Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 13, 2016

"အင်တာစိတ်ကူး" (မင်းလူ)

"အင်တာစိတ်ကူး" (မင်းလူ)
===================

မရေးဖြစ်တာကြာသော ဂျာနယ်မဂ္ဂဇင်းဆရာတွေက တပူပူတဆူဆူ လုပ်ကြသည်။ လေသံကလည်း သူတို့ဆီက ပိုက်ဆံချေးထားလို့ပြန်တောင်းတာကျနေတာပဲ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းတွေ၊ ဆရာသမားတွေဆိုတော့ တတ်နိုင်သမျှ ကူညီရသည်။ ဒီလိုနဲ့ စာမူကြွေးတွေဆပ်နေလိုက်တာ လအတန်ကြာသွားသည်။

စာအုပ်ထုတ်ဝေသူက လာသတိပေးတော့မှပဲ လုံးချင်းဝတ္ထုမရေးဖြစ်တာ သုံးလေးလကြာသွားပြီးဖြစ်ကြောင်း သိလိုက်ရ၏။ မဂ္ဂဇင်း၊ ဂျာနယ်တွေက ရသောစာမူခမှာ လက်ဖက်ရည်ဖိုးတောင်ကာမိတာမဟုတ်။ မိသားစု စားဝတ်နေရေးပြေလည်ဖို့ လုံးချင်းဝတ္ထုကိုသာ အားကိုးရသည်။ အတိုတွေရေးနေသော လများအတွင်း အိမ်မှာရှိတဲ့ ငွေလေးနဲ့စိုက်ထုတ်သုံးစွဲနေရတာ ကုန်လုလုဖြစ်နေပြီ။

ဒီတော့ ထုတ်ဝေသူဆီက စရန်ငွေတောင်းရသည်။ အတိုအထွာတွေကို လောလောဆယ်ရပ်ဆိုင်းပြီး လုံးချင်းစာအုပ်ကိုသာ အချိန်ပြည့်ဖိရေးတော့မည်ဟု ဆုံးဖြတ်သည်။ ရေးဖို့အကြောင်းအရာက အဆင်သင့်လျာထားပြီးသား ရှိသည်။ တေးထားမှတ်ထားတာတွေလည်း ပြည့်စုံသလောက်ရှိပြီ။ ဖင်မြဲမြဲထိုင်ရေးဖို့သာရှိတော့သည်။

ထို့ကြောင့် တစ်မနက်တွင် စာရေးစားပွဲမှာထိုင်ပြီး လုံးချင်းဝတ္ထု၏ဇာတ်အဖွင့်ကို ဘယ်လိုရေးမလဲစဉ်းစားသည်။ အထူးသဖြင့်တော့ ပထမဆုံးစာကြောင်းကို ထိထိမိမိဖြစ်အောင် လုပ်ရမည်။ စိတ်ကူးလေးတစ်ခုဖျတ်ခနဲပေါ်လာသဖြင့် စရေးမည်ပြုစဉ်-

"ဧည့်သည်လာတယ်၊ လက်ဖက်ရည်ဆိုင်မှာပဲ စောင့်နေမယ်တဲ့"ဟု ပြောသဖြင့် လက်ဖက်ရည်ဆိုင်ရှိရာသို့ဆင်းလာခဲ့သည်။ ဆိုင်ထဲမှာ ကိုလေးပွစတိုင်ဖြင့်ထိုင်စောင့်နေသူက ကာတွန်းဝင်းအောင်ဖြစ်၏။

"ကျွန်တော် မနေ့ကပဲ မန္တလေးကပြန်ရောက်တယ်" ဟုသူကဆီးပြောသည်။ သူ့မှာလွယ်အိတ်တစ်လုံးကလွဲပြီး အထုပ်တွေဘာတွေမပါသဖြင့် မန္တလေးပြန်လက်ဆောင်ထိုးမုန့်လမုန့်တို့ လာပေးခြင်းမဟုတ်တာတော့သေချာသည်။ ဒီလောက်သိတတ်တဲ့လူမျိုးလည်းမဟုတ်။ သူကဆက်၍-

