ထိုင်းအဆိုတော် ထုံချိုင်းရဲ့ ဖျော်ဖြေပွဲကို သွားကြည့်ရင်း အားငယ်စိတ်ဖြစ်ခဲ့ရတဲ့ မေခလာ
========================== ====================
‘နိုင်ငံရေးတွေမပြောချင်ဘူး ’
အမ်တီဗီအခွေကို အောက်တိုဘာ လထဲမှာ ထွက်ရှိဖို့စီစဉ်ထားပြီး အခု
အချိန်မှာတော့ ၅ ပုဒ်လောက် ရိုက် ကူးပြီးသွားပြီလို့ မေခလာက ပြော ပါတယ်။
ရိုက်ပြီးတဲ့ ၅ ပုဒ်မှာ တော့ သူကိုယ်တိုင်လည်း ပါဝင် သရုပ် ဆောင်ထားသလို
တခြား အနု ညာ ရှင်တွေလည်း ပါဝင်ရိုက်ကူးထားပါ
တယ်။ ဒါရိုက်တာကတော့ သုံးပေါင် ပဲဖြစ်ပါတယ်။ အခွေရဲ့ Title သီချင်း
ဖြစ်တဲ့ ‘နိုင်ငံရေးတွေ မပြောချင်ဘူး’ သီချင်းကိုတော့ ဟာသသရုပ်ဆောင် တွေနဲ့
ဟာသပုံစံလေး ရိုက်ကူးထား တယ်လို့ မေခလာကပြောပါတယ်။
အမ်တီဗီရိုက်ကူးဖို့ ကျန်ရှိနေသေး တဲ့ ၆ ပုဒ်ကိုတော့ သင်္ကြန်ပြီးမှပဲ ရိုက်ကူးမှာဖြစ်ကြောင်းလည်း
ဆိုပါ တယ်။ မေခလာက မတ်လက လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြု
လုပ်ခဲ့တဲ့ အဆိုတော်ထုံချိုင်းရဲ့ ဖျော် ဖြေပွဲကိုလည်း အနုပညာမောင်နှမ
တွေနဲ့ သွားရောက် ကြည့်ရှုခဲ့ပါသေး တယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း
နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံက နာမည်ကျော်အဆိုတော်တစ်ဦး ရဲ့
ခမ်းနားတဲ့ ဖျော်ဖြေပွဲကိုကြည့်ပြီး အားငယ်တဲ့စိတ်တောင် ဝင်ခဲ့မိတယ်
လို့ မေခလာကပြောပါတယ်။
“အစ်မတို့ဆီက အနုပညာရှင် တွေအားလုံးက သူ့ဟာနဲ့သူ တော်ကြ ပါတယ်။ အစ်မတို့ဆီမှာကTrainer တွေ၊ သင်တန်းကျောင်း ကြီးတွေ မရှိ ခဲ့တဲ့အခါကျတော့ တအားကွာသွား တာပေါ့။ အစ်မတို့ဆီမှာက ဘာမှ မရှိခဲ့ဘူးလေ။ အဲဒီဖျော်ဖြေပွဲကို ကြည့်ပြီး အားငယ် သွားရတယ်။ ငါတို့ဆီက အနုပညာသမားတွေ လည်း တော်ကြပါတယ်။ ဦးနှောက် လည်း ကောင်းကြပါတယ်။ ဒါပေမဲ့ လည်း သူတို့ သာသွားတာ ဘာ ကြောင့်လဲဆိုပြီး ဝမ်းနည်းခဲ့ရတာ တွေ ရှိခဲ့ဖူးတယ်။ သူတို့တွေက ပံ့ပိုး မှုအားကောင်းသွားတာ။ အစ်မတို့မှာ နှစ်ပေါင်း ၅ဝ ကျော်ကြီးက တအား နောက်ကျသွားခဲ့တယ်။ အစ်မတို့မှာ ဘာမှလုပ်ပြခွင့်လည်းမရှိခဲ့ သလို
