Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 8, 2016

ကလေးတွေကို ဒုက္ခပေးမယ့် အချိုရည်

ကလေးတွေကို ဒုက္ခပေးမယ့် အချိုရည်

Tuesday, March 8, 2016
ခေတ်ကာလရဲ့ ပြောင်းလဲတိုးတက်မှုတွေမှာ အချိုရည်ဆိုတာတွေက အလျှံပယ် ပေါ်ပေါက်လာတာ ဘာကြောင့်မှန်းမသိပါဘူး။ ဒါပေမယ့် တောရော မြို့ပါ နေရာတကာမှာ အရက်၊ ဘီယာနဲ့ အပြိုင် အဆိုင်တွေ ပေါက်ရောက်နေတဲ့ အမည်စုံ အချိုရည်တွေက ဖောင်းပွလွန်းပေရဲ့။ ဖျော်ရည်၊ ဆိုဒါ၊ လက်ဖက် ရည်ကြမ်းရသစုံကနေ ရေသန့်ဘူးတွေ အထိပေါ့။ တခြားတခြားသော အားဖြည့်အချိုရည်တွေ၊ အားကစားသမားအတွက် ဖျော်ရည်တွေကလည်း ရှိကြသေး။
ကလေးတွေကို အရည်ဓာတ် ဖြည့်ဆည်းပေး တာက မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ အားရှိဖို့၊ ဖျတ် လတ်ဖို့ ၊ အာဟာရပြည့်ဖို့ ၊ ကစားခုန်စား ပိုလုပ်နိုင်ဖို့ ဆိုပြီး အချိုရည်တွေ အတိုင်းအဆမဲ့ တိုက်ကျွေးနေတာ က တော့ကောင်းပါရဲ့လား ဆိုတာတော့ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။

လူတိုင်း ကျန်းမာစွာနေထိုင်ဖို့ ရေဓာတ်ဖြည့် ဆည်းပေးနေရတာမို့  ကလေးကို အရည်တွေတိုက် တာက မမှားပါဘူး။ ဒါပေမယ့် ကစားခုန်စားလုပ်နေ ချိန်တွေမျိုးမှာ တခြားဖြည့်စွက် အရည်တွေတိုက် ကျွေးဖို့  မသင့်ပေဘူးလား။ လေ့လာဆန်းစစ်ချက်တွေအရတော့ မလိုအပ် ပါဘူးလို့ဆိုပါတယ်။

ပုံမှန်ကလေး လူငယ် အားကစားသမားတွေမှာ တောင်မှ ပုံမှန်စားသုံးနေတဲ့ကျန်းမာရေးနဲ့  ညီညွတ်တဲ့ အစားအသောက်တွေမှာ အရည်ဓာတ်က လုံလောက်အောင်ပါဝင်ပြီးသားမို့ပါ။ ရိုးရိုး သောက်ရေကိုသာ များများသောက်စေခြင်းနဲ့ ဖြည့်စွက်နိုင်ပါတယ်။ အားကစား အပြင်းအထန်လုပ်နေချိန်တွေမှာ ကိုပဲ မိနစ် ၂၀ မှာ တစ်ခါလောက် ရေသောက်စေတာ က လုံလောက်တယ်ဆိုပါတယ်။ လိုအပ်တဲ့ရေပမာဏကတော့ ကလေးရဲ့ အသက်အရွယ်၊ ကိုယ်အလေး ချိန်၊ ကိုယ်လက်လှုပ်ရှားမှုရဲ့အတိုင်းအတာနဲ့  ရာသီဥတုတွေပေါ် မူတည်ပါတယ်။

ကလေးက ရေရိုးရိုးကိုသောက်ဖို့  ဘဝင်မကျလှဘူးဆိုရင် ရေထဲမှာ သံပရာရည်၊ လိမ္မော်ရည်လေး နည်းနည်း စွက်ထားတာမျိုးက သင့်လျော်ပါတယ်။ အနံ့ အရသာလေးနဲ့ဆို ပိုပြီးသောက်ချင်လာမှာပါ။ ဆိုဒါတွေ၊ သကြား ဓာတ်ပါတဲ့ အရည်တွေ၊ ကဖင်းဓာတ် ပါတဲ့ အရည်တွေကတော့ ကလေးတွေကို မတိုက် ကျွေးသင့်ပါဘူး။ ကာဘွန်ပါဝင်တဲ့ အရည်တွေက ရင်ပြည့်ရင်ကယ်လည်း ဖြစ်စေပါတယ်။

