Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 13, 2016

အခုအချိန်က အထူးသဖြင့် နိုင်ငံရေးမှာ ဦးနှောက်နဲ့ အလုပ်လုပ်ရမယ့် အချိန်ဖြစ်သွားပြီ

အခုအချိန်က အထူးသဖြင့် နိုင်ငံရေးမှာ ဦးနှောက်နဲ့ အလုပ်လုပ်ရမယ့် အချိန်ဖြစ်သွားပြီ
*******************************************************************************
ဦးသူရ(ခေါ်) ဇာဂနာနှင့် တွေ့ဆုံခြင်း

စိုးချစ်ချစ်ပိုင် - မေးမြန်းသည်။

ဦးသူရက အခုလောလောဆယ် နိုင်ငံရေးရဲ့ ရှေ့ တန်းမျက်နှာစာကိုသိပ်မထွက်တော့ဘူးလို့ ဝေဖန်မှု တွေအပေါ် ဦးသူရအနေနဲ့ ဘယ်လိုတုံ့ပြန်ချင်ပါလဲ။

သြော် မဟုတ်ပါဘူး။ မသိကြလို့ ဖြစ် ပါလိမ့်မယ်။ တစ်ခုရှိတာက ကျွန်တော်က လူရှေ့ သူရှေ့ထွက်ပြီး နိုင်ငံရေးဘယ်တုံးကမှ အဲဒီလို မလုပ်ခဲ့ဘူးလေ။ အဲဒါကြောင့်လည်း ဖြစ်ပါလိမ့် မယ်။ နောက်တစ်ခုက နိုင်ငံရေးလောကထဲမှာရှိတဲ့ သူတွေအားလုံးက ကျွန်တော်ဘာလုပ်နေတယ် ဆိုတာကိုသိကြပါတယ်။ ကျွန်တော်က ကြော်ငြာ မထိုးတတ်ဘူး။ အဲဒါ ခုမှမဟုတ်ဘူး။ အရင်တုန်း ကတည်းကပါ။ ကိုယ့်ကိုယ်ကိုယ် လူမြင်ကွင်းထွက် ပြီး သိပ်မလုပ်တတ်ခဲ့ဘူး။

၈၈ အရေးတော်ပုံကာလ တုန်းကတော့ တစ်နိုင်ငံလုံးက လက်သီးလက်မောင်း တန်းပြီး ချီတက်နေကြတယ်။ နောက်သေနတ်နဲ့ ပစ်နေတာကိုးဗျ။ အဲဒီအချိန်မှာတော့ သေစရာရှိ သေဟဆိုပြီး အလံကိုင်ပြီး ရှေ့ကတက်တယ်လေ။ ဒါက အသက်နဲ့လဲပြီး လုပ်ရတဲ့အလုပ်ကိုး။ ဒါက တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက်ဆိုတော့ အဲဒီ လိုလုပ်တယ်။ ခုချိန်ကတော့ အဲလိုလုပ်ရမယ့် အ ချိန်ကာလမဟုတ်တော့ဘူး။ အချိန်ကာလတစ်ခု နဲ့တစ်ခု မတူတော့ဘူးပေါ့။

အခုချိန်က အထူးသ ဖြင့် နိုင်ငံရေးမှာ ဦးနှောက်နဲ့အလုပ်လုပ်ရမယ့် အချိန် ဖြစ်သွားပြီလေ။ ကျွန်တော်တို့က ဦးနှောက် နဲ့ အလုပ်လုပ်ရမယ့်သူတွေဆိုတော့ ကျွန်တော်တို့ က သိပ်ပြီးတော့ လူရှေ့သူရှေ့ လူမြင်အောင်ထွက် ဖို့မလိုတော့ဘူး။ လူမြင်ကွင်းမှာထွက်ပြီး နိုင်ငံရေး လုပ်ပါတယ်လို့ ကျွန်တော် ပြောရမှာရှက်တယ်။ ပြီးတော့ ကြော်ငြာမထိုးချင်ဘူးပေါ့။ ထွက်ဖို့သိပ် မသင့်တော်တဲ့ အနေအထားမှာရှိနေလို့ပါ။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လာမယ့် NLD အစိုးရသစ်ရဲ့ နိုင်ငံရေးအခင်းအကျင်း နှစ်ခုကြား မှာ ပြည်သူက မြေစာပင်ဖြစ်ဖို့ရှိလား။

