ဖရဲသီးတစ်စိတ်နဲ့ ကလေးတွေရဲ့ အနာဂတ်
************************** ********
ဆောင်းဝင်းလတ်
'အောက်မေ့ဖွယ်အခမ်းအနား' ဆိုတဲ့အတိုင်း ရင်ထဲမှာ ဝမ်းနည်းလာတယ်။ ကြေကွဲတယ်။ ရှေးလူကြီးသူမများ ဆိုရိုးစကားအတိုင်း အြေ<ွကစောလို့ နှမြောလှတယ်။ နေရာကတော့ ရန်ကုန်-အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းမှာရှိတဲ့ 'ဗြူးကုန်း' ဘုန်းတော်ကြီးကျောင်းတိုက်မှာပါ။ သြော် . . .၂၈နှစ်တောင်ရှိသွားပြီပဲ။
ကျဆုံးခဲ့ရရှာတဲ့ ရန်ကုန်စက်မှုတက္က သိုလ်ကျောင်းသား ကိုစိုးနိုင်ရဲ့ အစ်မ ဒေါ်မြင့်မြင့်ရီက ရေစက်ချ အမျှဝေ ပြီးစမှာ ဖွင့်ဟသွားခဲ့တဲ့စကားက ရင်နင့်ဖွယ် ရာပါ။ တစ်နှစ်ပြီး တစ်နှစ်ပြည့်သွားလို့ အခု လို အောက်မေ့ဖွယ်အခမ်းအနားတွေ ရောက် တိုင်း..ရောက်လေတိုင်း သမိုင်းကြောင်း တွေ ပြန်ပြန်ပြီး ကြားနေရပါတယ်တဲ့။ သတိ ရနေပါတယ်တဲ့။ အချိန်ကာလကတော့ ဟိုး လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ရဲ့ မတ် ၁၃ ရက်ပေါ့။ သွားလေသူ စစ်အာဏာရှင်ဟောင်း ဗိုလ် ချုပ်ကြီးနေဝင်းတို့ စစ်အုပ်စုက မြန်မာ့နိုင်ငံ ရေးကို ချုပ်ကိုင် စိုးမိုးထားတုန်းကာလ။
လူ့အခွင့်အရေးတွေ ဆုံးရှုံးနေ ကြရတဲ့အချိန်၊ ဒီမိုကရေစီပညာရေး လုံးဝ မရှိ၊ လွတ်လပ်မှု ဆိတ်သုဉ်း၊ တစ်တိုင်းပြည် လုံး အမွဲဆုံး၊ အဆင်းရဲဆုံးဘဝ တစ်စထက် တစ်စရောက်။ ဖိနှိပ် ညှဉ်းပန်းရက်စက်မှု တွေနဲ့ ပြည်သူလူထုရဲ့ ဘဝမလုံခြုံ စိတ်မ အေးချမ်းမှုတွေ ပြည့်နှက်။ အဲဒီ ၁၉၈၈ ခုနှစ် မတ် ၁၃ ရက်မှာ မတရားပစ်ခတ်ခံရလို့ ရန် ကုန်တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရရှာတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ လူထုဒီမိုကရေစီ ရှစ်လေး လုံး အရေးတော်ပုံကြီးမှာလည်း ရန်ကုန်စက် မှုတက္ကသိုလ်က ဦးစိန်အေး၊ ကိုအောင်မွန် တို့အပါအဝင် ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေ၊ မတရားသဖြင့် တစ်ဖက်သတ် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့ကြရပြန်တယ်။ ဒါ ကြောင့် အခု မတ် ၁၃ ရက် ၂ဝ၁၆ မှာ ကျင်းပတဲ့ 'အောက်မေ့ဖွယ်အခမ်းအနား' ကနေပြီး ကျဆုံးသွားခဲ့ရရှာသူ အားလုံးအ တွက် ရည်စူးရင်း ဆရာတော်၊ သံဃာတော် များထံက တရားနာယူ ဆွမ်းဆက်ကပ်လှူ ဒါန်းကြပါတယ်။
