"အသစ်စက်စက် ဟာသအတိုလေးတွေ"
.
.
1. သား သို့ဆုံးမစာ
=============
သား...
မင်း မိန်းမယူတော့မယ်ဆို မိန်းမမှာ ရှိသင့်တဲ့ အရေးကြီးအချက် ၅ ချက်ကို ဖီဖီပြောပြမယ်... ...

1). အိမ်မှုကိစ္စ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေး စတာတွေ နိုင်နင်းတဲ့သူဖြစ်ဖို့ အရေးကြီးတယ်
2). မင်းကို ပျော်ရွှင်အောင် စိတ်ချမ်းသာအောင်ထားပြီး မင်းကို ချစ်တဲ့သူဖြစ်ဖို့ အရေးကြီးတယ်
3). မင်းကို မလိမ်မညာတဲ့သူ၊ မင်းထားရာနေ စေရာသွားမယ့်သူ ဖြစ်ဖို့ အရေးကြီးတယ်
4). အလုပ်အကိုင်ရှိပြီး တစ်လအသုံးစာရိတ်လိုအပ်ချက်ကို တတ်အားသရွေ့ ဖြည့်ဆီးပေးနိုင်သူ ဖြစ်ဖို့ အရေးကြီးတယ်
5). နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့... ... အဲဒီ ၄ ယောက် အချင်းချင်း မသိဖို့ပဲ။
.
2. သားလိမ္မာလေး
============
သားလေးက ကာတွန်းကားကြည့်ပြီး
သူ့မေမေကို ပြောတယ်... ...
'မေမေ... သားလည်း ကြီးလာရင် အဲ့ဒီဘုရင်ကြီးလို မိန်းမ ၅ ယောက် ယူမှာနော်'
'အော်... သားရယ်၊ အဲ့လောက်မိန်းမအများကြီးယူတော့ သားက ညကျရင် ဘယ်သူနဲ့ အိပ်မှာလဲ'
'မေမေနဲ့ပဲ လာအိပ်မှာပေါ့'
'အမလေးလေးလေး... လိမ္မာလိုက်တဲ့ င့ါသားလေး'
ဖေဖေက ဝင်မေးတယ်... ...
'အဲလိုဆို သားမိန်းမတွေက ဘယ်သူနဲ့ အိပ်မှာလဲ သားရဲ့'
'ဖေဖေ နဲ့ အိပ်ခိုင်းမှာပေါ့'

3. အင်ဂျင်က ကျပြီ
============
7/11 စတိုးဆိုင်မှာ... ...
ကောင်လေးတစ်ယောက်က ငွေရှင်းမလို့လုပ်နေရင်း ကောင်တာဘေးမှာ တင်ထားတဲ့ ကွန်ဒုံတွေကိုတွေ့တော့ ကောင်တာက ဦးလေးကြီးကိုမေးတယ်... ...
'ဦးလေး... ဦးလေ... ကွန်ဒုံတွေက တစ်ထုပ်မှာ ၁ ခုပါတာရှိတယ်၊ ၃ ခုပါတာရှိတယ်၊ ၁၂ ခုပါတာရှိတယ်၊ အဲ့တာ ဘာလို့လဲဗျ'
'ဈေးကွက်လိုအပ်ချက်အရပေါ့ ကလေးရဲ့'
'၁ ခုပါတဲ့အထုပ်က ဘယ်သူတွေအတွက် လိုအပ်တာလဲ'
'အထက်တန်း ကျောင်းသားတွေအတွက်လေ၊ သူတို့ရဲ့ သောကြာညတွေအတွက်ပေါ့'
'၃ ခုပါတဲ့ အထုပ်ကရော...'
'တက္ကသိုလ်ကျောင်းသားတွေအတွက်လေ၊ သူတို့ရဲ့ သောကြာ၊ စနေ နဲ့ တနင်္ဂနွေ ညတွေအတွက်ပေါ့'
'ဒါဆို ၁၂ခုပါတဲ့ အထုပ်က...'
'အိမ်ထောင်သည်တွေအတွက်ပေါ့ကွာ...'
'အော်... ၁၂ ကို ဘယ်လိုသုံးကြလဲ ဦးလေး'
'သိတယ်မလား... ဇန်နဝါရီ၊ ဖေဖဝါရီ၊ မတ်၊ အေပရယ်... ...'
.
.
သန်၎ကို - မီးခိုးလိုက်နေပြီ https://www.facebook.com/thanlayko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။