Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 20, 2012

မျိုချလို့ မရအောင် လည်ချောင်းနာရင်

 
မျိုချလို့ မရအောင် လည်ချောင်းနာရင် လည်ချောင်းထဲရှတတ၊ တစ်ခါ တစ်ရံ အစာ သို့မဟုတ် ရေမျိုချရင် နာလို့ မမျိုရဲ၊ မစားရဲ လောက်အောင် ဆိုးဝါးတဲ့ လည်ချောင်းနာတဲ့ဝေဒနာ ကို ဘဝမှာ ကြုံဖူးခဲ့ကြမှာပါ။ "လည် ချောင်းနာတာလောက်များ မဆန်းပါ ဘူး၊ ရာသီဥတုအေးရင်၊ ဆောင်း တွင်းရောက် ရင်၊ မိုးမိခဲ့ရင်၊ ရေချိုးတာ သိပ်ကြာသွားရင်၊ အအေး ခဏခဏ ...သောက်ရင် လည်ပင်းနာမှာပေါ့" လို့ ဆင်ခြေပေးနိုင်ပါတယ်။ မှန်ပါတယ်။ အေးမြခြောက်သွေ့ တဲ့ လေစိမ်း၊ ရာသီဥတုနှင့် သက်ဆိုင် တဲ့ ဓာတ်မတည့်မှုတွေ၊ ဒါမှမဟုတ် ပုံမှန်ထက် အလွန် အမင်းအေးတဲ့ ရာသီဥတုကြောင့်ဖြစ်စေ၊ မိုးမိ၊ အနွေး ထည်မဝတ်၊ စောင်မခြုံမိလို့စတဲ့ အခြေအနေတွေကြောင့်ဖြစ်စေ၊ ဒီ ထက်ဆိုး တာကတော့ ဗက်တီးရီးယား ပိုး ဝင်ရောက်ခံရလို့ဖြစ်စေ လည် ချောင်း တစ်လျှောက်မှာ ရောင်ရမ်းခြင်း ကြောင့် နာကျင် ကိုက်ခဲတဲ့ဝေဒနာတွေ ဖြစ်ပေါ် ခံစားရခြင်းဖြစ်ပါတယ်။ အများအားဖြင့် အအေးမိခြင်း ကြောင့်ဖြစ်စေ၊ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်စေ လည်ချောင်းနာလေ့ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် လည်ချောင်း ရောင်ရမ်းမှု ဟာ ခေတ္တခဏလောက် သာ ဝေဒနာခံစားရပြီး မကြာမီ ပျောက်ကင်းသက်သာသွားပါတယ်။ သို့သော် ဗက်တီးရီးယားပိုးကြောင့် ဆိုရင်တော့ မကုသခဲ့ရင် အ္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာတာ ၃ ရက်ကျော်မယ်။ မသက်သာဘဲ ပိုမို ဆိုးဝါးလာမယ်။
အသံတောင်မထွက် နိုင်၊ စကားမပြောနိုင်၊ အစာမမျိုချနိုင် တဲ့ အခက်အခဲတွေ၊ ဝေဒနာတွေ ဖြစ် ပွား ခံစားလာရပါက တတ်ကျွမ်းတဲ့ ဆရာဝန်နှင့်ပြသ၍ ဗိုင်းရပ်စ်ပိုး ကြောင့်လား၊ ဗက်တီးရီးယားပိုး ကြောင့်လား ဆိုတာ ရောဂါ အမှန်ရှာ ဖွေဖို့ လိုပါလိမ့်မယ်။ "လည်ချောင်းနာတယ်" လို့ မိသားစုဝင် တစ်ဦးက ပြောပြလာရင် ပါးစပ်လေးဟခိုင်းပြီး "အား"လို့ အော် ခိုင်းလိုက်ပါ။ လျှာရဲ့နောက်ထဲကို ဓာတ်မီးရောင် သို့မဟုတ် အလင်း ရောင် ကောင်းကောင်း ရတဲ့နေရာမှာ စစ်ဆေး ကြည့်ရှု ကြည့်ပါ ကဘာ့ကြောင့် လည်ပင်းနာ ရသလဲဆိုတဲ့ သဲလွန်စကို ရှာဖွေတွေ့ ရှိနိုင် ပါလိမ့်မယ်။ အာခေါင် အလယ် မှာရှိတဲ့ အာသီး နှစ်လုံး နီရဲ ရောင်ရမ်းနေလားဆိုတာ ကြည့်ရှုပါ။ ဗက်တီးရီးယား ပိုးကြောင့် ဆိုရင် အဖြူစက် အကွက်လေး တွေတောင် မြင်ရ တတ်ပါတယ်။