ဒီအခမ်းအနားရဲ့ အဓိကတောင်း ဆိုချက်တွေထဲမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေး သမိုင်းပေးတာဝန်အရ ဒီနေ့အထိ နိုင်ငံရေး၊ ပညာရေး၊ အလုပ်သမားရေး၊ လယ် သမားအရေး၊ လူမှုရေး ကိစ္စအဝဝမှာ တက်ြ<ွကလှုပ်ရှားအရေး ဆိုနေကြသမျှ ရဟန်း သံဃာတော်တွေ၊ ကျောင်းသားကျောင်းသူ တွေနဲ့ ဝန်းရံပြည်သူအားလုံးကို ပုဒ်မအမျိုး မျိုးတပ်၊ ဖမ်းဆီးနှိပ်စက်၊ ရိုက်နှက်၊ ညှဉ်းပန်း၊ တရားရုံးတွေပို့၊ ချုပ်နှောင်၊ ထောင်ချလုပ်နေ တဲ့ ကိစ္စအားလုံးအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရင်း ဖမ်းဆီးထားသူအားလုံး ကို အမြန်ဆုံးလွှတ်ပေးဖို့ လက်ရှိသမ္မတ ဦးသိန်းစိန်တို့ အစိုးရကို တောင်းဆိုလိုက် တာပဲ ဖြစ်တယ်။
ဒီအခမ်းအနားမှာ ဖြစ်ရပ်မှန် စာအုပ်တွေ လက်ဆောင်ဝေငှသလို ကျ ဆုံးသွားရှာတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ မိသားစုဝင်တွေကိုလည်း အခမ်းအနားကျင်း ပရေး ကော်မတီက အလှူငွေတွေ ပေးအပ် ခဲ့ကြတယ်။ ဒါက မနက်ပိုင်းကျင်းပတဲ့ အ ခမ်းအနားပါ။ မွန်းလွဲပိုင်းကျတော့လည်း ရန်ကုန် မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့
ဃငအပှအမေ ဟိုတယ်မှာ အခမ်းအနားတစ်ခု ကို ဆက်ပြီး ကျင်းပခဲ့ကြပါတယ်။
ဒီအခမ်း အနားကတော့ မတ် ၁၃ ရက် ၁၉၈၈ ခုနှစ် က ရန်ကုန်
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၂၈
နှစ်ပြည့်အတွက် တတိယအကြိမ်မြောက် ကျင်းပတဲ့ 'ကိုဖုန်းမော်၊
ကိုစိုးနိုင်စာပေဆု'ပေးပွဲ အခမ်းအနား ဖြစ်ပါတယ်။
အမှတ်တရ စကားပြောသွား ကြသူတွေကတော့ ဦးအောင်ထွန်း၊ ဦးလှ ရွှေ၊ ဦးတင်သန်းဦးတို့ပဲ ဖြစ်ကြပါတယ်။ စာပေဆု ရရှိသူတွေကတော့ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေခေါ် စာရေးဆရာအောင်သာ ပီသုံးလုံး၊ ဦးမောင် မောင်(မဟာဝိဇ္ဇာ)၊ မြင့်ဝင်းမောင်(AZ)၊ ဆရာမ သွယ်သွယ်မျိုးညွန့်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂက ကိုကျော်ကို ကို၊ ကိုအောင်မှိုင်းဆန်းနဲ့ ကိုမင်းသွေးသစ်တို့ ဖြစ်ကြပါတယ်။
ဦးလှရွှေ(အောင်သာပီသုံးလုံး )
က တော်လှန်ရေးသမားတစ်ဦး နိုင်ငံရေး အတ္ထုပ္ပတ္တိစာအုပ်နဲ့ ဆုရတာပါ။ ဦးမောင်
မောင်(မဟာဝိဇ္ဇာ)က အမှတ်တရပုဂ္ဂိုလ် များစာအုပ်ကို ရေးသားပြီးဆုရတာပါ။
ဆုပေးအပ်တဲ့အချိန်မှာ ဆရာ ဦးမောင်မောင်(မဟာဝိဇ္ဇာ)ကို ယ်စား
ယဉ် မျိုးစာပေ စာအုပ်တိုက်က ဦးရွှေစိုးက ဆု လက်ခံပေးပါတယ်။ ဦးရွှေစိုးကပဲ
၂ဝ၁၅ ဒီဇင်ဘာလထုတ် Reader's Digest မဂ္ဂဇင်း အတွက် ဆုလက်ခံရယူခဲ့ပါတယ်။
ဆရာမြင့် ဝင်းမောင်(AZ)က ငြင်းကြခုံကြ တရားဓမ္မ စာအုပ်ကို ရေးသားခဲ့တဲ့အတွက်
ဆုရရှိတာ ဖြစ်ပါတယ်။ စာရေးဆရာမ သွယ်သွယ်မျိုး ညွန့်ကလည်း ဆေးရောင်စုံ
ဆောင်းပါးစာ အုပ်နဲ့ ဆုရခဲ့ပါတယ်။ ဗကသများအဖွဲ့ချုပ် က
ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြ တဲ့ ကိုကျော်ကိုကို၊ ကိုအောင်မှိုင်းဆန်း၊
ကိုမင်း သွေးသစ်တို့ကလည်း 'ခွန်းဆင့်သံ' ဂျာနယ် မှာ ဆောင်းပါးတွေရေးခဲ့လို့
ဆုရရှိကြတာ ဖြစ်ပါတယ်။
သူတို့ဟာ အခုချိန်မှာ အကျဉ်း ထောင်တွေထဲကို ရောက်ရှိနေကြပြီး ဒီမို ကရေစီပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့မှုတွေကြောင့်
တ ရားရုံးတွေမှာ တရား စွဲခံထားကြရချိန်ဖြစ် တဲ့အတွက် ဒီအခမ်းအနားကို
တက်ရောက် နိုင်ခြင်းမရှိကြပါဘူး။ ဒါကြောင့် အခုကျင်း ပခဲ့တဲ့ စာပေဆုပေးပွဲ
အခမ်းအနားမှာ သူ တို့ရဲ့ကိုယ်စား လက်ပံတန်းကျောင်းသား သပိတ်
ကျောင်းသားတွေရဲ့ကိုယ်စား ကိုကျော် မင်းထိုက်က ဆုတွေကို လက်ခံ ရယူပေး
သွားခဲ့ပါတယ်။ နောင်နှစ် နောင်နှစ်တွေ ကျရင်လည်း ကျင်းပဦးမယ့်
ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် အောက်မေ့ဖွယ် အခမ်းအနားတွေ ကို ရန်ကုန်
စက်မှုတက္ကသိုလ်မှာကျင်းပခွင့် 
ရဖို့ ကြိုးပမ်းသွားကြမယ်ဆိုတာပါ သိလိုက် ရတဲ့အတွက်လည်း စောင့်မျှော်
ကြိုဆိုနေ မိပါတယ်။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်ပါ တယ်။ စစ်အာဏာရှင်
စနစ်ဆိုးကို ဆန့်ကျင် လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ
ဝန်းရံပြည်သူအားလုံးရဲ့ ဘူမိနက်သန် နေ ရာမှန် ဖြစ်ခဲ့လို့ပါပဲ။
ဒါကြောင့် ဒီလို သတိရအောက် မေ့ဖွယ် အခမ်းအနားမှန်သမျှကို သက်ဆိုင် ရာ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ထိခိုက် ဒဏ်ရာရ ကျဆုံးခဲ့တဲ့ နေရာဒေသမှန်သမျှ မှာ သူ့နေရာနဲ့သူ၊ သူ့ဒေသအလိုက် ကျင်း ပသွားကြဖို့ အထူးမျှော်လင့် ကြိုဆိုနေမိပါ တယ်။ ဒါမှ ဒီနေရာဟာ ငါတို့ ရဲဘော်ရဲမေ တွေ ဒဏ်ရာအနာတရတွေ ရခဲ့ကြတဲ့ နေ ရာ၊ ဒီနေရာကတော့ဖြင့် မြေ<ွကသင့်ဘဲ အြေ<ွကစောခဲ့ကြရရှာတဲ့ ငါတို့ရဲ့ ရဲဘော်ရဲမေ၊ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည် သူတွေ သွေးမြေခ ကျဆုံးခဲ့ကြရရှာတဲ့ နေ ရာပါလားဆိုပြီး ဖြစ်ရပ်မှန် သမိုင်းကြောင်း အမှန်တွေကို တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကြီးကျယ်ခမ်းနား သိုက်သိုက်ဝန်းဝန်းနဲ့ ပုံ ဆောင် ဖော်ထုတ် မော်ကွန်းကမ္ပည်း ထိုး သွားကြရမှာ ဖြစ်ပါတယ်။
