Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 9, 2016

#City Mart ရဲ့ မားကက်တင်းဒါရိုက်တာ မမေဇင်စိုးထက်နဲ့ တွေ့ဆုံခြင်း#

#City Mart ရဲ့ မားကက်တင်းဒါရိုက်တာ မမေဇင်စိုးထက်နဲ့ တွေ့ဆုံခြင်း#

“အလုပ်မှာ အောင်မြင်ချင်သူအတွက် စိတ်ပါလက်ပါ လုပ်ကိုင်မှုက
နံပါတ်တစ် အရေးကြီးဆုံးပါ”
.. မမေဇင်စိုးထက်

ရည်ရွယ်ချက်အတွက် နယ်မြို့လေးကနေ ရန်ကုန်မြို့တော်ကို ခြေလှမ်းချခဲ့သူ၊ လက်ရှိ
အချိန်မှာ နိုင်ငံတစ်ဝန်း မှာ ဈေးဝယ်စင်တာတွေ ဖွင့်လှစ်ထားတဲ့
City Mart ကုမ္ပဏီရဲ့ မာကက်တင်း ဒါရိုက်တာအဖြစ် တာဝန်ယူထား သူ၊ လက်ရှိ
အချိန်မှာလည်း စီးပွားရေးဆိုင်ရာ ပညာရပ်တွေကို ဆက်လက်သင်ယူနေဆဲဖြစ်တဲ့
မမေဇင်စိုးထက်ရဲ့ သူ့ဘ၀ ဖြတ်သန်းလာရာ၊ လုပ်ငန်းခွင့်အတွေ့အကြုံ၊ အလုပ်နဲ့ မိသားစုဘ၀အခြေအနေတွေကို Strategy First Journal က တွေ့ဆုံမေးမြန်းထားတာကိုေ
ဖ်ာပြလိုက်ပါတယ်။

ငယ်ဘ၀အိမ်မက်

ဒီနေ့အချိန်မှာ City Mart Holding ရဲ့ မာကက်တင်းဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့
မမေဇင်ရဲ့ ငယ်ဘ၀အိမ်မက်က "စီးပွားရေးလုပ်ငန်းရှင်" တစ်ဦးဖြစ်ဖို့ ရည်ရွယ်ခဲ့တယ်လို့
ဆိုပါတယ်။

“ဈေးကွက်စီးပွားရေးဆိုတော့ ၁၉၉၆ နောက်ပိုင်းမှာ စတာလေ။ အဲဒီမတိုင်ခင်ကဆိုရင်
အသက်မွေး ၀မ်းကျောင်းအလုပ်၊ ကုမ္ပဏီဆိုတာတွေ မရှိသေးဘူး။ အဲဒီအချိန်ကတည်းက
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်း ရှင်တစ်ဦး ဖြစ်ချင်ခဲ့တယ်လို့ မမေဇင်က ပြောပါတယ်။

ဒါပေမဲ့ မိဘတွေဟာ အစိုးရ၀န်ထမ်း (ပညာရေးမိသားစု)တွေ ဖြစ်တဲ့အတွက်
မိမိဖြစ်ချင်တဲ့ အိမ်မက်နဲ့ လျှောက်လှမ်းရမယ့် လမ်းကြောင်းကို စဉ်းစားလို့
မရခဲ့ဘူးလို့ သူ့ငယ်ဘ၀က ဖြစ်ချင်တဲ့ ဆန္ဒ၊ မိသားစု အခြေ အနေကို
ပြန်ပြောင်းပြောပါတယ်။

၁၉၉၄ မှာ သူဟာ ၁၀ တန်းကို ဇာတိ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းက အောင်မြင်ခဲ့ပါတယ်။ ဇီဝဗေဒ ဂုဏ်ထူးထွက်ခဲ့ပြီး
စုစုပေါင်းရမှတ် ၄၂၈ မှတ်နဲ့ ၁၀ တန်းကို အောင်မြင်ခဲ့
တာဖြစ်ပေမဲ့ မမေဇင်က ၁၀ တန်းစာမေးပွဲဟာ သူ့ဘ၀ရဲ့ “ပထမဆုံး မှန်းချက်နဲ့
နှမ်းထွက် လွဲပြီး ငိုခဲ့ရတဲ့ပွဲ”လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး
ဂုဏ်ထူးသုံးဘာသာရရှိဖို့ သူမျှော်မှန်းခဲ့တာ ဖြစ်ပါတယ်။