သိပ် ဆိုးဝါးနေ ရင် ပြည်တွေတည်နေတာတောင် မြင်ရ လိမ့်မယ်။ ဗိုင်းရပ်စ်ကြောင့် တုပ်ကွေးဖြစ် လို့ လည်ချောင်းနာတာမျိုးလည်း အဖြစ်များပါတယ်။ အဲဒီရောဂါဝေဒနာ ကတော့ နှာရည်ယိုတာ၊ နှာစေးတာ ကစပြီး ချောင်းတွေဆိုး၊ လည်ချောင်း နာလာတတ်ပါတယ်။ ပူလိုက်၊ အေး လိုက်ရာသီဥတုဖောက်ပြန်ချိန်မှာ ဖြစ် လေ့ရှိပြီး ကိုယ် တစ်ယောက် တည်း ဖြစ် တာ မဟုတ်ပါဘူး။ အများနှင့်အတူ ဘတ်စ်ကားစီးရင်း၊ ရထားစီးရင်း အများသုံး လက်တန်း တွေ ကိုင်မိပြုမိ ရာက ကူးကြတာပါ။ ဘတ်စ်ကား မှတ်တိုင်၊ ဘူတာရုံ တွေမှာ ကား အလာ၊ ရထား အလာစောင့်ရင်း တစ် ယောက်ယောက် က "ဟပ်ချေး" နှာချေတာ ကြောင့်ဖြစ်စေ၊ ချောင်းဆိုး လိုက်တာ ကြောင့်ဖြစ်စေ ၄င်းနှာရည် အမှုန် အမွှားထဲမှ ဗိုင်းရပ်စ် ပိုးတွေ ဟာ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခ ရတော့ တာပါပဲ။
ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ဈေး၊ ကုန်တိုက် စတဲ့ လူစု လူဝေး များတဲ့ နေရာ တို့မှလည်း ကူးစက် နိုင်ပါတယ်။ ဗိုင်းရပ်စ် ပိုးကြောင့်လား။ ဘတ်တီးရီးယားပိုး ကြောင့်လား ဘယ်လို သိရမလဲ။ ဗိုင်းရပ်စ်ကြောင့် အအေးမိရင် ဖျားလေ့ရှိတယ်။ အဖျားသိပ်ကြီးလေ့ မရှိပါ။ ဖျားလည်းဖျား၊ လည်ချောင်း လည်းနာပြီး ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်လောက်ရှိတတ်တယ်။ ဗက်တီးရီးယား Streptococcus ကြောင့်ဆိုရင်တော့ အဖျားကြီးနိုင်ပါ တယ်။ သို့ပေမယ့် ဒီပိုးကလည်း တစ်ခါတလေ အဖျားမကြီးတတ်ပါ။ ဗက်တီးရီးယား ပိုးကြောင့် လည်ချောင်း နာတာဆိုရင် ခဏ ခဏ ပြန်ဖြစ် တတ်ပါတယ်။ နာရင်လည်းကြာတယ်။ ပိုဆိုးတယ်။ တစ်ခါတစ်ရံ အစား အသောက်ပျက်ပြီး မစားချင်မသောက် ချင် ဖြစ်တတ်တယ်။ ခေါင်းကိုက်၊ ဗိုက်နာလည်းဖြစ်တတ်တယ်။ လည်ပင်းနဲ့ ရင်ဘတ်မှာ အနီ စက်လေးတွေ ရှားရှားပါးပါး ပေါ်လာ တတ်တယ်။ ပြီးမှ တစ်ကိုယ်လုံးမှာ အစက်တွေ ညီညီညာညာပေါ်လာ တတ်သေးတယ်။
