စိတ်၏ တွန်းအား
=========
တစ်ခါက အမဲလိုက် ခွေးတစ်ကောင်ဟာ မုန်လာခင်းထဲမှာ ယုန်ကလေးတစ်ကောင်ကို တွေ့ပါသတဲ့။ အဲဒီလိုတွေ့တဲ့အခါ ခွေးက ယုန်ကလေးကို လိုက်လံ ဖမ်းဆီးပါသတဲ့။ ယုန်ကလေးဟာ အသက်ဘေးကြောင့် အစွမ်းကုန် ပြေးသွားတဲ့အခါ နောက်ကလိုက်နေတဲ့ ခွေးလက်ကနေ လွတ်မြောက်သွားပါသတဲ့။ အဲဒီလို ခွေးနဲ့ ယုန်တို့ရဲ့ ဖြစ်အင်ကို အနားမှာ မြက်စားနေတဲ့ ဆိတ်တစ်ကောင်က မြင်တွေ့ခဲ့ပါသတဲ့။ ခွေးဟာ ယုန်ကို ဖမ်းလို့မမိတဲ့အတွက် လှည့်အပြန်မှာ ဆိတ်က ဒီလိုပြောပါသတဲ့
"အသင်ခွေး..သင်ဟာ အမဲလိုက်ခွေးဖြစ်ပါလျက်နဲ့ ဒီယုန်ကလေးတစ်ကောင်ကိုတောင် မိအောင်မဖမ်းနိုင်ဘူးလား"
အဲဒီလို ဆိတ်ရဲ့စကားကို ကြားတဲ့အခါ ခွေးက
"အသင်ဆိတ်..တကယ်တော့ ငါဟာ ယုန်ကလေးကို အပျော်သဘော လိုက်လံဖမ်းဆီးတာသာဖြစ်တယ်။ ယုန်ကလေးကတော့ အသက်ဘေးကြောင့် အစွမ်းကုန်ပြေးတာဖြစ်တယ်" လို့ပြောခဲ့တယ်.။
ဒီအီစွတ်ပုံပြင်လေးဟာ ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်။ အဲဒါကတော့ Performance depends on motivation ဆိုတဲ့ "စွမ်းဆောင်ရည်ဟာ စိတ်ပါဝင်စားမှု (စိတ်အားထက်သန်မှု) ပေါ်မှာမူတည်ပြီး ကွဲပြားသွားတယ်" ဆိုတဲ့အချက်ပဲဖြစ်တယ်။ အဲဒီအဖြစ်အပျက်မှာ ခွေးနဲ့၊ ယုန်တို့ရဲ့ စိတ်အားထက်သန်မှု၊ မတူတာကို မြင်တွေ့နိုင်မှာပဲဖြစ်တယ်။
ခွေးဟာ အပျော်သဘော လိုက်လံဖမ်းဆီးတာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်
Performance ဟာ အပြည့်အ၀ မဖြစ်တာကို သတိမူနိုင်တယ်။ ယုန်ရဲ့ အသက်ဘေးကို
ကြောက်ရွံ့မှု ဟာ သူ့စိတ်ရဲ့လှုံ့ဆော်မှုကို အမြင့်ဆုံးကို တွန်းပို့ခဲ့တယ်။
အဲဒီလို တွန်းပို့ခဲ့တဲ့အတွက် သူ့ရဲ့ စွမ်းဆောင်ရည် ဟာ အမြင့်ဆုံး
ဖြစ်လာခဲ့တယ်။ အဲဒီအတွက် သူဟာ သူပြေးနိုင်သမျှ အမြန်ဆုံးပြေးလွှားတဲ့အတွက်
ခွေးရဲ့ရန်က လွတ်မြောက်ခဲ့တယ်။
ကျနော်တို့ရဲ့ စွမ်းဆောင်ရည် ဟာလဲ အဲဒီစိတ်ရဲ့ လှုံ့ဆော်မှုပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်တယ်လို့ဆို တယ်။
စိတ်ဓါတ်ပြင်းထန်လေလေ၊ performance မြင့်မားလာလေလေလို့ဆိုတယ်။ မိမိရဲ့
ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်အရည်အချင်း မြင့်မားမှုရဲ့ အဓိက သော့ချက်ဟာ
Motivation လို့ခေါ်တဲ့ စိတ်ပါဝင်စားမှု တစ်နည်းအားဖြင့် စိတ်ရဲ့ တွန်းအားဟာ
အဓိက လိုအပ်ချက်ကြီးတစ်ခုဖြစ်တယ် လို့ဆိုတယ်။
စိတ်မပါတဲ့အလုပ်ဟာ၊ ညံ့ဖျဉ်းတဲ့ရလဒ်ကိုသာ ထွက်ပေါ်စေတယ်ဆိုတာကို
ဆင်ခြင်သင့်လှတယ်။ ပညာရပ်တစ်ခုကို လေ့လာရင်ပဲဖြစ်ဖြစ်၊
လုပ်ငန်းခွင်မှာအောင်မြင်ချ င်ရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုမှာထူးချွန်ပေါက်မြောက်အောင် လုပ်ဆောင်ချင်ရင်ပဲဖြစ်ဖြစ် ယုန်ကလေးရဲ့ပြေးလွှားခြင်းနဲ့ တူတဲ့ အမှန်တကယ် စိတ်အားထက်သန်မှုမျိုး၊ ရေကုန်ရေခန်းကြိုးစားမှုမျိုးကို အရင်ဆုံးမွေးမြူသင့်လှတယ်။
In order to succeed, we must first believe that we can.