ဘာလုပ်မှာလဲ ဆုံးဖြတ်ရတဲ့အချိန်
တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့အချိန်ဟာ ကိုယ်ဘာလုပ်မှာလဲဆိုတာကို
အတိအကျ ဆုံးဖြတ်ဖို့ အရေးကြီးဆုံးအချိန်ပါ။ ကိုယ်ရွေးချယ်မှုက
ကိုယ်လျှောက်လှမ်းမယ့် ဘ၀လမ်းအတွက် အရေးပါတဲ့ အစိတ်
အပိုင်းတစ်ရပ်အနေနဲ့ ပါလာမှာ ဖြစ်ပါတယ်။

“မိသားစုက ကိုယ့်ကို ဘာဖြစ်ချင်တာလဲလို့ မေးတော့ စီးပွားရေး လုပ်ချင်
တယ်လို့ ပြောလိုက်တယ်” လို့ မမေဇင်က ပြောပါတယ်။
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ချိန်မှာ ဘောဂဗဒ(Eco) ကို လျှောက်
လွှာတင်လိုက်ပေမယ့် မမေဇင်ဟာ ၁၀ တန်းကို သိပ္ပံတွဲနဲ့ အောင်ခဲ့တဲ့
အတွက် Eco ကို ချိတ်ဆက်တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။

အခြေအနေတွေက မျှော်မှန်းသလို မဖြစ်လာတဲ့အတွက် ဒုတိယရွေးချယ်မှုအနေနဲ
့ English Major ကို ရွေးချယ်ခဲ့ပြီး ငါးနှစ်တာ ပညာရေးကို ရန်ကုန်တက္ကသိုလ်မှာ
တက်ရောက်ခဲ့ပါတယ်။

မမေဇင်တို့ တက္ကသိုလ်ကျောင်းသားဘ၀ ငါးနှစ်တာ ပညာရေးဆိုပေမယ့် အဲဒီအချိန်
ကာလမှာ နိုင်ငံရေး အခြေအနေတွေကြောင့် ကျောင်းတွေက
ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတာကြောင့် ၂၀၀၃ ၀န်းကျင်ကျမှပဲ B.A (Hons) English
ဘွဲ့ကို ရရှိခဲ့တယ်။

တက္ကသိုလ်ပညာရေးကာလ ကြာမြင့်ပေမယ့် စာသင်ချိန်က သုံးနှစ်
စာလောက်ပဲ ရှိခဲ့တဲ့အတွက် ကျောင်းပိတ်နေခဲ့တဲ့ကာလတွေမှာ
နယ်မှာရှိတဲ့ မိဘတွေနဲ့အတူ ဈေးဆိုင် ပွဲရုံလုပ်ငန်း၊ အသေးစားငွေချေး
လုပ်ငန်းတွေကို စတင်လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ မမေဇင်က ပြောပါတယ်။

ဒါပေမဲ့ အဖေက သမီးဖြစ်သူကို နယ်မှာပဲ နေထိုင်ရင် အမြင်ကျဉ်းမြောင်းသွားမှာ
စိုးရိမ်ခဲ့ပြီး မြို့မှာ အရာရှိ အရာခံ ဖြစ်စေချင်တဲ့အတွက် ကျောင်းဆက်တက်ဖို့နဲ့
အလုပ်ဝင်ဖို့တွေကို တိုက်တွန်းခဲ့ပါတယ်။

မိဘတွေရဲ့ တိုက်တွန်းချက်တွေကို အပြန်အလှန်စဉ်းစားပြီးနောက်ဆုံးမှာ
ကိုယ်လုပ်ချင်တဲ့ စီးပွားရေး အလုပ်ကို အဆင့်မြင့်မြင့် လုပ်နိုင်အောင်
ရည်ရွယ်ပြီး MBA (Master of Business Administration) တက်
မယ်လို့ ဆုံးဖြတ်ချက် ချဖြစ်ခဲ့တယ်လို့ မမေဇင်က ပြောပါတယ်။ B.A (Hons) English Degree ရရှိပြီးနောက် Yangon Institute of Economics
မှာ MBA ကို ဆက်လက်တက်ရောက်ဖြစ်ခဲ့ပါတယ်

