာကျေးဇူးတင်ပါတယ်။ (တိုက်ရိုက်ပြန်တာမဟုတ်)

Giving details
သူ့ကိုအသေးစိတ်ထပ်ရှင်းပြနိုင်သေးတယ်။
A: Nice rug. ခင်းနှီး(ကော်ဇော)ကောင်းလေးပဲ။
B: Thanks. I got it in a street market in Morocco. ကျေးဇူး။ ဒါငါမော်ရိုကိုမှာလမ်းဘေးဈေးက၀ယ်ခဲ့တာ။

Downgrading the compliment
တစ်တစ်လေမှာ ကိုယ့်ကိုချီးမွမ်းတာကို ဘာမှမဟုတ်ပါဘူး။ ဒီလောက်လဲမဟုတ်ပါဘူး လို့ဖော့ပြောနိုင်တယ်။
A: That painting is really nice. ဒီပန်းချီကားကအရမ်းကောင်းတာပဲ။
B: Oh, it’s nothing. It was really cheap actually. I got it in a sale. သြော် ဒီလောက်လဲမဟုတ်ပါဘူး။ တကယ်တော့ အရမ်းဈေးပေါတယ်။ အရောင်းအ၀ယ်တစ်ခုမှာရခဲ့တာလေ။

Agreeing
သူပြောတာကိုသဘောတူလို့လည်းရတယ်။
A: I love that sofa you bought. မင်းဝယ်လိုက်တဲ့ဆိုဖာကို သဘောကျတယ်။
B: Yes, me too. အင်းဟုတ်တယ်။ ငါရောပဲ။

Disagreeing
ကိုယ့်အောင်မြင်မှုကို ကိုယ်ကတော့သိပ်မကြေနပ်တဲ့အခါ ချီးမွမ်းလာတာကို ဆန့်ကျင်ပြောနိုင်တယ်။
A: You dealt with that very well. ခင်ဗျားအဲဒါကို ကောင်းကောင်းကိုင်တွယ်လိုက်နိုင်တာပဲ။
B: Oh, I don‘t think so. ကျွန်တော်တော့ဒီလိုမထင်ပါဘူးဗျာ။

Responding with a question
သူ့ကိုအမေးနဲ့တုန့်ပြန်နိုင်တယ်။
A: You did an excellent job yesterday. ရှင်မနေ့ကလုပ်ခဲ့တဲ့အလုပ် သိပ်ကောင်းတယ်။
B: Do you really think so? ဟုတ်လား။ ခင်ဗျားတကယ်ပဲဒီလိုထင်လား။

Shifting the credit
လုပ်တဲ့သူကအခြားတစ်ယောက်၊ ချီမွမ်းခံရသူကကိုယ်ဖြစ်နေရင် သူ့ဆီချီးမွမ်းစကားလွှဲပေးရမယ်။
A: That clock looks great in your living room! မင်းတို့ဧည့်ခန်းထဲကနာရီကပုံစံမိုက်တယ်။ (ကောင်းတယ်)
B: Thanks, but it was Keira who chose it. ကျေးဇူး။ ဒါပေမယ့် အဲဒါကို ကီရာရွေးတာလေ။

Returning the compliment
လူမှုဆက်ဆံရေးဆိုတာတစ်လမ်းသွားမဟုတ်တော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်တုန့်လှယ်ချီးမွမ်းတယ်ဆိုတာ လုပ်သင့်တဲ့အလုပ်တစ်ခုပါ။ သေးငယ်တဲ့စကားချိုချို တစ်ခွန်းဟာလူတစ်ယောက်ကိုစိတ်ပျော်ရွှင်စေနိုင်စွမ်းတယ်တဲ့လေ။
A: You look great. မင်းကြည့်ကောင်းတယ်။
B: And so do you. နင်လည်းဒီလိုပါပဲ။

Sharing the credit
အောင်မြင်မှုကို သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစုနဲ့မျှဝေမခံစားရင် တစ်ကိုယ်ကောင်းဆန်သလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကူညီခဲ့တဲ့သူတွေကိုလည်း ဂုဏ်ပြုပေးရမယ်။
A: You did a fantastic job. ခင်ဗျားလုပ်ခဲ့တာအရမ်းကောင်းပါတယ်။
B: Thanks, but l couldn’t have done it without the others. ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တခြားသူတွေသာမပါခဲ့ရင်ကျွန်တော်ဒီလိုလုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။

Being modest
အမွှမ်းတင်တာကိုမျှားချင်ရင် မပလွှားခြင်းဆိုတဲ့ငါးစာကအကျိန်းသေဆုံးပဲ (ချီးကျူးခံချင်ရင်ရိုးရိုးလေးနေတာအကောင်းဆုံးပဲ) Modesty is the only sure bait when you angle for praise. လို့ Lord Chesterfield ကပြောခဲ့တယ်။
A: That’s a beautiful painting you’ve done. မင်းရေးခဲ့တဲ့ပန်းချီကားက သိပ်လှတဲ့ပန်းချီကားပဲ။
B: Oh, it’s nothing. l knocked it up in a couple of seconds. အို ဒါဘာမှမဟုတ်ပါဘူး။ လျှပ်တပျက်ရေးလိုက်မိတာပါ။

