Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 3, 2016

(ဘီလ်ဂိတ်၏ဘ၀ထဲမှ သင်ခန်းစာများ)(၁)

ဘီလ်ဂိတ် ဘယ်လိုတွေးသလဲ
(ဘီလ်ဂိတ်၏ဘ၀ထဲမှ သင်ခန်းစာများ)
=========================
ဖြိုးဝေ (မဟာဝိဇ္ဇာ)

အိုင်တီပါရမီရှင်ရဲ့ CV
++++++++++++++

ဘီလ်ဂိတ်မှာ ရှေ့ဘာဖြစ်မယ်ဆိုတာကိုနားလည်တဲ့ နည်း ပညာဆိုင်ရာထက်မြက်မှုရှိသလို အဲဒီနည်းပညာကို ကျွန်တော်တို့အားလုံးကိုရောင်းဖို့ စီးပွားရေး ဆိုင်ရာထက်မြက်မှုလည်းရှိတယ်။ အဲဒီပါရမီနှစ်ခုပေါင်းစုံမှုက သူ့ကို ရှားပါးတဲ့စွန့်ဦးတီထွင်သူတွေထဲက တစ်ဦးဖြစ်လာအောင်လုပ်လိုက်ပါတယ်။
-Des Dearlove
ဗြိတိန်စီမံခန့်ခွဲမှုဆိုင်ရာဂျာနယ်လစ်

++++++++++
ဘီလ်ဂိတ်ဟာ လူအများစုအတွက် ပြောစရာတွေအများကြီးရှိတဲ့ သူတစ်ယောက်ပါ။ တချို့လူတွေအတွက်တော့ သူကအိုင်တီပါရမီ ရှင်တစ်ယောက်ဖြစ်ပြီး သူ့ဆော့ဖ်ဝဲက ကမ္ဘာ့စီးပွားရေးကိုဆယ်စုနှစ်သုံးခုကျော်ကြာ မောင်းနှင်ခဲ့ပါတယ်။ တချို့လူတွေအတွက်ကတော့ သူကကမ္ဘာကြီးကိုအောင်နိုင်ထားတဲ့နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ပါ။ သူ့ကိုဝေဖန်ရှုံ့ချသူတွေကတော့ သူ့ကိုအသက် ၄၀ မတိုင်ခင်ကတည်းက ကမ္ဘာပေါ်မှာအချမ်းသာ ဆုံးသူတစ်ယောက်ဖြစ်လာတဲ့ အရင်းရှင်ရဲ့သာလွန်မှုကိုအမွှမ်းတင် ခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်အဖြစ်ရှုမြင်ကြပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမျှော်လင့်မထားတဲ့ ပရဟိတသမားတစ်ယောက်အဖြစ် စံပြဖြစ်လာခဲ့ပြီး ခေတ်သစ်အတွက် ပရဟိတ အဓိပ္ပာယ်ကိုပြန်လည်ဖွင့်ဆိုဖို့ အထောက်အကူပြုခဲ့ပြန်ပါတယ်။ ဒါတွေကတော့ခက်ခဲရှုပ်ထွေးတဲ့သူတစ်ယောက် အကြောင်းကိုလှစ်ပြနေတဲ့ထူးခြားတဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်း CV တစ်ခုပါပဲ။ ချောင်လည်တဲ့လူလတ်တန်းစား အမေရိကန်မိသားစုကနေမွေးဖွားခဲ့ပြီးမကြာခင်မှာပဲ ကွန်ပျူတာနဲ့ပတ်သက်ရင်ပါရမီရှင်လေးတစ်ဦး ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ သူ့ဘ၀ပထမဆယ်စုနှစ်ကိုကုတ် ရေးတဲ့လုပ်ငန်းလေးမှာပါဝင်ခဲ့ပြီး သူ့ရဲ့စီးပွားရေးအင်ပါယာကို ဖွံ့ဖြိုးအောင်လုပ်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ သူ့ရဲ့ Microsoft ကုမ္ပဏီကို ကမ္ဘာကြီးရဲ့အအောင်မြင်ဆုံးလုပ်ငန်း တွေထဲကတစ်ခုဖြစ်လာအောင်ပြောင်းလဲခဲ့ပါတယ်။ သူဟာ နည်း ပညာခေတ်ရဲ့အစွမ်းဆောင်နိုင်ဆုံးပုဂ္ဂိုလ်နှစ်ဦးထဲက တစ်ဦးဖြစ်ခဲ့ပေမဲ့ သူ့ရဲ့အင်အားအကြီးဆုံးရန်သူနဲ့ တစ်ခါတစ်ရံမိတ်ဆွေဖြစ်သူ စတိဗ်ဂျော့ဟာ ကွန်ပျူတာလုပ်ငန်းကိုတော်လှန်မယ့် အာဂလူ ဟန်ပန်ရှိလာတဲ့နေရာမှာ ဘီလ်ဂိတ်ကတော့ မျက်မှန်ကြီးနဲ့ ဣနြေ္ဒ သမ္ပတ္တိတင်းလွန်းတဲ့ပြယုဂ်တစ်ခုဖြစ်လာသလို အမေရိကရဲ့ ထွန်း တောက်လာတဲ့လုပ်ငန်းရဲ့ပြယုဂ်ဖြစ်လာခဲ့ပါတယ်။ စီးပွားရေးသမားတစ်ဦးအနေနဲ့ သူဟာ အကြင်နာကင်းမဲ့သူဆိုတဲ့ဂုဏ်ပုဒ်ကိုရခဲ့ပါတယ်။ သူက ဈေးကွက်အတွက်ကုန်ပစ္စည်းတစ်ခုကို ဘယ်လိုဖွံ့ဖြိုး အောင်လုပ်ရမလဲဆိုတာသိရုံသာမက အဲဒီကုန်ပစ္စည်းကိုရောင်းတဲ့အခါမှာလည်း တော်တဲ့သူတစ်ဦးပါ။ တကယ်တော့သူဟာ သူ့ ပြိုင်ဘက်တွေအပေါ် ကျော်လွှားလွန်မြောက်နိုင်ဖို့ အရမ်းကြောင့်ကြစိုက်သူပါလို့ တချို့ကစွဲချက်တင်ကြသလို အဲဒီစွပ်စွဲချက်တွေ ကြောင့်ပဲ Microsoft လုပ်ငန်းတချို့ရဲ့ တရားဝင်ဖြစ်မှုအပေါ် တရားစွဲဆိုမှုတွေ နှစ်ပေါင်းများစွာဖြစ်စေခဲ့ပါတယ်။ အဲဒါက တခြား Developer တွေအတွက် သူတို့အတွက်လုပ်ကွက်နည်းနည်းပဲ ကျန်တော့တယ်လို့ခံစားမိလိုက်တဲ့ ကမ္ဘာ့ကွန်ပျူတာတွေကိုမောင်းနှင်တဲ့ ဘီလ်ဂိတ်အစပြုတဲ့ ဆော့ဖ်ဝဲရဲ့လွှမ်းမိုးမှုကြောင့်ပဲဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘီလ်ဂိတ်က Microsoft
ဟာတီထွင်ဆန်းသစ်သူဖြစ်တဲ့အတွက်ကြောင့် ရရှိတဲ့ဆုလဒ်တွေသာဖြစ်ပါ တယ်လို့ခွန်းတုံ့ပြန်ပြီးငြင်းဆိုခဲ့ပါတယ်။ အိပ်ခန်းထဲကနေ သူ့စီးပွားရေးကိုစခဲ့ပြီးတဲ့နောက် သူဟာ လူတိုင်းအားပေးထောက်ခံတဲ့သတ္တိရှိ တဲ့သူတစ်ယောက်အဖြစ်ကနေ လူအများစက်ဆုပ်ရွံရှာတဲ့ကမ္ဘာ့ အင်ပါယာကြီးရဲ့ဦးဆောင်သူအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီဆိုတာ ဘီလ်ဂိတ်သိမြင်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ကြွယ်ဝမှုက ကမ္ဘာ့ နိုင်ငံအများစုရဲ့GDP ထက်သေးနုပ်နေရင် သူ့ကိုလူထဲကလူတစ် ယောက်လို့သတ်မှတ်ဖို့ခဲယဉ်းပါတယ်။ ဘီလ်ဂိတ်ဟာ အသိဉာဏ် မြင့်မားပြီး ရှင်းလင်းပွင့်လင်းစွာပြောဆိုတတ်သလို ဘီလီယံပေါင်း များစွာ ဘဏ်အကောင့်ထဲဝင်လာပေမဲ့ ပေါ့စတားလိုနာမည်ကြီးတဲ့စတိဗ်ဂျော့ကိုနိုင်မယ့် သဘာဝအလျောက်သြဇာတိက္ကမနဲ့ပြည့်
စုံမှုတော့ သူ့မှာချို့တဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်လယ်ပိုင်းတွေမှာတော့ ဘီလ်ဂိတ်ပြောင်းလဲသွားခဲ့တယ်ဆိုတာ သက်သေ ပြခဲ့ပါတယ်။ နေ့နေ့ညည ကွန်ပျူတာဆော့ဖ်ဝဲကိုမွမ်းမံရင်းအချိန် ကုန်နေတဲ့ဉာဏ်ရည်မြင့်မားတဲ့နည်းပညာသမားဟာ လူလတ်ပိုင်း အရွယ်ရောက်လာပြီး အိမ်ထောင်ကျခဲ့သလို ကလေးတွေလည်းရလာတဲ့အခါမှာတော့ ကမ္ဘာကြီးကိုရှုမြင်ဖို့သူ့မော်နီတာကနေခွာခဲ့
