ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ ဦး ရွေးချယ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်မည့် ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်၂၁ ဦးကို ယခုလအတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက The Voice Weekly သို့ ပြောကြားသည်။
...
အဆိုပါ ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ကောင် နေရာများ အတွက် လက်ရှိ ရုပ်ရှင်လောကမှ သရုပ်ဆောင်များ၊ ရုပ်ရှင် သင်တန်း များမှ သင်တန်းသား များ၊ သရုပ်ဆောင်ရန် စိတ်ဝင်စားသော နိုင်ငံသားများ အနက်မှ သင့်တော်သူ များကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
အဆိုပါ သရုပ်ဆောင်၂၁ဦး နေရာ များမှာ သခင် လှဖေ (ဗိုလ်လက်ျာ) ( ၁၉၁၁ - ၁၉၇၈ )၊ သခင် လှမြိုင် (ဗိုလ်ရန်အောင်) ( ၁၉၁၇ - ၁၉၆၇)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း ) (၁၉၁၀ - ၁၉၉၂ )၊ သခင်နု (၁၉၀၇ - ၁၉၉၅)၊ ဒေါက်တာဘမော် (၁၈၉၃ - ၁၉၇၇ )၊ ဂဠုန်ဦးစော၊ သခင်ထွန်းအုပ် (၁၉၀၇ - ၁၉၇၀ )၊ သခင်ဘစိန်၊ သခင်မြ၊ ဦးတင်ထွဋ် (၁၈၉၅ - ၁၉၄၈ )၊ သခင်စိုး (၁၉၀၆ - ၁၉၈၉ )၊ ဦးသိန်းဖေမြင့် (၁၉၁၄ -၁၉၇၈ )၊ ဦးကျော်ငြိမ်း (၁၉၁၅ -၁၉၈၆ )၊ သခင်လေးမောင်၊ ဒေါက်တာ သိန်းမောင်၊ ကိုအုံး၊ ဦးညိုမြ (၁၉၁၄ - ၁၉၈၅ )၊ ဦးရာရှစ်၊ ဦးသီဟန်၊ ကိုဗဟိန်း (၁၉၁၄ -၁၉၄၆ )၊ သခင် သန်းထွန်း တို့ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ထံမှ သိရသည်။
ရုပ်ရှင် သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးလူမင်း၊ ဦးမျိုးမင်း၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင်၊ မကြည်ဖြူသျှင်၊ မထွန်းအိန္ဒြာဗို တို့နှင့် အခြား ရုပ်ရှင်ပညာရှင် များက သရုပ်ဆောင် ပညာ များကို ပို့ချ သင်ကြား ပေးမည် ဖြစ်ပြီး အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်ခြင်း နှင့် အခြား ဘာသာရပ် များလည်း သင်ကြား ပို့ချမည် ဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်ညွှန်း ဖြစ်မြောက်ရေး အဖွဲ့တွင် ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့ ပါဝင်ကြောင်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရု ပ်ရှင်ဇာတ်ကား၏ အဓိက နေရာများ
ဖြစ်သည့်ဗိုလ်ချုပ်အောင်ဆန်းနှင် ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင် ရန် ရွေးချယ် ထားသူ များကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း၌သရုပ်ဆောင် သင်တန်းများ ပို့ချ ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကို လာမည့် ၂ နှစ် အတွင်း အပြီး ရိုက်ကူးမည် ဖြစ်သည်။
The Voice Weekly
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်မည့် ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်၂၁ ဦးကို ယခုလအတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက The Voice Weekly သို့ ပြောကြားသည်။
...
အဆိုပါ ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ကောင် နေရာများ အတွက် လက်ရှိ ရုပ်ရှင်လောကမှ သရုပ်ဆောင်များ၊ ရုပ်ရှင် သင်တန်း များမှ သင်တန်းသား များ၊ သရုပ်ဆောင်ရန် စိတ်ဝင်စားသော နိုင်ငံသားများ အနက်မှ သင့်တော်သူ များကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
အဆိုပါ သရုပ်ဆောင်၂၁ဦး နေရာ များမှာ သခင် လှဖေ (ဗိုလ်လက်ျာ) ( ၁၉၁၁ - ၁၉၇၈ )၊ သခင် လှမြိုင် (ဗိုလ်ရန်အောင်) ( ၁၉၁၇ - ၁၉၆၇)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း ) (၁၉၁၀ - ၁၉၉၂ )၊ သခင်နု (၁၉၀၇ - ၁၉၉၅)၊ ဒေါက်တာဘမော် (၁၈၉၃ - ၁၉၇၇ )၊ ဂဠုန်ဦးစော၊ သခင်ထွန်းအုပ် (၁၉၀၇ - ၁၉၇၀ )၊ သခင်ဘစိန်၊ သခင်မြ၊ ဦးတင်ထွဋ် (၁၈၉၅ - ၁၉၄၈ )၊ သခင်စိုး (၁၉၀၆ - ၁၉၈၉ )၊ ဦးသိန်းဖေမြင့် (၁၉၁၄ -၁၉၇၈ )၊ ဦးကျော်ငြိမ်း (၁၉၁၅ -၁၉၈၆ )၊ သခင်လေးမောင်၊ ဒေါက်တာ သိန်းမောင်၊ ကိုအုံး၊ ဦးညိုမြ (၁၉၁၄ - ၁၉၈၅ )၊ ဦးရာရှစ်၊ ဦးသီဟန်၊ ကိုဗဟိန်း (၁၉၁၄ -၁၉၄၆ )၊ သခင် သန်းထွန်း တို့ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ထံမှ သိရသည်။
ရုပ်ရှင် သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးလူမင်း၊ ဦးမျိုးမင်း၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင်၊ မကြည်ဖြူသျှင်၊ မထွန်းအိန္ဒြာဗို တို့နှင့် အခြား ရုပ်ရှင်ပညာရှင် များက သရုပ်ဆောင် ပညာ များကို ပို့ချ သင်ကြား ပေးမည် ဖြစ်ပြီး အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်ခြင်း နှင့် အခြား ဘာသာရပ် များလည်း သင်ကြား ပို့ချမည် ဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်ညွှန်း ဖြစ်မြောက်ရေး အဖွဲ့တွင် ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့ ပါဝင်ကြောင်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရု
ဖြစ်သည့်ဗိုလ်ချုပ်အောင်ဆန်းနှင
The Voice Weekly

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။