ဘဝဆိုတာ
•••••••••••••••••••••••••• •••••••••••••••••
တစ်ခါတုန်းက ဟိမဝန္တာတောရဲ့အနီး ဂင်္ဂါမြစ်ကမ်းနားမှာ
အလွန်အရသာရှိတဲ့ သရက်ပင်ကြီးတစ်ပင် ရှိပါတယ်။
အဲဒီသရက်ပင် ကြီးကသီးတဲ့အသီးတွေကို
စားသုံးနေသူတွေကတော့ မျောက်အုပ်စု တစ်စုပါ။
မျောက်အုပ်စုကို အုပ်ချုပ်နေသူက
“ဘုရားအလောင်း မျောက်မင်း”ပါ။
ဘုရားအလောင်းမျောက်မင်းက သရက်ကိုင်းတချို့
ဂင်္ဂါမြစ်ထဲ ကိုင်းညွတ်နေတာကိုကြည့်ပြီး အန္တရာယ်ကို
ကြိုမြင်ထားပါတယ်။ ဒါကြောင့် မြစ်ဘက်ကိုင်းညွတ်နေတဲ့
သရက်ကိုင်းတွေဆီက အပွင့်တွေ၊အသီးကင်းတွေ
ဖြစ်လာရင် တခါတည်းဖျက်ဆီးပစ်ဖို့ မှာထားပါတယ်။
ဒါပေမယ့် အရွက်တွေနဲ့ ဖုံးနေတဲ့ သရက်သီးတစ်လုံး
ကိုတော့ ဘယ်မျောက်မှ မမြင်မိကြပါဘူး။
အချိန်တန်တော့ မျောက်တွေမမြင်ခဲ့တဲ့၊
မဖျက်ဆီးဖြစ်ခဲ့တဲ့ သရက်သီးက ဂင်္ဂါမြစ်ထဲ
ကျသွားပါတယ်။အဲဒီအချိန် ဂင်္ဂါမြစ်ရဲ့ တစ်နေရာမှာ
ဗာရာဏသီမင်းက ရေကစားနေတာဆိုတော့
သူတို့ရဲ့ ပိုက်ကွန်မှာ သွားငြိပါတော့တယ်။
ဗာရာဏသီမင်းက သရက်သီးကို သူ့ရဲ့
မုဆိုးတွေကို အရင်စားကြည့်စေပြီး၊မုဆိုးေ တွ
မသေဘူးဆိုကာမှ သူက စားကြည့်ပါတယ်။
တစ်ခါမှမကြုံဖူးတဲ့ အရသာကို တွေ့လိုက်ရတော့
သူ့ရဲ့ စစ်သည်ဗိုလ်ပါတွေနဲ့အတူ သရက်သီးရှာပုံတော်
ဖွင့်တော့တာပါပဲ။
နောက်ဆုံးတော့ သရက်ပင်ဆီ ရောက်ကြရောဆိုပါတော့။
ဗာရာဏသီမင်းနဲ့ စစ်သည်ဗိုလ်ပါတွေဟာ
သရက်သီးတွေကို အားရပါးရစားပြီး သရက်ပင်
အောက်မှာပဲ အိပ်ကြပါတယ်။ လူတွေအိပ်ပြီဆိုမှ
မျောက်တွေက သူတို့စားနေကြသရက်ပင်ပေါ်
တက်ပြီး သရက်သီးတွေစားကြပါတယ်။
မျောက်တွေစားနေဆဲမှာပဲ ဗာရာဏသီမင်း နိုးသွားပါတယ်။
ဒီတော့ သူ့ရဲ့ လေးသည်တော်တွေကို သရက်ပင်ကို
ပိုင်းထားစေပြီး ထွက်ပြေးတဲ့မျောက်ကို ပစ်စေလို့
အမိန့် ထုတ်လိုက်ပါတယ်။
ဒါပေမယ့် လေးသည်တော်တွေလည်း တစ်ညလုံး
မစောင့်နိုင်ကြပါဘူး။အိပ်ချိန်ကျတော့ အိပ်ပျော်ကုန်တယ်
ထင်ပါတယ်။ မျောက်အားလုံးက အခြေအနေကိုရိပ်မိပြီး
ထိတ်ထိတ်လန့်လန့် ဖြစ်ကုန်ပါတယ်။ ဒါကြောင့် သူတို့ရဲ့
ခေါင်းဆောင် ဘုရားအလောင်း မျောက်မင်းကို သူတို့
ဘာလုပ်ရမလဲဆိုတာ သွားမေးကြပါတယ်။
ဘုရားအလောင်း မျောက်မင်းက