"ကိုကံချွန်က စာတစ်စောင်ပေးလိုက်တယ်" ဆိုပြီး စာအိတ်တစ်အိတ်ထုတ်ပေးသည်။ စာထဲမှာ ကံချွန်နှင့်ဝင်းအောင်တို့ဦးစီးပြီး ဟာသဂျာနယ်ထုတ်တော့မည်ဖြစ်ကြောင်း ကံချွန်လုပ်တဲ့အလုပ်ဆိုလျှင် ဒီလူဒီလူတွေမပါမဖြစ်ဘူးဆိုတာ ပြောနေဖို့တောင်မလိုကြောင်း

ဆိုသောသဘောရေးထားသည်။ ကျွန်တော့်မှာလုံးချင်းကိုသာ ဇောက်ချရေးဖို့ လောလောဆယ်ဆုံးဖြတ်ထားပြီးဖြစ်နေသည်။ ကျွန်တော့်အကျင့်က တစ်ခုခုပေါ်မှာ အာရုံစိုက်လျှင် တခြားဟာတွေ လုပ်ချင်စိတ်မရှိတော့။ မကြာခင်ကလေးတင်ကပင် သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းမှာ ဆယ်လဆက်တိုက်ရေးခဲ့သဖြင့် လက်ပန်းကျနေရာမှ နလန်ထူခါစရှိသေးသည်။ ပြီးတော့ သူတို့ဂျာနယ်ကလည်း ဟာသဆိုတော့ အကြောင်းအရာ အကန့်အသတ်ကြီးနဲ့။

ဒါတွေကို ရှင်းပြပြီး လောလောဆယ်တော့ မရေးနိုင်သေး။ နှစ်လ သုံးလလောက်နေမှယူပါ။ လုံးချင်းဝတ္ထုကလေးကို ဖိလုပ်ပါရစေဦးဟုတောင်းပန်ရသည်။ ကာတွန်းဝင်းအောင်သည် ရှုံ့မဲ့သွားပြီး-

"ကျွန်တော်က ခင်ဗျားကိုပိုင်တယ်၊ ကျိန်းသေရမယ်လို့ ကိုကံချွန်ကိုပြောခဲ့တာဗျ၊ ဒါကြောင့်လည်း မန္တလေးက ပြန်ရောက်ရောက်ချင်း ခင်ဗျားဆီ ပထမဆုံးလာခဲ့တာပဲ၊ ခုတော့ ဈေးဦးလန်သွားသလိုဖြစ်နေပြီ"ဟု ခို၏ အဘသံဖြင့်ပြောသည်။

တကယ်တော့ ကိုကံချွန်နှင့် ကိုဗိုမောင်တို့ ညီအစ်ကိုဆိုတာကျွန်တော်နှင့် စာပေညီအစ်ကိုတွေလိုဖြစ်နေတာ။ ကျွန်တော်တို့ ကဗျာစာအုပ်တွေ ထုတ်တုန်းက မန္တလေးမှာ ကူညီဖြန့်ပေးခဲ့သူများဖြစ်၏။ ကျွန်တော်တို့လက်ထပ်ပြီးစ မန္တလေးသွားလည်တော့လည်း သူတို့ပဲ ဘုရားတွေလိုက်ပို့ပေးခဲ့တာ။

ကာတွန်းဝင်းအောင်ဆိုတာကလည်း ခုနောက်ပိုင်း လူငယ်ကာတွန်းဆရာတွထဲက အခင်ဆုံးစာရင်းထဲပါနေခဲ့သူဖြစ်၏။ ခင်မင်မှုအရပဲ ကြည့်ကြည့်၊ ဝတ္တရားအရပဲကြည့်ကြည့် ကူညီထိုက်သူများဖြစ်၏။ ကျွန်တော့်လက်ရှိ အခြေအနေအရ အတိုအထွာဘက် အာရုံပြန်ရဖို့ မလွယ်ခြင်းက အခက်တွေ့နေရခြင်းဖြစ်၏။ ကျွန်တော်က ခေါင်းကုတ်လိုက်၊ သူကသက်ပြင်းချလိုက် လုပ်နေကြရင်းသူက-

