Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 21, 2012

အငြိမ်းစားယူပြီးချိန် စိတ်ပျော်ရွှင်ကျန်းမာရေး

20 December 2012 |By ရိုးရာလေး
အလုပ် မလုပ်နိုင်တော့လောက် အောင်ကျန်းမာရေး မကောင်းတဲ့ သူတွေနဲ့ အသက် ၆၀ ပြည့် သွားတဲ့သူတွေဟာ အငြိမ်းစား ယူတတ်ကြပါတယ်။ အငြိမ်းစားယူပြီးတဲ့အခါ လူအများစုဟာ အလုပ်နဲ့အတူ ကိုယ့်ဘဝတစ်ခုလုံးပါ မရှိတော့သလို စိတ်ဓာတ်ကျ သွားတတ်ကြပါတယ်။ တချို့လူတွေကျတော့ အငြိမ်းစားယူပြီး တဲ့အချိန်ကျမှ အလုပ်တာဝန်တွေနဲ့ မအားလပ်စဉ်က မလုပ်ဖြစ်ခဲ့တဲ့ ကိစ္စတွေကို အတိုးချလုပ်ကိုင်ခွင့် ရတဲ့အတွက် ဘဝက အရင်ထက် ပိုပြီး တန်ဖိုးရှိ လာတယ်လို့တောင် ဆိုစမှတ်ပြုကြပြန်ပါတယ်။ ကျန်းမာရေးကောင်းပြီး လုပ်ကိုင်နိုင်စွမ်း ရှိနေသေးတဲ့အချိန်မှာ သက်ပြည့် အငြိမ်းစား ယူလိုက်ရတဲ့အခါ ပျင်းရိငြီးငွေ့တာ၊ ရည်ရွယ်ချက် မဲ့တာနဲ့ အပေါင်းအဖော် နည်းသွားတွေကြောင့် ဘဝမှာ အပြောင်းအလဲတော့ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အငြိမ်းစား ယူပြီးချိန်မှာ လူတိုင်း စိတ်ပျော်ရွှင်ကျန်းမာကာ ဘဝ အဓိပ္ပာယ် ရှိစေရေး အတွက် ဆောင်ရွက်နိုင်တဲ့ အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။
တက်တက်ကြွကြွ နေထိုင်ပါ
သုတေသနတွေအရ အငြိမ်းစားယူပြီးချိန်မှာ ဝါသနာပါရာအလုပ်တွေ၊ လူမှုရေးကိစ္စတွေ၊ အချိန်ပိုင်းအလုပ်တွေနဲ့ အလုပ်ရှုပ်တဲ့သူတွေဟာ ဘာမှ မလုပ်သူတွေထက် အသက်ရှည်ရှည်နဲ့ စိတ်ချမ်းချမ်းသာသာ နေကြရကြောင်း သိရပါတယ်။ အငြိမ်းစား မယူခင်ကတည်းက သင့်ကို စိတ် အချမ်းသာစေနိုင်ဆုံး အလုပ်တွေကို ကြိုတင်စဉ်းစားထားပြီး အငြိမ်းစားယူပြီးချိန်မှာ လုပ်ဆောင်နိုင်အောင် နည်းလမ်းရှာပါ။ ဥပမာအနေနဲ့ -
၁။ အလုပ်ဆက်လုပ်ခြင်း
လူအများစုဟာ အသက် ၆၀ ပြည့်လို့ အငြိမ်းစားယူလိုက်ရပေမယ့် ကျန်းကျန်းမာမာနဲ့ လုပ်ကိုင်နိုင်တုန်းပါပဲ။ အဲဒီအခါ အရင်လို တစ်ပတ်မှာ နာရီ ၄၀ လောက် အချိန်ပေး အလုပ်မလုပ်ဘဲ အချိန်ပိုင်းလုပ်နိုင်အောင် ကြိုတင်စဉ်းစားထားပါ။ လက်ရှိအလုပ်မှာပဲ အတိုင်ပင်ခံနေရာ၊ အကြံပေးတဲ့နေရာတွေမှာ ဝင်လုပ်တာကလည်း အဆင်ပြေပါတယ်။
၂။ ဝါသနာကို အကောင်အထည်ဖော်ခြင်း
အရင်တုန်းက လုပ်ချင်ခဲ့ပေမယ့် မအားလပ်လို့ အချိန်မပေးနိုင်ခဲ့တဲ့ ဝါသနာတွေ ဥပမာ- စာဖတ်ခြင်း၊ ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်း၊ ပန်းချီဆွဲခြင်း စတာတွေကို အတိုးချ လုပ်ဆောင်နိုင်ပါတယ်။ အရင်တုန်းက ဘာကိုမှ ဝါသနာ မပါခဲ့ဘူးဆိုရင်လည်း အခုအချိန်မှာ လေ့လာမှု တစ်ခုကို သင်ယူလို့ရပါတယ်။
