အန္တရာယ် မိတ်ဆွေ
---------------------
တစ်ခါက ဒရယ်ဖိုတစ်ကောင်ဟာ ရောဂါဘယ ဖိစီးနှိပ်စက်တဲ့အတွက် အားအင်ချိနဲ့လာပြီး ချောင်တစ်ခုမှာ ခွေနေပါသတဲ့။ သူဟာ ရှေ့ရေးကို ကြိုတင်စဉ်းစားတတ်တဲ့ ဒရယ်တစ်ကောင် ဖြစ်တာကြောင့် နေထိုင်မကောင်းဖြစ်ခြင်း ဒါမှမဟုတ် အရေးတစ်ခုခု ကြုံဆုံလာတဲ့အခါ စားသောက်နိုင်ဖို့အတွက် မြက်များကို ကြိုတင်စုဆောင်းထားခဲ့တယ်။ အဲဒါကြောင့်လည်း သူဟာ စိတ်ပူပင်သောကမရှိဘဲ သူစုဆောင်းထားတဲ့ မြက်များကိုသာ စားသောက်ပြီး အားအင်ပြန်လည် ပြည့်ဖြိုးဖို့ ကြိုးစားနေပါသတဲ့။
အဲဒီလို ဒရယ်ဖို နေမကောင်းဖြစ်နေတယ်ဆိုတာကို သူ့ရဲ့ မိတ်ဆွေ ဒရယ်တွေသိရှိသွားတဲ့အခါမှာေ တာ့
သတင်းမေးမြန်းဖို့အတွက် စုဝေးရောက်ရှိလာကြတော့တယ်။ အဲဒီလိုရောက်ရှိလာတဲ့
ဒရယ်မိတ်ဆွေတွေဟာ "မင်းသက်သာရဲ့လား သူငယ်ချင်း" လို့ တစ်ခွန်းမေးလိုက်၊
ဒရယ်ဖိုစုဆောင်းထားတဲ့ မြက်တွေကို ဆွဲစားလိုက် လုပ်ကြလေသတဲ့။ အဲဒီလို
ဒရယ်တစ်ကောင်စီက သတင်းစကားမေးလိုက်၊ မြက်သုံးလေးပင် ဆွဲစားလိုက်
လုပ်နေကြတဲ့အခါ ဒရယ်ဖိုက ဒီလိုပြောတယ်
"မိတ်ဆွေတို့ တကယ်တော့ ငါဟာ ရောဂါဘယ ဖိစီးနှိပ်စက်လို့ မသေဘဲ၊ မင်းတို့လုပ်လို့ အစာငတ်ပြီး သေရတဲ့ဘ၀ ရောက်လိမ့်မယ်၊ အဲဒါကြောင့် မင်းတို့ ပြန်ကြပါတော့" လို့ ပြောရင်း မိတ်ဆွေတွေကို နှင်လွှတ်လိုက်တော့တယ်..။
ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်။ ကျွန်တော်တို့တွေဟာ တကယ်တော့ ဒရယ်ဖိုနဲ့ တူသူများပဲဖြစ်တယ်။ ကိုယ့်ရဲ့ အနာဂတ်အတွက် ချွေတာစုဆောင်းထားတဲ့ ငွေကြေး၊ ပစ္စည်းဥစ္စာတွေဟာ အလိုက်မသိတတ်တဲ့ မိတ်ဆွေတွေကြောင့် လုံးပါးပါးလာတတ်တယ်လို့ ဆိုလိုတာပဲဖြစ်တယ်။ ဒရယ်ဖိုရဲ့ မိတ်ဆွေတွေဟာ သတင်းမေးမြန်းဖို့လာကြပေမယ့်  သူတို့ရဲ့ အလိုက်မသိတတ်ခြင်းဟာ ဒရယ်ဖိုအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ အပြင်လောကမှာလည်းအလိုက်မသိတဲ့မိတ်ဆွေတွေဟာ ရောဂါဘယနဲ့တူတဲ့ ရန်သူထက် ပိုမိုပြီး ကြောက်ဖို့ကောင်းတယ်လို့ဆို တယ်။
အဲဒီလို အလိုက်မသိတဲ့ မိတ်ဆွေတွေနဲ့ကြုံလာတဲ့အခါ အားနာတုံ့ဆိုင်းမနေဘဲ
ဒရယ်ဖိုလို ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်လှတယ်။ အဲဒီလိုမှမဟုတ်ဘဲ
အားနာသမှုနဲ့ ကိုယ့်ရဲ့အနာဂတ်ဘ၀အတွက် ချွေးနည်းစာလေးတွေကို