ဆိုတဲ့စကားလို "ကျနော်တို့အောင်မြင်ဖို့အတွက်၊ လုပ်နိုင်တယ်ဆိုတာကို အရင်ဆုံးယုံကြည်ဖို့လိုတယ်" လို့ဆိုတယ်။ တစ်နည်းအားဖြင့် လုံလောက်တဲ့ စိတ်ဓါတ်တွန်းအားကို မွေးမြူဖို့လိုမှာပဲဖြစ်တယ်။
စိတ်ရဲ့တွန်းအားများမွေးမြူ နိုင်ကြပါစေ
(ဖြိုးသုတ)
=========
တစ်ခါက အမဲလိုက် ခွေးတစ်ကောင်ဟာ မုန်လာခင်းထဲမှာ ယုန်ကလေးတစ်ကောင်ကို တွေ့ပါသတဲ့။ အဲဒီလိုတွေ့တဲ့အခါ ခွေးက ယုန်ကလေးကို လိုက်လံ ဖမ်းဆီးပါသတဲ့။ ယုန်ကလေးဟာ အသက်ဘေးကြောင့် အစွမ်းကုန် ပြေးသွားတဲ့အခါ နောက်ကလိုက်နေတဲ့ ခွေးလက်ကနေ လွတ်မြောက်သွားပါသတဲ့။ အဲဒီလို ခွေးနဲ့ ယုန်တို့ရဲ့ ဖြစ်အင်ကို အနားမှာ မြက်စားနေတဲ့ ဆိတ်တစ်ကောင်က မြင်တွေ့ခဲ့ပါသတဲ့။ ခွေးဟာ ယုန်ကို ဖမ်းလို့မမိတဲ့အတွက် လှည့်အပြန်မှာ ဆိတ်က ဒီလိုပြောပါသတဲ့
"အသင်ခွေး..သင်ဟာ အမဲလိုက်ခွေးဖြစ်ပါလျက်နဲ့ ဒီယုန်ကလေးတစ်ကောင်ကိုတောင်
အဲဒီလို ဆိတ်ရဲ့စကားကို ကြားတဲ့အခါ ခွေးက
"အသင်ဆိတ်..တကယ်တော့ ငါဟာ ယုန်ကလေးကို အပျော်သဘော လိုက်လံဖမ်းဆီးတာသာဖြစ်တယ်။
ဒီအီစွတ်ပုံပြင်လေးဟာ ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်။ အဲဒါကတော့ Performance depends on motivation ဆိုတဲ့ "စွမ်းဆောင်ရည်ဟာ စိတ်ပါဝင်စားမှု (စိတ်အားထက်သန်မှု) ပေါ်မှာမူတည်ပြီး ကွဲပြားသွားတယ်" ဆိုတဲ့အချက်ပဲဖြစ်တယ်။ အဲဒီအဖြစ်အပျက်မှာ ခွေးနဲ့၊ ယုန်တို့ရဲ့ စိတ်အားထက်သန်မှု၊ မတူတာကို မြင်တွေ့နိုင်မှာပဲဖြစ်တယ်။
ကျနော်တို့ရဲ့ စွမ်းဆောင်ရည် ဟာလဲ အဲဒီစိတ်ရဲ့ လှုံ့ဆော်မှုပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်တယ်လို့ဆို
In order to succeed, we must first believe that we can.
ဆိုတဲ့စကားလို "ကျနော်တို့အောင်မြင်ဖို့အတ
စိတ်ရဲ့တွန်းအားများမွေးမြူ
(ဖြိုးသုတ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။