ဒီလို သမိုင်းမော်ကွန်းတင် ကျန် ရစ်ကြတဲ့ ဒီမိုကရေစီ သူရဲကောင်းအပေါင်း ကို မွေးဖွားပေးကြတဲ့ ကျေးဇူးကြီးလှ မိနဲ့ဖ အားလုံးဟာလည်း ဒီသား၊ ဒီသမီးတွေကို မွေးရကျိုး နပ်သူတွေပါ။ ဒါကြောင့် မြန်မာ နိုင်ငံမှာရှိတဲ့ မိဘတိုင်းဟာ ကိုယ့်ရဲ့ရင်သွေး လေးတွေရဲ့ ကောင်းမွန်သေချာတဲ့ အနာဂတ် ခရီးလမ်းကြောင်းအတွက် အဘက်ဘက်က မိဘဝတ္တရား ကျေပွန်စွာနဲ့ ပြုစုပေးကြပါ။ ပျိုးထောင်ပေးကြဖို့လည်း အထူးပဲ လိုအပ် လှပါတယ်။ ဆင်းရဲချမ်းသာမရွေး ကိုယ့်သား၊ ကိုယ့်သမီးလေးတွေကို ကြင်ကြင်နာနာ ယုယု ယယနဲ့ စိတ်ဓာတ်ရေးရာကအစ အထက် တန်းကျတဲ့ စိတ်နှလုံးသားလေးတွေ ရှင် သန်ခိုင်မြဲနိုင်အောင် ရှေ့ဆောင်လမ်းပြ ဖြစ် ကြရမှာပါ။
ကိုယ့်သားသမီးကိုပဲ တန်ဖိုးထား ချစ်ခင်ပြီး သူတစ်ပါး သားသမီးကိုကျတော့ ကိုယ်ချင်းစာစိတ် မထားတာမျိုးလည်း အ တွေးအခေါ် အယူအဆပိုင်းအရ မရှိသင့် ကြတော့ပါဘူး။ ပညာတတ်တာ၊ မတတ် တာ၊ ငွေကြေးစည်းစိမ်ဥစ္စာ ပြည့်စုံတာ၊ မပြည့် စုံတာ အာဏာရှိတာ၊ မရှိတာ အဓိက မကျ ပါဘူး။ ခုနစ်ရက် သားသမီးအားလုံးဟာ မေတ္တာတရားကို လက်ကိုင်ထားတတ်ရင် လူသားပီသပါပြီ။ မေတ္တာတရား ကင်းမဲ့သွား ပြီဆိုရင် ကျန်တဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတွေက ဧည့်ဆိုးတွေလိုပဲ ကိုယ့်ဘဝ၊ ကိုယ့်ဂေဟာထဲကို အလျှိုလျှို ဝင်ရောက် လာကြတော့တာပါပဲ။ ပြီးခဲ့တဲ့ မတ် ၅ ရက် ၂ဝ၁၆ နေ့တုန်းက သန်လျင်မြို့နယ် ဗိုလ် ချုပ်ကျေးရွာ (၁၃)နယ်မြေမှာ ဖြစ်သွားခဲ့ တဲ့ အဖြစ်အပျက်ဟာ မေတ္တာတရား ကင်း မဲ့မှုက စတင်ခဲ့တာပါပဲ။
ဖြစ်စဉ်က ဘာလဲဆိုတော့ အဲဒီ ကျေးရွာမှာနေထိုင်တဲ့ သုံးနှစ်အရွယ် ခတ္တာ လှိုင်ဆိုတဲ့ သမီးငယ်လေးဟာ မစိုးစန္ဒာထွန်း ဆိုတဲ့ အိမ်နီးနားချင်း ကလေးငယ်နဲ့အတူ စိုးစန္ဒာထွန်းတို့အိမ်မှာ အတူ သွားကစား နေခဲ့တယ်။ ကစားနေရင်းမှာပဲ ခတ္တာလှိုင် ကလေးဟာ အိမ်ပေါ်မှာ ဖရဲသီးတစ်စိတ် ကို တွေ့လို့ ယူပြီးစားလိုက်မိတယ်။ ကလေး တို့သဘာဝ စားစရာမြင်လို့ ယူစားလိုက်မိ ပုံ ရပါတယ်။ ဒီဖရဲသီးကလည်း အိမ်ရှင် ကလေးငယ်ဖြစ်တဲ့ စိုးစန္ဒာထွန်းရဲ့အဖေ ကိုသန့်ဇင်မျိုး စားဖို့ထားခဲ့တဲ့ ဖရဲသီးတဲ့။
အဲဒီဖရဲသီးစိတ်ကို ဧည့်သည် ဖြစ်တဲ့ သုံးနှစ်သမီးအရွယ် ခတ္တာလှိုင်လေး က မသိနားမလည်လို့ ယူပြီး စားလိုက်မိတဲ့ အပေါ်မှာ ကိုသန့်ဇင်မျိုးရဲ့ဇနီး မစိုးစန္ဒာ ထွန်းလေးရဲ့မိခင် မလဲ့လဲ့ဝင်း ၂၁ နှစ်က မကျေမနပ်ဖြစ်ပြီး ခတ္တာလှိုင်လေးကို ဓား နဲ့ လည်ပင်း၊ ဝမ်းဗိုက်နေရာတွေကို မွှန်းပြီး လူသတ်မှုကြီး ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။
သေဆုံးသွားတဲ့ သမီးငယ်လေး ရဲ့မိခင် ဒေါ်ခင်ဌေးဦးက သူ့ကလေး ပျောက် နေလို့ သွားမေးတော့လည်း တရားခံ မလဲ့လဲ့ ဝင်းက မသိဘူးလို့ ပြောလွှတ်လိုက်သေး တယ်။ မသင်္ကာလို့ ညဘက် စောင့်ကြည့် နေတော့မှ မတ်လနံနက် ၃ နာရီ လျှပ်စစ် မီးတွေ ခဏပြတ်တောက်သွားတုန်းမှာ သေ ဆုံးသူလေးရဲ့ အလောင်းကို အထုပ်နဲ့ ထုပ် ပြီး သယ်လာတဲ့ မလဲ့လဲ့ဝင်းကို တွေ့ကြရ တော့တယ်။
ဒီအချိန်မှာ လျှပ်စစ်မီးက ပြန် လင်းလာလို့ လမ်းပေါ်မှာ အထုပ်ပစ်ချပြီး ထွက်ပြေးတုန်း ရွာသူရွာသားတွေက ဝိုင်း ပြီး ဖမ်းဆီးကြတယ်။ အထုပ်ထဲမှာ ပျောက် ဆုံးနေတဲ့ ကလေးရဲ့အလောင်းကို ဓားဒဏ် ရာတွေနဲ့ တွေ့ကြရတော့တာပါပဲ။ သား သမီးချင်း မစာနာ၊ မေတ္တာတရား ခေါင်းပါး လွန်းလှတဲ့ ကြောက်မက်တုန်လှုပ် ချောက် ချားစရာ အတွေးအခေါ်က စတင်ဖြစ်ပွား ခဲ့ရတဲ့ လူသတ်မှုပါပဲ။
မလဲ့လဲ့ဝင်း ၂၁ နှစ်နဲ့ ကိုသန့် ဇင်မျိုး ၃၃ နှစ်တို့လည်း အမှုရင်ဆိုင် နေကြ ရပြီဖြစ်ပါတယ်။ ကလေးတိုင်းမှာ တိုင်းပြည် အတွက် မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ကလေးတွေရဲ့ အနာဂတ်ကို ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် မဖျက်ဆီးကြပါနဲ့လို့ မေတ္တာရပ်ခံ လိုက်ပါရစေ။ ။
(Flower News Journal, 12-12)
**************************
ဆောင်းဝင်းလတ်
'အောက်မေ့ဖွယ်အခမ်းအနား' ဆိုတဲ့အတိုင်း ရင်ထဲမှာ ဝမ်းနည်းလာတယ်။ ကြေကွဲတယ်။ ရှေးလူကြီးသူမများ ဆိုရိုးစကားအတိုင်း အြေ<ွကစောလို့ နှမြောလှတယ်။ နေရာကတော့ ရန်ကုန်-အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းမှာရှိတဲ့ 'ဗြူးကုန်း' ဘုန်းတော်ကြီးကျောင်းတိုက်မ
ကျဆုံးခဲ့ရရှာတဲ့ ရန်ကုန်စက်မှုတက္က သိုလ်ကျောင်းသား ကိုစိုးနိုင်ရဲ့ အစ်မ ဒေါ်မြင့်မြင့်ရီက ရေစက်ချ အမျှဝေ ပြီးစမှာ ဖွင့်ဟသွားခဲ့တဲ့စကားက ရင်နင့်ဖွယ် ရာပါ။ တစ်နှစ်ပြီး တစ်နှစ်ပြည့်သွားလို့ အခု လို အောက်မေ့ဖွယ်အခမ်းအနားတွေ ရောက် တိုင်း..ရောက်လေတိုင်း သမိုင်းကြောင်း တွေ ပြန်ပြန်ပြီး ကြားနေရပါတယ်တဲ့။ သတိ ရနေပါတယ်တဲ့။ အချိန်ကာလကတော့ ဟိုး လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ရဲ့ မတ် ၁၃ ရက်ပေါ့။ သွားလေသူ စစ်အာဏာရှင်ဟောင်း ဗိုလ် ချုပ်ကြီးနေဝင်းတို့ စစ်အုပ်စုက မြန်မာ့နိုင်ငံ ရေးကို ချုပ်ကိုင် စိုးမိုးထားတုန်းကာလ။