၃။ ကိုယ်လက်လှုပ်ရှားပေးခြင်း
အငြိမ်းစားယူပြီးချိန်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ အားကစားလုပ်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေနဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားလေ့ရှိတဲ့ အသက်ကြီးသူတွေဟာ ငြိမ်ငြိမ်နေပြီး လှုပ်ရှားမှု မလုပ်သူတွေထက် ကျန်းမာရေးပြဿနာ အဖြစ်နည်းကာ အသက်ရှည်ရှည်နေရကြောင်း လေ့လာမှုတွေအရ သိရပါတယ်။
မိတ်ဆွေ သူငယ်ချင်းများနှင့် ပေါင်းဖော်ပါ
အထီးကျန်ခြင်းဟာ အသက်ကြီးသူတွေကို အဓိက စိတ်ဓာတ်ကျစေနိုင်တဲ့ အတွက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းဖော်ဖို့ အရေးကြီးပါတယ်။ အငြိမ်းစားယူပြီးချိန်မှာ လူမှုဘဝရိုက်ခတ်မှုဒဏ်ကို အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုခံနိုင်ရည်ရှိတတ်ပါတယ်။ အသက် ၈၅ နှစ် အရွယ် အထိ အမျိုးသမီး ၁၀၀ က နေရတဲ့အချိန်မှာ အမျိုးသား ၃၉ ဦးကသာ ၈၅ နှစ် အထိ နေရပါတယ်။ အမျိုးသားတွေက ဘဝအဖော်နဲ့ သက်တူ မိတ်ဆွေအပေါင်းအသင်းတွေ သေဆုံးသွားတဲ့အခါ မကြာခင်မှာ သူတို့ပါလိုက်ပြီး သေဆုံးသွားလေ့ရှိတတ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ အမျိုးသမီးတွေကတော့ ဘဝအဖော်က အရင်ကွယ်လွန် သွားခဲ့ရင်တောင် နှစ်ပေါင်းများစွာ အသက်ရှင် ရပ်တည်နိုင်ပါတယ်။
ဘာသာရေး ကိုင်းရှိုင်းပါ
အကောင်းမြင် သဘောထားရှိပြီး ဘာသာတရားရဲ့ အဆုံးအမနဲ့ အညီလိုက်နာ နေထိုင်သူတွေဟာ ဘာသာတရား မရှိတဲ့သူတွေထက် အသက်ရှည်ရှည် နေရကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ဒါ့အပြင် အများအကျိုးဆောင်ရွက်ပြီး စေတနာ့ဝန်ထမ်း အလုပ်လုပ်ပေးတာဟာ ဘဝကို တန်ဖိုးရှိရှိ အချိန်ကုန်သွားစေတဲ့အတွက် စိတ်ကြည်နူးချမ်းမြေ့မှု ရစေပါတယ်။ အသက်ကြီးလာတာနဲ့ ပတ်သက်တဲ့ အဆိုးမြင် သဘောထားတွေကို ဖယ်ရှားပြီး အသက်ကြီးတဲ့အထိ မပျက်စီးဘဲ ဂုဏ်ကျက်သရေရှိရှိ နေထိုင်ရပ်တည်သွားတဲ့သူတွေကို နမူနာယူကာ ဘဝကို ဖြတ်သန်းသွားမယ်ဆိုရင်ဖြင့် သက်ရှည်ကျန်းမာစွာ သက်တမ်းစေ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
Ref By - http://seinpanpyar.multiply.com

ရိုးရာလေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။