"တစ်ခုခုတော့ ရေးပေးဗျာ၊ ဘာပဲဖြစ်ဖြစ်.... အဲ နေဦး ကဗျာတစ်ပုဒ်လောက် ရေးပေးပါလား..."

"ဟာ....ဟုတ်ပြီ၊ ကဗျာဆိုရင်တော့ဖြစ်နိုင်တယ်၊ ရေးဖို့စိတ်ကူးထားတာရှိတယ်၊ ညနေဘက်လမ်းလျှောက်ရင်း စကားလုံးတွေစဉ်းစားလို့ရတယ်"

ဒီတော့မှ ကာတွန်းဝင်းအောင်လည်း တွတ်ပီမျက်နှာနှင့်ပြန်သွားလေသည်။

လုံးချင်းဝတ္ထုကို အစပျိုးနိုင်ပြီ။ အရှိန်ကလေးလည်းရစပြုနေပြီ။ ညနေစောင်း လမ်းလျှောက်ရင်း ကဗျာအတွက် စကားလုံးလေးတွေ တချို့တဝက်လည်း စဉ်းစားလို့ရပြီ။ ပထမတစ်ပိုဒ်ကိုတောင် အကြမ်းရေးထားပြီးပြီ။ ဒီလိုအခြေအနေမှာပင် တစ်မနက်လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ရွှေမြင်သာဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဝင်းမောင်ညွန့် ရောက်လာသည်။ ရှေ့အပတ်ဆို သူ့ဂျာနယ် နှစ်ပတ်လည်တော့မည်။ ဒါကြောင့် စာမူလိုချင်သည်။ ဒါမှမဟုတ် အင်တာဗျူးလုပ်ချင်သည်။

ကျွန်တော်ကလည်း လက်ရှိအခြေအနေကို ပြောပြပြီး အချိန်မီအောင်ရေးပေးနိုင်မည် မဟုတ်ကြောင်း ပြောသည်။ အမြဲလိုလိုပေါက်ကရတွေပြောပြီး နောက်လားပြောင်လားနေတတ်သူ ကိုဝင်းမောင်ညွန့်သည် ဒီနေ့တော့ ပြုံးတောင်မပြုံးနိုင်တော့။

"ခင်ဗျားဘက်က အခက်အခဲကိုလည်း နားလည်ပါတယ်၊ အေးလေ ဘယ်တတ်နိုင်ပါ့မလဲဗျာ"

သူသည် လိုင်စင်ဖျက်သိမ်းခံလိုက်ရသော ဖြတ်ဆက်ကားဝယ်မိသူတစ်ယောက်လို ခေါင်းငိုက်စိုက်ချပြီး ထွက်သွားသည်။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွား၏။

ကိုဝင်းမောင်ညွန့်သည် အတန်းချင်းမတူသည့်တိုင် တစ်ကျောင်းတည်း၊ တစ်မြို့နယ်တည်းနေခဲ့သော သူငယ်ချင်းဖြစ်၏။ သူ့ဘက်က ကူညီစရာရှိလျှင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးတတ်သူ။