လူ့အခွင့်အရေးတွေ ဆုံးရှုံးနေ ကြရတဲ့အချိန်၊ ဒီမိုကရေစီပညာရေး လုံးဝ မရှိ၊ လွတ်လပ်မှု ဆိတ်သုဉ်း၊ တစ်တိုင်းပြည် လုံး အမွဲဆုံး၊ အဆင်းရဲဆုံးဘဝ တစ်စထက် တစ်စရောက်။ ဖိနှိပ် ညှဉ်းပန်းရက်စက်မှု တွေနဲ့ ပြည်သူလူထုရဲ့ ဘဝမလုံခြုံ စိတ်မ အေးချမ်းမှုတွေ ပြည့်နှက်။ အဲဒီ ၁၉၈၈ ခုနှစ် မတ် ၁၃ ရက်မှာ မတရားပစ်ခတ်ခံရလို့ ရန် ကုန်တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရရှာတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ လူထုဒီမိုကရေစီ ရှစ်လေး လုံး အရေးတော်ပုံကြီးမှာလည်း ရန်ကုန်စက် မှုတက္ကသိုလ်က ဦးစိန်အေး၊ ကိုအောင်မွန် တို့အပါအဝင် ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေ၊ မတရားသဖြင့် တစ်ဖက်သတ် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့ကြရပြန်တယ်။ ဒါ ကြောင့် အခု မတ် ၁၃ ရက် ၂ဝ၁၆ မှာ ကျင်းပတဲ့ 'အောက်မေ့ဖွယ်အခမ်းအနား' ကနေပြီး ကျဆုံးသွားခဲ့ရရှာသူ အားလုံးအ တွက် ရည်စူးရင်း ဆရာတော်၊ သံဃာတော် များထံက တရားနာယူ ဆွမ်းဆက်ကပ်လှူ ဒါန်းကြပါတယ်။
ဒီအခမ်းအနားရဲ့ အဓိကတောင်း ဆိုချက်တွေထဲမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေး သမိုင်းပေးတာဝန်အရ ဒီနေ့အထိ နိုင်ငံရေး၊ ပညာရေး၊ အလုပ်သမားရေး၊ လယ် သမားအရေး၊ လူမှုရေး ကိစ္စအဝဝမှာ တက်ြ<ွကလှုပ်ရှားအရေး ဆိုနေကြသမျှ ရဟန်း သံဃာတော်တွေ၊ ကျောင်းသားကျောင်းသူ တွေနဲ့ ဝန်းရံပြည်သူအားလုံးကို ပုဒ်မအမျိုး မျိုးတပ်၊ ဖမ်းဆီးနှိပ်စက်၊ ရိုက်နှက်၊ ညှဉ်းပန်း၊ တရားရုံးတွေပို့၊ ချုပ်နှောင်၊ ထောင်ချလုပ်နေ တဲ့ ကိစ္စအားလုံးအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရင်း ဖမ်းဆီးထားသူအားလုံး ကို အမြန်ဆုံးလွှတ်ပေးဖို့ လက်ရှိသမ္မတ ဦးသိန်းစိန်တို့ အစိုးရကို တောင်းဆိုလိုက် တာပဲ ဖြစ်တယ်။
ဒီအခမ်းအနားမှာ ဖြစ်ရပ်မှန် စာအုပ်တွေ လက်ဆောင်ဝေငှသလို ကျ ဆုံးသွားရှာတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ မိသားစုဝင်တွေကိုလည်း အခမ်းအနားကျင်း ပရေး ကော်မတီက အလှူငွေတွေ ပေးအပ် ခဲ့ကြတယ်။ ဒါက မနက်ပိုင်းကျင်းပတဲ့ အ ခမ်းအနားပါ။ မွန်းလွဲပိုင်းကျတော့လည်း ရန်ကုန် မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတ
အမှတ်တရ စကားပြောသွား ကြသူတွေကတော့ ဦးအောင်ထွန်း၊ ဦးလှ ရွှေ၊ ဦးတင်သန်းဦးတို့ပဲ ဖြစ်ကြပါတယ်။ စာပေဆု ရရှိသူတွေကတော့ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေခေါ် စာရေးဆရာအောင်သာ ပီသုံးလုံး၊ ဦးမောင် မောင်(မဟာဝိဇ္ဇာ)၊ မြင့်ဝင်းမောင်(AZ)၊ ဆရာမ သွယ်သွယ်မျိုးညွန့်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂက ကိုကျော်ကို ကို၊ ကိုအောင်မှိုင်းဆန်းနဲ့ ကိုမင်းသွေးသစ်တို့ ဖြစ်ကြပါတယ်။
ဦးလှရွှေ(အောင်သာပီသုံးလုံး
