အရေးပေါ်ကိုယ်ဝန်တားဆေး
လက်တလော ကျန်းမာရေးဂျာနယ်တွေမှာ ကြော်ငြာအားကောင်းနေတဲ့ ၇၂ နာရီ ဆေးလုံး (သို့) အရေးပေါ်ကိုယ်ဝန်တားဆေး အကြောင်း သိကောင်းစရာများကို စုဆောင်းတင်ပြလိုပါတယ်။
ဒီဆေးဟာ အရေးပေါ်ကိုယ်ဝန်တားဆေး (Emergency Conctraceptive pill) ဖြစ်ပါတယ်။ အရေးပေါ်ကိုယ်ဝန်တားနည်း နှစ်မျိုးရှိပေမယ့်လို့ ဒီဆေးလုံးအကြောင်းပဲ ဖော်ပြပေးချင်ပါတယ်။
အကာကွယ်မဲ့ လိင်ဆက်ဆံပြီးတဲ့အခါမှာ ကိုယ်ဝန် (အများစုကို) တားပေးပါတယ်။ ဒီကိုယ်ဝန်တားနည်းဟာ အရေးပေါ်အတွက်သာ ရည်ရွယ်ပါတယ်။ မဒိန်းကျင့်ခံရခြင်း (သို့) မလိုသူနှင့်ဆက်ဆံရခြင်း၊ မတော်တဆ ကွန်ဒုံးပေါက်ပြဲခြင်းနှင့်  အသုံးပြုနေဆဲ ကိုယ်ဝန်တားနည်းလမ်းများ အမှားအယွင်းရှိတဲ့အခါ၊ချွတ် ချော်မှုရှိတဲ့အခါတို့တွင်
အလွန်အသုံးဝင်ပါတယ်။ ဒီဆေးမှာတော့ လစဉ်သောက်သုံးရတဲ့
ကိုယ်ဝန်တားဆေးများတွင် ပါဝင်သော ပါမာဏထက်များတဲ့
အမျိုးစားတူညီသောဟော်မုန်း ပါဝင်ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက တော့levonorgestrel ကိုယ်ဝန်တားဆေး အသုံးပြုခြင်းကို ထောက်ခံပါတယ်။ Progestogen ဟော်မုန်းတစ်မျိုးထဲပါဝင်သော
အရေးပေါ်တားဆေး 1.5mg အားကို အကာကွယ်မဲ့ လိင်ဆက်ဆံပြီးချိန်မှ ၁၂၀ နာရီ
အတွင်း သောက်ရမှာဖြစ်ပါတယ် (အရင်တုန်းကတော့ ၇၂ နာရီအတွင်းလို့
ပြဌာန်းခဲ့ဖူးပါတယ်)။ 0.75 mg အား ဆိုရင်တော့ နှစ်လုံးသောက်ရန် လိုအပ်ပြီး
ပထမတစ်လုံး သောက်ပြီးချိန်မှစတင်၍ ၁၂ နာရီခြားပြီး
နောက်တစ်လုံးထက်သောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီး ၁၀၅၀၀ ဦးပါဝင်တဲ့ WHO ရဲ့
လေ့လာမှု ၉ ခုအရ levonorgestrel ဟာ ၅၂% မှ ၉၄% ထိ ကိုယ်ဝန်တားရာတွင်
ထိရောက်မှုရှိပါတယ်။ မြန်မြန်သောက်နိုင်လေ ရလဒ်ပိုကောင်းလေဖြစ်ပါတယ်။
ဒီတားဆေးဟာ safe ဖြစ်ပြီး ပုံမှန်အားဖြင့် ပြင်းထန်သော side-effects မရှိပါ။ ခေါင်းမူး အော့်အံခြင်းမျှသာ ရှိပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းနှင့် နောင်အနာဂတ်တွင် ကိုယ်ဝန်ရယူခြင်းတို့ကိုလည်း မထိခိုက်ပါ။ သို့သော် အသဲရောဂါရှိသူများ မသောက်သင့်ပါ။
သတိပြုရန်
၁။ အရေးပေါ်သာအသုံးပြုရပါမယ်။ ပုံမှန်အသုံးပြုရန် မသင့်တော်ပါ။ ဘာကြောင့်လဲဆိုတော့ လစဉ်သုံးကိုယ်ဝန်တားဆေးများ ထက် မအောင်မြင်မှုရာခိုင်နှုန်း ပိုများတဲ့အတွက်ကြောင့်ဖြစ် ပါတယ်။
