Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 4, 2016

ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်သုံးအုပ်ပေါ်က သမ္မတ အရည်ချင်းကို လေ့လာကြည့်ခြင်း

***ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်သုံးအုပ်ပေါ်က
သမ္မတ အရည်ချင်းကို လေ့လာကြည့်ခြင်း***

ဒီရက်ပိုင်းမှာ ၅၉(စ)ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြတဲ့လူတွေကပြ... ဗိုလ်ချုပ်အောင်ဆန်းခေတ်ကတည်းက ရေးခဲ့တယ်လို့ ပေါက်ကရပြောတဲ့လူတွေက ပြောပေါ့...

ကျွန်တော်တို့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်သုံးအုပ်ရှိခဲ့ဖူးပါတယ်...
၁၉၄၇ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ စာအုပ်ရယ်...
၁၉၇၄ မှာ အတည်ပြုခဲ့တဲ့ စာအုပ်ရယ်...
၂၀၀၈ မှာ အတည်ပြုခဲ့တဲ့ စာအုပ်ရယ်...
စုစုပေါင်း သုံးအုပ်ရှိပါတယ်...

တော်တော်များများကတော့ သိပြီးသားပါ... မသိသေးတဲ့လူတွေကို အနည်းငယ်ရှင်းပြချင်ပါတယ်...
၁၉၄၇ ဖွဲ့စည်းပုံက ပါလီမန် ဒီမိုကရေစီစနစ် (Parliamentary Democracy)ကို ကျင့်သုံးထားတာ ဖြစ်ပြီး ၂၀၀၈ ကတော့ သမ္မတစနစ် (Presidential Democracy) ကျင့်သုံးထားတာ ဖြစ်ပါတယ်...

အဲဒီနှစ်ခုက ဘာတွေကွာလဲ လို့ပြောရင်...
အခြေခံအားဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်မှာ...
Head of State လို့ခေါ်တဲ့ နိုင်ငံတော် အကြီးအကဲနဲ့
Head of Government လို့ခေါ်တဲ့ အစိုးရအဖွဲ့ အကြီးအကဲဟာ တစ်ယောက်စီပါ။ ဥပမာ.. အင်္ဂလန်မှာ နိုင်ငံတော်ရဲ့ အကြီးအကဲဟာ ဘုရင်မကြီး ဖြစ်ပြီး
အစိုးရဖွဲ့ရဲ့ အကြီးအကဲဟာ ဝန်ကြီးချုပ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၉၄၇ ဖွဲ့စည်းပုံအရ နိုင်ငံတော်အကြီးအကဲဟာ သမ္မတကြီး စဝ်ရွှေသိုက်ဖြစ်ခဲ့ပြီး အစိုးရဖွဲ့အကြီးအကဲဟာ ဝန်ကြီးချုပ် ဦးနု ဖြစ်ခဲ့ပါတယ်...

Presidential Democracy မှာတော့ နိုင်ငံတော်အကြီးအကဲရော အစိုးရဖွဲ့အကြီးအကဲရော တစ်ယောက်တည်းဖြစ်ပါတယ်။ ဥပမာ- အမေရိကန်လို နိုင်ငံမျိုးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံဟာလည်း အဲဒီစနစ်အတိုင်းဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အကြီးကဲရော..
အစိုးရအဖွဲ့ အကြီးအကဲရောဟာ သမ္မတကြီး ဦးသိန်းစိန်ပါ...

အဲဒီတော့... ၁၉၄၇ ရဲ့ သမ္မတ အရည်အချင်းကို ပြန်သွားကြည့်ရအောင်..

ဖွဲ့စည်းပုံရဲ့ အခန်းငါး မှာ နိုင်ငံတော် သမတ
(သူတို့ခေတ်က စာလုံးပေါင်း) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ

ပုဒ်မ ၄၉ (က)

မိမိကိုယ်တိုင်သော်လည်း
မိမိ မိဘ နှစ်ပါးသော်၎င်း ပြည်ထောင်စုနိုင်ငံရဲ့အာဏာ ပိုင်နက်အတွင်း၌ မွေးဖွား၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင်
(ခ)
"ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမတ ရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့် မရှိစေရ" လို့ပဲ ပါ,ပါတယ်...

*လူတစ်ချို့ ပြောနေသလို နိုင်ငံခြားသားနဲ့ လက်ထပ်သူ မဖြစ်စေရ ဆိုတာမျိုး ၁၉၄၇ ဥပဒေမှာ ပါဝင်ခြင်းမရှိပါဘူး...*

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံမှာကတော့…
အခန်း (၅)
နိုင်ငံတော်ကောင်စီ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတော် ကောင်စီ ဥက္ကဌသည် နိုင်ငံတော် သမ္မတဖြစ်သည်။ ဆိုတာကလွဲပြီး အရည်အချင်းကို သီးခြား ပြဌန်းထားတာမျိုး မရှိပါဘူး....

၂၀၀၈ ဖွဲ့စည်းပုံမှာတော့

အခန်း (၃) မှာ
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ..
ပုဒ်မ ၅၉ (က) ကနေ (ဆ) အထိ အချက် ခုနှစ်ချက်နဲ့ ပြဌန်းထားတာကိုတွေ့ရှိရပါတယ်..

