" ပန်းသီးပုစ္ဆာ "
တစ်ခါတုန်းက မူလတန်းပြဆရာမလေးတစ်ယောက်ဟာ ခုနှစ်နှစ်အရွယ်ကျောင်းသားေ လးကို သင်္ချာပုစ္ဆာမေးပါတယ်။
“ သားကို ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ”ချက်ချင်းပဲကျောင်းသားလေးက ပြန်ဖြေတယ်…“
လေးလုံးပါ ဆရာမ”ဘာမှမခက်တဲ့အဖြေ သုံးလုံးဆိုတာကို ဆရာမကလိုချင်တာ..။ ဆရာမ စိတ်ပျက်သွားတယ်..။ ဒါပေမယ့် သူတွေးလိုက်မိတယ် … ကလေးက မေးခွန်းကို သေချာနားထောင်မထားလို့ဖြစ်မ ယ်ဆိုပြီး ထပ်မေးပြန်တယ်..။
“သေချာနားထောင်နော် သား … ဆရာမက သားကို ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှစ်လုံးရှိမလဲ”ေ ကျာင်းသားလေးဟာ သူ့အဖြေကိုဆရာမမကြိုက်မှန်း သိလို့ သေချာအောင် လက်ချိုးရေကြည့်ပြီး အဖြေရှာပါတယ်..။
ဒီတစ်ခါ ရှာတဲ့အဖြေက အဖြေမှန်မဟုတ်ဘဲ ဆရာမကြိုက်မယ့်အဖြေကိုပါ… ဒါပေမယ့် သူသိတဲ့ အဖြေမှန်ကိုပဲ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြန်ဖြေပါတယ်…။“ လေး..လုံးပါဆရာမ ”ဆရာမ စိတ်ပျက်နေတုန်းပါပဲ… ဒါပေမယ့် ဆရာမက ကောင်းလေးစတော်ဘယ်ရီသီး ကြိုက်တာကို သတိရမိတယ်..။ ဒီကလေးဟာ ပန်းသီးကြိုက်ပုံမရဘူး ။ ဒါကြောင့် သူအာရုံမစိုက်တာဖြစ်မယ်…သြူ ကိုက်တဲ စတော်ဘယ်ရီသီးနဲ့ မေးရင်တော့ သူစိတ်ဝင်စားပြီး အဖြေမှန်အောင်တွက်နိုင်မှာပဲလို့ စဉ်းစားမိတယ်..။တယ်တော်တဲ့ ငါပါလားလို့လဲ သူ့အတွေးနဲ့သူကျေနပ်ပြီး ပျော်သွားတယ်…နောက်ပြီး ထပ်မေးပြန်တယ်…။
“ ကဲ သား … ဆရာမထပ်မေးမယ်…သားကို စတော်ဘယ်ရီသီးတစ်လုံး နောက်ထပ်စတော်ဘယ်ရီသီးတစ်လုံး နောက်ထပ်စတော်ဘယ်ရီသီးတစ်လုံး ပေးမယ်ဆိုရင် သားမှာ စတော်ဘယ်ရီသီးဘယ်လောက်ရှိမလဲ…”ဆရာမမျက်နှာရွှင်နေတာကို ကြည့်ပြီး ကောင်လေးလည်း သူ့လက်ကလေးတွေကို သေချာချိုးပြီးရေတွက်ပါတယ်… ။
ပြီးတော့ ပြုံးစစနဲ့ ပြန်ဖြေပါတယ်…“ သုံးလုံးပါဆရာမ”ဒီအချိန်မှာ တော့ ဆရာမဟာ အောင်နိုင်သူအပြုံးကြီးပြုံးလို့ပေါ့…။ သူ့ကိုယ်သူလည်း တယ်အတွေးကောင်းတဲ့ငါပါလားလို့ တွေးပြီးကျေနပ်နေတာပေါ့..။ ဒါဆိုသူ ပထမပုစ္ဆာကို ဖြေနိုင်မှာပဲ ဆိုပြီး ပထမမေးခွန်းကို ထပ်မေးပြန်တယ်…။
“ ဒါဆို သားကို ဆရာမက ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ…”ကောင်လေးလည်း ချက်ချင်းဖြေတယ်…“ လေးလုံးပါ ဆရာမ”ဒီတစ်ခါမှာတော့ ဆရာမ ကြီးအကျယ်ဒေါသထွက်သွားပါပြီ …။