ဆုပေးအပ်တဲ့အချိန်မှာ ဆရာ ဦးမောင်မောင်(မဟာဝိဇ္ဇာ)ကို
သူတို့ဟာ အခုချိန်မှာ အကျဉ်း ထောင်တွေထဲကို ရောက်ရှိနေကြပြီး ဒီမို ကရေစီပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့မှုတွေကြောင့်
ဒါကြောင့် ဒီလို သတိရအောက် မေ့ဖွယ် အခမ်းအနားမှန်သမျှကို သက်ဆိုင် ရာ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ထိခိုက် ဒဏ်ရာရ ကျဆုံးခဲ့တဲ့ နေရာဒေသမှန်သမျှ မှာ သူ့နေရာနဲ့သူ၊ သူ့ဒေသအလိုက် ကျင်း ပသွားကြဖို့ အထူးမျှော်လင့် ကြိုဆိုနေမိပါ တယ်။ ဒါမှ ဒီနေရာဟာ ငါတို့ ရဲဘော်ရဲမေ တွေ ဒဏ်ရာအနာတရတွေ ရခဲ့ကြတဲ့ နေ ရာ၊ ဒီနေရာကတော့ဖြင့် မြေ<ွကသင့်ဘဲ အြေ<ွကစောခဲ့ကြရရှာတဲ့ ငါတို့ရဲ့ ရဲဘော်ရဲမေ၊ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည် သူတွေ သွေးမြေခ ကျဆုံးခဲ့ကြရရှာတဲ့ နေ ရာပါလားဆိုပြီး ဖြစ်ရပ်မှန် သမိုင်းကြောင်း အမှန်တွေကို တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကြီးကျယ်ခမ်းနား သိုက်သိုက်ဝန်းဝန်းနဲ့ ပုံ ဆောင် ဖော်ထုတ် မော်ကွန်းကမ္ပည်း ထိုး သွားကြရမှာ ဖြစ်ပါတယ်။
ဒီလို သမိုင်းမော်ကွန်းတင် ကျန် ရစ်ကြတဲ့ ဒီမိုကရေစီ သူရဲကောင်းအပေါင်း ကို မွေးဖွားပေးကြတဲ့ ကျေးဇူးကြီးလှ မိနဲ့ဖ အားလုံးဟာလည်း ဒီသား၊ ဒီသမီးတွေကို မွေးရကျိုး နပ်သူတွေပါ။ ဒါကြောင့် မြန်မာ နိုင်ငံမှာရှိတဲ့ မိဘတိုင်းဟာ ကိုယ့်ရဲ့ရင်သွေး လေးတွေရဲ့ ကောင်းမွန်သေချာတဲ့ အနာဂတ် ခရီးလမ်းကြောင်းအတွက် အဘက်ဘက်က မိဘဝတ္တရား ကျေပွန်စွာနဲ့ ပြုစုပေးကြပါ။ ပျိုးထောင်ပေးကြဖို့လည်း အထူးပဲ လိုအပ် လှပါတယ်။ ဆင်းရဲချမ်းသာမရွေး ကိုယ့်သား၊ ကိုယ့်သမီးလေးတွေကို ကြင်ကြင်နာနာ ယုယု ယယနဲ့ စိတ်ဓာတ်ရေးရာကအစ အထက် တန်းကျတဲ့ စိတ်နှလုံးသားလေးတွေ ရှင် သန်ခိုင်မြဲနိုင်အောင် ရှေ့ဆောင်လမ်းပြ ဖြစ် ကြရမှာပါ။
ကိုယ့်သားသမီးကိုပဲ တန်ဖိုးထား ချစ်ခင်ပြီး သူတစ်ပါး သားသမီးကိုကျတော့ ကိုယ်ချင်းစာစိတ် မထားတာမျိုးလည်း အ တွေးအခေါ် အယူအဆပိုင်းအရ မရှိသင့် ကြတော့ပါဘူး။ ပညာတတ်တာ၊ မတတ် တာ၊ ငွေကြေးစည်းစိမ်ဥစ္စာ ပြည့်စုံတာ၊ မပြည့် စုံတာ အာဏာရှိတာ၊ မရှိတာ အဓိက မကျ ပါဘူး။ ခုနစ်ရက် သားသမီးအားလုံးဟာ မေတ္တာတရားကို လက်ကိုင်ထားတတ်ရင် လူသားပီသပါပြီ။ မေတ္တာတရား ကင်းမဲ့သွား ပြီဆိုရင် ကျန်တဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတွေက ဧည့်ဆိုးတွေလိုပဲ ကိုယ့်ဘဝ၊ ကိုယ့်ဂေဟာထဲကို အလျှိုလျှို ဝင်ရောက် လာကြတော့တာပါပဲ။ ပြီးခဲ့တဲ့ မတ် ၅ ရက် ၂ဝ၁၆ နေ့တုန်းက သန်လျင်မြို့နယ် ဗိုလ် ချုပ်ကျေးရွာ (၁၃)နယ်မြေမှာ ဖြစ်သွားခဲ့ တဲ့ အဖြစ်အပျက်ဟာ မေတ္တာတရား ကင်း မဲ့မှုက စတင်ခဲ့တာပါပဲ။
