ငါလည်းစစ်ရမှာ
===========
ကလေးဆေးရုံ၏ ဓာတ်ခွဲခန်းတွင် ကောင်လေးတစ်ဦး ထိုင်စောင့်နေစဉ် ကောင်မလေးတစ်ဦး ငိုပြီး ဓာတ်ခွဲခန်းမှ ထွက်လာသည်။
ကောင်လေး -“နင် ဘာလို့ငိုတာလဲ”
ကောင်မလေး -“သွေးစစ်မယ်ဆိုပြီး ငါ့လက်ထိပ်ကို အပ်နဲ့ဖောက်လို့”
ထိုအဖြေကိုကြားသည်နှင့် ကောင်လေးလည်း ရှိုက်ကြီးတင်ငင်ငိုတော့သည်။
ကောင်မလေး -“နင်က ဘာလို့ငိုတာလဲ”
ကောင်လေး -“ငါက အခုဆီးစစ်ရမှာ”
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
မာဂျေ ဆေးလောကမှ ဟာသများ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။