လုပ်ဆောင်ခွင့်လည်း မရှိခဲ့ဘူး။ အိမ်နီး နားချင်းနိုင်ငံနှစ်ခုက နီးနီး
လေးပါ။ ဒါပေမဲ့ ဘယ်လိုမှ ယှဉ်လို့ မရတော့ပါဘူး။ ထုံချိုင်းဆိုရင် အသက်က ၅၇၊
၅၈နှစ် ရှိနေပြီ။ သူဟာ တကယ့်ကို ဘီလျံနာဖြစ်နေပြီ။ အစ်မတို့ဆီမှာတော့
အိမ်တစ်အိမ် ပိုင်ဖို့၊ ကားလေးတစ်စီးပိုင်ဖို့တောင် မနည်းကြိုးစားနေရတဲ့ အခြေ အနေ တွေပါ။ အစ်မတို့အနေနဲ့က အစစ အရာရာ နောက်ကျကျန်ခဲ့ရတယ်” လို့ ထုံချိုင်းဖျော်ဖြေပွဲနဲ့ပတ်သက်
ပြီး မေခလာ ကပြောပါ တယ်။ အနုပညာ နဲ့ ပတ်သက်ပြီးအစိုးရသစ်ရဲ့ ကူညီ
ပံ့ပိုးပေး မှုတွေကိုလည်း မျှော်လင့်မိပြီး အစိုးရသစ်ကို လည်း ယုံလည်းယုံ
ကြည်သလိုအားလည်း အားကိုးပါကြောင်း၊ အနုပညာဟာ နိုင်ငံတစ်နိုင်ငံရဲ့
ပြယုဂ်တစ်ခု လည်းဖြစ်တဲ့အတွက် အနုပညာ ပိုင်းနဲ့ပတ် သက်ပြီး ကူညီပံ့ပိုးပေး
မှုတွေကိုလည်း လုပ်ဆောင်ပေး သင့်ပါကြောင်း၊အစိုးရသစ် အနေ
နဲ့လုပ်ဆောင်ပေးလိမ့်မယ်လို့  လည်းထင် မိပါကြောင်း မေခလာ ကပြောပါတယ်။
လင်းအက္ခရာ၊
ဓာတ်ပုံ-အောင်ဇော်မင်း
==========================
‘နိုင်ငံရေးတွေမပြောချင်ဘူး
အမ်တီဗီရိုက်ကူးဖို့ ကျန်ရှိနေသေး တဲ့ ၆ ပုဒ်ကိုတော့ သင်္ကြန်ပြီးမှပဲ ရိုက်ကူးမှာဖြစ်ကြောင်းလည်း
“အစ်မတို့ဆီက အနုပညာရှင် တွေအားလုံးက သူ့ဟာနဲ့သူ တော်ကြ ပါတယ်။ အစ်မတို့ဆီမှာကTrainer တွေ၊ သင်တန်းကျောင်း ကြီးတွေ မရှိ ခဲ့တဲ့အခါကျတော့ တအားကွာသွား တာပေါ့။ အစ်မတို့ဆီမှာက ဘာမှ မရှိခဲ့ဘူးလေ။ အဲဒီဖျော်ဖြေပွဲကို ကြည့်ပြီး အားငယ် သွားရတယ်။ ငါတို့ဆီက အနုပညာသမားတွေ လည်း တော်ကြပါတယ်။ ဦးနှောက် လည်း ကောင်းကြပါတယ်။ ဒါပေမဲ့ လည်း သူတို့ သာသွားတာ ဘာ ကြောင့်လဲဆိုပြီး ဝမ်းနည်းခဲ့ရတာ တွေ ရှိခဲ့ဖူးတယ်။ သူတို့တွေက ပံ့ပိုး မှုအားကောင်းသွားတာ။ အစ်မတို့မှာ နှစ်ပေါင်း ၅ဝ ကျော်ကြီးက တအား နောက်ကျသွားခဲ့တယ်။ အစ်မတို့မှာ ဘာမှလုပ်ပြခွင့်လည်းမရှိခဲ့
လင်းအက္ခရာ၊
ဓာတ်ပုံ-အောင်ဇော်မင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။