ပညာရေးနဲ့လုပ်ငန်းခွင်

“MBA ဟာ ကျွန်မအတွက်တော့ Heaven ပါပဲ။ ကျွန်မလေ ဘ၀မှာ
အဲဒီကျောင်းကို တက်ခွင့်ရပြီး ကျွန်မသင်ချင်တာတွေကို သင်ခွင့်ရခဲ့တဲ့
အတွက် လူဖြစ်ရကျိုးနပ်တယ်လို့တောင် ခံစားရပါတယ်။ ကျွန်မက Business ကို Passionate ဖြစ်တာပါ။ စီးပွားရေးကို လုပ်ချင်တာ”လို့ မမေဇင်က
ပြောပါတယ်။

အဲဒီအချက်ကပဲ သူဘ၀ရဲ့ တစ်ဆစ်ချိုးကို အပြောင်းအလဲဖြစ်လာစေခဲ့
ပါတယ်။ ၂၀၀၄ ခုနှစ်အတွင်း MBA မပြီးခင်မှာပဲ အလုပ်လုပ်ချင်စိတ်
ပြင်းပြနေတဲ့ မမေဇင်က ကုမ္ပဏီတစ်ခုမှာ အချိန်ပိုင်းအလုပ်ကို တစ်လ
ကျပ်ငါးသောင်းနဲ့ စတင် ၀င်လုပ်ဖြစ်လာခဲ့ပါတယ်။

အလုပ်ရရင် ပြီးရောဆိုပြီးတော့ ၀မ်းသာအားရနဲ့ အလုပ်စလုပ်ဖြစ်ခဲ့တယ်လို့ မမဇင်က ပြောပါတယ်။

ပထမဦးဆုံး အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီက မော်တော်ယာဉ် အပိုပစ္စည်းတွေ တင်သွင်းတဲ့ W.H.K ကုမ္ပဏီ ဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ် ၀င်လုပ်နေရင်း
လေးလလောက်အကြာမှာ MBA ပြီးသွားချိန် တစ်ပြိုင်တည်းမှာပဲ လုပ်ငန်း
ခွင်မှာလည်း Purchasing Manager အဆင့် တိုးမြှင့် ခန့်အပ်ခြင်းခံရပြီး
မော်တော်ယာဉ် အပိုပစ္စည်း ၀ယ်ယူရေးတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့
ရပါတယ်။

စာတွေ့ကို လက်တွေ့အသုံးချနိုင်ဖို့ လုပ်နိုင်စွမ်းရည်က အရေးကြီးဆုံး
စာတွေ့နဲ့ လက်တွေ့က ကွာခြားချက်တွေက အများကြီးပါပဲလို့ မမေဇင်က
ပညာရေးလမ်းကြောင်း ကနေ လုပ်ငန်းခွင်ဘက်ကို ခြေလှမ်းစချချိန်မှာ
ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ပြောပြပါတယ်။

“စာမှာပြောထားတာလေးတွေကို ဟိုလိုလုပ်လိုက်မယ်၊ ဒီလိုလုပ်လိုက်မယ်၊
ဟိုလိုဖြစ်ရမယ်၊ ဒီလိုဖြစ်မှ မှန်တာပေါ။ ဒါပေမဲ့ စာတွေ့ကို တကယ့်
လက်တွေ့မှာ ပြန်အသုံးချနိုင်ဖို့ဆိုတာ Applied လုပ်နိုင်စွမ်းရည်က
အရေးကြီးဆုံးပါ”လို့ မမေဇင်က ပြောပါတယ်။

စီးပွားရေးပညာရပ်ဆိုင်ရာ စာအုပ်အများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက
နောက်ဆုံးပေါ် နည်းပညာ အသစ် အဆန်းတွေနဲ့ သူတို့နိုင်ငံရဲ့ ပြည်သူ
တွေအပေါ်မှာ အခြေခံရေးထားတာဖြစ်ပြီး ကိုယ်နိုင်ငံအခြေအနေဟာ
အခုမှ စတင်ပျိုးထောင်နေရတဲ့အခြေအနေဖြစ်နေတယ်လို့ မမေဇင်က
ပြောပါတယ်။