“မကြောက်ပါနဲ့၊ စီမံပေးပါ့မယ်” လို့ပြောပြီး
သူ့ငယ်သား မျောက်တွေကို ဖြေသိမ့်ပါတယ်။
ဘုရားအလောင်းမျောက်မင်းက အဲဒီလိုပြောပြီး
သရက်ပင်ရဲ့ အမြင့်ဆုံးလည်းဖြစ်၊ မြစ်ကမ်းဘက်ကို
ထိုးထွက်နေတဲ့အကိုင်းလည်း ဖြစ်တဲ့အကိုင်းပေါ်
တက်သွားပြီး ဟိုဘက်ကမ်းကိုခုန်ကူးလိုက်ပါတယ်။
ဟိုဘက်ကမ်းရောက်သွားတဲ့ ဘုရားအလောင်း
မျောက်မင်းက ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမီလောက်တဲ့
နွယ်ကြိုးကို စိတ်မှန်းနဲ့ ဖြတ်လိုက်ပါတယ်။ ဖြတ်ထားတဲ့
နွယ်ကြိုးရဲ့ အစတစ်ခုကို ဟိုဘက်ကမ်းမှာရှိတဲ့
သစ်ပင်တစ်ခုမှာ ခိုင်ခိုင်မာမာချည်လိုက်ပါတ ယ်။
ကျန်နေတဲ့ကြိုးတစ်စကိုတော့ မိမိရဲ့ခါးကို ချည်ပြီး၊
ဒီဘက်ကမ်းမှာရှိတဲ့ သရက်ပင်ဆီ
တအားပြန်ခုန်လိုက်တာ နွယ်ကြိုးကို စိတ်မှန်းနဲ့
ဖြတ်စဉ်က တစ်လံလောက် တိုသွားတဲ့အတွက်
သစ်ပင်ပေါ်အထိ တစ်ကိုယ်လုံး လွတ်လွတ်ကျွတ်ကျွတ်
မရောက်နိုင်တော့ဘဲ၊မိရာသရက် ကိုင်းကိုပဲ
ဆွဲကိုင်ထားလိုက်ရပါတယ်။
ဘုရားအလောင်း မျောက်မင်းဟာ ခါးမှာချည်ထားတဲ့ကြိုး
တန်းလန်းကြီးနဲ့ သူ့ငယ်သားမျောက်တွေကို သူ့ကိုယ်ပေါ်
နင်းပြီး တစ်ဖက်ကမ်းကိုကူးဖို့ အမိန့်ပေးလိုက်ပါတယ်။
ငယ်သားမျောက်တွေဟာ ဘုရားအလောင်းမျောက်မင်းကို
ရှိခိုးကန်တော့ပြီးမှ ကိုယ်ပေါ်ကို ဖွဖွညင်ညင်သာသာလေး
နင်းပြီး ဟိုဘက် ကမ်းကို ကူးသွားကြပါတယ်။
ဒေဝဒတ်အလောင်းမျောက်ကတော့ ခပ်မြင့်မြင့်
အကိုင်းပေါ် တက်ပြီး ဘုရားအလောင်းမျောက်မင်းရဲ့
ကိုယ်ပေါ်ကို အားရပါးရခုန်ချပြီးမှ ဟိုဘက်ကမ်းကို
ကူးသွားပါတယ်။
ဘုရားအလောင်းမျောက်မင်းဟာ ဒေဝဒတ်အလောင်း
မျောက် ခုန်ချလိုက်တဲ့ဒဏ်ရာနဲ့ပဲ နှလုံးကွဲပြီး
သေဆုံးသွားပါတော့တယ်။
-【ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု-မဟာ ကပိဇာတ်】
မြတ်စွာဘုရားက ဆွေမျိုးတွေကိုပစ်မထားပါနဲ့ တဲ့။
“သင်္ဂဟတရားလေးပါး” နဲ့ ချီးမြှောက်ပါတဲ့။
စီးပွားဥစ္စာပျက်လို့ပဲ ဖြစ်ဖြစ်၊ မကျန်းမမာဖြစ်လို့ပဲဖြစ်ဖြစ်၊
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခက်အခဲဖြစ်နေတဲ့
ဆွေမျိုးတွေကို စွမ်းနိုင်သလောက် ထောက်ပံ့တာဟာ
မင်္ဂလာတစ်ပါး ဖြစ်တယ်လို့ ဆိုပါတယ်။
