Khant Naing added 8 new photos.
*******************
၅၉ ( စ )..ပြဿနာဖေါ်ထားတာ..သနားတယ်ဘဲပြောချင် ။ အာဏာကိုဘဲ သုံးခဲ့ရသူတွေခမြာ..သိပ်သိပ်သနားစရာပါ ။ တခြားမကြည့်ပါနဲ့ ..မြောက်ကိုးရီးယားက အာဏာရှင်ကြိးတွေကိုသာကြည့်ပါ ။ ကြည့်ချင်သေးလား..ရုရှားက စတာလင်တို့  ။
သေသွားတာတောင်..သူတို့  အသေကောင်ကြိးကိုဘဲ..လူထုက မစွန့် နိုင်တဲ့ ပုံ ဖေါ်ချင်ကြတာ ။ မြောက်ကိုးရီးယား..လူစုပ်ကောင်သေတော့..သူ့ ထက်ငါ သာအောင်ငိုပြကြရရှာတယ် ။ ငိုမပြရင်..ဘာဖြစ်သွားနိုင်သလဲ ။
ကျုပ်တို့ ဆီမှာလဲ..အာဏာရှင်ကြိးတွေက..သူတို့ ဖြတ်သွားရာလမ်းကနေ ကလေးတွေ ၊ ဝန်ထမ်းတွေ ကျောင်းသားလေးတွေ လက်ဝှေ့ ယမ်းပြဖို့  တနေကုန်ထိုင်စောင့်နေစေတာ..သြဇာ .. မက်တာဘဲလေ ။
သူ့ ကိုလေးစားတယ် ။ ချစ်ခင်တယ်ဆိုတာ..ကြားချင် ၊ ပြချင်လို့ ..အာဏာနဲ့ ခိုင်းစေတာ ။ ဗိုလ်ခင်ညွှန့် အာဏာမိုးကောင်းချိန်ကဆို..သူ့ ကို အနီးကပ် လက်အုပ်ချီခွင့်ရသူတွေက..အိမ်ဦးခန်းမှာ..ဓါတ်ပုံကြိးတွေနဲ့ ချိတ်ဆွဲထားရတာ ဂုဏ်ယူ မဆုံးနိုင် ။
.တဖက်က အာဏာသုံးပြီး..သြဇာအတု ခံစားနေတာ ။လက်အုပ်ချီသူကလဲ..ဓါတ်ပုံပြ..အာဏာအရှိန်လေး ..ထုတ်သုံးဖို့  ချိတ်ထား..။ ဘုန်းကြိးရူးနဲ့  လှေလူး..ဟန်ကိုကျလို့  ။
.ရွှေတောင်ကြားက...ရွှေပေါင်ကား..လုပ်ငန်းလုပ်စားတဲ့အိမ်ကြီးမှာ..ခင်ညန့် က ဂုဏ်ပြုလွှာပေးနေတဲ့ ပုံကြိးမှ..ဟီးလို့ ..ဧည့်ခန်းမှာချိတ်ထားတာ ။ ၂၀၀၄ အောက်တိုဘာမှာ ခင်ညွှန့် ကိုလဲဖမ်းလိုက်ရော..ညတွင်းချင်း..အဲဒီပုံကြိးကို ဖျောက်ဖျက်ပြစ်ပါလေရော ။
ကိုယ့် အိမ် ၊ သူ့ အိမ် ..အိမ်ဥိးခန်းမျာ...ဂုဏ်ယူဝင့်ကြွားပြထာတဲ့..ခင်ညွှန့် နဲ့ တွဲရိုက်ထားတဲ့.. ပုံတွေ ပျောက်ချင်းမလှပျောက်ကွယ်ကုန်ပါလေရော ။ သြဇာနဲ့ အာဏာ အဲဒီလို..အဲဒီလို ။
သူတို့ ကျတော့ အာဏာနဲ့  သြဇာအတုကို..ခံယူချင်သလောက်...ဒေါ်စုဓါတ်ပုံ. ။ ဗိုလ်ချုပ်ဓါတ်ပုံ အိမ်မှာရှိသူတွေဆို..ရန်မူချင်တယ် ။ ရန်သူလို့ သတ်မှတ်တော့တယ် ။
ပြောချင်တာကတော့..အာဏာရှင်တွေဟာ..သြဇာထူထောင်ချင်တယ် ။ သြဇာသိကိုသိပ်တမ်းတတယ် ။ ဗိုလ်ချုပ်လိုသြဇာမျိုး..သိပ်မက်တယ် ။ ဦးဏှောက်က မရှိတော့..သြဇာကိုလိုဘဲလိုချင်တာ..သြဇာရဲ့ ရန်ဖက် လောဘ တကိုယ်ကောင်းအတ္တကို..မထိမ်းနိုင်ရှာကြဖူး ။