အပွန်းအပဲ့ခံနေမယ်ဆိုရင်တော့  ရောဂါဘယရဲ့ဝါးမြိုခြင်းကို ခံရသလို၊ ကိုယ့်အနာဂတ်ခရီးလမ်းဟာလည်း ပျောက်ကွယ်သွားမှာပဲဖြစ်တယ် ။
Thoughtless friends are more harmful than enemies. ဆိုတဲ့စကားပုံလို အတွေးအခေါ်မရှိ၊ အလိုက်မသိတတ်တဲ့ မိတ်ဆွေဟာ ရန်သူထက်ပိုပြီး အန္တရာယ်ရှိတယ်လို့ဆိုလိုရင်းဖြစ်တယ်။ အတွေးအခေါ်မရှိခြင်းနဲ့ အလိုက်မသိခြင်းဟာ ညီအစ်ကိုတွေဖြစ်တယ်ဆိုတာကို
သိရှိဆင်ခြင်သင့်လှတယ်။ အဲဒီလိုဆင်ခြင်ပြီး မိမိပြောသင့်တဲ့အချိန်မှာ
ပြောသင့်ပြောထိုက်သော စကားကို ပြောဆိုတားမြစ်သင့်တယ်။ ပွင့်လင်းခြင်းသည်သာ
အကောင်းဆုံးသော ဆက်ဆံရေးဖြစ်တယ်ဆိုတာကို သတိမူရမှာပဲဖြစ်တယ်။
အလိုက်သိသော မိတ်ဆွေများကို ပိုင်ဆိုင်နိုင်ကြပါစေ
ဖြိုးသုတ
---------------------
တစ်ခါက ဒရယ်ဖိုတစ်ကောင်ဟာ ရောဂါဘယ ဖိစီးနှိပ်စက်တဲ့အတွက် အားအင်ချိနဲ့လာပြီး ချောင်တစ်ခုမှာ ခွေနေပါသတဲ့။ သူဟာ ရှေ့ရေးကို ကြိုတင်စဉ်းစားတတ်တဲ့ ဒရယ်တစ်ကောင် ဖြစ်တာကြောင့် နေထိုင်မကောင်းဖြစ်ခြင်း ဒါမှမဟုတ် အရေးတစ်ခုခု ကြုံဆုံလာတဲ့အခါ စားသောက်နိုင်ဖို့အတွက် မြက်များကို ကြိုတင်စုဆောင်းထားခဲ့တယ်။ အဲဒါကြောင့်လည်း သူဟာ စိတ်ပူပင်သောကမရှိဘဲ သူစုဆောင်းထားတဲ့ မြက်များကိုသာ စားသောက်ပြီး အားအင်ပြန်လည် ပြည့်ဖြိုးဖို့ ကြိုးစားနေပါသတဲ့။
အဲဒီလို ဒရယ်ဖို နေမကောင်းဖြစ်နေတယ်ဆိုတာကို
"မိတ်ဆွေတို့ တကယ်တော့ ငါဟာ ရောဂါဘယ ဖိစီးနှိပ်စက်လို့ မသေဘဲ၊ မင်းတို့လုပ်လို့ အစာငတ်ပြီး သေရတဲ့ဘ၀ ရောက်လိမ့်မယ်၊ အဲဒါကြောင့် မင်းတို့ ပြန်ကြပါတော့" လို့ ပြောရင်း မိတ်ဆွေတွေကို နှင်လွှတ်လိုက်တော့တယ်..။
ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်။ ကျွန်တော်တို့တွေဟာ တကယ်တော့ ဒရယ်ဖိုနဲ့ တူသူများပဲဖြစ်တယ်။ ကိုယ့်ရဲ့ အနာဂတ်အတွက် ချွေတာစုဆောင်းထားတဲ့ ငွေကြေး၊ ပစ္စည်းဥစ္စာတွေဟာ အလိုက်မသိတတ်တဲ့ မိတ်ဆွေတွေကြောင့် လုံးပါးပါးလာတတ်တယ်လို့ ဆိုလိုတာပဲဖြစ်တယ်။ ဒရယ်ဖိုရဲ့ မိတ်ဆွေတွေဟာ သတင်းမေးမြန်းဖို့လာကြပေမယ်
Thoughtless friends are more harmful than enemies. ဆိုတဲ့စကားပုံလို အတွေးအခေါ်မရှိ၊ အလိုက်မသိတတ်တဲ့ မိတ်ဆွေဟာ ရန်သူထက်ပိုပြီး အန္တရာယ်ရှိတယ်လို့ဆိုလိုရင်
အလိုက်သိသော မိတ်ဆွေများကို ပိုင်ဆိုင်နိုင်ကြပါစေ
ဖြိုးသုတ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။