မြတ်စွာဘုရားရဲ့ ပါရမီတော်တွေထဲမှာ
“စရိယာသုံးပါး” ဆိုတာ ပါပါတယ်။
အဲဒီစရိယာသုံးပါးဆိုတာက
❖(၁)။ လောကတ္ထစရိယာ = လောကတွင်းမှာရှိတဲ့
သတ္တဝါတွေ ဘေးကင်းဖို့၊ ကြီးပွားချမ်းသာဖို့၊
ပညာရေးတိုးတက်ဖို့ စသည်တို့အတွက်
ကျင့်တော်မူခြင်း။
❖(၂)။ ဉာတတ္ထစရိယာ = ဆွေမျိုးတွေဘေးကင်းဖို့၊
ကြီးပွား ချမ်းသာဖို့၊ပညာရေးတိုးတက်ဖို့
စသည်တို့အတွက် ကျင့်တော်မူခြင်း။
❖(၃)။ ဗုဒ္ဓတ္ထစရိယာ = ဘုရားဖြစ်ဖို့ ကျင့်တော်မူခြင်း
တို့ဖြစ်ပါတယ်။
ပြောလိုတာက မြတ်စွာဘုရားဟာ ဆွေမျိုးတွေ
အတွက်ဆိုပြီး ကျင့်စဉ်တစ်ခုအနေနဲ့ကို ကျင့်ခဲ့တာပါ။
ဒါကို မိမိတို့က ခပ်မေ့မေ့နေလို့ မရပါဘူး။
သတိထားရမယ့် အချက်တစ်ချက်အဖြစ်
သိထားရပါ့မယ်။
❖စာရေးသူ စိတ်အဝင်စားဆုံးနဲ့ အကြောက်
အလန့်ဆုံးကတော့ “ကံတရား” ပါပဲ။
လူတစ်ယောက်ဟာ ဒီဆယ်စုနှစ်အတွင်းမှာ
ချမ်းသာနေပေမယ့်၊နောက်ဆယ်စု နှစ်အတွင်းမှာ
ဆင်းရဲသွားနိုင်သလို၊ဒီဆယ်စုနှစ် အတွင်းမှာ
ဆင်းရဲနေပေမယ့်လည်း နောက်ဆယ်စုနှစ်အတွင်းမှာ
ချမ်းသာသွားနိုင်ပါတယ်။
❖လူတစ်ဦးတစ်ယောက်ရဲ့ဘဝဟာ အမြဲတမ်းပုံသေရှိ
မနေနိုင်ပါဘူး။ကံတရားအလျောက် ပြောင်းလဲနေရမှာပါ။
ကိုယ်က ပြည့်စုံနေတုန်းမှာ ဆွေမျိုးတွေနဲ့ ခပ်ကင်းကင်း
နေခဲ့ပြီး၊ ကံတရားအလျောက် မပြည့်စုံတဲ့ဘဝကို
ရောက်ရတဲ့အခါမှာ၊အကူအညီ လိုအပ်လာတဲ့အခါမှာ
ဆွေမျိုးတွေဆီက အကူအညီကို ဘယ်လို မျက်နှာနဲ့
တောင်းခံမလဲ။
“လူဆိုတာ အတုံ့ရှိမှ အလှည့်ရှိတာပါ”။
တွေ့ဖူးတဲ့မိသားစုတစ်စုဆိုရ င် ပြည့်စုံနေတုန်းမှာ
ဆွေမျိုးတွေနဲ့ အမျိုးမတော်သလိုကို ခပ်ကင်းကင်း
နေခဲ့ပါတယ်။အချိန်ကျလာလို့လား မသိပါဘူး။
အမှုတွေဖြစ်၊ ထောင်တွေကျ၊ စီးပွားရေးတွေပျက်ပြီး
မပြည့်စုံတဲ့ ဘဝတစ်ခုကို နေ့ချင်းညချင်း
ရောက်သွားပါတယ်။ အဲဒီအချိန်မှာ သူတို့
ခပ်ကင်းကင်းနေခဲ့တဲ့ ဆွေမျိုးတွေက စီးပွားရေးတွေ
အဆင်ပြေလာတာပါပဲ။အံ့ဩဖို့ကောင်းတာက
သူတို့တစ်ချိန်က ခပ်ကင်းကင်းနေခဲ့တဲ့ ဆွေမျိုးတွေက
သူတို့ရဲ့အဆင်မပြေမှုတွေကို လျစ်လျူရှု
မထားကြပါဘူး။ဝိုင်းဝန်းပံ့ပိုး ကူညီကြတာပါ။
ပစ္စည်းဝတ္ထုတွေနဲ့ ပံ့ပိုးကူညီရုံတင်မကပါဘူး။
တရားရိပ်သာတွေလိုက်ပို့ပေး၊ ဆရာတော်ဘုရားတွေနဲ့