မသိဖူးလားဆိုတော့..သိပ်သိတာပေါ့ ။ သြဇာဆိုတာ..လူထုက လေးစားမှုကနေ ပေါ်ပေါက်လာတယ်ဆိုတာ..သူတို့ သိပ်သိတာပေါ့ ။ ဒါကြောင့် ခိုးစားတာကိုလူသူမသိအောင် ခိုးစားတယ် ။ စားရင်း..စားရင်းနဲ့ လောဘက အတောမသတ်နို်င်တော့..လူထုလေးစားဖို့  အလေးမထားနိုင်တော့တဲ့အဆင့်ရောက်သွားတယ် ။
မင်းတရားကြိးလက်ထက်က....ဗိုလ်ချုပ်တွေထဲမှာ..မခိုးဖူးတဲ့ ဗိုလ်ချုပ် တကောင်မှ မရှိတော့ပါ ။ အကုန်..သူခိုးချည်းဘဲ ။ ငြင်းချင်တဲ့အကောင် တက်ခဲ့ပါ ။
သြဇာဆိုတာရှိဖို့ က...အနိမ့်ဆုံးသိက္ခာ မရှိလို့ မရပါ ။ အာဏာရှင်တွေ အားလုံးဟာ..သိက္ခာကို..ရိက္ခာ နဲ့ လဲထားမိကြသူချည်းဘဲ ။ သိက္ခာမရှိတဲ့ကြားက..အာဏာနဲ့ လူထုကို..လက်အုပ်ချီခိုင်းပြန်တယ် ။ လူထုလက်အုပ်ချီတာကို..ရင်တကော့ကော့နဲ့  တယ်ဟုတ်တဲ့ငါပါလားနဲ့ ...စောင့်ကြွားကြွား ။
ကျုပ်ဖမ်းတော့..ငထောက်က မှတ်စုစာအုပ်လေးရသွားတယ် ။ မှတ်စုထဲမှာ..ကျုပ်ရေးထားတာတွေ့ သွားတယ် ။ ( ခင်ညွှန့်  စောက်ခွက်က..ရိုက်ပေါက်..) ။ သားသမီးတွေရှေ့ မှာ..ခင်ဗျားလား..သိမယ် ။ ခင်ညွှန့် ရိုက်ပေါက်..တွေ့ ကြသေးတာပေါ့...တကြိမ်းကြိမ်းလုပ်လိုက်သေး..။
အခုခင်ညွှန့် ကို ဘယ်သူက လက်အုပ်ချီနေကြသေးလဲ ။ ခင်ညွှန့် သက်ရှိထင်ရှားနဲ့ ကို..ဘယ်သူက အရေးလုပ်နေသေးလဲ ။ ဗိုလ်ချုပ်ကျတော့..မမြင်ဖူးလိုက်တဲ့ လူငယ်လေးတွေက အစဉ်အမြဲဦးညွှတ်နေကြတာဟာ..သြဇာ ။
အခုအာဏာသာ သိတဲ့ သူတွေက..ရီလဲရီချင်..သနားမိတယ် ။ ဒေါ်စုကို..ပု၈္ဂိုလ်ရေး အာဃာတ နဲ့  အငြိုးကြိးနဲ့  သမတမဖြစ်နို်င်အောင်တားဆည်းပိတ်ပင်တယ် ။ ပိတ်ပင်လေ..တဖက်က..ပို အရှိန်အဝါတက်လာလေမယ်ဆိုတာ မသိကြဖူးကိုး..။ သနားတယ်ဆိုတာ..အဲဒါကိုပြောတာ ။ အာချောင်ပြောနေတာ မဟုတ်ပါ ။
နောက်တခုက..ဒေါ်စု သမတမဖြစ်လဲ..သမတက ဒေါ်စုကို အစီရင်ခံနေတော့မှာဘဲလေ ။ ဗိုလ်သိန်းစိန်လဲ..ဘဘကြိးကို..တရားဝင်မဟုတ်ဘဲ..နာခံနေရတာ..လူတိုင်းသိတာဘဲ ။
အခုကတော့ ပါတီဥက္ကဌ ကို အစီရင်ခံရမှာလေ ။ သမတအထက်မှာ..နေမယ်မပြောလဲ..လူတိုင်းသိနေတဲ့ကိစ္စ ။
သြဇာအရှိန်အဝကြိးနေသူကို..သြဇာထပ် ပံ့ပိုးနေမိလျက်သား..။ ..သူတို့ အသိ သူတို့ အမြင်က..သနားစရာ ။
ဗိုလ်နေဝင်း အိမ်စောင့်အစိုးရလက်ထက်မှာ..ဒေါက်တာမောင်မောင်ကို ( တို့ ပြည်ထောင်မြန်မာနိုင်ငံ ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေ ) ဆိုတဲ့စာအုပ်ကို ရေးခိုင်းတယ် ။