ဒါမျိုးဖြစ်တာက တော့ ရှားပါတယ်။ ရိုးရိုး လည်ချောင်းနာတာက တော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လေ့ ရှိပြီး ရက်မကြာခင်မှာ သက်သာသွား တတ်ပါတယ်။ တချို့ ၁ ရက်လောက် ပဲ လည်ချောင်းနာပြီး နောက်နေ့တော့ အိုကေပါပဲ။ ဘာဆေးဝါးမှ သောက် စရာမလိုဘဲ (လည်ချောင်းသိပ်နာ တယ်လို့ ခံစားရရင်တော့ ပါရာစီ တမောလ် ၁ လုံးလောက် သောက်ရုံ ဖြင့်) သက်သာ သွားပါတယ်။ ရေနွေး နွေးလေး ထဲမှာ ဆားလက်ဖက်စား ဇွန်း တစ်ဇွန်းလောက် ထည့်မွှေပြီး ပလုတ် ကျင်းလိုက်ရုံဖြင့် လည်ချောင်းနာတာ သက်သာ သွား စေနိုင်ပါ တယ်။ ဒါမှ မဟုတ် ငုံဆေး ပြားငုံတာ၊ ခံတွင်း သန့်စင်ဆေးရည်ဖြင့် ပလုတ်ကျင်း တာမျိုး လုပ်ပေး နိုင်ပါတယ်။ လည်ချောင်း နာတာ ၃ ရက် ကျော်လာပြီး ပိုဆိုးလာရင် ဆရာ ဝန်နှင့် ပြသပါ။ လိုအပ်ပါက ပဋိဇီဝ ဆေးပေး ပါလိမ့်မယ်။ ဗိုင်းရပ်စ် ကြောင့်လား၊ ဗက်တီး ရီးယား Streptococcus ကြောင့် လားခွဲခြားသိရန် Rapid Strep Test လုပ်ပေးနိုင်ပါတယ်။
နာနေတဲ့နေရာမှာ ပိုးသန့်ထားတဲ့ ဂွမ်းလေးနဲ့ အသာ အယာ သုတ်ယူပြီး ဓာတ်ခွဲခန်းမှာ ၅ မိနစ်မှ ၁၀ မိနစ်အတွင်း စစ်ဆေး ကြည့်ရှု ပေးနိုင် ပါတယ်။ ဓာတ်ခွဲခန်း က ဗက်တီးရီးယား ပိုး မတွေ့ပါလို့ အဖြေ ရပါက ထပ်ပြီး ပိုးမွေးကာ စစ်နိုင် ပါသေး တယ်။ Throat Culture လုပ်တာ ကတော့ ရက်သတ္တပတ် အနည်းငယ် ကြာတတ်တယ်။ Streptococcus ပိုးကြောင့် ဖြစ်တာသေချာသွားပြီ၊ အဖြေပေါ်ပြီ ဆိုရင် ဆရာဝန်က သင့်အား ပဋိဇီဝ ဆေး ၁၀ ရက်ခန့် သောက်ခိုင်းပါလိမ့် မယ်။ Streptococcus ဗက်တီးရီး ယားပိုးကြောင့် လည်ချောင်းနာရင် သင့်အနေဖြင့် သင့်လက်များအား ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။ မိမိ မိသားစုဝင် တစ်ဦးဦးမှာ ဗက်တီး ရီးယားပိုး ကြောင့် လည်ချောင်းနာ ပါက လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပေးပါ။ လူနာ အသုံး အဆောင် အားလုံး သီးသန့်ခွဲပေးထားပြီးဆပ်ပြာ၊ ရေနွေးတို့ဖြင့် ဖွပ်လျှော် ဆေးကြော ပေးပါ။ သွား ပွတ်တံလို ပစ္စည်းမျိုးအား လူနာ ရောဂါ ပျောက် ကင်းသွား ပါက လွှင့်ပစ်ပါ။ နောက်ထပ် အသစ်တစ်ခု အသုံးပြုပါ။ လူနာသုံးနေသော ပစ္စည်းများ ဥပမာ-မျက်နှာ သုတ်ပဝါ၊ အဝတ်အစား များကို အတူ မသုံးစွဲ သင့်ပါ။
ဒေါက်တာ ရည်ညွန့်မေBY HEALTH DIGEST

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။