Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 4, 2016

#‎သေခြင်းတရားသည်‬ နိဂုံးမဟုတ်ခဲ့သော ခေါင်းဆောင်

‪#‎သေခြင်းတရားသည်‬ နိဂုံးမဟုတ်ခဲ့သော ခေါင်းဆောင်
.
.
TN(NC)
.
.
`သင့်ရန်သူတွေကို မေတ္တာထားပါ´ ဆိုတဲ့ စကားဟာ ဒေါက်တာကင်းရဲ့
ပင်တိုင်အလေးထားတဲ့ အာဘော်ပဲ ဖြစ်ပါတယ်။
သို့ငြား သိပ်မကြာခင်မှာတော့ ရက်စက်လှတဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုကြီးတစ်ခုဟာ အပြစ်မဲ့တဲ့ ကလေးငယ်တွေအပေါ် ကျရောက်လာခဲ့ပါတော့တယ်။

၁၉၆၃ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာ ၁၆လမ်းချာ့ခ်ျကျောင်းမှာ ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ခဲ့ပြီး အက်ဒီမေးကော်လင်း၊ ကာရိုလ်ဒန်နစ်စ် မက်ခ်နဲယ်နဲ့ စင်သီယာဒိုင်းယန်နေးဝက်စလေတို့ဟာ သေဆုံးခဲ့ရတယ်။

`ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်´ဆိုတဲ့မိန့်ခွန်းဟောပြီး သုံးပတ်အကြာ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာကင်းဟာ သူတို့အတွက် `အာဇာနည်ကလေးငယ်များအတွက် မိန့်ခွန်းလွှာ´ကို သူတို့ရဲ့ အသုဘအခမ်းအနားမှာ ဟောပြောခဲ့တဲ့အခါမှာ ..
`အပြစ်မဲ့တဲ့ ဒီမိန်းကလေးတွေရဲ့ သွေးတွေဟာ အမိုက်မှောင်အဖျက်စွမ်းအားတွေကို တိုက်ဖျက်ဖို့ အားအင်တွေဖြစ်စေပါလိမ့်မယ်။ ဒီမှောင်မဲနေတဲ့
မြို့ကို အလင်းပြပေးဖို့ ယူဆောင်ပေးလာပါလိမ့်မယ်။ သေခြင်းတရားဟာ
အဆုံးသတ်နိဂုံးမဟုတ်ဘူး။

သေခြင်းတရားဟာ မြင့်မြတ်တဲ့ ဘ၀စာကြောင်းရဲ့ အဆုံးသတ်ကာလတစ်ခုလည်း မဟုတ်ပါဘူး။ ပုဒ်ဖြတ်တစ်ခုသာ ဖြစ်ပါ
တယ်။ သေခြင်းတရားဟာ လူသားအမျိုးအနွယ်ကို နိတ္တိအခြေအနေကို
ပို့ဆောင်ပေးမယ့် တစ်ဖက်ပိတ်လမ်းဆုံးလည်း မဟုတ်ပါဘူး။

အဆုံးမရှိဘ၀တွေကို ဦးဆောင်ပေးမယ့် တံခါးပေါက်သာ ဖြစ်ပါတယ်။ ဒီရဲရင့်တဲ့ယုံကြည်မှုတွေ၊ အနိုင်ယူဖို့ ခက်ခဲတဲ့ ခွန်အားတွေကို ထိန်းသိမ်းပြီး ကြိုးစားဆဲကာလမှာ ဆက်လက်အင်အားမွေးကြပါစို့´
ဆိုပြီး ဟောကြားခဲ့တယ်။
၁၉၆၅ခုနှစ် မတ်လ ၂၅ရက်နေ့မှာ `ဘယ်လောက်ကြာမလဲ၊ သိပ်မကြာဘူး´ ဆိုတဲ့မိန့်ခွန်းကိုလည်း ဟောကြား ခဲ့ပါသေးတယ်။
`ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့အချိန် ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ပျက်ငြီးငွေ့ဖွယ်ရာကောင်းတဲ့ နာရီတွေ ဖြစ်နေပါစေ၊ ဒါတွေဟာ
သိပ်မကြာတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှန်တရားဟာ မြေပြင်ကို ထိုးခွဲပြီး တစ်ဖန် ဦးမော့လာပါဦးမယ်၊

