Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 16, 2016

Facebook Messenger ၏ အကောင်းဆုံး လုပ်ဆောင်ချက် (၁၁) ခု

 
Facebook Messenger ၏ အကောင်းဆုံး လုပ်ဆောင်ချက် (၁၁) ခု
============================

Facebook သည် နာမည်အကျော်ကြားဆုံး လူမှုရေးကွန်ရက်ဖြစ်သည်။ ထို့အပြင် လူများစွာအနေဖြင့် စမတ်ဖုန်း သို့မဟုတ် tablet ပေါ်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ မိတ်ဆွေနှင့် မိသားစုဝင်များကို ဆက်သွယ်ရန်အတွက်လည်း messaging ဝန်ဆောင်မှုဖြစ်သည့် Messenger ကို အားထားနေရသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် Facebook က Messenger app ကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့်သုံးစွဲသူများအနေဖြင့် Facebook Messenger ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါသည်။

Facebook Messenger တွင် Spotify ဖြင့် သီချင်းများကို ဝေမျှခြင်း

ယခုအခါတွင် Facebook သည် Messenger တွင် Spotify ကို ထည့်သွင်းလိုက်သောကြောင့် မိတ်ဆွေများနှင့်အတူ တေးဂီတများကိုဝေမျှနိုင်မည် ဖြစ်သည်။ Messenger နှင့်အတူ Spotify ကို အသုံးပြုရန် ဝေမျှမည့်သူနှင့် လက်ခံမည်သူတို့က ဖုန်းတွင် Spotify app ရှိရမည် ဖြစ်သည်။ အကယ်၍ Spotify app အသုံးမပြုထားပါက Messenger က App Store သို့မဟုတ် Google Play သို့လမ်းညွှန်ပေးမည် ဖြစ်သည်။

Facebook Messenger တွင် သီချင်းများဝေမျှရန် Messenger ပေါ်တွင် ဆက်သွယ်မှုပြုလုပ်ကာ message အောက်နားရှိ အစက် သုံးစက်ကို tap ပြုလုပ်လိုက်ပါက menu များစွာပေါ်လာမည် ဖြစ်သည်။ ထို့နောက် scroll ဆွဲ၍ Spotify ကို ရွေးချယ်လိုက်ပါက ဖုန်းတွင် ပွင့်လာမည်ဖြစ်သည်။ Spotify တွင် သီချင်းကို ရှာဖွေ၍ Send ကိုနှိပ်ရမည် ဖြစ်သည်။

Facebook Messenger တွင် စစ်တုရင် ကစားခြင်း

Facebook Messenger တွင် မိတ်ဆွေများနှင့် စစ်တုရင်ကစားနိုင်သည်။ သို့သော်လည်း အနည်းငယ် အားစိုက်ထုတ်၍ ကစားရသည်။ ကနဦးအနေဖြင့် တစ်ဖက်က စစ်တုရင် ကစားရန် @fbchess ကိုရိုက်ထည့်ပြီးနောက်တွင် အခြားတစ်ဖက်က စတင်ရွှေ့ရမည် ဖြစ်သည်။ King ကိုရွှေ့လိုပါက K နှိပ်ရမည် ဖြစ်သလို knight (မြင်း) အတွက် N နှင့် pawn အတွက် P သို့မဟုတ် rook (ရထား) အတွက် R ကို အသုံးပြုရမည် ဖြစ်သည်။ စစ်တုရင်ရုပ်ကို ရွေးချယ်ပြီးနောက် ရွှေ့လိုသည့် နေရာလွတ်ကို ကိုယ်စားပြုသည့် အက္ခရာနှင့် နံပါတ်ကို ထည့်သွင်းပေးရမည် ဖြစ်သည်။

ဥပမာအားဖြင့် သင့်အနေဖြင့် ဘုရင်ကို D3 အကွက်သို့ရွှေ့ရန်အတွက် @fbchess Kd3 ဟုရိုက်ထည့်ပေးရမည် ဖြစ်သည်။

Facebook Messenger တွင် ဖုန်းခေါ်ဆိုမှု ပြုလုပ်ခြင်း

Messener app တွင် message များ အပြန်အလှန်ပေးပို့နိုင်သော်လည်း voice call ပြုလုပ်နိုင်ကြောင်းကို လူအများစုမှာ သတိပြုမိကြခြင်း မရှိပေ။ Facebook သည် အခြား Facebook သုံးစွဲသူများထံသို့ ဆက်သွယ်ရန် အခမဲ့ voice call ခွင့်ပြုပေးထားပြီး အင်တာနက်အသုံးပြုသမျှ ကာလပတ်လုံး အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းကို အသုံးပြုရန် မည်သည့် conversation တွင်မဆို ညာဘက်ထိပ်ရှိ ဖုန်း icon ကို tap ပြုလုပ်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ (ဗီဒီယို call များအသုံးပြုလိုလျှင်လည်း ကင်မရာ icon ကို tap ပြုလုပ်ကာ အသုံးပြုနိုင်သည်)

Facebook Messenger တွင် group message များ ပေးပို့ခြင်း

မိတ်ဆွေ သူငယ်ချင်းများ၊ အဖွဲ့များနှင့် အစီအစဉ်များကို ပြုလုပ်ရန် တစ်ဦးချင်းစီဖုန်းခေါ်ဆိုခြင်း သို့မဟုတ် text ပြုလုပ်ရန် လိုအပ်လာသည်။ ထိုလုပ်ငန်းစဉ်ကို လွယ်ကူစွာ ပြုလုပ်နိုင်ရန် Facebook က ထောက်ပံ့ထားသည်။ ယခုအခါတွင် message များကို လက်ခံသူများ ထည့်သွင်းကာ ပေးပို့နိုင်သလို group chat တစ်ခုဖန်တီးနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် message ကိုတစ်ကြိမ်သာရိုက်ပြီး လက်ခံသူများအားလုံးသို့ ပေးပို့ကာ ဆွေးနွေးမှုများ ပြုလုပ်နိုင်သည်။

Facebook Messenger တွင် သတိပေးချက်များကို mute လုပ်ခြင်း

Facebook Messenger တွင် မိတ်ဆွေများစွာဖြင့် စကားပြောဆိုမှုများ ပြုလုပ်သည့်အခါ သတိပေးချက်များစွာ လက်ခံရရှိမည် ဖြစ်သည်။ အထူးသဖြင့် သင့်အနေဖြင့် active မဖြစ်သည့်အချိန်တွင် ပိုမိုသိသာမည် ဖြစ်သည်။ ၎င်းသတိပေးချက်များကို ပိတ်ရန် group chat မှ options သို့သွားရောက်၍ တစ်ကြိမ်လျှင် ၁၅ မိနစ်မှ ၂၄ နာရီအထိ သတိပေးချက်များကို ပိတ်ထားနိုင်မည် ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့တစ်ခုမှ သတိပေးချက်များ ရရှိပါကလည်း အလားတူ menu မှတစ်ဆင့် ( ‘Until I turn it back on’ ကိုရွေးချယ်၍) ပိတ်နိုင်မည် ဖြစ်သည်။

Facebook Messenger တွင် thumbs-up ကိုအသုံးပြုခြင်း

Facebook သည် chat အတွင်း လက်မထောင်သည့်ပုံ ပေးပို့နိုင်သည့် feature ကိုထောက်ပံ့ထားသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ သို့ရာတွင် လူအများစုမှာ လက်မထောင်သည့် icon အရွယ်အစားကို ပြောင်းလဲအသုံးပြုနိုင်ကြောင်းကို မသိရှိကြပေ။ လက်မထောင်ထားသည့် icon ခလုတ်ကို tap ပြုလုပ်၍ ဖိထားပါက ၎င်း၏အရွယ်ကို ပြောင်းလဲနိုင်သည်။

Facebook Messenger တွင် ဓာတ်ပုံရိုက်ကူးခြင်း

Facebook သည် Messenger app တွင်ဓာတ်ပုံများကို အဆင်သင့်ရိုက်ကူးကာ ပေးပို့ရန် ခွင့်ပြုသည့် လုပ်ဆောင်ချက်များ ထောက်ပံ့ထားသည်။ Messenger ရှိ ကင်မရာ icon ကိုနှိပ်လိုက်ပါက keyboard ပျောက်သွားပြီး mini-viewfinder ပေါ်လာမည်။ အဆိုပါ viewfinder ကို ဓာတ်ပုံရိုက်ကူးမှု အပေါ်မူတည်၍ ချဲ့ထွင်နိုင်ပြီး ဓာတ်ပုံများကို မြန်ဆန်စွာ ရိုက်ကူးလိုသူများအနေဖြင့် ကင်မရာ viewfinder ကိုချဲ့ရန် မလိုအပ်ပေ။