ကျွန်တော့်အနေနှင့် သူ့ကို ကူညီသင့်သည်။ အခုလက်တွေ့မကူညီနိုင်သောအခါ စိတ်ကူးနှင့် ကူညီကြည့်သည်။ သူက စာမူမရလျှင် အင်တာဗျူးလုပ်ချင်သည် ဟုဆိုခဲ့သည်။ ကျွန်တော်က အင်တာဗျူးတွေရှောင်ထားသော အချိန်ဖြစ်သောကြောင့် ငြင်းလိုက်ရခြင်းဖြစ်၏။ တကယ်လို့ဗျူးဖြစ်လျှင် သူကဘာတွေမေးမလဲ။ ကျွန်တော်က ဘာတွေဖြေမလဲ။ ကျွန်တော့်မှာ ထူးခြားသည့် အဖြစ်အပျက်ဟူ၍ မည်မည်ရရမရှိ။ အချစ်ရေးရှုပ်ထွေးတာမျိုး၊ အိမ်ထောင်ရေး ပြဿနာမျိုးလည်း မရှိ။ မွေးနေ့ပွဲ၊ ဧည့်ခံပွဲတွေလည်းမလုပ်။ စာပေကိစ္စ၊ အနုပညာကိစ္စနှင့် ပတ်သက်ပြီး ဘယ်သူနဲ့မှ ငြင်းခုန်ဝေဖန်စရာလည်းမလို။

ဒီတော့မေးနေကျအတိုင်း မထူးခြားတာကိုပင် အဆန်းလုပ်မေးဖို့သာရှိ၏။ ထို့ကြောင့် အတွေးထဲမှာ အောက်ပါ အတိုင်းမေးကြဖြေကြလေသည်။

"လုံးချင်းဝတ္ထုတွေ ထွက်ဖို့ရှိပါသေးသလား"

"အခုရေးနေပါပြီ"

"ခုတလော စာပေနောက်ခံ ဝတ္ထုလေးတွေရေးဖြစ်နေတယ်နော်"

"ဟုတ်ပါတယ်"

"ဟာသလေးတွေလည်း တွေ့တွေ့နေရတယ်"

"မှန်ပါတယ်"

"အချစ်ဝတ္ထုတွေ ရေးဖို့အစီအစဉ်ရှိလား"

"ရှိပါတယ်"

"ကဗျာလေးတွေကော ရေးဖြစ်သလား"

"ကြိုကြား ကြိုကြားပေါ့"

"ဇာတ်ညွှန်းတွေလဲ တစ်ခါတစ်လေရေးတယ်နော်"

"ဟုတ်ကဲ့"

"၀တ္ထုနဲ့ဇာတ်ညွှန်းက ဘာကွာသလဲ"

"၀တ္ထုက စာအုပ်အဖြစ်ထွက်ပြီး ဇာတ်ညွှန်းက ရုပ်ရှင်ဇာတ်ကားအဖြစ်ထွက်တာကွာတာပေါ့"

"ချစ်သူကောရှိနေပြီလား"

"ဟာဗျာ၊ ဒီအရွယ်ရောက်မှ မိန်းမနဲ့ကလေးနှစ်ယောက်တောင် ရှိနေတာ ခင်ဗျားလည်းသိသားနဲ့"

"ဆောရီး ဆောရီး...မေးနေကျ မေးခွန်းမို့လို့ယောင်ပြီးမေးမိတာပါ၊ ဒါနဲ့မော်တော်ကားတွေထဲမှာ ဘယ်ကားအကြိုက်ဆုံးပါလဲ..."

"အကြိုက်ဆုံးရယ်လို့တော့မရှိပါဘူး၊ မကြိုက်ဆုံးတော့ရှိတယ်"

"ဘာကားတွေလဲ သိပါရစေ"

"ဆေးရုံကား၊ အချုပ်ကား၊ မိလ္လာကားနဲ့ နိဗ္ဗာန်ယာဉ်ပေါ့ဗျာ"

"သြော် အဲဒီကားတွေတော့ ကျွန်တော်လည်း မစီးချင်ပါဘူးခင်ဗျား၊ အဲ.... ခုလိုမအားလပ်တဲ့ကြားက ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်"

ဤတွင် စိတ်ကူးထဲက အင်တာဗျူးပြီးပါပြီ။

--------------------------------------

- မင်းလူ
ရွှေမြင်သာဂျာနယ်
၃၁၊၇၊၂၀၀၁။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။