#ဒေါ်အောင်ဆန်းစုကြည်ဆီကရတဲ့ သင်ခန်းစာ
#မောင်မိုးသူနှင့်အင်တာဗျူး
ဒေါ်စုနဲ့ပတ်သက်ပြီး နောက်တစ်ခုပြောစရာရှိတာက ... ဘဘတို့က NLD မဖွဲ့ခင် အရေးအခင်းကာလမှာ ဟောကြပြောကြတယ်။ NLD ဖွဲ့ပြီးတဲ့အခါ ဘဘက ပြန်ကြားရေးကိုင်ရတော့ ဒေါ်စုဟောတာတွေ ကို ပြန်ရေးပြီးတော့ ထုတ်ရတာပေါ့။ အဲဒီမှာ ဘဘ သတိထားမိတာက ဟံသာဝတီ ဦးဝင်းတင်တို့၊ မောင်သော်ကတို့၊ ဘဘတို့ ပြောတာတွေ က ပြန်ရေးရင် ပြန်တည်းဖြတ်ရတယ်။ ဘဘတို့က အဟောအပြောသာ နာမည်ကြီးတာ၊ မြန်မာစကားကို မြန်မာအချင်းချင်း ပြောတဲ့အခါ မပြည့်စုံဘူး။ ၀ါကျကို ပြည့်ပြည့်စုံစုံ မပြောဖြစ်ဘူးပေါ့။ ဘဘတို့က ဟိုဟာလေ ဆိုတာမျိုးပေါ့၊ သိရင် ပြီးတာပဲ။ အပြည့်အစုံဆက်မပြောတော့ဘူး။
ဘဘတို့က ပရိသတ်ကို ပြောတဲ့အခါမှာလည်း အဲဒီလိုပြောတယ်။ သဒ္ဒါဝါကျ
ပြည့်ပြည့်စုံစုံ မပြောဘူးပေါ့။ ဒါက ထုံးစံပဲ။ နောက်တစ်ခုက ဘဘတို့က
ပညာတတ်တွေလည်း ဖြစ်တယ်၊ စာရေးဆရာ လည်း ဖြစ်တယ်၊ နိုင်ငံရေးသဘောတရားတွေလည်း
တော်တော်သိတော့ ဘဘတို့ ဟောတဲ့ပြောတဲ့အခါမှာ အင်္ဂလိပ်လို ကြားညှပ်ပြောကြတယ်။
ဘဘတို့က အင်္ဂလိပ်လို ပြောမှ ပြည့်စုံတယ်ထင်တာကိုး။
ဒေါ်စုကတော့ ငယ်ငယ်တုန်းကတည်းကနေ အခုအချိန် အထိ မြန်မာတွေကိုဟောတဲ့ပြောတဲ့အ ခါမှာ
တစ်ခါမှ အင်္ဂလိပ်စကားလုံး မပါဘူး။ ၀ါကျတွေကို အပြည့်အစုံပြောတယ်။ ဘာကြောင့်
သတိထားမိလဲ ဆိုတော့ ဒေါ်စုပြောတာတွေကို ဘဘတို့ ပြန်ရေးရင် ဘယ်တော့မှ ပြန်
ပြီးတော့ တည်းဖြတ်ရတယ်လို့ မရှိဘူး။ အဲဒါ ဒေါ်စုရဲ့ ထူးခြားချက်ပဲ။
ဘဘတို့ပြောတဲ့ဟာကို ပြန်ကူးရေးပြီးတော့ ထုတ်မယ်ဆိုလို့ရှိရင် တည်းဖြတ်ရတယ်။
မတည်းဖြတ်လို့ မရဘူး။ ဘဘတို့ပြောတာက မပြည့်စုံဘူး။ ၀ါကျအထားအသိုလည်း
မမှန်ဘူး။
ဒေါ်စုကတော့ အခုထက်ထိ ဒီအသက်အရွယ် ရောက်နေပြီ၊ လူထုခေါင်းဆောင်ကြီး ဖြစ်နေပြီ၊ မြန်မာတွေကို ဟောတဲ့ ပြောတဲ့အခါ တစ်ခါမှ အင်္ဂလိပ်စကားလုံး တစ်လုံးမပါဘူး။ ပြီးတော့ နိုင်ငံရေး သဘောတရားတွေကို ကိုးကားပြီးတော့ ဘယ်တော့မှ မပြောဘူး။ အင်မတန်ထူးခြားတဲ့ အမျိုးသမီးပဲ။ ဒေါ်စုနဲ့ ဘဘနဲ့က ခရီး အတူသွားကြ တာများတယ်။ ခရီးအတူသွားပါများတော့ ဒါက ပို အရေးကြီးတာပဲဆိုတာ တဖြည်းဖြည်းသိလာတယ်။ လူထုနဲ့ ဆက်ဆံတဲ့ အခါမှာ လူထုနားလည်တဲ့ စကားနဲ့ပြောတာ အထိရောက်ဆုံးပဲ ဆိုတာ ဒေါ်စုဆီက ဘဘရတဲ့ သင်ခန်းစာပဲ။