ပါတယ်။ သူတွေ့မြင်ရတဲ့မတရားမှုတွေက သူ့ကိုတုန်လှုပ်ခြောက်ခြားသွားစေပါတယ်။ လူတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ပညာရေး နဲ့သင့်တင့်လျောက်ပတ်စွာအသက်ရှင်မှုဆိုတဲ့ အခွင့်အလမ်းတွေဟာ ပင်ကိုအားဖြင့် မမျှော်လင့်ဘဲမွေးဖွားလာတဲ့နေရာရဲ့ကံတရား နဲ့ဆက်စပ်နေပါတယ်။ ဘီလ်ဂိတ်ဟာ သူ့ရဲ့ပင်ကိုအရည်အသွေးကိုအသုံးချပြီး အဆမတန်ချမ်းသာတဲ့ဘ၀ကို ဆယ်စုအနည်းငယ် အကြာဖြတ်သန်းကုန်ဆုံးပြီးတဲ့အခါမှာတော့ တစ်စုံတစ်ရာပြန်ပေး ဆပ်ဖို့အချိန်ကျပြီလို့ဆုံးဖြတ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ သူဟာ Microsoft
ကို နိစ္စဓူဝလည်ပတ်လုပ်ကိုင်နေရာကနေဖယ်ခွာပြီး ပရဟိတလုပ်ငန်းထဲမှာ သူ့ရဲ့ကာယဉာဏစွမ်းအားတွေကိုထည့်ခဲ့ပါတယ်။ သူ့ဆန္ဒက ကမ္ဘာကြီးမှာ ပရဟိတကို ပေါ်ပင်တစ်ခုဖြစ် သွားအောင် သက်သေပြခဲ့ဖို့လည်းမဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်မှာ သူ့ဇနီးနဲ့အတူထူထောင်ခဲ့တဲ့ Bill and Melinda Gates ဖောင်ဒေးရှင်းဟာ အခုဆို ကမ္ဘာ့အချမ်းသာဆုံးအလှူအတန်းအဖွဲ့ အစည်းတွေထဲကတစ်ခုဖြစ်နေပါပြီ။ ပိုပြီးအရေးပါတာကတော့ အဲဒီ ဖောင်ဒေးရှင်းကိုလည်ပတ်ပုံနည်းလမ်းဟာ ပရဟိတလုပ်ငန်းနယ် ပယ်တစ်ခုလုံးရဲ့လုပ်နည်းကိုင်နည်းအပေါ်အများကြီး လွှမ်းမိုးနေပါတယ်။ သဘာဝအားဖြင့်တော့ လူတိုင်းဟာ ဖောင်ဒေးရှင်းရဲ့ငွေရင်း လည်ပတ်ပုံနဲ့ဖြန့်ဖြူးပုံကိုသဘောကျတဲ့သူမဖြစ်နိုင်ပါဘူး။ဘီလ်ဂိတ် ကိုယ်တိုင်တောင် သူ့ဖောင်ဒေးရှင်းလည်ပတ်ပုံဟာ သူဆန္ဒရှိသလို အောင်မြင်မှုမရသေးဘူးလို့အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ တချို့ကတော့ အဲဒီဖောင်ဒေးရှင်းဟာ ဖွံ့ဖြိုးဆဲကမ္ဘာနဲ့ အမေရိကန်နှစ်ခုလုံးအတွင်းမှာ ကြီးမားတဲ့သက်ရောက်မှုမရှိသေးဘူးလို့ငြင်း ချက်ထုတ်ထားပါတယ်။ တကယ်လို့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အများမျှော်လင့်သလို ပိုလီယိုရောဂါကို လူသတ်ရောဂါ အဖြစ်ကနေ တိုက်ဖျက်ချေမှုန်းလိုက်နိုင်ရင် ဘီလ်ဂိတ်ဖောင်ဒေး ရှင်းရဲ့ ရောဂါတိုက်ဖျက်တဲ့အခန်းကဏ္ဍကို အများကြီးအသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဘီလ်ဂိတ်က သူ့ကိုယ်သူလည်း လုံးဝပြန်လည် ဆန်းသစ်တီထွင်မှုတွေလုပ်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း 'ယူပြီးရင်းယူ' တဲ့ အနောက်တိုင်းအရင်း ရှင်ဓလေ့ကိုကိုယ်စားပြုခံရတဲ့သူတစ်ယောက်ဟာ ၂၁ ရာစုရဲ့`ပေးပြီးရင်းပေး´တဲ့လှုပ်ရှားမှုရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ဖြစ်လာခဲ့ပါ တယ်။ Time မဂ္ဂဇင်းကတော့ သူ့ကို ၂၀ ရာစုကိုအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ရာထဲကတစ်ဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုဆို သူ ထားခဲ့မယ့်အမွေဟာ ကွန်ပျူတာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ဖန်တီးပေးခဲ့မှုတွေလား၊ ဒါမှမဟုတ် အလှူဒါနလို့လူတွေထင်ကြတဲ့ကိစ္စတွေကိုပုံစံတစ်မျိုးနဲ့ ပြောင်းလဲလုပ်ဆောင်ခဲ့မှုတွေလား ဆိုတာ သိချင်နေကြပါတယ်။ 'ဘီလ်ဂိတ်ဘယ်လိုတွေးသလဲ' ဆို တဲ့အခန်းဆက်ဆောင်းပါးဟာ ဘီလ်ဂိတ်ရဲ့စရိုက်လက္ခဏာနဲ့ အတွေးအမြင်အယူအဆဆိုင်ရာ အဓိကရှုထောင့်တွေကိုသိမြင်လာစေဖို့၊ သူ့ဘ၀အခြေအနေအမျိုးမျိုးမှာ သူ့အပေါ်လွှမ်းမိုးခဲ့တဲ့ အရေးပါဆုံးအရာတွေကိုကောင်းစွာသိမြင်လာဖို့နဲ့ သူ့ဘ၀အစိတ်အပိုင်းတွေထဲကနေ သင်ခန်းစာရယူနိုင်ဖို့ရည်ရွယ်ပါတယ်။
ဘီလ်ဂိတ်ဟာ အံ့မခန်းပင်ကိုပါရမီရှိသူတစ်ယောက်ဖြစ် သလို သူ့ရဲ့စီးပွားရေးဆက်ဆံဆောင်ရွက်မှုတွေမှာ ရန်လိုပြီး တစ်ခါတစ်ရံ စာနာမှုကင်းတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဘီလ်ဂိတ်ဟာ ပင်ကိုအားဖြင့် ပြဿနာဖြေရှင်းသူတစ်ယောက်ဖြစ်သလို သူ့ရဲ့အစောပိုင်းကာလတွေမှာ ပစ္စည်းဥစ္စာကြွယ်ဝလိုမှုနဲ့ ပုဂ္ဂိုလ်ရေးအသိအမှတ်ပြုခံလိုတဲ့စိတ်ဆန္ဒတွေက မနည်းမနောပါ။ ဒါပေမဲ့ ကြီးရင့်လာတဲ့ဘီလ်ဂိတ်ကတော့ ပုဂ္ဂိုလ်ရေးရာကြွယ်ဝမှုကိုမြှင့်တင်ဖို့ စိတ်ဝင်စားမှုလျော့နည်းလာပြီး အဲဒီကြွယ်ဝမှုကို ဘယ်လိုအကောင်းဆုံးအသုံးချရမလဲဆိုတာကိုပဲ ရှာဖွေနေပါတော့တယ်။ အဲဒီပြောင်းလဲမှုက နှစ်လိုဖွယ်ကောင်းသလို သူ့ဘ၀ ရဲ့အခန်းကဏ္ဍတိုင်းကလည်း အချိန်မရွေးအသုံးဝင်နေစေမယ့် သင်ခန်းစာတွေပေးပါလိမ့်မယ်။

သင့်ဦးနှောက်ကိုအသုံးချပါ
+++++++++++++++

ဘ၀ရဲ့စိန်ခေါ်မှုတွေကို ဖန်တီးမှုပါတဲ့နည်းလမ်းတွေနဲ့ ပြုမူဆက်ဆံရင် ဘ၀ကအများကြီးပိုပျော်ဖို့ကောင်းပါတယ်။
(စာရေးဆရာ Janet Loweနဲ့ ဘီလ်ဂိတ် ၁၉၉၈ ခုနှစ်အင်တာဗျုးမှ)

+++++++++
ဘီလ်ဂိတ်ရဲ့ဇာတ်လမ်းဟာ နေ့ချင်းညချင်းချမ်းသာသွားတဲ့သူတွေ ထဲကတစ်ဦးရဲ့ဇာတ်လမ်းလိုပဲလို့ ဘယ်သူမှမပြောနိုင်ပါ။ ချမ်းသာဖို့ သူနေထိုင်ကြီးပြင်းခဲ့တဲ့အနေအထားကနေ ရုန်းထွက်ဖို့မလိုသလို ဘ၀ကိုအောက်ခြေကနေလည်း စစရာမလိုပါ။ ဒါပေမဲ့ သူ့ရဲ့အစော ပိုင်းဘ၀လက်တွေ့သင်ခန်းစာတွေက စာဖတ်သူတွေအတွက်အကျိုး ကျေးဇူးများစွာဖြစ်ထွန်းစေနိုင်ပါတယ်။ ဘီလ်ဂိတ် (အပြည့်အစုံ ၀ီလျံဟင်နရီဂိတ်) ကို ရှေ့နေဖြစ်သူဖခင်ဝီလျံဂိတ်နဲ့ ဆရာမနဲ့ စီးပွားရေးသမားဖြစ်သူ မိခင်မယ်ရီတို့က ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့မှာမွေးဖွားခဲ့ပါတယ်။ ဘီလ်ဂိတ်ဟာ မောင်နှမသုံးယောက်ထဲမှာအလတ်ဖြစ်ပြီး တစ်ဦးတည်းသောသားလည်းဖြစ်ပါတယ်။ ဘီလ်ဂိတ်တို့မိသားစုဟာဖဲကစားတာအားသန်ပြီး ကလေး သုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ဘီလ်ဂိတ်ကို ဖဲကစားသူတွေ အတွက် 'သုံး' လို့ရည်ညွှန်းတဲ့ ‘Trey’ ကိုပေးခဲ့ပါတယ်။ မိဘနှစ်ပါးဟာ ပညာတတ်ပြီး မှန်ကန်တဲ့အတွေးအခေါ်ရှိသူတွေဖြစ်တဲ့အတွက် သူတို့သားသမီးတွေကိုလည်း သူတို့လိုဖြစ်စေချင်တဲ့ဆန္ဒရှိပါတယ်။ သူ့ရဲ့ငယ်စဉ်ဘ၀ကာလကတည်းက သူရဲ့စိတ်ကိုကျယ် ပြန့်စေတဲ့ စိတ်ဝင်စားစရာတွေမှာ သူ့ကိုယ်သူမြှုပ်နှံခဲ့ပါတယ်။ ဥပမာအားဖြင့်ကျောင်းတက်ရက်ညတွေမှာ တီဗီကြည့် ခွင့်ပိတ်ပင်ခံရပေမဲ့ အဲဒီစည်းကမ်းနဲ့ လွယ်လင့်တကူချိန်ညှိနိုင်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ၁၉၈၆ ခုနှစ်က အင်တာဗျုးတစ်ခု မှာအခုလိုဖြေခဲ့ပါတယ်။ ''ကျွန်တော်က တီဗီကိုမုန်းတဲ့သူတွေထဲက တစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမဲ့ တီဗီကခင်ဗျားရဲ့စိတ်ဓာတ်ကြံ့ခိုင်အောင် များများစားစားလုပ်ပေးနိုင်တယ်လို့ ကျွန်တော် မထင်ဘူး''။ တီဗီဖန်သားပြင်နဲ့မျက်နှာမခွာတဲ့အစား ဘီလ်ဂိတ်တို့ မိသားစုဟာ စာဖတ်ခြင်း၊ ဂိမ်းကစားခြင်း၊ အပြန်အလှန်စကား ပြောခြင်းနဲ့ တခြားဝါသနာပါရာလေးတွေကိုလုပ်ရတာကိုပဲမွေ့ လျော်ကြပါတယ်။ အဲဒီထဲမှာ စာဖတ်ခြင်းကတော့ ဘီလ်ဂိတ်ဘ၀တစ်လျောက်လုံး တိုးတက်ပြောင်းလဲမှုအဆင့်တိုင်းမှာအရေးပါပြီး နောက်လာမယ့်အခန်းတစ်ခုမှာ 'ဘီလ်ဂိတ်ဘယ်လိုစာဖတ်သလဲ' ဆိုပြီး ဘီလ်ဂိတ်နဲ့စာအုပ်တွေကြား နက်နက်ရှိုင်းရှိုင်းပတ်သက်ဆက်နွှယ်နေမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ မိသားစုစကားဝိုင်းတွေမှာ မျက်မှောက်ခေတ်ရေးရာကနေ ယဉ်ကျေးမှု၊ အားကစားနဲ့ နိစ္စဓူဝ ကိစ္စတွေနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေက ငယ်ရွယ်တဲ့ဘီလ်ဂိတ် ရဲ့စိတ်ဝင်စားမှုတွေကိုကျယ်ပြန့်စေသလို သူ့အမြင်ကိုရှင်းရှင်းလင်း လင်းထုတ်ဖော်ပြောဆိုတတ်လာစေပါတယ်။ မြေစမ်းခရမ်းပျိုးနည်း