အဲဒါကြောင့် “ပညာသည် သညာ မဟုတ်၊ စာအုပ်များကို ကျော်၍ ခွဲခြမ်း
စိတ်ဖြာနိုင်စွမ်းရှိရမည်” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားအတိုင်း
စာတွေ့ကို လက်တွေ့ပြန်လည် အသုံးချနိုင်ဖို့အတွက် မိမိရဲ့ လုပ်နိုင်စွမ်း
ရည်ကလည်း အရေးကြီးကြောင်း မမေဇင်က သူရဲ့အမြင်ကို ပြောပါတယ်။

သင်ကြားလာခဲ့တဲ့ စီးပွားရေးဆိုင်ရာ ပညာရပ်တွေဟာ လုပ်ငန်းခွင့် ၀င်
ရောက်လာတဲ့အချိန်မှာ အကျိုး ကျေးဇူး အများအပြား ရရှိခဲ့တယ်လို့ မမေဇင်က ပြောပါတယ်။

“ဘယ်လို အကျိုးရှိစေလဲ ဆိုရင်တော့ ဆရာကြီး ဦးဖိုးကျားနဲ့ မယ်မျှင်
ဝတ္ထုထဲကလိုပဲ ပြောချင်ပါတယ်။ ‘ဆားများစားရတယ်လို့မရှိပါဘူး။
ဟင်းခတ်တာနှင့် ကုန်တာပဲ’ဆိုသလိုပါပဲ”လို့  မမေဇင်က ပြောပါတယ်။

သီအိုရိတွေကို ဘယ်လို အသုံးပြုပြီး ဘယ်လို လုပ်ဆောင်တယ်ဆိုတာထက်
သီအိုရီရဲ့ ဆိုလိုရင်းကို နားလည်ပြီး လက်တွေ့မှာ ဘယ်လိုဆိုတာ စဉ်းစားလာနိုင်မယ်လို့
မမေဇင်က ဆိုပါတယ်။

“ဆိုကြပါစို့ Marketing မှာ Customer Engagement ပေါ့။ Based on own creativity, budget allowed နဲ့ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး
လက်တွေ့ဖန်တီးနိုင်မှု အကောင်အထည်ဖော်နိုင်မှု စွမ်းရည် တွေ ကွာခြားသွားမယ်
လို့ထင်ပါတယ်”လို့ ပြောပါတယ်။

Purchasing Manager မှ Marketing Manager
W.H.K ကုမ္ပဏီမှာ Purchasing Manager အနေနဲ့ ငါးနှစ်ကျော်
လုပ်ပြီးချိန်မှာ City Mart Holding Company ကို မားကက်တင်းမန်နေ
ဂျာရာထူးနဲ့ ၂၀၀၉ မှ စတင်ဝင်ရောက်ခဲ့ပါတယ်။ MBA ကျောင်းတက်စဉ်
ကာလကတည်းက လေ့လာခဲ့ရတဲ့ ဘာသာရပ်တွေအရ Marketing နဲ့ Business Development တွေကို စိတ်ဝင်စားခဲ့ပြီး City Mart မှာ ၀င်ရောက်အလုပ်လုပ်ချိန်မှာတော့
အရင်ကတည်းက ၀ါသနာပါခဲ့တဲ့ Marketing ကို လုပ်ကိုင်ဖို့ အခွင့်အရေး ရရှိခဲ့တယ်လို့
မမေဇင်က ပြောပါတယ်။

“ကျွန်မက ‘သူဋ္ဌေး Boss ကံ’ကောင်းခဲ့တယ်လို့ ပြောရမှာပဲ။ ပထမဆုံး W.H.K Co., Ltd
မှာ Managing Director ဦးဝင်းထင်ကျော်က ကျောင်း
ဆင်းကာစ ဘာမှမသိသေးတဲ့ အစ်မကို အိတ်သွန်ဖာမှောက် အကုန်
သင်ပေးခဲ့ပါတယ်။ City Mart Holding Co., Ltd မှာလည်း MD ဒေါ်ဝင်းဝင်းတင့်က Marketing အတွေ့အကြုံလုံးဝမရှိခဲ့တဲ့ အစ်မ ကို Marketing Manager အဖြစ် ယုံကြည်စွာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ management မှာ လုပ်ပိုင်ခွင့်၊ Authority and Responsibility အပြည့်အ၀ ပေးထားပါ တယ်”လို့ မမေဇင်က ဆိုပါတယ်။