“ ဘာလို့ လေးလုံးဖြစ်နေရပြန်တာလဲ” လို့ ခပ်ထန်ထန်အော်မေးလိုက်ပါတော့ တယ်…။ ကောင်ကလေးလည်း အတော်ကြောက်သွားပြီး တုန်တုန်ရီရီနဲ့ ပြန်ဖြေလိုက်ပါတယ်…။
“သား…သား လွယ်အိတ်ထဲမှာလည်း ပန်းသီးတစ်လုံး ပါလာလို့ပါ ဆရာမ…”
ဒီအကြောင်းအရာလေးဟာ ရယ်စရာကောင်းတဲ့ ဟာသလေးဖြစ်သလို သင်ခန်းစာယူစရာလည်း ဖြစ်ပါတယ်…။
## တကယ်လို့ လူတစ်ယောက်က သင်မမျှော်လင့်တဲ့ အဖြေတစ်ခုပေးလာတဲ့အခါ အဲဒီအဖြေမှားတယ်လို့ မယူဆလိုက်ပါနဲ့…။ သူတို့မှာလည်း သင်မြင်မထားတဲ့ ရှုထောင့်တွေရှိနေနိုင်ပါတယ် …##
Nyein Chan Win
တစ်ခါတုန်းက မူလတန်းပြဆရာမလေးတစ်ယောက်ဟာ
“ သားကို ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ”ချက
လေးလုံးပါ ဆရာမ”ဘာမှမခက်တဲ့အဖြေ သုံးလုံးဆိုတာကို ဆရာမကလိုချင်တာ..။ ဆရာမ စိတ်ပျက်သွားတယ်..။ ဒါပေမယ့် သူတွေးလိုက်မိတယ် … ကလေးက မေးခွန်းကို သေချာနားထောင်မထားလို့ဖြစ်မ
“သေချာနားထောင်နော် သား … ဆရာမက သားကို ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှစ်လုံးရှိမလဲ”ေ
ဒီတစ်ခါ ရှာတဲ့အဖြေက အဖြေမှန်မဟုတ်ဘဲ ဆရာမကြိုက်မယ့်အဖြေကိုပါ… ဒါပေမယ့် သူသိတဲ့ အဖြေမှန်ကိုပဲ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြန်ဖြေပါတယ်…။“ လေး..လုံးပါဆရာမ ”ဆရာမ စိတ်ပျက်နေတုန်းပါပဲ… ဒါပေမယ့် ဆရာမက ကောင်းလေးစတော်ဘယ်ရီသီး ကြိုက်တာကို သတိရမိတယ်..။ ဒီကလေးဟာ ပန်းသီးကြိုက်ပုံမရဘူး ။ ဒါကြောင့် သူအာရုံမစိုက်တာဖြစ်မယ်…သြူ
“ ကဲ သား … ဆရာမထပ်မေးမယ်…သားကို စတော်ဘယ်ရီသီးတစ်လုံး နောက်ထပ်စတော်ဘယ်ရီသီးတစ်လု
ပြီးတော့ ပြုံးစစနဲ့ ပြန်ဖြေပါတယ်…“ သုံးလုံးပါဆရာမ”ဒီအချိန်မှာ
“ ဒါဆို သားကို ဆရာမက ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ…”ကေ
“ ဘာလို့ လေးလုံးဖြစ်နေရပြန်တာလဲ” လို့ ခပ်ထန်ထန်အော်မေးလိုက်ပါတော
“သား…သား လွယ်အိတ်ထဲမှာလည်း ပန်းသီးတစ်လုံး ပါလာလို့ပါ ဆရာမ…”
ဒီအကြောင်းအရာလေးဟာ ရယ်စရာကောင်းတဲ့ ဟာသလေးဖြစ်သလို သင်ခန်းစာယူစရာလည်း ဖြစ်ပါတယ်…။
## တကယ်လို့ လူတစ်ယောက်က သင်မမျှော်လင့်တဲ့ အဖြေတစ်ခုပေးလာတဲ့အခါ အဲဒီအဖြေမှားတယ်လို့ မယူဆလိုက်ပါနဲ့…။ သူတို့မှာလည်း သင်မြင်မထားတဲ့ ရှုထောင့်တွေရှိနေနိုင်ပါတယ်
Nyein Chan Win

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။