"စာရေးဆရာ၊ အယ်ဒီတာ၊ ဒါရိုက်တာ၊ နိုင်ငံရေးသမား ဆရာမောင်မိုးသူ၏ ဘ၀ဖြတ်သန်းမှုအကြောင်း" အင်တာဗျူးဆောင်းပါးမှကောက်နုတ်ချက်
(လွတ်လပ်စွာ Share နိုင်ပါသည်။)
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်
#လူထုရဲ့ခေါင်းဆောင်
Eternal Light
#မောင်မိုးသူနှင့်အင်တာဗျူး
ဒေါ်စုနဲ့ပတ်သက်ပြီး နောက်တစ်ခုပြောစရာရှိတာက ... ဘဘတို့က NLD မဖွဲ့ခင် အရေးအခင်းကာလမှာ ဟောကြပြောကြတယ်။ NLD ဖွဲ့ပြီးတဲ့အခါ ဘဘက ပြန်ကြားရေးကိုင်ရတော့ ဒေါ်စုဟောတာတွေ ကို ပြန်ရေးပြီးတော့ ထုတ်ရတာပေါ့။ အဲဒီမှာ ဘဘ သတိထားမိတာက ဟံသာဝတီ ဦးဝင်းတင်တို့၊ မောင်သော်ကတို့၊ ဘဘတို့ ပြောတာတွေ က ပြန်ရေးရင် ပြန်တည်းဖြတ်ရတယ်။ ဘဘတို့က အဟောအပြောသာ နာမည်ကြီးတာ၊ မြန်မာစကားကို မြန်မာအချင်းချင်း ပြောတဲ့အခါ မပြည့်စုံဘူး။ ၀ါကျကို ပြည့်ပြည့်စုံစုံ မပြောဖြစ်ဘူးပေါ့။ ဘဘတို့က ဟိုဟာလေ ဆိုတာမျိုးပေါ့၊ သိရင် ပြီးတာပဲ။ အပြည့်အစုံဆက်မပြောတော့ဘူး။
ဒေါ်စုကတော့ ငယ်ငယ်တုန်းကတည်းကနေ အခုအချိန် အထိ မြန်မာတွေကိုဟောတဲ့ပြောတဲ့အ
ဒေါ်စုကတော့ အခုထက်ထိ ဒီအသက်အရွယ် ရောက်နေပြီ၊ လူထုခေါင်းဆောင်ကြီး ဖြစ်နေပြီ၊ မြန်မာတွေကို ဟောတဲ့ ပြောတဲ့အခါ တစ်ခါမှ အင်္ဂလိပ်စကားလုံး တစ်လုံးမပါဘူး။ ပြီးတော့ နိုင်ငံရေး သဘောတရားတွေကို ကိုးကားပြီးတော့ ဘယ်တော့မှ မပြောဘူး။ အင်မတန်ထူးခြားတဲ့ အမျိုးသမီးပဲ။ ဒေါ်စုနဲ့ ဘဘနဲ့က ခရီး အတူသွားကြ တာများတယ်။ ခရီးအတူသွားပါများတော့ ဒါက ပို အရေးကြီးတာပဲဆိုတာ တဖြည်းဖြည်းသိလာတယ်။ လူထုနဲ့ ဆက်ဆံတဲ့ အခါမှာ လူထုနားလည်တဲ့ စကားနဲ့ပြောတာ အထိရောက်ဆုံးပဲ ဆိုတာ ဒေါ်စုဆီက ဘဘရတဲ့ သင်ခန်းစာပဲ။
"စာရေးဆရာ၊ အယ်ဒီတာ၊ ဒါရိုက်တာ၊ နိုင်ငံရေးသမား ဆရာမောင်မိုးသူ၏ ဘ၀ဖြတ်သန်းမှုအကြောင်း" အင်တာဗျူးဆောင်းပါးမှကောက်န
(လွတ်လပ်စွာ Share နိုင်ပါသည်။)
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်
#လူထုရဲ့ခေါင်းဆောင်
Eternal Light
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။