၂၀၁၀
ခုနှစ်နောက်ပိုင်းမှ စတင်၍ Google သည် ၎င်း၏ hardware သို့မဟုတ် software
တွင် အားနည်းချက်များတွေ့ရှိသူ ဟက်ကာများကို ငွေကြေးပေးအပ်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ်က Chromebook ၏ လုံခြုံရေး စနစ်ကို ထိုးဖောက်ရန်
ဖိတ်ခေါ်ခဲ့သော်လည်း အကြောင်းကြားချက်များ မရရှိသောကြောင့် ယခုအခါတွင်
Google က ၎င်း၏ ဆုကြေးကို နှစ်ဆတိုးမြှင့်ကာ ကန်ဒေါ်လာ ၁၀၀,၀၀၀
အထိချီးမြှင့်သွားမည်ဟု ကြေညာခဲ့သည်။
ထိုဆုကြေးငွေ ကန်ဒေါ်လာ ၁၀၀,၀၀၀ ကို လုံခြုံမှု မြင့်မားသော Chromebook အား ထိုးဖောက်နိုင်သူ မည်သူမဆို ရရှိမည် ဖြစ်သည်။ သို့သော်လည်း Google အနေဖြင့် ပိုမိုသေးငယ်သော bug အမျိုးမျိုးအတွက်လည်း ဆုကြေးငွေထုတ်ပြန်ထားသေးသည်။ ကုမ္ပဏီအနေဖြင့် ဆုငွေများကို ကန်ဒေါ်လာ ၅၀၀ မှစတင်၍ ပေးအပ်သွားမည် ဖြစ်သည်။
မည်သည့်အားနည်းချက်မဆို တွေ့ရှိသူသည် တရားဝင်ဆုကြေး ထုတ်ထားခြင်း မရှိပါကလည်း ဆုကြေးငွေ ရထိုက်သော အရည်အချင်းပြည့်မီသည့် အလားအလာရှိကြောင်း Google မှ ပြောကြားခဲ့သည်။
နည်းပညာကုမ္ပဏီများအကြားတွင် စနစ်အားနည်းချက်များကို ဖော်ထုတ်နိုင်ပါက ဆုလာဘ်ပေးအပ်သော အစီအစဉ်များကို ပိုမိုအသုံးပြုလာသောကြောင့် လုံခြုံမှုရှိသော hardware နှင့် software များစွာ ထွက်ရှိလာမည် ဖြစ်သည်။
Ref: BusinessInsider
http://www.internetjournal.media/news/5805

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။