အဲဒါကတော့ အရှည်ကြီးပြောရမယ့် ကိစ္စ တစ်လလောက်ပြောရမှာ။ မြန်မာပြည်မှာ ပြဿနာက ဖေ့စ်ဘွတ်ခ်ပေါ်မှာရေးတဲ့ နှစ်ကြောင်း သုံးကြောင်း နိုင်ငံရေးလိုဖြစ်နေကြတာလေ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောရမှာရှည်တယ် လေ။ စလာခဲ့တာ ဘာကြောင့်စလာခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းကို ကျွန်တော်တို့အရင်စဉ်းစားရ တယ်။ ဘယ်သူတွေက လက်ခံပြီး ဘယ်သူတွေက လက်မခံခဲ့ကြတာလဲ။ ကျွန်တော်တို့က ပြန်စဉ်း စားရမယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံခဲ့ကြတဲ့သူတွေ၊ ထောက်ခံပါတယ်ဆိုပြီး မဲပေးခဲ့ကြတဲ့သူတွေ၊ အဲဒီလူတွေကလည်း ဒီ အပေါ်မှာ တစ်စိတ်တစ်ပိုင်းတာဝန်ကတော့ ရှိ တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့ တဲ့အချိန်တုန်းက ညောင်နှစ်ပင်ညီလာခံမှာတုန်း က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်ဆွေး နွေးအကြံပေးခဲ့တဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ ဒါတွေကလည်း ငြင်းလို့မရဘူးလေ။ အဲညောင် နှစ်ပင်မှာတုန်းက ထောက်ခံခဲ့ကြတဲ့သူတွေက ခုကျမှ ကန့်ကွက်ပါတယ်လို့ပြောနေတာ ကျွန် တော်က နားမလည်ဘူးပေါ့။

၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေကလည်း ကျွန်တော်တို့အတွက် ကြီး မားတဲ့ ပြဿနာတစ်ခုပေါ့။ ဒုတိယတစ်ချက်က NLD ဦးဆောင်တဲ့အစိုးရအဖွဲ့ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးလုပ်ရကိုင် ရတာ အနည်းငယ်ဆိုသလို အခက်အခဲရှိပါလိမ့် မယ်။ သို့သော် သေချာတာတစ်ခုက ကျွန်တော် တို့ ပြည်သူတွေက မြေစာပင်ဖြစ်စရာအကြောင်း မရှိပါဘူး။ ဒါက နိုင်ငံရေးသမားတွေ တာဝန် ရှိပါတယ်။ အလုပ်လုပ်ရပါလိမ့်မယ်။

ဦးသူရလိုပဲ NLD ရဲ့အမာခံတွေဖြစ်ခဲ့ဖူးတဲ့ ဘကြီး မိုး(ဆရာဦးမိုးသူ)၊ ဘကြီးအောင်(အန်ကယ် ဦး အောင်လွင်)တို့လည်း ငြိမ်ချက်သားကောင်းနေ တာတွေ့ရတယ်။ အဲဒါဘာကြောင့်လို့ထင်ပါလဲ။

ကျွန်တော် ခုနက စပြောသလိုပဲ။ လူ ရှေ့ထွက်ထွက်ပြီး နိုင်ငံရေးလုပ်ပါတယ်လို့ ထွက် ထွက်အော်မှ နိုင်ငံရေးလုပ်တယ်ထင်နေတာတော့ မှားတယ်ထင်တယ်။ ဘကြီးမိုးတို့၊ ဘကြီးအောင် တို့က လူရှေ့ထွက်စရာလည်းမလိုဘူးလေ

