Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 3, 2016

IS အကြမ်းဖက်အုပ်စု ကျဆုံးလိမ့်မည်ဟု အိုစမာဘင်လာဒင် ခန့်မှန်းခဲ့

IS အကြမ်းဖက်အုပ်စု ကျဆုံးလိမ့်မည်ဟု အိုစမာဘင်လာဒင် ခန့်မှန်းခဲ့
--

ဝါရှင်တန်၊ မတ် ၂

အိုင်အက်စ် (IS) အကြမ်းဖက်အုပ်စု ကျဆုံးမည်ဟု အယ်လ်ကေဒါ အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင် မသေဆုံးမီက ခန့်မှန်းခဲ့ပြီး အနောက်အုပ်စုကို အနိုင်မယူနိုင်ခင် အစ္စလာမ္မစ်နိုင်ငံ ကြေညာရန် ကြိုးပမ်းမှု မှန်သမျှသည် ကျဆုံးရန် အလားအလာရှိကြောင်း သတိပေး ပြောဆိုခဲ့သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

၎င်းအချက်အလက်သည် ၂၀၁၁ တွင် ပါကစ္စတန် အဘော်တာဘက်မြို့ရှိ ဘင်လာဒင်၏ ခြံဝင်းကို Navy seals တပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ရရှိခဲ့သော အထောက်အထားများထဲတွင် ပါဝင်သည်။

အာရပ်ဘာသာဖြင့် ရေးသားထားပြီး အမေရိကန် ထောက်လှမ်းရေးက ဘာသာပြန်ဆိုထားသော မှတ်စုနှင့် စာများသည် အယ်လ်ကေဒါ အဖွဲ့အစည်း မကျဆုံးအောင် ရုန်းကန်ရင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ခေါင်းဆောင်၏ သရုပ်ကို ဖော်ညွှန်းလျက်ရှိသည်။

၂၀၀၉ မှ ၂၀၁၁ အကြား ရက်စွဲတပ်ထားသော စာများကို ရည်ညွှန်းပြောဆိုသော အမေရိကန် အကြီးတန်းေ ထာက်လှမ်းရေး အရာရှိက “ဒီလှုပ်ရှားမှုက စုစည်းညီညွတ်ပုံ မရပါဘူး။ တစ်ချိန်လုံး သူ့ဟာသူ သဘောကွဲလွဲမှုတွေ ဖြစ်နေပါတယ်။ ကန့်လန့်ကာ နောက်ကွယ်က အရှုပ်အထွေးကို ခင်ဗျား တွေ့ရမှာပါ” ဟု ပြောကြားသည်။

အကြီးမားဆုံး ပြဿနာမှာ အနောက်အုပ်စုကို အနိုင်မယူနိုင်ခင် အစ္စလာမ္မစ်နိုင်ငံ ကြေညာရေးကို စိတ်ဇောထက်သန်နေသော IS အုပ်စု ရှေ့ပြေး အီရတ် အယ်လ်ကေဒါအဖွဲ့နှင့် အယ်လ်ကေဒါ ခေါင်းဆောင်ပိုင်းအကြား သဘောကွဲလွဲမှု ကြီးထွားခဲ့ခြင်း ဖြစ်သည်။

ဘင်လာဒင်က ထိုနည်းလမ်းသည် ဘောင်မဝင်ကြောင်း အငြင်းပွားခဲ့သည့်အပြင် ထိုပုံစံအတိုင်း လှုပ်ရှားပါက ကျဆုံးလိမ့်မည်ဟု ပြောကြားခဲ့သည်။

အာရေဗျကျွန်းဆွယ် အယ်လ်ကေဒါအဖွဲ့ ခေါင်းဆောင် အဘူဘာဆားထံ လိပ်မူထားသောစာတွင် ဘင်လာဒင်က “အစ္စလာမ္မစ်နိုင်ငံ ဘယ်လောက်ပဲသေးသေး နိုင်ငံတကာအုပ်စုက ဆန့်ကျင်ကြမှာ ဖြစ်တဲ့အတွက် သူတို့ကို အရင်ဖျက်ဆီးပစ်ရမယ် ဆိုတာကို အစ္စလာမ္မစ်နိုင်ငံ ထူထောင်မယ်ဆိုရင် ကျုပ်တို့ သိရှိနားလည်ထားသင့်တယ်” ဟု ရေးသားထားသည်။

ထို့ပြင် မွတ်ဆလင် အချင်းချင်း တိုက်ခိုက်မှုကို ရှောင်ရှားရန် ပျက်ကွက်ရသည့် ကြားထဲတွင် အစွန်းရောက် ရက်စက်မှုများကို ကျင့်သုံးနေသောကြောင့် အောင်မြင်သော အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအတွက် လိုအပ်သော အခြေအနေများ ချမှတ်ရာ၌ လက်တွေ့တွင် စိုးရိမ်စရာများ ရှိသည်ဟုလည်း ဘင်လာဒင်က ဖော်ပြထားသည်။

ဒေသခံများအား တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်သော ဘင်လာဒင်က IS အစီအစဉ်သည် လူကြိုက်များ၊ ထောက်ခံမှုကို မရရှိပါက ကျဆုံးလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း အဆိုပါ ထောက်လှမ်းရေး အရာရှိက ပြောကြားသည်။

သိမ်းဆည်းရမိသော စာတမ်းများကို စစ်ဆေးနေသော အခြားအရာရှိတစ်ဦးကလည်း ဘင်လာဒင်နှင့် အယ်လ်ကေဒါ ခေါင်းဆောင်ပိုင်းသည် ရေရှည်ရှင်သန်ရပ်တည်ရေး အတွက် လက်တွေ့စိုးရိမ်ပူပန်မှုများ ရှိနေကြပြီး ပိုင်နက်ထိန်းချုပ်မှုနှင့် လူထုအား ဖြည့်ဆည်းပေးမှု မရှိဘဲ အစ္စလာမ္မစ်နိုင်ငံ ကြေညာရေးကို အလွန်အမင်း ကန့်ကွက်ခဲ့ကြသည်ဟု ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။