City Mart မှာ ငါးနှစ်လောက် Marketing Manager အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကုမ္ပဏီရဲ့ Marketing Director တာဝန်ကို တိုးမြှင့်ပေးအပ်မှုခံခဲ့ရပါတယ်။

လုပ်ငန်းခွင် ခံယူချက်

လုပ်ငန်းခွင်မှာ အောင်မြင်သူတစ်ဦးအဖြစ် ဆိုတာထက် တစ်နေ့ထက်
တစ်နေ့ ကြိုးစားပြီး တိုးတက် ဖို့ကို လုပ်နေသူ တစ်ဦးလို့ပဲ ကိုယ့်ကိုယ်ကိုယ်
မြင်မိတယ်လို့ မမေဇင်က ပြောပါတယ်။ အလုပ်တစ်ခုကို အမြဲ တမ်း
ဦးနှောက်ရော နှလုံးသားပါ နှစ်ပြီး လုပ်ကိုင်တယ်လို့ ပြောပါတယ်။

“အရာအားလုံးကို ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းလိုပဲ သဘောထားပြီး efficiency
အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်တယ်။ လုပ်ငန်းခွင်ဆက်ဆံရေး
အနေနဲ့ အလုပ်အကောင်းဆုံးဖြစ်ရေးကို အဓိကထားပြီး personal feeling တွေကို
လုံးဝချိုးနှိမ်ထားပါတယ်”လို့ မမေဇင်က လုပ်ငန်းခွင်ထဲမှာ

သူထားရှိတဲ့ ခံယူချက်ကို ပြောပြပါတယ်။
အလုပ်မှာ အောင်မြင်ချင်သူတစ်ယောက်အတွက်က စိတ်ပါလက်ပါ
လုပ်ကိုင်မှုက နံပါတ်တစ် အရေး ကြီးဆုံး အချက်တစ်ချက်အဖြစ် လို
အပ်တယ်လို့ မမေဇင်က ပြောပါတယ်။

“ကိုယ် ဘာဖြစ်ချင်တာလဲဆိုတာ သေချာသိအောင် လုပ်ပါ။ လိုအပ်တာတွေ
ဖြည့်ဆည်းပါ ပြီးရင် စိတ်ရင်းကောင်းကောင်းထား။ အမြင်ကျယ်ကျယ်ကြည့်နိုင်
အောင်လုပ်ပြီး စိတ်ပါလက်ပါ ကြိုးစားပါ။ အောင် မြင်မှု ဆိုတာ အလိုလို
ဖြစ်လာမှာပါ။ စိတ်ရင်းကောင်းတယ်ဆိုတာ အနည်းဆုံးတော့ ကိုယ့်ကြောင့် သူများ
ဒုက္ခမရောက်စေရဘူးဆိုတဲ့ အတွေးမျိုးပေါ့ ။ ဥပမာ ငါ ဒီနေ့ပျင်းလို့  ရုံးမသွားလိုက်ရင်၊
ကျန်တဲ့လုပ်ဖော် ကိုင်ဖက်တွေအတွက် ငါ့အလုပ်က
ဝန်ထုပ်ဝန်ပိုး ဖြစ်သွားလိမ့်မယ်ဆိုပြီး စဉ်းစားလုပ်ကိုင်တာမျိုးပေါ့”လို့
မမေဇင်က ပြောပါတယ်။

ပညာရေး၊ မိသားစုနဲ့ အလုပ်ကို ဘယ်လို ဟန်ချက်ညီအောင်လုပ်မလဲ
သူ့အနေနဲ့ လက်ရှိအချိန်မှာ လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ တာဝန်တွေ
ကို ယူထားရပေမယ့် တစ်ဖက် တစ်လမ်းက ပညာရေးကို စဉ်ဆက်မပြတ်
သင်ယူနေပြီး Strategy First Institute မှာ Strategic Brand Management
သင်တန်းကို တက်ရောက်ခဲ့ပြီး လက်ရှိမှာလည်း CIM Professional Diploma in Marketing သင်တန်းကို တက်ရောက်သင်ယူလျက်ရှိပါတယ်။

