01 December 2012 |By Popular News
လူမှုရေးပွဲတွေ၊ ပရဟိတပွဲတွေမှာ အမြဲလို လို သီဆိုဖြစ်တဲ့ လင်းလင်း က ဒီဇင်ဘာ ၁၆ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် MTV EXIT လူကုန်ကူးမှု ဆိုင်ရာ အသိ ပညာပေး ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ အမေရိကန်နိုင်ငံသား ဂရမ်မီ ဆုရှင် အဆိုတော်၊ သီချင်းရေးဆရာ ဂျေဆင် မရတ်လည်း ပါဝင်ေ ဖျာ်ဖြေမှာဖြစ်ပါတယ်။
ဒီပွဲမှာ လင်းလင်းသီဆိုဖြစ်မယ့်သီချင်းတွေ ကတော့..
”လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သီချင်းကတော့ ကျွန်တော်နဲ့ချစ်သုဝေ ရဲ့ စုံတွဲခွေထဲမှာ တစ်ပုဒ်ပါမယ်။ ဒီပွဲ မှာတော့ မဆိုဖြစ်ပါဘူး။အားလုံးကို ကိုယ်စားပြုမယ့် ဥပမာ- ‘ကျွန်တော် မြန်မာ’ လိုသီချင်းမျိုး၊ အဲဒါမျိုးလေး တွေဆို မယ်။ ပြီးတော့ သီချင်းမဆို”် လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ ပညာပေး စကားလေးတွေ ပြောဖြစ်မယ်။ ပြီး တော့ ထရီ ဇာနဲ့ တစ်ပုဒ်တွဲဆိုမယ်။ ပွဲအချိန်အရလည်း ပါတာပေါ့။ အထူး သဖြင့် ဂျေဆင်မရတ် ၄၅ မိနစ် လောက်ဖျော် ဖြေတာကိုကျွန်တော်တို့ ကိုယ်တိုင်လည်း ကြည့်ချင်တယ်။ ဂျေ ဆင်မရတ်နဲ့ အားလုံးတွဲပြီး တစ်ပုဒ် လောက်ဆိုဖို့ စီစဉ်နေကြပါတယ်” လို့ ပြောပါတယ်။ လူမှုရေးနဲ့ပတ်သက်တဲ့ ပညာပေးသီ ချင်းတွေ တော်တော်များများ ရေး သား၊ သီ ဆိုဖြစ်တဲ့ လင်းလင်းကို နောက်ပိုင်းမှာ နယ် ပယ်ကဏ္ဍအစုံအတွက် ပညာပေး၊ စိတ် ဓာတ်တက်ကြွစေမယ့် သီချင်းတွေ ဆက်တိုက် လို ရေးသွားဖို့ကော ရှိမ လားဆိုတော့..
”ကျွန်တော့်ရဲ့ တတိယမြောက်အခွေထဲ မှာများမယ်။ စစ်ဆန့်ကျင်တဲ့ဟာမျိုးတွေ၊ လူငယ်တွေကို ပညာရေးအသိပေးသီချင်းမျိုး တွေ အဲဒီလိုသီချင်းမျိုးေ လးတွေတော့ နောက် အခွေထဲမှာထည့်ထားပါတယ်။ သက်သက်မဲ့ ကဏ္ဍစုံအောင် လုပ်တာတော့မဟုတ်ပါဘူး။ ဒီနောက်အခွေမှာက ကျွန်တော်လုပ်ချင်တဲ့ မြူးဇစ်နဲ့ စကားလုံးပိုင်းကို အဓိကထားတာ များတယ်”လို့ပြောတဲ့လင်းလင်းက ဒုတိယ အခွေမှာလည်း သူ့ရဲ့ဂီတပုံစံက တစ်မျိုးဖြစ် သွားတာကြောင့်တတိယအခွေမှာကော နောက် တစ်မျိုးထပ်ပြောင်းဦးမလား ဆိုတော့..”အခု တတိယအခွေကလည်း တူမှာ မဟုတ်ဘူး။ တမင်သက်သက်ကို လိုက်ပြောင်း နေတာတော့ မဟုတ်ဘူး။ လုပ်ပြီးေ တာ့မှ သိတာ။ ကော်မာရှယ်ဆန်တဲ့ဟာမျိုး လုပ်တာ နည်းပြီး လုပ်ချင်တဲ့နောက်လိုက်လုပ်ပြီးမှပဲ သိရတာ။ ပြန်နားထောင်ကြည့်မှသိရတာ” လို့ လင်းလင်းကပြောပါ တယ်။လင်းလင်းက ဒီဇင်ဘာထဲမှာ ချစ်သုဝေ နဲ့အတူ စုံတွဲခွေထွက်ဖို့ရှိပြီး ၂ဝ၁၃ ဖေဖော် ဝါရီလထဲမှာတော့ သူ့ရဲ့တတိယမြောက် တစ် ကိုယ်တော်အခွေ ထွက်ရှိလာေ တာ့မှာ ဖြစ် ကြောင်းလည်း သိရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။