ဖြစ်စဉ်က ဘာလဲဆိုတော့ အဲဒီ ကျေးရွာမှာနေထိုင်တဲ့ သုံးနှစ်အရွယ် ခတ္တာ လှိုင်ဆိုတဲ့ သမီးငယ်လေးဟာ မစိုးစန္ဒာထွန်း ဆိုတဲ့ အိမ်နီးနားချင်း ကလေးငယ်နဲ့အတူ စိုးစန္ဒာထွန်းတို့အိမ်မှာ အတူ သွားကစား နေခဲ့တယ်။ ကစားနေရင်းမှာပဲ ခတ္တာလှိုင် ကလေးဟာ အိမ်ပေါ်မှာ ဖရဲသီးတစ်စိတ် ကို တွေ့လို့ ယူပြီးစားလိုက်မိတယ်။ ကလေး တို့သဘာဝ စားစရာမြင်လို့ ယူစားလိုက်မိ ပုံ ရပါတယ်။ ဒီဖရဲသီးကလည်း အိမ်ရှင် ကလေးငယ်ဖြစ်တဲ့ စိုးစန္ဒာထွန်းရဲ့အဖေ ကိုသန့်ဇင်မျိုး စားဖို့ထားခဲ့တဲ့ ဖရဲသီးတဲ့။
အဲဒီဖရဲသီးစိတ်ကို ဧည့်သည် ဖြစ်တဲ့ သုံးနှစ်သမီးအရွယ် ခတ္တာလှိုင်လေး က မသိနားမလည်လို့ ယူပြီး စားလိုက်မိတဲ့ အပေါ်မှာ ကိုသန့်ဇင်မျိုးရဲ့ဇနီး မစိုးစန္ဒာ ထွန်းလေးရဲ့မိခင် မလဲ့လဲ့ဝင်း ၂၁ နှစ်က မကျေမနပ်ဖြစ်ပြီး ခတ္တာလှိုင်လေးကို ဓား နဲ့ လည်ပင်း၊ ဝမ်းဗိုက်နေရာတွေကို မွှန်းပြီး လူသတ်မှုကြီး ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။
သေဆုံးသွားတဲ့ သမီးငယ်လေး ရဲ့မိခင် ဒေါ်ခင်ဌေးဦးက သူ့ကလေး ပျောက် နေလို့ သွားမေးတော့လည်း တရားခံ မလဲ့လဲ့ ဝင်းက မသိဘူးလို့ ပြောလွှတ်လိုက်သေး တယ်။ မသင်္ကာလို့ ညဘက် စောင့်ကြည့် နေတော့မှ မတ်လနံနက် ၃ နာရီ လျှပ်စစ် မီးတွေ ခဏပြတ်တောက်သွားတုန်းမှာ သေ ဆုံးသူလေးရဲ့ အလောင်းကို အထုပ်နဲ့ ထုပ် ပြီး သယ်လာတဲ့ မလဲ့လဲ့ဝင်းကို တွေ့ကြရ တော့တယ်။
ဒီအချိန်မှာ လျှပ်စစ်မီးက ပြန် လင်းလာလို့ လမ်းပေါ်မှာ အထုပ်ပစ်ချပြီး ထွက်ပြေးတုန်း ရွာသူရွာသားတွေက ဝိုင်း ပြီး ဖမ်းဆီးကြတယ်။ အထုပ်ထဲမှာ ပျောက် ဆုံးနေတဲ့ ကလေးရဲ့အလောင်းကို ဓားဒဏ် ရာတွေနဲ့ တွေ့ကြရတော့တာပါပဲ။ သား သမီးချင်း မစာနာ၊ မေတ္တာတရား ခေါင်းပါး လွန်းလှတဲ့ ကြောက်မက်တုန်လှုပ် ချောက် ချားစရာ အတွေးအခေါ်က စတင်ဖြစ်ပွား ခဲ့ရတဲ့ လူသတ်မှုပါပဲ။
မလဲ့လဲ့ဝင်း ၂၁ နှစ်နဲ့ ကိုသန့် ဇင်မျိုး ၃၃ နှစ်တို့လည်း အမှုရင်ဆိုင် နေကြ ရပြီဖြစ်ပါတယ်။ ကလေးတိုင်းမှာ တိုင်းပြည် အတွက် မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ကလေးတွေရဲ့ အနာဂတ်ကို ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် မဖျက်ဆီးကြပါနဲ့လို့ မေတ္တာရပ်ခံ လိုက်ပါရစေ။ ။
(Flower News Journal, 12-12)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။