အဲဒါတွေကတော့…
(က)
နိုင်ငံတော်နှင့် နိုင်ငံသားအများအပေါ် သစ္စာရှိသူဖြစ်ရမည်။
(ခ)
မိမိနှင့်မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။
(ဂ)
ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး
အသက်(၄၅)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
(ဃ)
နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်။
(င)
သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ်(၂၀) နိုင်ငံတော်တွင် အခြေချ နေထိုင်ခဲ့သူဖြစ်ရမည်။
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(စ)
မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊
မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသည်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။
(ဆ)
လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။

ဆိုပြီးရေးထားတာကို တွေ့ရပါတယ်...။

အခုခေတ်မှာ...
လူတစ်ချို့ စိုးရိမ်သလိုမျိုး ၅၉(စ) ကို ပြင်လိုက်ရင် (သို့မဟုတ်) ပယ်ဖျက်လိုက်ရင် မြန်မာနိုင်ငံကြီး လွတ်လပ်ရေး ဆုံးရှုံးသွားတော့မှာလား...??

၅၉ (စ)ကို ပြင်ရုံနဲ့တော့ နိုင်ငံတော်ဟာ သူများလက်အောက် ရောက်သွားနိုင်စရာမရှိပါဘူး
တကယ်လို့ ပြည်ပသြဇာ သက်ရောက်လာနိုင်ခြေရှိတဲ့
အနေအထားရောက်လာခဲ့ရင်လည်း…
*ပုဒ်မ(၇၁)အရ...
နိုင်ငံတော်သမ္မတကို လွှတ်တော်တစ်ရပ်ရဲ့ ကိုယ်စားလှယ် ဆယ်ပုံတစ်ပုံက စွပ်စွဲ ပြစ်တင်နိုင်ပြီး... အဲဒီလွတ်တော်ရဲ့ အမတ် သုံးပုံ နှစ်ပုံက ထောက်ခံရင်... ကျန်လွှတ်တော်ကနေ ခုံရုံးဖွဲ့ပြီး သမ္မတကို စစ်ဆေးနိုင်ပါတယ်..*

ရာထူးကနေ ဆက်လက်တာဝန်ထမ်းရွက်ရန် မသင့်ကြောင်း စုံစမ်းဆေးရေးအဖွဲ့ရဲ့ သုံးပုံနှစ်ပုံက ဆုံးဖြတ်ခဲ့ရင် သမ္မတက ရာထူးကနေ ထွက်ပေးရမှာ ဖြစ်လို့ လူတစ်ချို့ စိုးရိမ်သလို
ပြည်ပ သြဇာအောက် ရောက်သွားစရာမရှိပါဘူး။

*အဲဒီ ၅၉(စ)အရည်အချင်းမပါလို့ သူများနိုင်ငံရဲ့ သြဇာခံဖြစ်ရမယ်ဆိုရင်... အမေရိကန်ဟာ အခုချိန်ဆို
သူများ သြဇာခံ ဖြစ်နေလောက်ပါပြီ..*

ဘာဖြစ်လို့လဲဆိုတော့ အမေရိကန် ဖွဲ့စည်းပုံရဲ့ ဥပဒေ (၂) ပုဒ်မခွဲ(၅)မှာ သမ္မတရည်အချင်းကို သတ်မှတ်ထားတာက အချက်သုံးချက်ပဲ ရှိပါတယ်..
(တစ်)
ပြည်ထောင်စု၏ တိုင်းရင်းသားမှမွေးသော ပြည်သားတစ်ဦး ။
(နှစ်)
အသက်သုံးဆယ့်ငါးနှစ်ထက် မနည်းသော ။
(သုံး)
အနည်းဆုံး ဆယ့်လေးနှစ်ကြာ ပြည်ထောင်စုအတွင်း အမြဲနေထိုင်သူ ။

ဆိုပြီးပဲ ရေးထားပါတယ်...

ကျွန်တော်တို့နိုင်ငံက ၂၀၀၈ ဥပဒေထဲက ၅၉(စ)လိုမျိုး အရည်ချင်း သတ်မှတ်ချက်မျိုး ထည့်သွင်းမထားပါဘူး။

*၂၀၀၈ စံနမူနာယူခဲ့တယ်ဆိုတဲ့ အင်ဒိုနီးရှား ဖွဲ့စည်းပုံမှာလည်း သမ္မတ အရည်အချင်းဟာ မွေးရာပါ နိုင်ငံသား ဖြစ်ရမယ်...
တစ်ခြားနိုင်ငံကနေ ပြောင်းရွှေ့လာပြီး နိုင်ငံသား ဖြစ်လာသူ မဟုတ်ရဘူးဆိုတာပဲ ပါပါတယ်...*
၅၉(စ)လုံးလို အချက်အလက်မျိုးတွေ ထည့်ထားတာ မတွေ့ရပါဘူး..!!

{မူလစာသားပိုင်ရှင်- ပထမဦးဆုံးရေးသားသူ}
==================================

နာဂစ်အခြေခံဥပဒေ(၂၀၀၈)ထဲက ၅၉ (စ) လုံးဟာ
အနာဂတ် မြန်မာပြည် အတွက်မဖြစ်မနေလိုအပ်တယ်ဆိုတာမျိုး အနာဂတ်လူငယ်စာဖတ်သူအများစုကို အဆိပ်ခတ်ထားတာမြင်မိလို့ ဥာဏ်ကြီးသူများစဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်အောင် ထပ်ဆင့်မျှဝေပေးတာပါ။

လေးစားစွာဖြင့်
အမှန်ဘက်သား
အညတရခွပ်ဒေါင်း

Cartoon Credit : ဖြူဖွေး

Aung Aung Shwe
===============

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။