သူတို့ ဘာလုပ်ခဲ့တယ်ဆိုတဲ့သမိုင်းက တစ်နိုင်ငံလုံး သိ နေတာပဲလေနော်။ အရင်က NLD ရဲ့ အမာခံတွေ ဖြစ်တဲ့ ဘကြီးမိုးတို့၊ ဘကြီးအောင်တို့ဖြစ်ဖြစ်၊ ဘ ကြီးမိုးဆိုရင် သူ့မှာ ကျန်းမာရေးလည်းမကောင်း ဘူး။ အသက်ကလည်းကြီးနေပြီလေ။ သူလည်း နိုင်သလောက်လုပ်နေတာပဲ။ ဘကြီးအောင်ဆို လည်း နိုင်သလောက်လုပ်နေတယ်။ ပြည်သူတွေ ရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုသွားတဲ့သူတွေ တစ်ယောက်မှမဟုတ်ကြဘူး။

ကျွန်တော် မြင်သ လောက်တော့ လူရှေ့ထွက်မှ နိုင်ငံရေးဆိုတဲ့ကိစ္စ ကို ရယ်စရာကြီးဖြစ်နေလို့လေ။ အဲဒီလိုမဟုတ် ပါဘူး။ သူတို့လည်းနိုင်သလောက် တိုင်းပြည်အကျိုး ကိုသယ်ပိုးနေကြတယ်။ ထိုနည်းတူပဲ လူရှေ့သူရှေ့ လည်း သူတို့က ထွက်မှာမဟုတ်ဘူး။ နာမည်ယူ မဏ္ဍပ်တိုင်တက်ပြမယ့်သူတွေလည်း မဟုတ်ပါဘူး။ ပြည်သူ့အကျိုးကိုတော့ မျက်ခြည်မပြတ်ပါဘူး။ တစ်သွေးတည်းတစ်သားတည်း အားလုံးရှိပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး ဦးသူရအနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ရှိသေးလဲ။

နိုင်ငံရေးဆိုတာက ဝင်ချင်တိုင်း ဝင်ပြီး ထွက်ချင်တိုင်းထွက်လို့မရဘူးဗျ။ အဲဒါလေးတစ်ခု ကိုတော့ အရင်ပြောရမှာ။ နိုင်ငံရေးလောကထဲ ကိုစိတ်ဝင်စားလို့ နိုင်ငံရေးကိုဝါသနာပါလို့၊ ကျောင်း သားဘဝကတည်းက ဝင်လာခဲ့ပြီးသား။ ဒီအလုပ် လည်း လုပ်ထားပြီးသားဖြစ်တဲ့အတွက် ထွက်ချင် တိုင်းထွက်သွားလို့မရဘူးဆိုတဲ့ သဘောကို ပြော ချင်တာပါ။ နိုင်ငံရေးနယ်ပယ်ထဲမှာပဲ ကျွန်တော် တို့အမြဲရှိနေမှာပါ။ အခု ကျွန်တော့်ကိုမေးနေတဲ့အ ချိန်မှာ ကျွန်တော်က နိုင်ငံရေးနဲ့ပတ်သက်လို့ အ ရေးအကြီးဆုံးဆွေးနွေးပွဲကို ရောက်နေပါတယ်။