ဒေါက်တာမောင်မောင်က..ဒီမိုကရေစီ နင့် အာဏာရှင်စံနစ်နစ်ခုကို..နိုင်းယှဉ်ပြထားတယ် ။ ၁၇ ချက်ပါတယ် ။ ( ထို နိုင်းယှဉ်ချက်နင့်..ထိုစာအုပ်လေးအကြောင့်း ထပ်ရေးပါဦးမည် )။
သြဇာနင့်အာဏာ..မည်သို့  ဆန့် ကျင်ဖက်ရှိတယ်ဆိုတာ ရေးသားထားပါတယ် ။
အချုပ်အနေနင့်..သြဇာရှိသူကို..အာဏာနင့် သတ်လေ..သြဇာပိုပိုတက်လာတာ..သမိုင်းဖတ်ကြပါအုံးလို့ ဘဲ..ပြောချင်ပါတယ် ။
အာဏာရှင်တွေ သြဇာကိုအာဏာနဲ့ တည်ဆောက်တယ် ။ အာဏာလက်လွတ်ရတာနင့် သြဇာက..ကျောက်ရုပ်တွေ..ရိုက်ချိုးခံကြရ ။ ဖနောင်နင့်တက်ပေါက်ကြ ။
ခရစ်တော်ရဲ့  သြဇာကို..ရောမဘုရင်တွေက အာဏာနဲ့ ..သေဒါဏ်ပေး..သတ်ဖြတ်သည်အထိ ရက်စက်လေ..သြဇာကတက်တက်လာလေ ။ နစ်ပေါင်း ၃၀၀ ကျော်ကျော်သတ်လိုက်ကြတာ...နောက်ဆုံး.ရောမမြို့ တော်ကြိးဟာ...ခရိယန်ရဲ့ ဗဟိုဌနာကြိးဖြစ်သွားရတော့တာပါဘဲ ။
အခုလဲ...ဒေါ်စုရဲ့ သြဇာကို..သတ်လေ..သေရမဲ့သူက..သူတို့ ရဲ့ ပါတီ..ကြံဖွတ်ပါတီ..သေလေ ။ ၂၀၂၀ မှာ..ဖွတ်ပါတီ..ထဲ ဘယ်ဗိုလ်ချုပ်မှ..ဝင်အရွေးခံရဲတော့မှာမဟုတ် ။
၂၀၂၀ မှာ ဗိုလ်ချုပ်အဆင့် ..တကောင်မှဝင်ပြိုင်တာ ရှိမှာမဟုတ်တော့ ။ အဲဒီလို တန်ပြန် ဂယက်ကို..မမြင်တတ်လေတော့....သနားတယ် ။
ဒီကြားထဲ စောက်မှန်း ကန်းမှန်းမသိတတ်သူတချို့ က..တနေ့ က ဆိုင်းဘုတ်ကိုင်ပြီး..၅၉ ( စ ) ပြင်ချင်သူတွေ တိုင်းပြည်က ထွက်သွားတဲ့  ။ ကျုပ်ရယ်မိလိုက်တယ် ။
၅၉ ( စ ) ပြင်မည့်သူတွေ တိုင်းပြည်က ထွက်မထွက်တော့မသိဘူး ။ ၅၉ ( စ ) ကိုစရေးသူတွေ..၉၅ ကထည်းက..ပြေးကြဖို့ ..၉၅ မှာ..လာအိုမှာ..အိမ်ကြိးရခိုင်တွေဆောက်ထားကြတာမသိကြလေလို့ လား ။ မြန်မာစစ်အင်ဂျင်နီယာတွေ သွားဆောက်ကြရတာပါ ။ အိမ်ကြိးတွေ အလုံး..၂၀ ကျော် ။ ကွန်ဒိုကြိးတွေလဲပါသေး ။
စစ်အင်ဂျင်နီယာဆိုတာ..ပြည်တွင်းမှာတောင်..ပြင်ပ ဆောက်လုပ်ေ၇းမှာ ဝင်လုပ်ခွင့်မရှိသူတွေက..လာအိုသွားဆောက်တာက..ဘယ်သူ့ ခိုင်းလို့ လဲ..။
အိမ်ကြိးအိမ်ကဆို..အိပ်ခန်း..၁၂ ခန်း ။ အောက်ထပ်မှာ..လူ..၂၀၀ ကနိုင်တဲ့
Ball room ပါလိုက်သေး ။ တခါ ၂၀၀၃ နောက်ပိုင်း..တရုတ်မှာ ထပ်ဆောက်ပြန်တယ် ။
၅၉ ( စ ) ပြင်မဲ့သူတွေထက်မထွက်တော့မသိဘူး..
၅၉ (စ) ရေးသူတွေကတော့..၉၅ ခုနစ်ကထည်းက..ပြည်ပပြေးဖို့  တပြင်ပြင်ပါဘဲ ။
Billy H. Mackenzie
Credit : Billy H. Mackenzie

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။