မိတ်ဆက်ပေး၊ အထူးသဖြင့် ဝိပဿနာတရားတွေ
အားထုတ်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ပါတယ်။
❖လူတစ်ဦးတစ်ယောက်ရဲ့ဘဝကို ပုံသေသွားတွက်လို့
မရပါဘူး။ဒီနေ့ ကိုယ်က သူ့ကို မောက်မောက်မာမာ
ဆက်ဆံခွင့် ရလိုက်ပေမယ့် ၊ နောက်နေ့မှာ
သူဟာ ကိုယ့်ရဲ့ အသက်သခင်ကျေးဇူးရှင်
ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ မမြဲတဲ့ ရုပ်နာမ်
ပစ္စည်းဝတ္ထုတွေကို မြဲနေဆဲကာလလေးမှာ
အဓိပ္ပါယ်ရှိရှိ သုံးစွဲတတ်ဖို့ပါ။
မြတ်စွာဘုရားက ရရှိထားတဲ့ ပစ္စည်းဝတ္ထုတွေကို
ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာဖြစ်အောင် သုံးစွဲဖို့
မယှကငှက် ကို ဥပမာပေးပြီး ဟောပြထားပါတယ်။
တောင်ကြားတွေမှာကျက်စားတတ်တဲ့ မယှကငှက်ဟာ
ညောင်ပင်ပေါ်က ညောင်သီးမှည့်မှည့်တွေကို
တွေ့ပြီဆိုရင် “ငါ့ဥစ္စာ၊ငါ့ဥစ္စာ”ဆိုပြီး
အော်တတ်ပါတယ်တဲ့။ အဲဒီမယှကငှက်ရဲ့
အော်သံကြားတော့ ကျန်တဲ့ငှက်တွေက
ရောက်လာကြပြီး ညောင်သီးမှည့်တွေကို
ဝိုင်းစားကြတော့တာပါပဲတဲ့။ မယှကငှက်ဟာ
ကိုယ်တိုင်လည်း မစား။တခြားငှက်တွေကိုလည်း
မစားစေလိုဘဲ တစ်ချိန်လုံး “ငါ့ဥစ္စာ ငါ့ဥစ္စာ”
လို့ပဲ အော်နေတာပါပဲတဲ့။
ရောက်လာတဲ့ငှက်တွေက စားပြီးလို့၊ပြန်သွားတာတောင်
မယှကငှက်ကတော့ အော်လို့ကျန်ခဲ့တုန်းပါပဲတဲ့ ။
အဲဒီလိုပါပဲ၊ တချို့ပုဂ္ဂိုလ်တွေဟာ ပစ္စည်းတွေအများကြီး
ရှာပြီး ကိုယ်တိုင်လည်းမသုံးဆောင်၊ေ ဆွမျိုးတွေကိုလည်း
မထောက်ပံ့ဘဲနဲ့ နေနေတတ်ပါတယ်တဲ့။အဲဒီပုဂ္ဂို လ်တွေ
သေတော့ သူတို့မချစ်တဲ့ အမွေခံတွေက
သုံးဆောင်ဖြစ်ကြပါတယ်တဲ့။
သတိရှိတဲ့လူတွေကတော့ ကိုယ်တိုင်လည်း သုံးဆောင်၊
ဆွေမျိုးတွေကိုလည်း ကူညီထောက်ပံ့ပြီးသေလွန်တဲ့အ ခါ
နတ်ပြည်ကို သွားရောက်ကြရပါတယ်တဲ့။
မြတ်စွာဘုရားက ဆွေမျိုးတွေကို ပစ်မထားဖို့၊
ကူညီထောက်ပံ့ဖို့ အခါအခွင့်သင့်တိုင်း
ဟောဟောပြပါတယ်။ မြတ်စွာဘုရားက
အကျိုးအပြစ် တွေကို ကြိုသိနေလို့ ဟောပြနေတော့
တပည့်သာဝကဖြစ်တဲ့ မိမိတို့ကလည်း
လိုက်နာကျင့်သုံးရုံပါပဲ။
ပုထုဇဉ်တစ်ယောက်ရဲ့ ဘဝဟာ ဘာမှမရေရာလှပါဘူး။
ရေရာနေဆဲ ပစ္စုပ္ပန်ကာလအခိုက်အတန့်လေးမှာ
ရေရာတဲ့အလုပ်ကလေးတစ်ခုကို လုပ်မိလိုက်ဖို့ပါပဲလေ။