အတွေ့များတဲ့ အထူးပြု အချိုရည်တွေ အကြောင်း တစေ့တစောင်း ကြည့်ရအောင်ပါ။
အားကစားသမားအတွက် စီမံထားတဲ့ဖျော်ရည် တွေ ဒီမှာတော့ 100 Plus လို မျိုးတွေဖြစ်မှာပါ။ ဒါတွေက အချိန်ကြာမြင့်စွာ (တစ်နာရီထက်ပိုပြီး) ကိုယ်လက်လှုပ်ရှားလုပ်ထားတဲ့ ကလေးတွေ( ခရီး ရှည်ပြေးတာ၊ စက်ဘီးစီးတာ၊ ဘောလုံး၊ ဘတ်စကက် ဘော ကစားတာမျိုး) အတွက် အဆင်ပြေပါတယ်။ အဲဒီအရည်တွေ မှာ ကစီဓာတ်(သကြားဓာတ်) ပါဝင် တဲ့အတွက် ခန္ဓာကိုယ်က လတ်တလောဆုံးရှုံးသွားတဲ့ စွမ်းအင်တွေ အမြန် ပြန်ရပါစေတယ်။ ဒါတွင်မက ဒီအချိုရည်တွေမှာက ပိုတက်ဆီယမ်၊ ဆိုဒီယမ်လို ဆားဓာတ်တွေ လည်း ပါဝင်တာမို့ ချွေးထွက်ဆုံးရှုံး သွားတာတွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါမှလည်း ကြွက်သားတွေ အလုပ်လုပ်နိုင်မှာပါ။

တစ်ခုရှိတာက ဒီအရည်တွေက ချိုပါတယ်။ ကယ်လိုရီတွေ ပါဝင်ပါတယ်။ အားကစား လှုပ်ရှားမှု မရှိဘဲ သောက်သုံးတာက ကိုယ်အလေးချိန်တက်စေ ပါလိမ့်မယ်။ တက်ြွကလှုပ်ရှားတဲ့ ကလေးဖြစ်ပြီး အသင့် အတင့်သောက်သုံးရင် ပြဿနာမဟုတ်ပေမယ့် ဒီအတိုင်းသောက်နေရင်တော့ မကောင်းလှပါဘူး။ တကယ်တမ်းကျတော့လည်း ပုံမှန်ကိုယ်လက် လှုပ် ရှား ပြုနေသူအတွက်တောင် ဒီအချိုရည်တွေက လို အပ်တာမဟုတ်ပါဘူး။ ရိုးရိုးရေကို သောက်ဖို့သာ အားပေးရမှာပါ။
ဗီတာမင်အားဆေးရည်များ
ဒီအားဆေးရည်တွေကိုတော့ ကြံ့ခိုင်ဖို့၊ မြန် ဆန်ဖို့ ဆိုတာမျိုးတွေနဲ့ ညွှန်းပြီးဈေးကွက်တင်ကြလေ့ ရှိပါတယ်။ အရောင်၊ အနံ့၊ အရသာ မျိုးစုံပေါင်းစပ်ပြီး ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ရြေွာပမ်းထားကြပါတယ်။ ဒါပေမယ့် အဲဒီဆေးရည်တွေတိုင်းမှာ ကယ်လိုရီတွေ၊ အချိုအရသာတွေ၊ ကဖင်းဓာတ်တွေနဲ့ ခွန် အားတိုးစေတယ်ဆိုတဲ့ တိုင်းရင်းဆေးတွေ (ဂျင်ဆင်း လိုမျိုး) ထည့်သွင်းထားကြပါသေးတယ်။ ဒါတွေဟာ ကလေးတွေနဲ့ သင့်လျော် ရဲ့လား ဆိုတာကလည်း စဉ်းစားစရာပါပဲ။

ဗီတာမင် အားဆေးရည်တွေက ကလေး အတွက် အာဟာရ ဖြည့်ဆည်းပေးနိုင်တယ်လို့ ထင် စရာရှိပေမယ့် တကယ်တော့လည်း ပုံမှန်အာဟာရကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ ပုံမှန်အစား အသောက်၊ သရေစာတွေက ရနေတာပဲဆိုတာ သတိပြုရမှာပါ။ ဒီ အားဆေးရည် တွေမှာ ကလေးတွေ အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ထည့်ထားတာမို့ ပိုကောင်းတယ် လို့ ထင်တတ်ကြပါတယ်။