Building up the achievement
ဖော့ပြောရတဲ့အခါတွေရှိသလို သာသာထိုးထိုး ဖိပြောရတဲ့အခါမျိုးမှာဒီလိုပြောနိုင်ပါတယ်။
A: That was amazing. Well done! အရမ်းကောင်းတာပဲ။ ချီးကျူးပါတယ်။
B: It's actually a lot harder than it looks. တကယ်တော့ အဲဒါထင်တာထက်ပိုခက်တယ်ဗျ။

Complementing the complimenter.
ချီမွမ်းလာတဲ့သူကို ချီးမွမ်းစကားနဲ့တုန့်ပြန်မယ်။
A: Thanks. I’m glad you enjoyed it. ခင်ဗျားနှစ်သက်တယ်ဆိုလို့ဝမ်းသာပါတယ်။
B: Thank you. It’s really nice to hear that from someone with your experience.
ကျေးဇူးတင်ပါတယ်။ ခင်ဗျားလိုအတွေ့အကြုံရှိတဲ့လူဆီကဒီလိုကြားရတာ ၀မ်းသာပါတယ်။

Ironic humour
တစ်ခါတစ်လေလည်း ကိုယ်ကဘာမှသိပ်မလုပ်လိုက်ရဘဲနဲ့လူစွမ်းကောင်းလိုချီးကျူးခံရတာလဲရှိတာပဲ။ ဒီလိုအခါမျိုးမှာ ခပ်ငေါ့ငေါ့လေးအရွှန်းဖောက်မှ မျက်နှာအထားရသက်သာမယ်လေ။
A: Well done for stopping that robber. ဒါးမြကိုတားလိုက်တာ တော်ပါပေတယ်။
B: I was actually trying to run away. l had no intention of trying to stop him. တကယ်တော့ထွက်ပြေးဖို့ကြိုးစားနေတာဗျ။ သူ့ကိုဖမ်းဖို့လုံးဝစိတ်ကူးမရှိဘူး။

Suspicion
ကိုယ့်ကိုချီးမွမ်းလာသူတိုင်းကတော့ စိတ်ရင်းမှန်နဲ့ဖြစ်မှာမဟုတ်ဘူး။ အကျိုးလိုလို့ညောင်ရေလောင်း တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကိုသံသယလေသံနဲ့ပြန်မေးနိုင်တယ်။ အထူးသဖြင့်ရင်းနှီးတဲ့ မိဘနဲ့သားသမီး၊ မောင်နှမ၊ သူငယ်ချင်း တွေကြားထဲမှာပေါ့။
A: That suit looks so good on you. အဲဒီအင်္ကျီလေးနဲ့သိပ်ကြည့်ကောင်းတာပဲ။
B: What are you after? မင်းဘာလိုချင်လို့လဲ။


ကဲ ဒါတွေကတော့ compliment ပေးတာနဲ့ပတ်သက်တာလေးတွေပေါ့။ ချိုသာတဲ့ချီးမွမ်း စကားလေးတွေ ပြောတတ် တုန့်ပြန်တတ်ကြပါစေ။ ဒါပေမယ့် John Addington Symonds ပြောတဲ့ It is great to get praise from the lips of taciturnity. နှုတ်နည်းတဲ့သူဆီကကြားရတာမှပိုပြီးအရသာရှိတယ် ဆိုတာလည်းမမေ့ကြပါနဲ့ဦး။

အောက်က ဒီနာနဲ့မာရီယာတို့နှစ်ယောက်ပြောနေကြတာလေးတွေကို လေ့လာလိုက်ရင်ပိုပြီးပြည့်စုံ သွားပါလိမ့်မယ်။

Old friends Dina and Maria are having lunch. It's the first time they’ve seen each other in ten years.

Dina: Maria, it’s great to see you again. You look fantastic!
Maria: Thanks! You look great, too. I love your hair.
Dina: You really haven't been to the hairdresser for ages.
Maria: l hear that youဒve been very busy lately.
You were nominated for a Business person of the Year award, weren't you?
You must be so proud.
Dina: Well, you know, I’ve got a great team behind me, so I really have them to thank. Hey, l read your latest novel. It's really funny!
Maria: Do you think so? The reviews haven't been that great.
Dina: Well, I loved it!
Maria: That’s very kind of you. It was a lot of hard work. By the way, I saw your
wedding photos on Facebook. What a beautiful dress!
Dina: Oh that old thing. It’s been in the family for generations.
Maria: And your husband looks like a real catch.
Dina: Yeah, John is a great guy.
Maria: He's so handsome. ..
Dina: [laughing nervously] Yeah heis. Oh, I’ve been meaning to ask, what's all this about a bank robbery? You help catch one of the robbers, didn’t you?
Maria: Oh, it was nothing. I was just in the right place at the right time. I was
actually trying to run away. But I must have tripped and knocked the gun out of the robbers hands.
Dina: Incredible... Anyway, I must be going. We have to do this again soon.
Maria: Definitely! And bring John next time. I can't wait to meet him. He‘s so handsome.
Dina: Erm. yes, great.

ဇာနည် (MyWay!)





Read more: Giving a compliment (ချီးမွမ်းစကားပြောကြားခြင်း) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A771717&xgs=1&xg_source=msg_share_topic#ixzz2FX3lWDeT

http://www.lubo601.com/2012/12/giving-compliment.html#more မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။