21 December 2012 |By ရိုးရာလေး
သင့်ရေချိုးခန်းနဲ့ အိမ်သာကို ဆေးကြော သန့်ရှင်းခြင်းဟာ ရောဂါပိုး တွေကို လျော့ နည်းစေပြီး အမြင်လည်း တင့်တယ် လှပစေပါတယ်။ ဒါပေမယ့် ရေချိုးခန်း သန့်ရှင်းရေး လုပ်ရတာဟာ သင့်အတွက် တော်တော်လေး ပင်ပန်းပြီး အချိန်ကုန် တယ်ဆိုရင် အောက်ပါ အကြံပြုချက်တွေက သင့်ကို ကူညီနိုင်ပါလိမ့်မယ်။
အဆင့်(၁)
ရေချိုးခန်း၊ အိမ်သာထဲမှာ တစ်ခါသုံး တစ်သျှူးစက္ကူတွေကို သုံးတာက ရောဂါပိုးတွေ ပျံ့နှံ့မှုကိုလည်း နည်းစေပြီး သန့်ရှင်းဖို့ အတွက်လည်း အချိန်ကုန် သက်သာစေပါတယ်၊ တစ်သျှူးလိပ် ဒါမှမဟုတ် ဆွဲယူရ လွယ်ကူတဲ့ တစ်သျှူးဘူး တစ်ခုထားပါ။ ရေချိုးခန်းထဲမှ ညစ်ပတ်နေတဲ့ လက်သုတ် ပဝါတွေကို ဖယ်ပစ်ပါ။
အဆင့်(၂)
လက်ဆေးပြီးနောက် သင့်လက်တွေကို ခြောက်ဖို့ တစ်သျှူုးစက္ကူနဲ့သုတ်ပါ။ ပြီးရင် စိုသွားတဲ့ တစ်သျှူးစက္ကူနဲ့ ရေချိုးခန်းထဲက မှန်တွေ၊ လက်ဆေးကန်တွေ၊ ကောင်တာနဲ့ ဘုံပိုင်ခေါင်းတွေကိုသုတ်ပါ။
အဆင့်(၃)
အသုံးပြုပြီးတိုင်း ရေပန်းနဲ့ ရေချိုးကန်တွေကို တစ်ခါတည်းသန့်ရှင်းခဲ့ပါ။
အဆင့်(၄)
ရေပန်းနဲ့ ရေချိုးပြီးရင် မှန်မှာရေငွေ့တွေကပ်နေပါလိမ့်မယ်။ တစ်သျှူးစက္ကူနဲ့ သုတ်ပါ။
အဆင့်(၅)
အပတ်စဉ် အိမ်သာဆေးဖို့၊ ကြမ်းပြင်ကို ကြမ်းတိုက်ဝတ် (Mop) နဲ့ သုတ်ဖို့နဲ့ သုံးပြီးသား တစ်သျှူးတွေ ထည့်တဲ့ အမှိုက်ခြင်းကို သွန်ဖို့ ငါးမိနစ်ခန့် အချိန်ယူပါ။
Tips
တစ်ရက်မှာ မိနစ်ပိုင်းခန့် အချိန်ယူပြီး သင့်ရေချိုးခန်းကို သန့်ရှင်းပေးရင် ဒီအတွက် သီးသန့်အချိန်မကုန်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ သန့်ရှင်းတောက်ပြောင်နေမှာပါ။
Ref By - http://seinpanpyar.multiply.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။