ဘယ်လောက်ကြာမလဲ၊ သိပ်မကြာပါဘူး၊
ဘာကြောင့်လဲဆိုရင် ဘယ်မုသားကမှ ထာဝရ အသက်မရှင်နိုင်ဘူး၊
ဘယ်လောက်ကြာမလဲ၊ သိပ်မကြာပါဘူး၊ သင်စိုက်ပျိုးတာကို သင်ပြန်ရိတ်
သိမ်းရပါမယ်၊ ဘယ်လောက်ကြာမလဲ၊သိပ်မကြာပါဘူး၊

ဘာကြောင့်လဲ
ဆိုတော့ စကြာဝဠာရဲ့ အကျင့်သီလမုခ်ဝဟာ ရှည်လျားပြီး တရားမျှတခြင်းဆီ ကိုင်းညွှတ်နေလို့ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ကြာမလဲ၊ သိပ်မကြာပါဘူး၊ ဘာကြောင့်လဲဆိုတော့ အမှန်တရားဟာ ချီတက်ပြီး လာနေပြီ ဖြစ်ပါတယ်´


ဒီစကားတွေဟာ လူထုကို စိတ်ခွန်အားတွေ မြောက်များစွာ ပေးစွမ်းခဲ့ပါတယ်။ ဒေါက်တာကင်းရဲ့ ခေါင်းဆောင်မှုသင်ခန်းစာကို အကျဉ်း ချုံးတင်ပြရရင်ဖြင့် ...

ခေါင်းဆောင်မှုသင်ခန်းစာများ
၁။ နှိမ်ချပါ
ကိုယ့်ရဲ့ ရည်မှန်းချက်အတွက် လျှောက်လှမ်းရာမှာ ဆက်ဆံပြောဆိုတဲ့စကားလုံးတွေမှာ နှိမ်ချမှု ပါရှိပါစေ။ ဒေါက်တာကင်းရဲ့ဘ၀ကို ပိုလေ့လာလေလေ သူဟာ ပညာတတ်တစ်ယောက်ဖြစ်တယ်ဆိုတာ ပိုသိလာလေလေ ဖြစ်လိမ့်မယ်။ သူဟာ စာပေဗဟုသုတလည်း ကုံလုံကြွယ်ဝ တဲ့သူတစ်ယောက်လည်း
ဖြစ်တယ်။ သူ့ရဲ့ပရိသတ်တွေ သူ့ကို အထင်ကြီးအောင် ပညာရပ်ဆိုင်ရာ
စကားလုံးတွေ ၊ စကားလုံးအကြီးကြီးတွေနဲ့ လည်း မကိုင်ပေါက်တတ်ဘူး။

ဒေါက်တာကင်းဟာ ဘုရားသခင်နဲ့ပြည်သူ့အပေါ်သာ အလုပ်အကျွေးပြုရ
မယ်၊ ကိုယ့်အတ္တကို မရှာကျွေးရဘူးဆို တဲ့ သဘောသကယကိုသာ ပြောဆိုခဲ့တာကို တွေ့ရလိမ့်မယ်။ ဒေါက်တာကင်းဟာ သူ့အဖေဆီက သြ၀ါဒကောင်းတစ်ခုဖြစ်တဲ့

`ရိုးရိုးရှင်းရှင်းရှိ ပါစေ၊ ရိုးရိုးရှင်းရှင်းရှိပါစေ ငါ့သား´ ဆိုတဲ့ စကားကို နာယူခဲ့တာကို တွေ့ရမယ်။ တကယ်လို့ လူတွေက သင့်ကို လူမှုဆက်ဆံရေး စွမ်းရည်နဲ့ပတ်သက်ပြီး အထင်ကြီးစေချင်တယ်ဆိုရင် ရှင်းရှင်းလင်းလင်းနဲ့
ထိထိရောက်ရောက် အသုံးပြုတတ် ဆက်ဆံတတ်ပါစေ။
လူတွေက သင်ပြောတာကို နားလည် မှ သင့်ကို လူတွေက ထက်မြက်တယ်လို့ ယူဆကြမှာ ဖြစ်ပါတယ်။

၂။ လေ့ကျင့်ပါ
ဒေါက်တာကင်းဟာ `ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်´ ဆိုတဲ့ မိန့်ခွန်းဟာ ရင်ထဲအသည်းထဲကလာတဲ့ စကားဖြစ်ပါတယ်။ ဒီမိန့် ခွန်းကို ဟောစဉ်မှာ
မှတ်စုထုတ်ထားတဲ့စာအုပ်ကို ဘေးနားဖယ်ထားပြီး အလွတ်ပြောခဲ့တယ်။