ပညာပါရမီရှင်လေးရဲ့ လူသိများတဲ့ထင်မြင်ယူဆချက်နဲ့ ဆန့်ကျင်တာကတော့ ဘီလ်ဂိတ်ဟာ ကွန်ပျူတာဖန်သားပြင်နောက်မှာ အကာအကွယ်ယူရင်း တသီးတသန့်နေတတ်တဲ့လူအေးတစ်ယောက် ဘယ်တော့မှမဟုတ်ခဲ့ပါ။ တကယ်တော့ သူဟာဘွင်းဘွင်း ပျော်ပျော်သမားဖြစ်ပြီး ယှဉ်ပြိုင်အနိုင်လိုစိတ်ပြင်းထန်သူတစ်ယောက်ပါ။ မိသားစုထဲမှာ ဖဲကစားတာနဲ့ပတ်သက်တဲ့ နာမည် ပြောင်ပေးထားတာကလည်း ဘီလ်ဂိတ်မျိုးရိုးအနေနဲ့ အနိုင်လိုစိတ်ဖြစ်ဖို့တွန်းအားပေးသလိုပါပဲ။ ဥပမာတစ်ခုအနေနဲ့ နှစ်စဉ်မိသားစု အားလပ်ရက်တွေမှာ အခြားမိသားစုကလူငယ်တွေနဲ့ အတူခရီးထွက်ပြီး အိုလံပစ်အားကစားပွဲအသေးစားတစ်ခုလုပ်ပြီး အားလုံး ယှဉ်ပြိုင်ကြပါတယ်။ ဘီလ်ဂိတ်ဟာ ကာယကြံ့ခိုင်မှုသိပ်မရှိပေမဲ့ စိတ်ဓာတ်ပြင်းထန်ပြီး မဖြစ်မနေ သန္နိဋ္ဌာန်ချလုပ်တတ်တဲ့သူတစ်ယောက်ပါ။ မိုက်ရူးရဲကသာ သူ့ကိုပြိုင်ဘက်တစ်ယောက်လိုလျှော့ တွက်ပါတယ်။ ၁၉၉၈ ခုနှစ်က စာရေးဆရာ Janet Lowe နဲ့စကားပြောရာမှာတော့ ဘီလ်ဂိတ်က အခုလိုဖော်ထုတ်ပြောကြားခဲ့ဖူးပါတယ်။ ''နွေရာသီမှာဆို ကျွန်တော်တို့တွေဟာ လက်ဆင့်ကမ်းပြေးပွဲ၊ ကြက်ဥပစ်ပွဲ၊ အလံလုပွဲလို ယဉ်ပြိုင်အနိုင်ယူရတဲ့ဂိမ်းတွေကစားပါတယ်။ တကယ့်ကိုထူးကဲတဲ့အချိန်ကာလဖြစ်ပြီး ကျွန်တော်တို့ကို ယှဉ်ပြိုင်ပြီး အောင်မြင်မှုကိုယူတတ်တဲ့ အတွေးမျိုးဖြစ်ထွန်းလာစေပါ တယ်။'' အဲဒါတွေကိုပြန်ပြောင်းကြည့်လိုက်ရင် ဘီလ်ဂိတ်ဟာ စစ်တုရင်လိုမဟာဗျုဟာဂိမ်းတွေမှာထက်သန်တာ အံ့သြစရာသိပ်မရှိပါ။ (စစ်တုရင်မှာ သူဟာ ဆရာတစ်ဆူတောင်ဖြစ်ချင်ခဲ့တာပါ။) သူ့ရဲ့စွမ်းဆောင်ရည်ဟာ ယုတ္တိဗေဒနည်းကျစဉ်းစားတွေးခေါ်တတ်မှုနဲ့ အမှတ်သညာကောင်းတဲ့မှတ်ဉာဏ်ကနေ ဖြစ်ပေါ်လာတာပါ။ တစ်ခါကဆို မိသားစုဘုရားကျောင်းမှာ ဘုန်းတော်ကြီးက ကျမ်းစာ အာဂုံရတဲ့သူတွေကိုသာချီးမြှင့်တဲ့ဆုကို သူရခဲ့ဖူးပါတယ်။ တကယ်တော့ ဘီလ်ဂိတ်ဟာစကားပြောဆိုရာမှာ စကားလုံးတွေကောင်းမွန် ပြည့်စုံပါတယ်။ ဒါကြောင့် ဘုန်းတော်ကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့ပြောဆိုရှင်းပြနိုင်မှုကိုမေးတဲ့အခါ ''ကျွန်တော့်စိတ်ထဲမှာစွဲထင်နေတဲ့ဘယ်အရာမဆို ကျွန်တော်ကောင်းကောင်းလုပ်နိုင်ပါတယ်'' လို့ဖြေခဲ့ပါတယ်။ သူ့ရဲ့မှတ်သားနိုင်မှုကိုသက်သေပြနေတဲ့နောက် အချက်တစ်ခုကတော့ အသက်ကြီးလာတဲ့အချိန်ထိ ငယ်ငယ်က သူပါဝင်ခဲ့တဲ့ပြဇာတ်ကစာကြောင်းတွေကို အလွတ်ပြန်ရွတ်ပြနိုင်တာပါပဲ။ အဲဒီလိုမှတ်ဉာဏ်ကောင်းမှုက အလွန်အသုံးဝင်ကြောင်း သက်သေပြခဲ့ပါတယ်။ ကွန်ပျူတာဆော့ဖ်ဝဲရေးသားမှုနဲ့ပတ်သက်တဲ့ သူ့ရဲ့စိတ်ဆန္ဒတွေတိုးပွားလာချိန်မှာ ကွန်ပျူတာကုတ်ပေါင်းများစွာကိုမှတ်မိနိုင်တာက ပြိုင်ပွဲမှာသူများရဲ့ရှေ့ကဦးဆောင်နိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အာကာသကိုလေ့လာစူးစမ်းမှုတွေလုပ်တဲ့ခေတ်မှာ ကြီးပြင်းလာတဲ့ဘီလ်ဂိတ်ဟာ အနာဂတ်နည်းပညာဆိုင်ရာဖြစ်နိုင်ခြေတွေကို လမ်းပွင့်သွားစေပါတယ်။ အမေရိကားမှာ ၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းတုန်းက အနာဂတ်ဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပြီး အဲဒီဟာက ဘီလ်ဂိတ်အတွက်အိုင်ဒီယာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘီလ်ဂိတ်ရဲ့ကျောင်းနေအရွယ်အစောပိုင်းမှာတော့ အလားအလာရှိသယောင်ပြသခဲ့ပေမဲ့ နောက်ပိုင်းမှာ အထူးသဖြင့် ၁၁ နှစ်အရွယ်ခြောက်တန်းမှာ သူ့ရဲ့အာရုံစူးစိုက်မှုတွေဟာ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်လာတဲ့အတွက် သူ့ မိဘတွေက သူ့ကိုပုဂ္ဂလိကကျောင်းကိုပို့ခဲ့ပါတယ်။ အဲဒီကျောင်းက သူ့ရဲ့ကြီးထွားလာတဲ့အသိဉာဏ်ကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သူ့မိဘကမျှော်လင့်ခဲ့ပါတယ်။ အထူးသဖြင့် သင်္ချာနဲ့သိပ္ပံနယ်ပယ်မှာ အလားအလာရှိကြောင်းပြသခဲ့ပါတယ်။
၁၉၇၃ ခုနှစ် SAT
စာမေး ပွဲဖြေတုန်းကဆို သင်္ချာမှာ အမှတ်ရှစ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီနယ်ပယ်တွေတင်မကဘဲ တခြားစိတ်ဝင်စားမှုတွေကိုလည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ အတန်းကြီးလာတဲ့အခါ နိုင်ငံရေးနဲ့ ပြဇာတ်မှာ စိတ်ပါဝင်စားကြောင်းပြသခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ ဆယ်ကျော်သက်ဘ၀က အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ ဘီလ်ဂိတ်က အသိအမှတ်ပြုပြောကြားပါတယ်။ Heroes of the Computer Revolution
စာအုပ်ရေးသားသူ Steven Levy
ကို သူ့ရဲ့ ဆော့ဖ်ဝဲလ်ဆိုင်ရာစိတ်ခံစားချက်တွေဟာ ၁၇ နှစ်အရွယ်မှာပုံပေါ်လာခဲ့တယ်လို့ပြောခဲ့ပါတယ်။ တခြားသူတွေကလည်း သူ့ရဲ့အလားအလာကို အလွယ်တကူမြင်ခဲ့တဲ့အတွက် အကောင်းဆုံးတက္ကသိုလ် တွေက သူ့ကိုခေါ်တဲ့အချိန်မှာ သူက ဟားဗတ်ကိုပဲရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကြီးမားတဲ့ပြိုင်ဘက်ဖြစ်လာမယ့် စတိဗ်ဂျော့လိုပဲ ကောလိပ်မှာ အတန်းချိန်တော်တော်များများကို ပျက်ကွက်ပါတယ်။ သူစိတ်ဝင်စားတဲ့ဘာသာရပ်တွေဆက်ကောင်းနေပေမဲ့ စိတ်ဝင်မစားတဲ့ဘာသာရပ်တွေမှာတော့ လုံးဝမကောင်းပါ။ ဒါပေမဲ့ သူဟာ ကွန်ပျူတာခန်းမကိုတော့အပြည့်အ၀အသုံးပြုပြီး သူရဲ့ကိုယ်ပိုင်သုတေသနတွေကိုလုပ်ခဲ့သလို တစ်ခါတစ်ရံ အဲဒီမှာပဲ နေ့ရက်တွေကုန်လွန်တတ်ပါတယ်။ ပြီးတော့ ပျင်းလာရင် ဖဲကစားပါတယ်။ ပြန်ကြည့်လိုက်တော့ ဘီလ်ဂိတ်မွေးဖွားကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ဟာ ပညာကိုအထင်ကြီးတန်ဖိုးထားသလို ပညာကိုလည်း တက်တက်ကြွကြွအားပေးတာကိုတွေ့ရပါတယ်။ သူစဉ်ဆက်မပြတ် ကြိုးစားတဲ့အခါမှာတော့ ဉာဏ်ထက်မှု၊ အတွေးအခေါ်ကောင်းမှုနဲ့စိတ်လှုပ်ရှားစရာတွေကို ကမ္ဘာလောကကြီးကသူ့ကိုပေးရပါတော့တယ်။ သူ့ရဲ့စိတ်ကူးဉာဏ်ကိုအနည်းငယ်သာဖမ်းစားနိုင်တဲ့ နယ်ပယ်မှာ စံပြကျောင်းသားမဖြစ်ပေမဲ့ သူ့ရဲ့ကိုယ်ပိုင်ဦးနှောက်ကို လက်ခံယုံကြည်ပြီး တခြားကလေးတွေလို ကမ္ဘာလောကကြီးထဲကနေ ကိုယ့်ရဲ့ဦးနှောက်ကိုဖုံးကွယ်ပြီး လိုအပ်ချက်တွေရှိတယ်လို့လည်းမခံစားခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်က Cynthia Crossen
ရေးတဲ့ The Rich and How They Got That Wayစာအုပ်မှာတော့ ဘီလ်ဂိတ်က အခုလိုမိန့်ဆိုထားပါတယ်။ ''တော်တယ်ဆိုတာ အချက်အလက်အသစ်တွေကိုမှတ်သားနိုင်သလို လေးနက်တဲ့ မေးခွန်းတွေမေးတတ်ပြီး အဲဒါတွေကို တကယ့်အချိန်မှာအသုံးချနိုင်တဲ့စွမ်းရည်ပါ။ မှတ်မိနိုင်တဲ့စွမ်းရည်လည်းဖြစ်သလို အစပိုင်းမှာ မဆက်စပ်ဘူးထင်ရတဲ့ပညာရပ်နယ်ပယ်ကို နားလည်သဘောပေါက်နိုင်တဲ့စွမ်းရည်ပါ။'' အဲဒါကတော့ ဘီလ်ဂိတ်ကိုကောင်း ကောင်းအကျိုးပေးနေတဲ့ ယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်။

ဘ၀ထဲကသင်ခန်းစာ
+++++++++++++
အခုဖော်ပြခဲ့တဲ့ ဘီလ်ဂိတ်ဘ၀အစိတ်အပိုင်းကို ကြည့်လိုက်ရင် ဘီလ်ဂိတ်ရယ်လို့ဖြစ်လာဖို့-
၁။ ပင်ကိုပါရမီဗီဇအရေးပါသလို ငယ်စဉ်ဘ၀ကြီး ပြင်းရတဲ့ပတ်ဝန်းကျင်ကလည်း အရေးကြီးကြောင်းတွေ့ရတယ်။
၂။ လူလတ်တန်းစားဖြစ်ပေမဲ့ ပညာတတ်ပြီး ပညာကို တန်ဖိုးထားလေးစားတဲ့၊ နွေးထွေးတဲ့ အုပ်ထိန်းသူကောင်းရှိ တာကလည်းအရေးကြီးကြောင်းတွေ့ရတယ်။
၃။ ငယ်စဉ်ကတည်းက ထူးခြားတဲ့စရိုက်လက္ခဏာ ပါရမီရှိသလို မှတ်ဥာဏ်ကောင်းပြီး အလားအလာရှိတဲ့သူတစ်ယောက် ဖြစ်ကြောင်းပြသခဲ့ပါတယ်။
၎။ ငယ်စဉ်ကတည်းကစာဖတ်တဲ့အကျင့်စွဲခဲ့ပြီး စည်းကမ်းတကျနဲ့လေ့ကျင့်နေထိုင်ခဲ့တာတွေ့ရတယ်။
၅။ အားကစားအပါအ၀င် ကိုယ်ဝါသနာပါရာအားသန်ရာကိုသာ စိုက်လိုက်မတ်တတ်လုပ်တတ်ပြီး ဦးနှောက်ကိုကောင်းကောင်းသုံးခဲ့တာတွေ့ရတယ်။

ရည်ညွှန်း- How to think like Bill Gates By Daniel Smith
နောက်လဆက်ရန်...
(Myanmar B2B Management Magazine, March 2016)
http://myanmarb2bmagazine.com/article/201603001
https://www.facebook.com/phyo.wai.9275439-

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။