Facebook Messenger တွင် သုံးစွဲသူ၏ တည်နေရာကို ဝေမျှခြင်း

Messenger တွင် သုံးစွဲသူ၏ လက်ရှိတည်နေရာကို မိတ်ဆွေများ မြင်တွေ့နိုင်ရန် အလွယ်တကူ ဝေမျှနိုင်ပြီ ဖြစ်သည်။ အကယ်၍ ကီးဘုတ်အပေါ်ဘက်တွင် location icon ကိုမမြင်တွေ့ပါက အစက်သုံးစက်ရှိ menu ခလုတ်ကို tap ကာ location ကိုနှိပ်ရမည် ဖြစ်သည်။

Facebook Messenger တွင် သူငယ်ချင်းများကို နာမည်ပြောင်များပေးခြင်း

Facebook သည် မိတ်ဆွေသူငယ်ချင်းဟောင်းများနှင့် ပြန်လည်ချိတ်ဆက်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သောကြောင့် နာမည်အပြည့်အစုံကို ဖော်ပြပေးထားသည်။ သူငယ်ချင်းအဖွဲ့များတွင် တစ်ဦးနှင့်တစ်ဦး နာမည်ပြောင်များ ပေးထားလေ့ရှိသည်။ Messenger တွင် မိတ်ဆွေသူငယ်ချင်းများကို နာမည်ပြောင်ပေးနိုင်ပြီး chat box တွင် နာမည်ပြောင်များ ဖော်ပြပေးမည် ဖြစ်သည်။ နာမည်ကို tap ပြုလုပ်ပြီး ‘Nickname’ ကို tap ပြုလုပ်ကာ ပေးလိုသည့် နာမည်ပြောင်ပေးနိုင်ပြီ ဖြစ်သည်။

Facebook Messenger ကို သီးသန့်အသုံးပြုခြင်း

သင့်ဖုန်းကို အပြည့်အဝသုံးစွဲနိုင်ပါက Messenger ရှိဆက်သွယ်ပြောဆိုမှုများကိုလည်း ကြည့်နိုင်မည် ဖြစ်သည်။ သို့သော်လည်း အသစ်ဝင်ရောက်လာသည့် message များကို မမြင်တွေ့စေရန် ကာကွယ်နိုင်သည်။ ပုံမှန်အားဖြင့် Messenger အနေဖြင့်အသစ်ဝင်လာသည့် message မှ စကားလုံးအနည်းငယ် (သို့မဟုတ်) ပထမဆုံးစာကြောင်းကို ဖော်ပြပေးသည်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စပြောဆိုခြင်းနှင့် တစ်စုံတစ်ယောက်က သင့်ဖုန်းကိုအသုံးပြုနေခြင်း စသည့်အခြေအနေမျိုးတွင် သင့်တော်ခြင်း မရှိပေ။ အသစ်ဝင်လာသည့် message များမှ စကားလုံးများကို အခြားသူများမမြင်တွေ့စေလိုပါက Messenger ၏ Settings တွင် Show Previews ကို Off ပြုလုပ်ထားနိုင်သည်။

Facebook Messenger တွင် GIF အသုံးပြုခြင်း

Facebook သည် လူမှုရေးမီဒီယာရှိ မိတ်ဆွေသူငယ်ချင်းများကို ပျော်ရွှင်စရာ GIFs ပေးပို့သည့် နည်းလမ်းကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး ရယ်မောဖွယ်ရာနည်းလမ်းဖြင့် message ပေးပို့တုံ့ပြန်မှုကို ထည့်သွင်းပေးခဲ့သည်။ Messenger app တွင် ကီးဘုတ်အပေါ်ရှိ ‘GIF’ icon ကို tap ပြုလုပ်၍ ရွေးချယ်နိုင်သည်။ အကယ်၍ GIF မရှိသေးပါက အစက်သုံးစက်ကို နှိပ်၍ GIF ကီးဘုတ်များကို ကြည့်ရှုနိုင်သည်။

Credit : Internet Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။