သူ့ရဲ့ `ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်´ဆိုတဲ့ မိန့်ခွန်းဟာ
နားထောင်သူတွေရဲ့ ကျောရိုးတွေကို ကျင်တက်အေးစိမ့်သွားစေလောက်
အောင် ကိုင်လှုပ်နိုင်ခဲ့တယ်။

သင့်အနေနဲ့ မိန့်ခွန်းပြောတဲ့အခါ မှာ၊ တရားဟောတဲ့အခါမှာ မှတ်စုထုတ်ထားတာ မပါဘဲ မပြောတတ်ဘူး၊ စကားလုံးတွေကို မမှတ်မိဘူးလို့ ဆိုကောင်း
ဆိုမယ်။ ဒါပေမဲ့ သင့်ဟော တာကို နားထောင်နေတဲ့သူတွေဟာ သင့်ရဲ့ စိတ်ဆန္ဒတွေ၊ အကြံညဏ်တွေကို နားဆင်နေတာ ဖြစ်ပါတယ်။

မှတ်စုကြည့်ပြီး စိတ်အားထက်သန်မှု တွေ၊ တက်<ကမှုတွေကို သင်ဟာ
မရှာဖွေနိုင်ပါဘူး။ တကယ်တော့ `ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်´ဆိုတဲ့မိန့်ခွန်းရဲ့ နောက်ဆုံးအပိုင်းတွေဟာ

လွန်ခဲ့တဲ့နှစ်လကတည်းက ဒက်ထရွိုက်မှာ အကြိမ်ပေါင်း များစွာ ပြောခဲ့ဟောခဲ့တဲ့စကားတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အလုံးစုံတူညီနေတာ မဟုတ်ဘဲ နောက်ဆုံးအပိုင်းလေးဟာ တူညီနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟောတာကို နားထောင်ဖူးတဲ့ မဟာလီယာဂျက်ဆွန်ဟာ `သူတို့ကို အိပ်မက်အကြောင်း ပြောပြလိုက်ပါ´ ဆိုပြီး
အော်ခဲ့တာ ဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထား၊ပြောခဲ့တဲ့အတွက် ဒီစကားတွေဟာ နှလုံးအိမ်ထဲမှာ သန္ဓေတည်နေခဲ့တယ်။
၃။ သတင်းနဲ့အချက်အလက်လား
တကယ်လို့ သင့်ပရိသတ်ကို သတင်းအချက်အလက်တွေပြောချင်တယ်ဆိုရင် အီးမေးလ်ပဲ ပို့လိုက်ပါ။ သင့်နောက်ကို လိုက်လာစေ ချင်တယ်ဆိုရင် စိတ်ခွန်အားတက်ကြွမှုတွေကို ပေးစွမ်းလာအောင် ဟောပြောပါ။ ဆွဲဆောင်ပါ။
ဒေါက်တာကင်းဟာ `အခု အချိန်ကျပြီ´ ၊` နှစ်တစ်ရာ ကြာသွားတဲ့နောက်´ ၊ `လွတ်လပ်ခွင့်ခေါင်းလောင်းဟာ မြည်လာပါစေ´၊
` နောက်ဆုံးတော့ လွတ်လပ်ကြရမယ်´၊ `ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်´ ဆိုတဲ့ အရေးကြီးစကားလုံးတွေကို ထပ်ခါတလဲလဲပြောပြီး စိတ်ခွန်အားကို တက်လာအောင် လုပ်ခဲ့တယ်။
၎။ သြဇာပေါက်အောင် ပြော
ဒေါက်တာကင်းဟာ စကားလုံးတွေကို ပေါ့သွားအောင် ပါးပါးမလှီးပစ်တတ်ဘူး။
စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့တပ်သားတွေကို စစ်ချီတက်ဖို့ ပြောသလို ]
`ကျွန်တော်တို့ဟာ ရှေ့ဆက်ပြီး ချီတက်ကြရလိမ့်မယ်။ နောက်ပြန် မလှည့်နိုင်ဘူး´ ဆိုတဲ့သဘောမျိုးသာ ပြောခဲ့တယ်။ `ယေဘုယျအားဖြင့်´၊
`ရိုးရိုးသားသားပြောရရင်´ဆိုတဲ့ အသုံးအနှုန်းတွေကို ရှောင်တယ်။
ဘာကြောင့်လဲဆိုတော့ ` ယေဘုယျအားဖြင့်´ ဆိုတဲ့စကားတွေ ဟာ
ကိုယ်ပြောတဲ့စကားကို အားနည်းစေတယ်။ `ရိုးရိုးသားသားပြောရရင်´ဆိုတဲ့စကားဟာ အရင်တုန်းက မရိုးမသားဘူးလို့
ပရိသတ်က အထင် ရောက်သွားစေတယ်။

