အီးမေးလ် တီထွင်သူ ရေး တွမ်လင်ဆန် ကွယ်လွန်
++++++++++++++++++++++++++ ++++++++++++++++
ဝါရှင်တန် မတ် ၇
မက်ဆေ့ခ်ျပို့သည့် စနစ်သင်္ကေတအဖြစ် @ ကို ရွေးချယ်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များတွင် အီးမေးလ်ကို တီထွင်ခဲ့သည် အမေရိကန် ပရိုဂရမ်မာ ရေးတွမ်လင်ဆန် သည် အသက် ၇၄ နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း သူ၏ ကုမ္ပဏီက မတ် ၇ တွင် ပြောကြားသည်။ တွမ်လင်ဆန်သည် ၁၉၇၁ ခုနှစ်တွင် တိုက်ရိုက်ပို့သည့် လျှပ်စစ် သတင်းစကား ကို တီထွင်ခဲ့သည်။ သူမတီထွင်မီ သုံးစွဲသူများသည် ကန့်သတ် ကွန်ရက်မှတဆင့် အခြားသူများထံ မက်ဆေ့ခ်ျရေးသားပေးပို့နိုင်ခဲ့သည်။
သူ့ ကုမ္ပဏီ Raytheon က “ တကယ့်ကို နည်းပညာ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်တဲ့
ရေးဟာ ကွန်ရက်စနစ်သုံး ကွန်ပျူတာတွေရဲ့ ကနဦးနေ့ရက်တွေမှာ အီးမေးလ်ကို
ဆောင်ကျဉ်းလာခဲ့ပေးသူ တစ်ဦးပါတယ်၊ သူ့ရဲ့ အလုပ်က
ကမ္ဘာ့ဆက်သွယ်ရေးနည်းလမ်းကို
ပြောင်းလဲပစ်ခဲ့ပါတယ်၊ သူ့ရဲ့ အောင်မြင်မှုတွေ အတွက် သူ့ရဲ့ အချိန်၊
ကျွမ်းကျင်မှုတို့ကို နှိမ့်ချ ကြင်နာပြီး ရက်ရောသူတစ်ဦး အဖြစ်
ကျန်ရှိနေမှာပါ၊ အားလုံးက သူ့ကို သတိရနေမှာပါ။ ” ဟု အစီရင်ခံစာတစ်စောင်တွင်
ဖော်ပြထားသည်။
ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ
က တွမ်လင်ဆန်သည် မတ် ၅ တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့်
ကွယ်လွန်ခဲ့ရသည့် အကြောင်းအရင်း အသေးစိတ်ကို အတည်မပြုရသေးကြောင်း
ပြောကြားသည်။ အွန်လိုင်းလောကတွင် ၀မ်းနည်းကြောင်းအထိမ်းအမှတ် စကားများ
ပြောဆိုနေကြသည်။ Google ၏ ဂျီမေးလ် အဖွဲ့က “မြေပုံပေါ်မှာ @ သင်္ကေတာကို
ယူဆောင်လာပြီး အီးမေးလ်ကို တီထွင်ခဲ့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု
တွစ်တာတွင် ရေးသားခဲ့သည်။
အမေရိကန် ကာကွယ်ရေး အဆင့်မြင့် သုတေသနစီမံကိန်းအေဂျင်စီ ၏ မန်နေဂျာတစ်ဦး ဖြစ်ခဲ့သူ အင်တာနက်ဖခင်ကြီး တစ်ဦးဟု တင်စားရသူ ဗင့် ကာ့ဖ် က တွမ်လင်ဆန် ကွယ်လွန်မှုသည် အလွန်ဝမ်းနည်းစရာ ကောင်းသော သတင်းတစ်ခုဖြစ်ကြောင်း ပြောသည်။ တွမ်လင်ဆန်သည် အီးမေးလ် လိပ်စာများအတွက် "user@host" ကိုတီထွင်ခဲ့ပြီး အင်တာနက်၏ ရှေ့ပြေးအဖြစ် အမေရိကန် အစိုးရကွန်ရက် တွင် စတင်အသုံးပြုခဲ့သည်။
သုသည် သုံးစွဲသူများ အသုံးပြုနေသည့် မေးလ်စနစ်မှ သုံးစွဲသူတစ်ဦးချင်းစီကို ခွဲခြားရန် @ သင်္ကေတ ကို တီထွင်ခဲ့သည်။ တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုမပြုမီ ယနေ့ခတ် လျှပ်စစ် ဆက်သွယ်မှု သမိုင်းမှတ်တိုင်တစ်ခုဖြစ်သ ည့် တစ်ကိုယ်ရည်သုံး အီးမေးလ်အသုံးပြုမှုသည် ၁၉၉၀ ပြည့်လွန်နှစ်များမတိုင်မီအ ထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု ခဲ့ကြခြင်း မရှိပေ။
Ref:CNA
++++++++++++++++++++++++++
ဝါရှင်တန် မတ် ၇
မက်ဆေ့ခ်ျပို့သည့် စနစ်သင်္ကေတအဖြစ် @ ကို ရွေးချယ်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များတွင် အီးမေးလ်ကို တီထွင်ခဲ့သည် အမေရိကန် ပရိုဂရမ်မာ ရေးတွမ်လင်ဆန် သည် အသက် ၇၄ နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း သူ၏ ကုမ္ပဏီက မတ် ၇ တွင် ပြောကြားသည်။ တွမ်လင်ဆန်သည် ၁၉၇၁ ခုနှစ်တွင် တိုက်ရိုက်ပို့သည့် လျှပ်စစ် သတင်းစကား ကို တီထွင်ခဲ့သည်။ သူမတီထွင်မီ သုံးစွဲသူများသည် ကန့်သတ် ကွန်ရက်မှတဆင့် အခြားသူများထံ မက်ဆေ့ခ်ျရေးသားပေးပို့နိုင
သူ့ ကုမ္ပဏီ Raytheon က “ တကယ့်ကို နည်းပညာ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်တ
ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ
အမေရိကန် ကာကွယ်ရေး အဆင့်မြင့် သုတေသနစီမံကိန်းအေဂျင်စီ ၏ မန်နေဂျာတစ်ဦး ဖြစ်ခဲ့သူ အင်တာနက်ဖခင်ကြီး တစ်ဦးဟု တင်စားရသူ ဗင့် ကာ့ဖ် က တွမ်လင်ဆန် ကွယ်လွန်မှုသည် အလွန်ဝမ်းနည်းစရာ ကောင်းသော သတင်းတစ်ခုဖြစ်ကြောင်း ပြောသည်။ တွမ်လင်ဆန်သည် အီးမေးလ် လိပ်စာများအတွက် "user@host" ကိုတီထွင်ခဲ့ပြီး အင်တာနက်၏ ရှေ့ပြေးအဖြစ် အမေရိကန် အစိုးရကွန်ရက် တွင် စတင်အသုံးပြုခဲ့သည်။
သုသည် သုံးစွဲသူများ အသုံးပြုနေသည့် မေးလ်စနစ်မှ သုံးစွဲသူတစ်ဦးချင်းစီကို ခွဲခြားရန် @ သင်္ကေတ ကို တီထွင်ခဲ့သည်။ တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုမပြုမီ ယနေ့ခတ် လျှပ်စစ် ဆက်သွယ်မှု သမိုင်းမှတ်တိုင်တစ်ခုဖြစ်သ
Ref:CNA

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။