၂။ လိင်ဆက်ဆံခြင်းမှ ရရှိသော HIV စသော ရောဂါများကို အကာအကွယ်မပေးပါ။ မိမိချစ်သူထံမှလည်း HIV သို့ အခြားကာလသားရောဂါများ ကူးဆက်နိုင်သည်။
၃။ ကိုယ်ဝန်တားဆေးသာဖြစ်ပြီး ကိုယ်ဝန်ဖြတ်ချဆေး မဟုတ်ပါ။
၎။ ကိုယ်ဝန်ရှိပြီးသားဖြစ်နေပါ က သောက်သုံးရန် မသင့်တော်ပါ။
၅။ မိမိသည် လိင်ဆက်ဆံမှုတွင် ပျော်တတ်ပါက (၀ါသနာအိုး) ဖြစ်ပါက ကွန်ဒုံးသုံးပါ။
၆။ ဆေးသောက်ပြီးတဲ့အခါ ရာသီလာခြင်း စောတတ်သလို နောက်လည်း ကျတတ်ပါတယ်။ ပုံမှန်ထက် အလွန်နောက်ကျပါက ဆရာဝန်နှင့်တွေ့ပါ။
ဒီလောက်နဲ့သာ အဆုံးသတ်ပါရစေ။ ဒီထက်သိချင်တာရှိပါက မေးမြန်းနိုင်ပါတယ်။
Credit to Original Writer
လက်တလော ကျန်းမာရေးဂျာနယ်တွေမှာ ကြော်ငြာအားကောင်းနေတဲ့ ၇၂ နာရီ ဆေးလုံး (သို့) အရေးပေါ်ကိုယ်ဝန်တားဆေး အကြောင်း သိကောင်းစရာများကို စုဆောင်းတင်ပြလိုပါတယ်။
ဒီဆေးဟာ အရေးပေါ်ကိုယ်ဝန်တားဆေး (Emergency Conctraceptive pill) ဖြစ်ပါတယ်။ အရေးပေါ်ကိုယ်ဝန်တားနည်း နှစ်မျိုးရှိပေမယ့်လို့ ဒီဆေးလုံးအကြောင်းပဲ ဖော်ပြပေးချင်ပါတယ်။
အကာကွယ်မဲ့ လိင်ဆက်ဆံပြီးတဲ့အခါမှာ ကိုယ်ဝန် (အများစုကို) တားပေးပါတယ်။ ဒီကိုယ်ဝန်တားနည်းဟာ အရေးပေါ်အတွက်သာ ရည်ရွယ်ပါတယ်။ မဒိန်းကျင့်ခံရခြင်း (သို့) မလိုသူနှင့်ဆက်ဆံရခြင်း၊ မတော်တဆ ကွန်ဒုံးပေါက်ပြဲခြင်းနှင်
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက
ဒီတားဆေးဟာ safe ဖြစ်ပြီး ပုံမှန်အားဖြင့် ပြင်းထန်သော side-effects မရှိပါ။ ခေါင်းမူး အော့်အံခြင်းမျှသာ ရှိပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းနှင့် နောင်အနာဂတ်တွင် ကိုယ်ဝန်ရယူခြင်းတို့ကိုလည်
သတိပြုရန်
၁။ အရေးပေါ်သာအသုံးပြုရပါမယ်။ ပုံမှန်အသုံးပြုရန် မသင့်တော်ပါ။ ဘာကြောင့်လဲဆိုတော့ လစဉ်သုံးကိုယ်ဝန်တားဆေးများ
၂။ လိင်ဆက်ဆံခြင်းမှ ရရှိသော HIV စသော ရောဂါများကို အကာအကွယ်မပေးပါ။ မိမိချစ်သူထံမှလည်း HIV သို့ အခြားကာလသားရောဂါများ ကူးဆက်နိုင်သည်။
၃။ ကိုယ်ဝန်တားဆေးသာဖြစ်ပြီး ကိုယ်ဝန်ဖြတ်ချဆေး မဟုတ်ပါ။
၎။ ကိုယ်ဝန်ရှိပြီးသားဖြစ်နေပါ
၅။ မိမိသည် လိင်ဆက်ဆံမှုတွင် ပျော်တတ်ပါက (၀ါသနာအိုး) ဖြစ်ပါက ကွန်ဒုံးသုံးပါ။
၆။ ဆေးသောက်ပြီးတဲ့အခါ ရာသီလာခြင်း စောတတ်သလို နောက်လည်း ကျတတ်ပါတယ်။ ပုံမှန်ထက် အလွန်နောက်ကျပါက ဆရာဝန်နှင့်တွေ့ပါ။
ဒီလောက်နဲ့သာ အဆုံးသတ်ပါရစေ။ ဒီထက်သိချင်တာရှိပါက မေးမြန်းနိုင်ပါတယ်။
Credit to Original Writer
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။