“ဆရာကြီးတစ်ဦးပြောဖူးတဲ့ Learning is like an aeroplane, if you stop, you will drop ဆိုတဲ့ စကားဟာ learning နဲ့ ပက်သက်တဲ့ အစ်မရဲ့ ခံယူချက်ပါ”လို့ မမေဇင်က
ဖွင့်ဟပါတယ်။

နေ့စဉ် အချိန်အများစုကို လုပ်ငန်းခွင်မှာ ပေးဆပ်ထားပြီး လုပ်ငန်းချိန်ပြီး
ဆုံးချိန်မှာလည်း သင်တန်းတွေ တက်ရောက်နေတာဖြစ်တဲ့တွက်
တစ်နေ့တာရဲ့ ၁၄ နာရီဟာ ပြင်ပမှာ ကုန်ဆုံးနေတယ်လို့ သူက ဆိုပါတယ်။

အလုပ်၊ ပညာရေးနဲ့ လုံးပန်းနေရသူတစ်ယောက်အနေနဲ့ မိသားစုကို ဘယ်လိုအချိန်ပေးဖြစ်လဲ မေးတဲ့ အခါမှာတော့ “အရေးကြီးဆုံးက မိသားစုရဲ့ နားလည်ပေးနိုင်မှုပါ။ အစ်မက
ကံကောင်းစွာနဲ့ မိသားစုရဲ့ နားလည် ပေးမှုကို အပြည့်အ၀ရရှိပါတယ်။ တစ်ပတ်မှာ
Sunday တစ်ရက်ကိုတော့ မိသားစုကို အပြည့်အ၀အချိန်ပေးပြီး Quality Time
ဖြစ်အောင်ကြိုးစားပါတယ်” ပြောပါတယ်။

နေ့စဉ် လုပ်ငန်းခွင်အတွင်းမှာလည်း မမေဇင်က “ကျွန်မအနေနဲ့ကတော့ ‘လေးနက်စွာ
စဉ်းစားတွေး ခေါ်ခြင်း’နဲ့ ကျော်လွှားတယ်လို့ ပြောရမှာပဲ။
ကျွန်မ တစ်ချိန်လုံးစဉ်းစားပါတယ်။ အဓိက ကတော့ အလုပ်အ ကြောင်းပေါ့။ မနက်မိုးလင်း အိပ်ယာမှာ မျက်စိနှစ်လုံးဖွင့်ပြီဆိုတာနဲ့ ကျွန်မ ဦးနှောက်က
အလုပ်အကြောင်းကို စဉ်းစားတာ practice ဖြစ်နေပြီ။ ရေချိုးခန်းဝင်တဲ့
အချိန်၊ ကားစီးနေချိန်၊ အချိန်တွေတော်တော်များများမှာ စဉ်းစားဖြစ်ပါတယ်။ စဉ်းစားရင်
လည်း ဘာလုပ်ရမယ်ဆိုတာ၊ ဘာပြောရမယ်ဆိုတာတွေကို
တစ်ခါတည်း note down လုပ်နိုင်အောင်ကြိုးစားပြီး Why မေးခွန်းတွေကို အကြိမ်ကြိမ်
မေးဖြစ်အောင် ကြိုးစားပါတယ်”လို့ ပြောပါတယ်။

ဓာတ်ပုံ-သီဟကိုကို

Strategy First Journal Vol2, issue 1 မှာဖော်ပြခဲ့တဲ့တွေ့ဆုံမေးမြန်းခန်းကိုပြန်လည်
ဖော်ပြထားတာဖြစ်ပါတယ်။ (သီဟကိုကို တွေ့ဆုံမေးမြန်းသည်)

မြန်မာပြည်၏ ပထမဦးဆုံး စီးပွားရေးနည်းပညာ အခမဲ့ဝဘ်ဆိုက်
www.EntrepreneurSME.com
မှ ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။