ရံဖန်ရံခါ ကလေးက အစားမစားလို့၊ အားနည်းနေပုံပေါက်လို့ အားဆေး တစ်ခုခုတိုက်ချင်တယ်၊ ဘာဆေး တိုက်ရမလဲ ဆိုတာကလည်း ဆရာဝန်တွေ ကြုံရတတ်တဲ့ အကြံဥာဏ် တောင်းခံမှုပေါ့။ တကယ်တော့ လိုအပ်တဲ့ ပမာဏ ထက်ပိုတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ တိုက် ကျွေးတာက ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်ဆို တာ စွဲစွဲမြဲမြဲ မှတ်သားထားစေချင်ပါတယ်။ အားဆေးရည်တွေမှာပါတဲ့ တနေ့သောက် သုံးရမယ့် ဗီတာမင်၊ သတ္တုဓာတ်တွေရဲ့ ပမာဏဆိုတာ လူကြီးတွေအတက် ရည်ညွှန်းရေးသားထားတာကို သတိချပ်စေချင်ပါတယ်။

ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့အာဟာရ ကို ရဖို့ အကောင်းဆုံးအရာကတော့ အာဟာရမျှတအောင် စီမံထားတဲ့ ပုံမှန်အစားအသောက်တွေပါ။ ဒါတွေနဲ့ မလုံလောက်တဲ့ အခြေအနေ၊ ဥပမာ-နာ တာရှည်ရောဂါ တစ်ခုခုကြောင့် အာဟာရချို့တဲ့ နေ တာမျိုး ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ ညွှန်း ဆိုမှုအတိုင်း အားဆေးရည် တမျိုးမျိုး တိုက်ကျွေးသင့်တာပေါ့ ။

အားဖြည့်အချိုရည်များ
ဒီဖျော်ရည်တွေ (ကျွဲရိုင်း၊ငါးမန်း လိုမျိုးတွေ)က ပေါ်ပြူလာ သိပ်ဖြစ်လာကြပါတယ်။ ပင်ပန်းတာ ပြေစေတယ်၊ ပိုပြီးခွန်အားစိုက်ထုတ် အလုပ်လုပ်နိုင် တယ်ဆိုတဲ့  ကြော်ငြာတန်ခိုးတွေလည်း ပါတာပေါ့။ အထူးသဖြင့်  အလယ်တန်း၊အထက်တန်းကလေးတွေ တနည်းအားဖြင့် အပြိုင်အဆိုင် စိတ်အားကြီးတဲ့ အရွယ်တွေအတွက် စိတ်ညွတ်စရာဖြစ်လာတာပေါ့။ တချို့မှာတော့ ကလေးများသောက်သုံးရန် မသင့် လျော်ပါ ဆိုတဲ့ စာတန်းလေး ထိုးထားကြပေမယ့် တွေ့ရတာတော့ ရှားပါတယ်။

အင်အားပြည့်မယ်၊ အာဟာရရှိမယ်၊ အားကစားသမားတွေ အတွက် သင့်လျော်တယ်ဆိုတာမျိုးတွေသာ ထင်းထင်းကြီး ရေးထားတတ်ကြတာကိုး။
တကယ်တော့ အဲဒီဖျော်ရည် အများစုမှာ သကြားနဲ့ ကဖင်းဓာတ်တွေအရမ်းများပါတယ်။ တချို့ ဖျော်ရည် တစ်ဘူးမှာ ကော်ဖီ ၃ ခွက်စာ လောက် အထိ ကဖင်းဓာတ်ပါဝင်တာတွေ့ရပါတယ်။ သကြားတွေ အများကြီး ပါဝင်တာကလည်း အဝလွန်စေဖို့ အကြောင်း တစ်ခုပေါ့။ ကလေးသူငယ်တွေအတွက် ကဖင်းဓာတ်ပါဝင်မှုက ပြဿနာအများကြီး ဖြစ်စေ တာပါ။ တက်ြွကမှုကိုမပေးဘဲ ဆန့်ကျင်ဘက်အဖြစ် အာရုံစူးစိုက်မှုကိုပါ ထိခိုက်စေတာပါပဲ။ ကဖင်းဓာတ် လွန်ကဲတဲ့ဆိုးကျိုးက ကလေးတွေအတွက် မကောင်း တာကို သုတသနပြုချက်တွေအရ တွေ့ရှိတာကို မပြောပါနဲ့ဦး၊ သာမန် လူပြိန်းတွေးနဲ့ကိုပဲ လူကြီး တယောက် ကော်ဖီသောက်များရင် ခံစားရတာ တွေနဲ့ ချိန်ဆကြည့်လို့ ရတာပါပဲ။ ကဖင်းဓာတ်က စိတ်ြွကနှိုးဆွတဲ့ အာနိသင်ရှိတာမို့ ကလေးလူငယ်တွေမှာ ပိုပြီးခံစားရပါတယ်။