အဲဒီစကားတွေအစား `ကျွန်တော် ခံစားရတယ်´ဆိုတဲ့အသုံးတွေကို ပိုပြီး အားရှိစေတယ်။
ဘယ်သူမှ မသေချာမရေရာတဲ့ ခေါင်းဆောင်နောက် မလိုက်ချင်ကြဘူး။

၅။ အဆိုးထဲက အကောင်း
`နောက်ထပ်နှစ်တစ်ရာကြာတဲ့အခါ
နီဂရိုးတွေရဲ့ ဘ၀ဟာ လူမျိုးရေးခွဲခြားမှုတွေနဲ့ဖိနှိပ်ခံရမှု သံခြေကျင်းတွေကြားမှာ ၀မ်းနည်းစရာ ကောင်းလောက်အောင် မလှုပ်နိုင် မလျှောက်နိုင်ဖြစ်နေအုန်းမှာပဲ´ဆိုတဲ့ စကားပြောခဲ့ဖူးတယ်။
တကယ်လို့ သင့်ရဲ့ အဖွဲ့အစည်းဟာ ရုန်းကန်နေ ရမယ်၊ သင့်ရဲ့ အစီအစဉ်တွေဟာလည်း အထမမြောက်သေးဘူးဆိုရင် မျှော်လင့်ချက်နဲ့အကောင်းမြင်စိတ်ကို ဆေးထိုးပေးဖို့ ယုံကြည်မှုနဲ့စိတ် အားတက်<ကစွာနဲ့ ပြောပေးရမှာ ဖြစ်ပါတယ်။
၆။ အခါကျပြီ
ဒေါက်တာကင်းဟာ သူ့ပရိသတ်တွေကို အာဖရိကန်-အမေရိကန်လူ့အဖွဲ့အစည်းဟာ သည်းခံနိုင်မှုအတိုင်းအတာ ဂိတ်ဆုံးရောက်နေ ပြီဆိုတဲ့သဘောကို သိအောင် လုပ်ခဲ့တယ်။ အရေးကြီးပြီ၊ သွေးစည်းကြစို့ ဆိုတဲ့ အရေးကြီးလုပ်ဆောင်ရမယ့်အချိန်ရောက်နေပြီဖြစ်ကြောင်း သိ သာထင်ရှားအောင် ပြောဆိုခဲ့တယ်။
၇။ တစ်သားတည်းရှိနေပါစေ
နားထောင်သူနဲ့ တစ်သားတည်းရှိနေရပါမယ်။ နားထောင်သူနဲ့အတူ ရုန်းကန်နေရတဲ့သဘောကို သိစေရပါမယ်။ နားထောင်သူတွေ ရဲ့ အခက်အခဲ၊ဒုက္ခတွေကို အတူခံစားနေရတယ်ဆိုတာ သိစေရပါမယ်။ ဒါမှသာ သူတို့က သင်ဟာ သူတို့ရဲ့ ဒုက္ခတွေကို နားလည်သိရှိတဲ့လူ အဖြစ် သဘောပေါက်ပြီး သင့်ကို ယုံကြည်လာပါလိမ့်မယ်။ သင့်ကို ယုံကြည်မှသာ သင့်ဦးဆောင်ရာနောက်ကို လိုက်လာကြပါလိမ့်မယ်။
၈။ အဆုံးသတ်သေချာ
များစွာသော မိန့်ခွန်းကောင်းတွေဟာ ဘယ်မှာ သွားပြီး ပျက်စီးတတ်ကြသလည်းဆိုရင် အဆုံးသတ်ပိတ်တဲ့အခါမှာ ပျက်စီးသွားတတ် ကြတယ်။ အစကောင်းပေမယ့်လည်း အနှောင်းဟာ မသေချာရင် မိန့်ခွန်းတစ်ခုလုံးရဲ့ ကောင်းမွန်မှုတွေဟာ လျှော့ကျသွားတတ်တယ်။ သင့်ရဲ့ မိန့်ခွန်းနောက်ဆုံးပိတ်ဟာ ပရိသတ်ကို ကိုင်လှုပ်စေနိုင်ရမယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။