မေတ္တာဖြင့်အရှင်စန္ဒာဝရ(တောင်တွင်း)
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွ ယ်-အင်းမ)
#Sandarwara Tdk
••••••••••••••••••••••••••
တစ်ခါတုန်းက ဟိမဝန္တာတောရဲ့အနီး ဂင်္ဂါမြစ်ကမ်းနားမှာ
အလွန်အရသာရှိတဲ့ သရက်ပင်ကြီးတစ်ပင် ရှိပါတယ်။
အဲဒီသရက်ပင် ကြီးကသီးတဲ့အသီးတွေကို
စားသုံးနေသူတွေကတော့ မျောက်အုပ်စု တစ်စုပါ။
မျောက်အုပ်စုကို အုပ်ချုပ်နေသူက
“ဘုရားအလောင်း မျောက်မင်း”ပါ။
ဘုရားအလောင်းမျောက်မင်းက သရက်ကိုင်းတချို့
ဂင်္ဂါမြစ်ထဲ ကိုင်းညွတ်နေတာကိုကြည့်ပြီး
ကြိုမြင်ထားပါတယ်။ ဒါကြောင့် မြစ်ဘက်ကိုင်းညွတ်နေတဲ့
သရက်ကိုင်းတွေဆီက အပွင့်တွေ၊အသီးကင်းတွေ
ဖြစ်လာရင် တခါတည်းဖျက်ဆီးပစ်ဖို့ မှာထားပါတယ်။
ဒါပေမယ့် အရွက်တွေနဲ့ ဖုံးနေတဲ့ သရက်သီးတစ်လုံး
ကိုတော့ ဘယ်မျောက်မှ မမြင်မိကြပါဘူး။
အချိန်တန်တော့ မျောက်တွေမမြင်ခဲ့တဲ့၊
မဖျက်ဆီးဖြစ်ခဲ့တဲ့ သရက်သီးက ဂင်္ဂါမြစ်ထဲ
ကျသွားပါတယ်။အဲဒီအချိန် ဂင်္ဂါမြစ်ရဲ့ တစ်နေရာမှာ
ဗာရာဏသီမင်းက ရေကစားနေတာဆိုတော့
သူတို့ရဲ့ ပိုက်ကွန်မှာ သွားငြိပါတော့တယ်။
ဗာရာဏသီမင်းက သရက်သီးကို သူ့ရဲ့
မုဆိုးတွေကို အရင်စားကြည့်စေပြီး၊မုဆိုးေ
မသေဘူးဆိုကာမှ သူက စားကြည့်ပါတယ်။
တစ်ခါမှမကြုံဖူးတဲ့ အရသာကို တွေ့လိုက်ရတော့
သူ့ရဲ့ စစ်သည်ဗိုလ်ပါတွေနဲ့အတူ သရက်သီးရှာပုံတော်
ဖွင့်တော့တာပါပဲ။
နောက်ဆုံးတော့ သရက်ပင်ဆီ ရောက်ကြရောဆိုပါတော့။
ဗာရာဏသီမင်းနဲ့ စစ်သည်ဗိုလ်ပါတွေဟာ
သရက်သီးတွေကို အားရပါးရစားပြီး သရက်ပင်
အောက်မှာပဲ အိပ်ကြပါတယ်။ လူတွေအိပ်ပြီဆိုမှ
မျောက်တွေက သူတို့စားနေကြသရက်ပင်ပေါ်
တက်ပြီး သရက်သီးတွေစားကြပါတယ်။
မျောက်တွေစားနေဆဲမှာပဲ ဗာရာဏသီမင်း နိုးသွားပါတယ်။
ဒီတော့ သူ့ရဲ့ လေးသည်တော်တွေကို သရက်ပင်ကို
ပိုင်းထားစေပြီး ထွက်ပြေးတဲ့မျောက်ကို ပစ်စေလို့
အမိန့် ထုတ်လိုက်ပါတယ်။
ဒါပေမယ့် လေးသည်တော်တွေလည်း တစ်ညလုံး
မစောင့်နိုင်ကြပါဘူး။အိပ်ချ
ထင်ပါတယ်။ မျောက်အားလုံးက အခြေအနေကိုရိပ်မိပြီး
ထိတ်ထိတ်လန့်လန့် ဖြစ်ကုန်ပါတယ်။ ဒါကြောင့် သူတို့ရဲ့
ခေါင်းဆောင် ဘုရားအလောင်း မျောက်မင်းကို သူတို့