လူကြီးတွေ ကဖင်းဓာတ် အလွန်အကျွံသုံးစွဲ မိရင်ကိုပဲ ဂနာမငြိမ်ဖြစ်တာ၊ ဝမ်းထဲမှာ မအီမသာ ဖြစ် တာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်ဖို့  ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဆီး ခဏခဏ သွားတာတွေဖြစ်လာ တာပါ။
ကဖင်းဓာတ် အများကြီးသုံးစွဲတာနဲ့ အမျှ နှလုံး ခုန်မြန်တာ၊ သွေးတိုးတာ၊ ကယောင်ချောက်ချားဖြစ် တာနဲ့ တက်ချက်တာတွေအထိ ဆိုးရွားစွာ ခံစားရ တတ်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ နာတာရှည် ရောဂါ အတွက် ဆေးဝါးသောက်သုံးနေရသူ တွေမှာ ပိုထိခိုက်တာပါ။

အဓိက ဆိုလိုချင် တာကတော့ အားဖြည့် ဖျော်ရည်တွေ၊ အား ဆေးရည်တွေ၊ အချို ရည်တွေက ကလေးတွေ အတွက် သိပ်အန္တရာယ် ကြီးတယ်ဆိုတာ သိစေ ချင်တာပါပဲ။ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ အတွက် အချိုရည်တွေရဲ့ စွဲဆောင်မှုကို ရှောင်ကြဉ်နိုင်အောင် သတိပေးစေချင်တာပါ။ ကလေးငယ်တွေ သာမက အားကစားသမားတွေ၊ ပင်ပန်းတဲ့အလုပ်လုပ်ရသူတွေပါ ဒီအချိုရည်တွေကို မှီခိုတာမျိုးထက် အဟာဟာရပြည့်ဝ တဲ့ အစားအသောက်တွေ စားတာ၊ ရေများများ သောက်ပေး တာတွေက လိုအပ်တဲ့ ကျန်းမာကြံ့ခိုင်မှုကို ရရှိစေ နိုင်တယ်ဆိုတာ သိစေချင်တာပါ။ ပုံမှန်ကျန်းမာနေ သူတွေအဖို့လည်း အားဆေးရည်တွေ ဖြည့်စွက်သောက်သုံး နေစရာ မလိုဘူးဆိုတာ သတိချပ်စေချင် တာပါ။

အားဖြည့်အချိုရည်တွေ၊ ဖျော်ရည်မျိုးစုံတွေရဲ့ ကြော်ငြာစာသားတွေ၊ ပုလင်းတို့၊ ဘူးတို့ အပေါ်က ညွှန်းဆို ထားတဲ့ ကျန်းမာသန်စွမ်း၊ အင်အားတိုးစေ မယ်ဆိုတဲ့ ဆွဲဆောင်မှုတွေနောက် မလိုက်ပါကြဘဲ လိုအပ်ရင်လည်း တတ်ကျွမ်းတဲ့ဆရာဝန်ရဲ့ ညွှန်းဆိုမှုအရသာ သောက်သုံးကြစေချင်တာပါ။
ယဉ်ကျေးမှု တခုလိုမျိုး အချိုရည်နဲ့ တည်ခင်း ဧည့်ခံတာ၊ ကလေးတွေကို အားဆေးရည်တွေ တိုက်ကျွေးနေ တာ၊ အပန်းပြေအောင်ဆိုပြီး ပင်ပန်းတာမလုပ်ဘဲ အချိုရည်တွေ လှိမ့်သောက်နေတာ စတဲ့ အမူအကျင့်တွေ ပြောင်းလဲစေချင်ကြောင်း ထပ်လောင်း အသိပေးလိုက်ပါရစေ။

ဒေါက်တာသက်ဦး

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။