ကျွန်တော်တို့ ခေတ္တနားနေတဲ့အချိန်ပါ။ အဲဒီ တော့ နိုင်ငံရေးထဲက ထွက်သွားလို့မရပါဘူး။ အဲ လိုပဲ နိုင်ငံရေးထဲမှာ ကျွန်တော်ဘာလုပ်သွားမလဲ ဆိုတာကိုတော့ ပြောရရင်များလို့ပါ။ ကျွန်တော် ဝါသနာပါတဲ့အလုပ်က အသိပညာပေးတဲ့အလုပ် ကိုဝါသနာပါတာဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ပတ် သက်လို့ အသိပညာ ဖြန့်ဖြူးတဲ့လုပ်ငန်းကိုတော့ ကျွန်တော်ဦးစားပေးလုပ်သွားမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့် NLD အစိုးရ သစ်အပေါ် ဦးသူရရဲ့ အမြင်နဲ့ ဦးသူရအနေနဲ့ အကြံပြုချင်တဲ့အပိုင်းလေးကို သိချင်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ လိုအပ်တာ တွေ၊ ပြုပြင်ပြောင်းလဲစရာတွေ၊ လုပ်စရာတွေ တချို့ပြန်လည်စိစစ်သုံးသပ်ရမယ့် ကိစ္စတွေက အစ အများကြီးရှိပါတယ်။ အဲဒါတွေက ကျွန်တော် တို့တိုင်းပြည်မှာ မှားယွင်းတဲ့လုပ်ထုံးလုပ်နည်း တွေ အများကြီးရှိခဲ့တယ်။ အဲဒီအတွက်ကြောင့် နစ်နာခဲ့ရတဲ့သူတွေလည်း အများကြီးရှိခဲ့တယ်။ ဒါတွေကို ပြန်ပြီးကုစားရမယ့်အပိုင်းက တစ်ပိုင်းရှိ တာပေါ့။

နောက်တစ်ပိုင်းက ကျွန်တော်တို့တိုင်း ပြည်မှာ အရမ်းအရေးကြီးတာက Institution တွေ ကျွန်တော်တို့ မတည်ဆောက်နိုင်ဘူး။ အဲ Institution တွေ တည်ဆောက်နိုင်ဖို့ လုပ်ရလိမ့်မယ်။ တတိယအချက်က အရေးကြီးဆုံးပေါ့။Rule of Law ပေါ့။ လူကြားကောင်းအောင် အခုဟာက ပြောနေကြသလိုပဲ။ တကယ့်တကယ်တမ်းကျတော့ Rule of Law က အသက်ကိုမဝင်သေးပါဘူး။ ဒီ အချက်သုံးချက်ကိုတော့ မဖြစ်မနေအကောင် အထည်ဖော်ရပါလိမ့်မယ်။ အဲဒီသုံးခုကို ဒေါက် တိုင်သုံးခုလို့ သတ်မှတ်ထားတယ်။ ဒါကတော့ ဘယ်အစိုးရတက်တက် ဒီလိုပဲလုပ်ရမှာပဲ။ စေ တနာရှိတဲ့အစိုးရမှန်ရင်ပေါ့

မဆလအစိုးရလက်ထက်၊ စစ်အစိုးရလက်ထက် မှာ မြန်မာနိုင်ငံရေးအရွေ့အတွက် ဦးဆောင်သူ တွေထဲမှာ ဦးသူရလည်းပါဝင်ခဲ့ပါတယ်။ ထောင် အကျခံ၊ ပင်ပန်းအဆင်းရဲခံပြီး နိုင်ငံရေးမှာတက်ြ<ွက လှုပ်ရှားလာခဲ့သူတစ်ဦးအနေနဲ့ ခုလက်ရှိကာလ မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အရသာခံပြောချင် တဲ့စကားက ဘာများဖြစ်နိုင်မလဲ။

မကြာမီ လာမည် မျှော်ပေါ့ဗျာ။ သိပ် မကြာတော့ပါဘူး။ အာလုံး မကြာမီ လာမည်မျှော် လို့ပဲ ပြောချင်ပါတယ်။

ဘာကိုဆိုလိုချင်တာပါလဲ။

တစ်ခါတစ်ရံမှာတော့လည်း လျှို့ ဝှက်ထားရဦးမယ်လေ (ရယ်လျက်)။

(Flower News Journal, 12-11)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။