ဘာလုပ်ရမလဲဆိုတာ သွားမေးကြပါတယ်။
ဘုရားအလောင်း မျောက်မင်းက
“မကြောက်ပါနဲ့၊ စီမံပေးပါ့မယ်” လို့ပြောပြီး
သူ့ငယ်သား မျောက်တွေကို ဖြေသိမ့်ပါတယ်။
ဘုရားအလောင်းမျောက်မင်းက အဲဒီလိုပြောပြီး
သရက်ပင်ရဲ့ အမြင့်ဆုံးလည်းဖြစ်၊ မြစ်ကမ်းဘက်ကို
ထိုးထွက်နေတဲ့အကိုင်းလည်း ဖြစ်တဲ့အကိုင်းပေါ်
တက်သွားပြီး ဟိုဘက်ကမ်းကိုခုန်ကူးလိုက်ပ
ဟိုဘက်ကမ်းရောက်သွားတဲ့ ဘုရားအလောင်း
မျောက်မင်းက ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမီလောက်တဲ့
နွယ်ကြိုးကို စိတ်မှန်းနဲ့ ဖြတ်လိုက်ပါတယ်။ ဖြတ်ထားတဲ့
နွယ်ကြိုးရဲ့ အစတစ်ခုကို ဟိုဘက်ကမ်းမှာရှိတဲ့
သစ်ပင်တစ်ခုမှာ ခိုင်ခိုင်မာမာချည်လိုက်ပါတ
ကျန်နေတဲ့ကြိုးတစ်စကိုတော့ မိမိရဲ့ခါးကို ချည်ပြီး၊
ဒီဘက်ကမ်းမှာရှိတဲ့ သရက်ပင်ဆီ
တအားပြန်ခုန်လိုက်တာ နွယ်ကြိုးကို စိတ်မှန်းနဲ့
ဖြတ်စဉ်က တစ်လံလောက် တိုသွားတဲ့အတွက်
သစ်ပင်ပေါ်အထိ တစ်ကိုယ်လုံး လွတ်လွတ်ကျွတ်ကျွတ်
မရောက်နိုင်တော့ဘဲ၊မိရာသရက်
ဆွဲကိုင်ထားလိုက်ရပါတယ်။
ဘုရားအလောင်း မျောက်မင်းဟာ ခါးမှာချည်ထားတဲ့ကြိုး
တန်းလန်းကြီးနဲ့ သူ့ငယ်သားမျောက်တွေကို သူ့ကိုယ်ပေါ်
နင်းပြီး တစ်ဖက်ကမ်းကိုကူးဖို့ အမိန့်ပေးလိုက်ပါတယ်။
ငယ်သားမျောက်တွေဟာ ဘုရားအလောင်းမျောက်မင်းကို
ရှိခိုးကန်တော့ပြီးမှ ကိုယ်ပေါ်ကို ဖွဖွညင်ညင်သာသာလေး
နင်းပြီး ဟိုဘက် ကမ်းကို ကူးသွားကြပါတယ်။
ဒေဝဒတ်အလောင်းမျောက်ကတော့ ခပ်မြင့်မြင့်
အကိုင်းပေါ် တက်ပြီး ဘုရားအလောင်းမျောက်မင်းရဲ့
ကိုယ်ပေါ်ကို အားရပါးရခုန်ချပြီးမှ ဟိုဘက်ကမ်းကို
ကူးသွားပါတယ်။
ဘုရားအလောင်းမျောက်မင်းဟာ ဒေဝဒတ်အလောင်း
မျောက် ခုန်ချလိုက်တဲ့ဒဏ်ရာနဲ့ပဲ နှလုံးကွဲပြီး
သေဆုံးသွားပါတော့တယ်။
-【ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု-မဟာ
မြတ်စွာဘုရားက ဆွေမျိုးတွေကိုပစ်မထားပါနဲ့
“သင်္ဂဟတရားလေးပါး” နဲ့ ချီးမြှောက်ပါတဲ့။
စီးပွားဥစ္စာပျက်လို့ပဲ ဖြစ်ဖြစ်၊ မကျန်းမမာဖြစ်လို့ပဲဖြစ်ဖြစ
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ
ဆွေမျိုးတွေကို စွမ်းနိုင်သလောက် ထောက်ပံ့တာဟာ
မင်္ဂလာတစ်ပါး ဖြစ်တယ်လို့ ဆိုပါတယ်။
မြတ်စွာဘုရားရဲ့ ပါရမီတော်တွေထဲမှာ
“စရိယာသုံးပါး” ဆိုတာ ပါပါတယ်။
အဲဒီစရိယာသုံးပါးဆိုတာက
❖(၁)။ လောကတ္ထစရိယာ = လောကတွင်းမှာရှိတဲ့
သတ္တဝါတွေ ဘေးကင်းဖို့၊ ကြီးပွားချမ်းသာဖို့၊
ပညာရေးတိုးတက်ဖို့ စသည်တို့အတွက်
ကျင့်တော်မူခြင်း။
❖(၂)။ ဉာတတ္ထစရိယာ = ဆွေမျိုးတွေဘေးကင်းဖို့၊
ကြီးပွား ချမ်းသာဖို့၊ပညာရေးတိုးတက်ဖ
စသည်တို့အတွက် ကျင့်တော်မူခြင်း။
❖(၃)။ ဗုဒ္ဓတ္ထစရိယာ = ဘုရားဖြစ်ဖို့ ကျင့်တော်မူခြင်း
တို့ဖြစ်ပါတယ်။
ပြောလိုတာက မြတ်စွာဘုရားဟာ ဆွေမျိုးတွေ
အတွက်ဆိုပြီး ကျင့်စဉ်တစ်ခုအနေနဲ့ကို ကျင့်ခဲ့တာပါ။
ဒါကို မိမိတို့က ခပ်မေ့မေ့နေလို့ မရပါဘူး။
သတိထားရမယ့် အချက်တစ်ချက်အဖြစ်
သိထားရပါ့မယ်။
❖စာရေးသူ စိတ်အဝင်စားဆုံးနဲ့ အကြောက်
အလန့်ဆုံးကတော့ “ကံတရား” ပါပဲ။
လူတစ်ယောက်ဟာ ဒီဆယ်စုနှစ်အတွင်းမှာ
ချမ်းသာနေပေမယ့်၊နောက်ဆယ်စု
ဆင်းရဲသွားနိုင်သလို၊ဒီဆယ်စ
ဆင်းရဲနေပေမယ့်လည်း နောက်ဆယ်စုနှစ်အတွင်းမှာ
ချမ်းသာသွားနိုင်ပါတယ်။
❖လူတစ်ဦးတစ်ယောက်ရဲ့ဘဝဟာ အမြဲတမ်းပုံသေရှိ
မနေနိုင်ပါဘူး။ကံတရားအလျောက
ကိုယ်က ပြည့်စုံနေတုန်းမှာ ဆွေမျိုးတွေနဲ့ ခပ်ကင်းကင်း
နေခဲ့ပြီး၊ ကံတရားအလျောက် မပြည့်စုံတဲ့ဘဝကို
ရောက်ရတဲ့အခါမှာ၊အကူအညီ လိုအပ်လာတဲ့အခါမှာ
ဆွေမျိုးတွေဆီက အကူအညီကို ဘယ်လို မျက်နှာနဲ့
တောင်းခံမလဲ။
“လူဆိုတာ အတုံ့ရှိမှ အလှည့်ရှိတာပါ”။
တွေ့ဖူးတဲ့မိသားစုတစ်စုဆိုရ
ဆွေမျိုးတွေနဲ့ အမျိုးမတော်သလိုကို ခပ်ကင်းကင်း
နေခဲ့ပါတယ်။အချိန်ကျလာလို့လ
အမှုတွေဖြစ်၊ ထောင်တွေကျ၊ စီးပွားရေးတွေပျက်ပြီး
မပြည့်စုံတဲ့ ဘဝတစ်ခုကို နေ့ချင်းညချင်း
ရောက်သွားပါတယ်။ အဲဒီအချိန်မှာ သူတို့
ခပ်ကင်းကင်းနေခဲ့တဲ့ ဆွေမျိုးတွေက စီးပွားရေးတွေ
အဆင်ပြေလာတာပါပဲ။အံ့ဩဖို့ကေ
သူတို့တစ်ချိန်က ခပ်ကင်းကင်းနေခဲ့တဲ့ ဆွေမျိုးတွေက
သူတို့ရဲ့အဆင်မပြေမှုတွေကို လျစ်လျူရှု
မထားကြပါဘူး။ဝိုင်းဝန်းပံ့ပ
ပစ္စည်းဝတ္ထုတွေနဲ့ ပံ့ပိုးကူညီရုံတင်မကပါဘူး။
တရားရိပ်သာတွေလိုက်ပို့ပေး၊
မိတ်ဆက်ပေး၊ အထူးသဖြင့် ဝိပဿနာတရားတွေ
အားထုတ်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ပါတယ်။
❖လူတစ်ဦးတစ်ယောက်ရဲ့ဘဝကို ပုံသေသွားတွက်လို့
မရပါဘူး။ဒီနေ့ ကိုယ်က သူ့ကို မောက်မောက်မာမာ
ဆက်ဆံခွင့် ရလိုက်ပေမယ့် ၊ နောက်နေ့မှာ
သူဟာ ကိုယ့်ရဲ့ အသက်သခင်ကျေးဇူးရှင်
ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ မမြဲတဲ့ ရုပ်နာမ်
ပစ္စည်းဝတ္ထုတွေကို မြဲနေဆဲကာလလေးမှာ
အဓိပ္ပါယ်ရှိရှိ သုံးစွဲတတ်ဖို့ပါ။
မြတ်စွာဘုရားက ရရှိထားတဲ့ ပစ္စည်းဝတ္ထုတွေကို
ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာဖြစ်အောင် သုံးစွဲဖို့
မယှကငှက် ကို ဥပမာပေးပြီး ဟောပြထားပါတယ်။
တောင်ကြားတွေမှာကျက်စားတတ်တ
ညောင်ပင်ပေါ်က ညောင်သီးမှည့်မှည့်တွေကို
တွေ့ပြီဆိုရင် “ငါ့ဥစ္စာ၊ငါ့ဥစ္စာ”ဆိုပြီး
အော်တတ်ပါတယ်တဲ့။ အဲဒီမယှကငှက်ရဲ့
အော်သံကြားတော့ ကျန်တဲ့ငှက်တွေက
ရောက်လာကြပြီး ညောင်သီးမှည့်တွေကို
ဝိုင်းစားကြတော့တာပါပဲတဲ့။ မယှကငှက်ဟာ
ကိုယ်တိုင်လည်း မစား။တခြားငှက်တွေကိုလည်း
မစားစေလိုဘဲ တစ်ချိန်လုံး “ငါ့ဥစ္စာ ငါ့ဥစ္စာ”
လို့ပဲ အော်နေတာပါပဲတဲ့။
ရောက်လာတဲ့ငှက်တွေက စားပြီးလို့၊ပြန်သွားတာတောင
မယှကငှက်ကတော့ အော်လို့ကျန်ခဲ့တုန်းပါပဲတဲ
အဲဒီလိုပါပဲ၊ တချို့ပုဂ္ဂိုလ်တွေဟာ ပစ္စည်းတွေအများကြီး
ရှာပြီး ကိုယ်တိုင်လည်းမသုံးဆောင်၊ေ
မထောက်ပံ့ဘဲနဲ့ နေနေတတ်ပါတယ်တဲ့။အဲဒီပုဂ္ဂို
သေတော့ သူတို့မချစ်တဲ့ အမွေခံတွေက
သုံးဆောင်ဖြစ်ကြပါတယ်တဲ့။
သတိရှိတဲ့လူတွေကတော့ ကိုယ်တိုင်လည်း သုံးဆောင်၊
ဆွေမျိုးတွေကိုလည်း ကူညီထောက်ပံ့ပြီးသေလွန်တဲ့အ
နတ်ပြည်ကို သွားရောက်ကြရပါတယ်တဲ့။
မြတ်စွာဘုရားက ဆွေမျိုးတွေကို ပစ်မထားဖို့၊
ကူညီထောက်ပံ့ဖို့ အခါအခွင့်သင့်တိုင်း
ဟောဟောပြပါတယ်။ မြတ်စွာဘုရားက
အကျိုးအပြစ် တွေကို ကြိုသိနေလို့ ဟောပြနေတော့
တပည့်သာဝကဖြစ်တဲ့ မိမိတို့ကလည်း
လိုက်နာကျင့်သုံးရုံပါပဲ။
ပုထုဇဉ်တစ်ယောက်ရဲ့ ဘဝဟာ ဘာမှမရေရာလှပါဘူး။
ရေရာနေဆဲ ပစ္စုပ္ပန်ကာလအခိုက်အတန့်လေးမ
ရေရာတဲ့အလုပ်ကလေးတစ်ခုကို လုပ်မိလိုက်ဖို့ပါပဲလေ။
မေတ္တာဖြင့်အရှင်စန္ဒာဝရ(တောင
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွ
#Sandarwara Tdk
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။